ကလေးဆပ်ပြာရွေးဝယ်ရာတွင်
မေမေတို့ ခုကြုံတွေ့နေရတဲ့အတိုင်း ဈေးဝယ်ဖို့သွားတဲ့အခါရွေးချယ်စရာတွေအများကြီး၊ ဆပ်ပြာအမျိုးအစားတွေကလည်းအစုံ။ဆပ်ပြာဘူးလေးတွေကလည်း ချစ်စရာလေးတွေချည်း။ အနံ့တွေကလည်းမျိုးစုံဆိုတော့ မေမေတို့ခေါင်းစားရတာပေါ့။ဒါ့အပြင် တစ်ခါတစ်ခါ သတင်းတွေထဲမှာ ” ဘယ်ဆပ်ပြာကတော့ ဓာတုပစ္စည်း အပြင်းစားတွေပါလို့ သုံးစွဲသူများသတိပြုစေရန် ကြေငြာလိုက်ပါတယ်” ဆိုတော့ကာ။
ဗျာများရမှာအသေချာပဲလေ။
ဒါတွေစဉ်းစားဖို့လိုပါတယ်နော်။
၁) Alcohol Free ဆိုတာလေးကြည့်ဖို့လိုမယ်နော်။ပုံမှန်လူကြီးပစ္စည်းတွေမှာ Alcohol ပါဝင်ပြီး အသားပေါ်မှာအခြောက်မြန်အောင်ဖော်စပ်ထားကြပါတယ်။ကလေးတွေအတွက်ကြတော့ ( Alcoholအမျိုးနွယ်ဝင် Ethanol) လိုပစ္စည်းမျိုးက ကလေးအသားအရေကိုခြောက်သွေ့စေပါတယ်။ တစ်ခါတစ်ရံမှာ နီမြန်းတာ၊ ဓာတ်မည့်တာတွေဖြစ်စေနိုင်လို့ပါ။
၂) သဘာဝနဲ့ နီးစပ်တဲ့ PH မျှခြေ ပစ္စည်းကိုသာ ရွေးဖို့မမေ့နဲ့နော်။ကလေးငယ်လေးတွေက အသားအရေ နုနယ်တာမို့ PH မျှခြေ ပုံမှန် ၄ မှ ၅ ကြား သို့ ” Natural PH ” လို့ပါဝင်တဲ့ဆပ်ပြာကတော့ အသင့်တော်ဆုံးပါပဲ။
၃) အနံ့နဲ့ ပတ်သက်လို့စဉ်းစားရမယ်ဆိုရင်။အနံ့အရမ်းစူးတာဆိုရင် ကလေးငယ်အတွက်မသင့်တော်နိုင်ပါဘူးနော်။အနံ့မပါတဲ့ အမျိုးအစားက အကောင်းဆုံးဆိုပေမယ့် ရေချိုးရင်မွေးမှကြိုက်ကြတာဆိုတော့လည်း ရွေးဝယ်မယ်ဆိုရင်သဘာဝထုတ်( Organic Product) က ရတဲ့ အနံ့ပါတာမျိုးကိုသာရွေးချ်းစေလိုပါတယ်။
၄) ကလေးနဲ့တည့်မတည့် သိချင်တယ်ဆိုရင်။ကလေးငယ်က အရမ်း အထိမခံတဲ့ ( Sensitive) အသားအရေ ကိုပိုင်ဆိုင်ထားတယ်။ ဆပ်ပြာတော်တော်များများနဲ့မတည့်ဘူးဆိုရင်တော့ ကလေးရဲ့ အသားပေါ်မှာ ဆပ်ပြာနဲနဲကို သုတ်ပေးထားပြီး၂၄နာရီစောင့်ကြည့်ပါ။
* နီရဲတာ ၊ ယားတာမရှိဘူးဆိုရင်ကလေးနဲ့တည့်တယ်လို့ပြောလို့ရပါတယ်*
ဒီဆောင်းပါးဖတ်ပြီးရင်တော့ ကလေးဆပ်ပြာရွေးဝယ်ဖိုွ မခက်တော့ဘူးပေါ့နော်။
မယ်တင်( ဆေး၁ )
ကေလးဆပ္ျပာေရြးဝယ္ရာတြင္
ေမေမတို႔ ခုၾကံဳေတြ႕ေနရတဲ့အတိုင္း ေစ်းဝယ္ဖို႔သြားတဲ့အခါေရြးခ်ယ္စရာေတြအမ်ားႀကီး၊ ဆပ္ျပာအမ်ိဳးအစားေတြကလည္းအစံု။ဆပ္ျပာဘူးေလးေတြကလည္း ခ်စ္စရာေလးေတြခ်ည္း။ အနံ႔ေတြကလည္းမ်ိဳးစံုဆိုေတာ့ ေမေမတို႔ေခါင္းစားရတာေပါ့။ဒါ့အျပင္ တစ္ခါတစ္ခါ သတင္းေတြထဲမွာ ” ဘယ္ဆပ္ျပာကေတာ့ ဓာတုပစၥည္း အျပင္းစားေတြပါလို႔ သံုးစြဲသူမ်ားသတိျပဳေစရန္ ေၾကျငာလိုက္ပါတယ္” ဆိုေတာ့ကာ။
ဗ်ာမ်ားရမွာအေသခ်ာပဲေလ။
ဒါေတြစဥ္းစားဖို႔လိုပါတယ္ေနာ္။
၁) Alcohol Free ဆိုတာေလးၾကည့္ဖို႔လိုမယ္ေနာ္။ပံုမွန္လူႀကီးပစၥည္းေတြမွာ Alcohol ပါဝင္ၿပီး အသားေပၚမွာအေျခာက္ျမန္ေအာင္ေဖာ္စပ္ထားၾကပါတယ္။ကေလးေတြအတြက္ၾကေတာ့ ( Alcoholအမ်ိဳးႏြယ္ဝင္ Ethanol) လိုပစၥည္းမ်ိဳးက ကေလးအသားအေရကုိေျခာက္ေသြ႕ေစပါတယ္။ တစ္ခါတစ္ရံမွာ နီျမန္းတာ၊ ဓာတ္မည့္တာေတြျဖစ္ေစႏိုင္လို႔ပါ။
၂) သဘာဝနဲ႔ နီးစပ္တဲ့ PH မၽွေျခ ပစၥည္းကိုသာ ေရြးဖို႔မေမ့နဲ႔ေနာ္။ကေလးငယ္ေလးေတြက အသားအေရ ႏုနယ္တာမို႔ PH မၽွေျခ ပံုမွန္ ၄ မွ ၅ ၾကား သို႔ ” Natural PH ” လို႔ပါဝင္တဲ့ဆပ္ျပာကေတာ့ အသင့္ေတာ္ဆံုးပါပဲ။
၃) အနံ႔နဲ႔ ပတ္သက္လို႔စဥ္းစားရမယ္ဆိုရင္။အနံ႔အရမ္းစူးတာဆိုရင္ ကေလးငယ္အတြက္မသင့္ေတာ္ႏိုင္ပါဘူးေနာ္။အနံ႔မပါတဲ့ အမ်ိဳးအစားက အေကာင္းဆံုးဆိုေပမယ့္ ေရခ်ိဳးရင္ေမြးမွႀကိဳက္ၾကတာဆိုေတာ့လည္း ေရြးဝယ္မယ္ဆိုရင္သဘာဝထုတ္( Organic Product) က ရတဲ့ အနံ႔ပါတာမ်ိဳးကိုသာေရြးခ်း္ေစလိုပါတယ္။
၄) ကေလးနဲ႔တည့္မတည့္ သိခ်င္တယ္ဆိုရင္။ကေလးငယ္က အရမ္း အထိမခံတဲ့ ( Sensitive) အသားအေရ ကိုပိုင္ဆိုင္ထားတယ္။ ဆပ္ျပာေတာ္ေတာ္မ်ားမ်ားနဲ႔မတည့္ဘူးဆိုရင္ေတာ့ ကေလးရဲ႕ အသားေပၚမွာ ဆပ္ျပာနဲနဲကို သုတ္ေပးထားၿပီး၂၄နာရီေစာင့္ၾကည့္ပါ။
* နီရဲတာ ၊ ယားတာမရွိဘူးဆိုရင္ကေလးနဲ႔တည့္တယ္လို႔ေျပာလို႔ရပါတယ္*
ဒီေဆာင္းပါးဖတ္ၿပီးရင္ေတာ့ ကေလးဆပ္ျပာေရြးဝယ္ဖိုြ မခက္ေတာ့ဘူးေပါ့ေနာ္။
မယ္တင္( ေဆး၁ )