ညဘက်မအိပ်တဲ့ကလေးတွေကို ဘယ်လိုကိုင်တွယ်မလဲ?

ကလေးတွေညဘက်မှာ တော်ရုံနဲ့မအိပ်တာ ခဏခဏတွေ့ဖူးကြမှာပါ။ ဆော့ချင်လို့၊ tvကြည့်ချင်လို့၊ မျက်စိကြောင်နေလို့ စသဖြင့်အကြောင်းတွေရှိကြပါတယ်။ အိပ်ချိန်တန်နေရဲ့သားနဲ့မအိပ်သေးဘူးဆိုရင် နောက်နေ့ရောက်တာနဲ့ ကလေးက မလန်းဆန်းတာ၊ မအီမသာဖြစ်တာ၊ ဂျီကျတာတွေဖြစ်လာတာကြောင့် မိဘတွေလည်းခေါင်းခဲရပါတယ်။ ဒါကြောင့်လည်း ကလေးတွေကိုအချိန်မှန်အိပ်ပြီး အချိန်မှန်ထစေချင်ကြတာပါ။

အရင်ဆုံးအနေနဲ့တော့ ကလေးတစ်ယောက်ရဲ့ ပုံမှန်အိပ်ချိန်ဘယ်လောက်ရှိတယ်ဆိုတာ သိရပါမယ်။ မွေးကင်းစကလေးငယ်တွေဟာ တစ်နေ့ကို ၁၇နာရီကနေ ၁၈နာရီအထိအိပ်ဖို့လိုအပ်သလို ၁နှစ်ကနေ၃နှစ်သားကလေးငယ်တွေက ၁၂ နာရီကနေ ၁၄နာရီထိ လိုအပ်ပါတယ်။ အိပ်ဖို့လိုအပ်တဲ့အချိန်ထက် ပိုအိပ်ထားတယ်ဆိုရင်တော့ အိပ်ချင်စိတ်မရှိတော့ပါဘူး။

ဒါ့အပြင် အိပ်ချိန်ကိုပုံမှန်ဖြစ်အောင်သတ်မှတ်ပေးထားသင့်ပါတယ်။ အိပ်ချိန်နီးလာရင် ဆော့နေတာရပ်ခိုင်းထားတာ၊ ညအိပ်ဝတ်စုံကြိုဝတ်ခိုင်းထားတာ၊ အိပ်ဖို့အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးထားတာတွေဟာလည်း စောစောအိပ်ယာဝင်အောင် လေ့ကျင့်ပေးထားသလိုပါပဲ။

ကလေးတွေရဲ့အိပ်ခန်းဟာလည်း အရေးကြီးပါတယ်။ အလင်းရောင်ဖျော့ဖျော့၊ တိတ်တိတ်ဆိတ်ဆိတ်အခန်းတွေဟာ ကောင်းမွန်စွာအိပ်စက်နိုင်စေပါတယ်။ အချို့ကလေးတွေက အလင်းရောင်ရှိမှအိပ်တဲ့ အကျင့်ရှိရင်တော့ အလင်းရောင်အရမ်းမစူးတဲ့ မီးလုံးလေးတွေထွန်းပေးတာမျိုးနဲ့ ကောင်းမွန်စွာအိပ်စက်အောင် လုပ်ပေးနိုင်ပါတယ်။

နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ကလေးအိပ်တဲ့နားမှာ ဖုန်း၊TV အစရှိတာတွေကို မထားမိဖို့လိုပါတယ်။ အဲဒီအရာတွေအနားမှာရှိနေရင် အသံဗလံတွေကြောင့်အိပ်ရတာအနှောင့်အယှက်ဖြစ်နိုင်သလို ဖုန်းဆော့ချင်တာ၊ TVကြည့်ချင်တာတွေကြောင့် အိပ်ရေးပျက်တတ်ပါတယ်။

ဒါ့အပြင် အိပ်ခါနီးမှာ ကော်ဖီ၊ လက်ဖက်ရည်၊လက်ဖက် အစရှိတာတွေကု် မတိုက်မကျွေးမိဖို့လိုအပ်ပါတယ်။ အဲဒါတွေစားမိရင် ရင်တုန်တာ၊ မအီမသာဖြစ်တာ၊ မျက်စိကြောင်တာတွေဖြစ်တတ်တာကြောင့် မတိုက်မကျွေးမိဖို့ လိုပါတယ်။

ကလေးတွေအနေနဲ့ အိပ်ချိန်မှန်ဖို့လိုသလို အိပ်ရေးဝဝအိပ်ဖို့လည်း လိုအပ်ပါတယ်။ အိပ်ရေးဝမှသာကျန်းမာရေးနဲ့ ညီညွတ်မှာဖြစ်တာကြောင့် ကောင်းကောင်းမွန်မွန်အိပ်ပျော်ဖို့အတွက် ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာပြီးကောင်းမွန်စွာအိပ်စက်နိုင်အောင် ကြိုးစားရပါမယ်။

Dr. ZZ

ညဘက္မအိပ္တဲ့ကေလးေတြကို ဘယ္လိုကိုင္တြယ္မလဲ?

ကေလးေတြညဘက္မွာ ေတာ္႐ံုနဲ႔မအိပ္တာ ခဏခဏေတြ႕ဖူးၾကမွာပါ။ ေဆာ့ခ်င္လို႔၊ tvၾကည့္ခ်င္လို႔၊ မ်က္စိေၾကာင္ေနလို႔ စသျဖင့္အေၾကာင္းေတြရိွၾကပါတယ္။ အိပ္ခ်ိန္တန္ေနရဲ႕သားနဲ႔မအိပ္ေသးဘူးဆိုရင္ ေနာက္ေန႔ေရာက္တာနဲ႔ ကေလးက မလန္းဆန္းတာ၊ မအီမသာျဖစ္တာ၊ ဂ်ီက်တာေတြျဖစ္လာတာေၾကာင့္ မိဘေတြလည္းေခါင္းခဲရပါတယ္။ ဒါေၾကာင့္လည္း ကေလးေတြကိုအခ်ိန္မွန္အိပ္ၿပီး အခ်ိန္မွန္ထေစခ်င္ၾကတာပါ။

အရင္ဆံုးအေနနဲ႔ေတာ့ ကေလးတစ္ေယာက္ရဲ႕ ပံုမွန္အိပ္ခ်ိန္ဘယ္ေလာက္ရိွတယ္ဆိုတာ သိရပါမယ္။ ေမြးကင္းစကေလးငယ္ေတြဟာ တစ္ေန႔ကို ၁၇နာရီကေန ၁၈နာရီအထိအိပ္ဖို႔လိုအပ္သလို ၁ႏွစ္ကေန၃ႏွစ္သားကေလးငယ္ေတြက ၁၂ နာရီကေန ၁၄နာရီထိ လိုအပ္ပါတယ္။ အိပ္ဖို႔လိုအပ္တဲ့အခ်ိန္ထက္ ပိုအိပ္ထားတယ္ဆိုရင္ေတာ့ အိပ္ခ်င္စိတ္မရိွေတာ့ပါဘူး။

ဒါ့အျပင္ အိပ္ခ်ိန္ကိုပံုမွန္ျဖစ္ေအာင္သတ္မွတ္ေပးထားသင့္ပါတယ္။ အိပ္ခ်ိန္နီးလာရင္ ေဆာ့ေနတာရပ္ခိုင္းထားတာ၊ ညအိပ္ဝတ္စံုႀကိဳဝတ္ခိုင္းထားတာ၊ အိပ္ဖို႔အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ေပးထားတာေတြဟာလည္း ေစာေစာအိပ္ယာဝင္ေအာင္ ေလ့က်င့္ေပးထားသလိုပါပဲ။

ကေလးေတြရဲ႕အိပ္ခန္းဟာလည္း အေရးႀကီးပါတယ္။ အလင္းေရာင္ေဖ်ာ့ေဖ်ာ့၊ တိတ္တိတ္ဆိတ္ဆိတ္အခန္းေတြဟာ ေကာင္းမြန္စြာအိပ္စက္ႏိုင္ေစပါတယ္။ အခ်ဳိ႕ကေလးေတြက အလင္းေရာင္ရိွမွအိပ္တဲ့ အက်င့္ရိွရင္ေတာ့ အလင္းေရာင္အရမ္းမစူးတဲ့ မီးလံုးေလးေတြထြန္းေပးတာမ်ဳိးနဲ႔ ေကာင္းမြန္စြာအိပ္စက္ေအာင္ လုပ္ေပးႏိုင္ပါတယ္။

ေနာက္ထပ္အေရးႀကီးတာတစ္ခုကေတာ့ ကေလးအိပ္တဲ့နားမွာ ဖုန္း၊TV အစရိွတာေတြကို မထားမိဖို႔လိုပါတယ္။ အဲဒီအရာေတြအနားမွာရိွေနရင္ အသံဗလံေတြေၾကာင့္အိပ္ရတာအေႏွာင့္အယွက္ျဖစ္ႏိုင္သလို ဖုန္းေဆာ့ခ်င္တာ၊ TVၾကည့္ခ်င္တာေတြေၾကာင့္ အိပ္ေရးပ်က္တတ္ပါတယ္။

ဒါ့အျပင္ အိပ္ခါနီးမွာ ေကာ္ဖီ၊ လက္ဖက္ရည္၊လက္ဖက္ အစရိွတာေတြကု္ မတိုက္မေကြၽးမိဖို႔လိုအပ္ပါတယ္။ အဲဒါေတြစားမိရင္ ရင္တုန္တာ၊ မအီမသာျဖစ္တာ၊ မ်က္စိေၾကာင္တာေတြျဖစ္တတ္တာေၾကာင့္ မတိုက္မေကြၽးမိဖို႔ လိုပါတယ္။

ကေလးေတြအေနနဲ႔ အိပ္ခ်ိန္မွန္ဖို႔လိုသလို အိပ္ေရးဝဝအိပ္ဖို႔လည္း လိုအပ္ပါတယ္။ အိပ္ေရးဝမွသာက်န္းမာေရးနဲ႔ ညီၫြတ္မွာျဖစ္တာေၾကာင့္ ေကာင္းေကာင္းမြန္မြန္အိပ္ေပ်ာ္ဖို႔အတြက္ ေဆာင္ရန္ေရွာင္ရန္ေတြကို လိုက္နာၿပီးေကာင္းမြန္စြာအိပ္စက္ႏိုင္ေအာင္ ႀကိဳးစားရပါမယ္။

Dr. ZZ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *