အိပ်မပျော်တဲ့ပိစိလေးတွေကိုချော့သိပ်ကြမယ်
အခါမလည်ခင်အချိန်မှာခကလေးငယ်လေးတွေဟာ နေ့နဲ့ညမှားပြီးအိပ်လိုအိပ်၊ အိပ်ချိန်မှာမျက်စိအပြူးသားနဲ့ ဟိုသည် လိုက်ကြည့်ပြီးမအိပ် ဖြစ်နေတဲ့အခါ မေမေဖေဖေတို့အတော်ဒုက္ခရောက်ကြရပါတယ်။ ဒါကြောင့် ကလေးငယ်များ အိပ်ပျော်စေဖို့ ကြိုးစားပေးနိုင်တဲ့အချက်လေးတွေကိုတင်ပြလိုက်ပါတယ်။
၁။ အလင်းရောင်စူးစူးရှိနေပြီး အသံများဆူညံနေတဲ့အခါ ဥပမာ တီဗီဖွင့်ထားတဲ့အခန်းထဲမှာ ကလေးကိုသိပ်မယ်ဆိုရင် လွယ်လွယ်နဲ့အိပ်မပျော်နိုင်ပါဘူး။ ဒါကြောင့် မီးအလင်းရောင်နည်းပါးပြီး ဆူညံမှုကင်းတဲ့ ဆိတ်ငြိမ်ဝန်းကျင်လေးတစ်ခုဖန်တီးကာသိပ်ပေးပါ။
၂။ ကလေးငယ်မအိပ်ခင်မှာ မေမေ့ပေါ်မှာပဲဖြစ်ဖြစ် ဖေဖေ့ပေါ်မှာပဲဖြစ်ဖြစ် ချော့ပြီး လှုပ်ကာသိပ်ပေးပါ။ ကလေးငယ်အိပ်ချင်မူးတူးဖြစ်လာပြီတိုတော့မှ သူ့ရဲ့ပုခက်ထဲကိုထည့်ပြီးသိပ်ပေးပါ။
၃။ မအိပ်ခင်မှာ မေမေ့နို့ချိုကိုတိုက်ပေးပါ။ နို့တိုက်နေရင်းနဲ့ကလေးငယ်ဟာ ဗိုက်ဝလာပြီး မျက်ခွံတွေစင်းလာပါလိမ့်မယ်။ ဒီအချိန်မှာ သိပ်ဖို့အကောင်းဆုံးပဲဖြစ်ပါတယ်။
၄။ နေ့လည်နေ့ခင်းတွေမှာ အရမ်းကြီးအိပ်မပစ်ပါစေနဲ့။ ကလေးငယ်လေးတွေဟာ နေ့ခင်းမှာ အချိန်အကြာကြီးဆက်တိုက်အိပ်ထားတဲ့အခါ ညဘက်မှာမျက်စိကြောင်ပြီး ဆော့ဖို့ပဲအာရုံရောက်နေတတ်ပါတယ်။ ဒီအခါ နေ့နဲ့ညမှားပြီးအိပ်တဲ့သံသရာလည်သွားပြီး ပြုပြင်ရခက်ခဲတတ်ပါတယ်။
၅။ ကလေးရဲ့မျက်နှာပေါ်ကို တစ်ရှူးစက္ကူအဖြူစလေးနဲ့ နဖူးပေါ်မှတဆင့် မျက်နှာတစ်လျှောက်သပ်ချပေးပါ။ အနောက်နိုင်ငံအချို့မှာ ဒီနည်းကို ကလေးငယ်လေးတွေကိုအိပ်ပျော်အိပ်မွေ့ချတဲ့နည်းလမ်းတစ်ခုအနေနဲ့ သတ်မှတ်ပြီးအသုံးပြုနေကြပါတယ်။
၆။ ကလေးငယ်နဲ့မျက်လုံးခြင်း ဆုံပြီးမမြှူမိပါစေနဲ့။ အဖေအမေကမြှူတဲ့အခါ ကလေးကပိုမြူးလာပြီး ချော့သိပ်ရခက်ခဲတတ်ပါတယ်။
၇။ မိခင်သို့မဟုတ်ဖခင်နဲ့အတူတကွ အိပ်စက်ခြင်းဟာလည်း ကလေးအတွက်စိတ်ချလက်ချအိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။
၈။ မအိပ်ခင်မှာ ခြေဆုပ်လက်ဆုပ်သဘောမျိုး ဆယ်မိနစ်ခန့်နှိပ်ပေးမယ်ဆိုရင် အိပ်စက်ခြင်းကိုအထောက်အကူပြုတယ်လို့ဆိုပါတယ်။
ဒီနည်းလမ်းလေးတွေအသုံးပြုပြီး အိပ်စက်ဖို့ရာအသုံးပြုကြည့်ပါ။ ဖေဖေမေမေတို့အတွက်လည်း အိပ်ရေးမပျက်တော့ဘဲ မနက်ပိုင်းအလုပ်ခွင်ကိုကြည်ကြည်လင်လင်နဲ့ဝင်နိုင်စေဖို့ရာ တင်ပြလိုက်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
အိပ္မေပ်ာ္တဲ့ပိစိေလးေတြကိုေခ်ာ့သိပ္ၾကမယ္
အခါမလည္ခင္အခ်ိန္မွာခကေလးငယ္ေလးေတြဟာ ေန႔နဲ႔ညမွားၿပီးအိပ္လိုအိပ္၊ အိပ္ခ်ိန္မွာမ်က္စိအျပဴးသားနဲ႔ ဟိုသည္ လိုက္ၾကည့္ၿပီးမအိပ္ ျဖစ္ေနတဲ့အခါ ေမေမေဖေဖတို႔အေတာ္ဒုကၡေရာက္ၾကရပါတယ္။ ဒါေၾကာင့္ ကေလးငယ္မ်ား အိပ္ေပ်ာ္ေစဖို႔ ႀကိဳးစားေပးႏိုင္တဲ့အခ်က္ေလးေတြကိုတင္ျပလိုက္ပါတယ္။
၁။ အလင္းေရာင္စူးစူး႐ွိေနၿပီး အသံမ်ားဆူညံေနတဲ့အခါ ဥပမာ တီဗီဖြင့္ထားတဲ့အခန္းထဲမွာ ကေလးကိုသိပ္မယ္ဆိုရင္ လြယ္လြယ္နဲ႔အိပ္မေပ်ာ္ႏိုင္ပါဘူး။ ဒါေၾကာင့္ မီးအလင္းေရာင္နည္းပါးၿပီး ဆူညံမႈကင္းတဲ့ ဆိတ္ၿငိမ္ဝန္းက်င္ေလးတစ္ခုဖန္တီးကာသိပ္ေပးပါ။
၂။ ကေလးငယ္မအိပ္ခင္မွာ ေမေမ့ေပၚမွာပဲျဖစ္ျဖစ္ ေဖေဖ့ေပၚမွာပဲျဖစ္ျဖစ္ ေခ်ာ့ၿပီး လႈပ္ကာသိပ္ေပးပါ။ ကေလးငယ္အိပ္ခ်င္မူးတူးျဖစ္လာၿပီတိုေတာ့မွ သူ႔ရဲ႔ပုခက္ထဲကိုထည့္ၿပီးသိပ္ေပးပါ။
၃။ မအိပ္ခင္မွာ ေမေမ့ႏို႔ခ်ိဳကိုတိုက္ေပးပါ။ ႏို႔တိုက္ေနရင္းနဲ႔ကေလးငယ္ဟာ ဗိုက္ဝလာၿပီး မ်က္ခြံေတြစင္းလာပါလိမ့္မယ္။ ဒီအခ်ိန္မွာ သိပ္ဖို႔အေကာင္းဆံုးပဲျဖစ္ပါတယ္။
၄။ ေန႔လည္ေန႔ခင္းေတြမွာ အရမ္းႀကီးအိပ္မပစ္ပါေစနဲ႔။ ကေလးငယ္ေလးေတြဟာ ေန႔ခင္းမွာ အခ်ိန္အၾကာႀကီးဆက္တိုက္အိပ္ထားတဲ့အခါ ညဘက္မွာမ်က္စိေၾကာင္ၿပီး ေဆာ့ဖို႔ပဲအာရံုေရာက္ေနတတ္ပါတယ္။ ဒီအခါ ေန႔နဲ႔ညမွားၿပီးအိပ္တဲ့သံသရာလည္သြားၿပီး ျပဳျပင္ရခက္ခဲတတ္ပါတယ္။
၅။ ကေလးရဲ႕မ်က္ႏွာေပၚကို တစ္႐ွဴးစကၠဴအျဖဴစေလးနဲ႔ နဖူးေပၚမွတဆင့္ မ်က္ႏွာတစ္ေလ်ွာက္သပ္ခ်ေပးပါ။ အေနာက္ႏိုင္ငံအခ်ဳိ့မွာ ဒီနည္းကို ကေလးငယ္ေလးေတြကိုအိပ္ေပ်ာ္အိပ္ေမြ႔ခ်တဲ့နည္းလမ္းတစ္ခုအေနနဲ႔ သတ္မွတ္ၿပီးအသံုးျပဳေနၾကပါတယ္။
၆။ ကေလးငယ္နဲ႔မ်က္လံုးျခင္း ဆံုၿပီးမျမႇဴမိပါေစနဲ႔။ အေဖအေမကျမႇဴတဲ့အခါ ကေလးကပိုျမဴးလာၿပီး ေခ်ာ့သိပ္ရခက္ခဲတတ္ပါတယ္။
၇။ မိခင္သို႔မဟုတ္ဖခင္နဲ႔အတူတကြ အိပ္စက္ျခင္းဟာလည္း ကေလးအတြက္စိတ္ခ်လက္ခ်အိပ္ေပ်ာ္ေစဖို႔ အေထာက္အကူျပဳပါတယ္။
၈။ မအိပ္ခင္မွာ ေျခဆုပ္လက္ဆုပ္သေဘာမ်ိဳး ဆယ္မိနစ္ခန္႔ႏွိပ္ေပးမယ္ဆိုရင္ အိပ္စက္ျခင္းကိုအေထာက္အကူျပဳတယ္လုိ႔ဆိုပါတယ္။
ဒီနည္းလမ္းေလးေတြအသံုးျပဳၿပီး အိပ္စက္ဖို႔ရာအသံုးျပဳၾကည့္ပါ။ ေဖေဖေမေမတို႔အတြက္လည္း အိပ္ေရးမပ်က္ေတာ့ဘဲ မနက္ပိုင္းအလုပ္ခြင္ကိုၾကည္ၾကည္လင္လင္နဲ႔ဝင္ႏိုင္ေစဖုိ႔ရာ တင္ျပလုိက္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ