ကလေးအားဆေးရှာပုံတော်

စာရေးသူဆီကို MyDoctorမှတစ်ဆင့်သော်လည်းကောင်း၊ စာရေးသူရဲ့ဆေးခန်းမှာသော်လည်းကောင်း ကလေးမိဘအတော်များများမေးကြတဲ့မေးခွန်းတစ်ခုရှိပါတယ်။ “ဆရာ ကျွန်မကလေးကတော့ဖြင့် အသက်တစ်နှစ်ကျော်ပါပြီ/အသက်နှစ်နှစ်ကျော်ပါပြီ။ ဘာအားဆေးတိုက်ရမလဲဆရာ” လို့လာမေးသူတွေ အယောက်ရာချီလို့နေပါပြီ။ ဒီတော့ ကလေးနဲ့အားဆေး အမြဲတွဲနေမှဖြစ်မှာလားဆိုတာ ကြည့်ကြရအောင်ပါ။

အားဆေးတွေမှာ အဓိက ပါဝင်တာကတော့ ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်အနည်းငယ်နဲ့ အချို့အားဆေးတွေမှာတော့ လိုင်စင်း၊ DHAတို့ပါဝင်ပါတယ်။ ဒါတွေဟာ ကလေးငယ်ရဲ့ကိုယ်ခံအားကိုတက်စေပြီး စားကောင်းစေတယ်လို့ ညွှန်းကြပါတယ်။

ကလေးငယ်တစ်ယောက်ဟာ သူ့ရဲ့အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားမှုနဲ့ ပုံမှန်ဖွံ့ဖြိုးမှုရှိနေတယ်ဆိုရင် အားဆေးကိုတော်ရုံနဲ့မလိုအပ်ပါဘူး။ ကလေးငယ်ဟာ အာဟာရမျှမျှတတစားသုံးနေရင် သဘာဝအစားအသောက်တွေဟာ ပြီးပြည့်စုံတဲ့အားဆေးတွေ ဖြစ်နေမှာပါပဲ။အားဆေးနဲ့ပတ်သက်တဲ့နောက်မေးခွန်းတစ်ခုကတော့ “ကျွန်မသားလေးထမင်းမစားဘူးဆရာ။ ထမင်းစားအောင်ဘာအားဆေးတိုက်ရမလဲ” ဆိုတာပါပဲ။ အဲဒီတော့ စာရေးသူကပြန်မေးပါတယ်။ ထမင်းမစားတော့ ဘာတွေစားတုန်း လို့။ အားလုံးနီးပါးက မုန့်ပဲသွားရည်စာတော့စားတယ်ဆရာ ထမင်းကိုဟုတ်တိပတ်တိမစားတာလို့ဖြေကြပါတယ်။ ထမင်းမစားတာကို စားလာအောင်အားဆေးတိုက်စရာမလိုပါ၊ အခုကလေးကိုကျွေးနေတဲ့ သွားရေစာတွေကို လုံးဝဖြတ်လိုက်ပါလို့စာရေးသူကပြန်ပြောလေ့ရှိပါတယ်။ ဒီအခါမှာ ဆရာရယ် မကျွေးတော့ ကလေးဗိုက်ဆာရင်ကြည့်နေရက်ရတော့မှာလားလို့ပြန်မေးကြပါတယ်။ အဖြေက ရက်စက်ရာကျတယ်ထင်ပါ။ ဟုတ်ပါတယ် ဗိုက်ဆာပါစေ။ ဗိုက်တကယ်ဆာရင် ဘယ်ကလေးမှ မုန့်မရှိလို့ ထမင်းတော့မစားဘဲနေမယ်ဟေ့ လို့မရှိပါ။ ထမင်းမစားရင်မုန့်ကျွေးမယ်ဆိုတာသိလို့ သို့မဟုတ် အရသာမရှိတဲ့ထမင်းထက် အချို၊အငန်၊အရသာအလေးအပင်ကဲတဲ့မုန့်ကို တောင့်တနေလို့သာ ကလေးတွေထမင်းမစားတာပါ။ တကယ်တမ်းဆာလာတဲ့အခါ သေချာပေါက်ထမင်းစားလာပါလိမ့်မယ်။

အားဆေးကိုတကယ်လိုအပ်တဲ့ကလေးတွေလဲရှိပါတယ်။ အားဆေးလိုအပ်တဲ့ကလေးတွေကတော့

  • အစားအသောက်ချို့တဲ့ခဲ့တဲ့ကလေးငယ်တွေ
  • အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားမှုနဲ့ ပုံမှန်ဖွံ့ဖြိုးမှုမရှိတဲ့ကလေးငယ်တွေ
  • နာတာရှည်ရောဂါခံစားနေရဲ့ကလေးငယ်တွေ
  • အပြင်းအထန်နေမကောင်းဖြစ်ထားပြီးနောက် အစာမစားသောကလေးငယ်တွေပဲဖြစ်ပါတယ်။တန်ဆေးလွန်ဘေး ချင့်ချိန်၍ စားသောက်တိုက်ကျွေးကာ ကျန်းမာသောကလေးငယ်များအား မွေးမြူနိုင်ကြပါစေ။

မေတ္တာဖြင့်

စိုင်းမြတ်သူ

ကေလးအားေဆး႐ွာပံုေတာ္

စာေရးသူဆီကို MyDoctorမွတစ္ဆင့္ေသာ္လည္းေကာင္း၊ စာေရးသူရဲ႕ေဆးခန္းမွာေသာ္လည္းေကာင္း ကေလးမိဘအေတာ္မ်ားမ်ားေမးၾကတဲ့ေမးခြန္းတစ္ခု႐ွိပါတယ္။ “ဆရာ ကြၽန္မကေလးကေတာ့ျဖင့္ အသက္တစ္ႏွစ္ေက်ာ္ပါၿပီ/အသက္ႏွစ္ႏွစ္ေက်ာ္ပါၿပီ။ ဘာအားေဆးတိုက္ရမလဲဆရာ” လို႔လာေမးသူေတြ အေယာက္ရာခ်ီလို႔ေနပါၿပီ။ ဒီေတာ့ ကေလးနဲ႔အားေဆး အျမဲတြဲေနမွျဖစ္မွာလားဆိုတာ ၾကည့္ၾကရေအာင္ပါ။

အားေဆးေတြမွာ အဓိက ပါဝင္တာကေတာ့ ဗီတာမင္ဓာတ္၊ သတၳဳဓာတ္အနည္းငယ္နဲ႔ အခ်ိဳ႕အားေဆးေတြမွာေတာ့ လိုင္စင္း၊ DHAတို႔ပါဝင္ပါတယ္။ ဒါေတြဟာ ကေလးငယ္ရဲ႕ကိုယ္ခံအားကိုတက္ေစၿပီး စားေကာင္းေစတယ္လို႔ ၫႊန္းၾကပါတယ္။

ကေလးငယ္တစ္ေယာက္ဟာ သူ႔ရဲ႕အသက္အရြယ္အလိုက္ ပံုမွန္ႀကီးထြားမႈနဲ႔ ပံုမွန္ဖြံ႔ၿဖိဳးမႈ႐ွိေနတယ္ဆိုရင္ အားေဆးကိုေတာ္ရံုနဲ႔မလိုအပ္ပါဘူး။ ကေလးငယ္ဟာ အာဟာရမ်ွမ်ွတတစားသံုးေနရင္ သဘာဝအစားအေသာက္ေတြဟာ ၿပီးျပည့္စံုတဲ့အားေဆးေတြ ျဖစ္ေနမွာပါပဲ။အားေဆးနဲ႔ပတ္သက္တဲ့ေနာက္ေမးခြန္းတစ္ခုကေတာ့ “ကြၽန္မသားေလးထမင္းမစားဘူးဆရာ။ ထမင္းစားေအာင္ဘာအားေဆးတိုက္ရမလဲ” ဆိုတာပါပဲ။ အဲဒီေတာ့ စာေရးသူကျပန္ေမးပါတယ္။ ထမင္းမစားေတာ့ ဘာေတြစားတုန္း လို႔။ အားလံုးနီးပါးက မုန္႔ပဲသြားရည္စာေတာ့စားတယ္ဆရာ ထမင္းကိုဟုတ္တိပတ္တိမစားတာလို႔ေျဖၾကပါတယ္။ ထမင္းမစားတာကို စားလာေအာင္အားေဆးတိုက္စရာမလိုပါ၊ အခုကေလးကိုေကြၽးေနတဲ့ သြားေရစာေတြကို လံုးဝျဖတ္လိုက္ပါလို႔စာေရးသူကျပန္ေျပာေလ့႐ွိပါတယ္။ ဒီအခါမွာ ဆရာရယ္ မေကြၽးေတာ့ ကေလးဗိုက္ဆာရင္ၾကည့္ေနရက္ရေတာ့မွာလားလို႔ျပန္ေမးၾကပါတယ္။ အေျဖက ရက္စက္ရာက်တယ္ထင္ပါ။ ဟုတ္ပါတယ္ ဗိုက္ဆာပါေစ။ ဗိုက္တကယ္ဆာရင္ ဘယ္ကေလးမွ မုန္႔မ႐ွိလုိ႔ ထမင္းေတာ့မစားဘဲေနမယ္ေဟ့ လို႔မ႐ွိပါ။ ထမင္းမစားရင္မုန္႔ေကြၽးမယ္ဆိုတာသိလို႔ သို႔မဟုတ္ အရသာမ႐ွိတဲ့ထမင္းထက္ အခ်ိဳ၊အငန္၊အရသာအေလးအပင္ကဲတဲ့မုန္႔ကို ေတာင့္တေနလို႔သာ ကေလးေတြထမင္းမစားတာပါ။ တကယ္တမ္းဆာလာတဲ့အခါ ေသခ်ာေပါက္ထမင္းစားလာပါလိမ့္မယ္။

အားေဆးကိုတကယ္လိုအပ္တဲ့ကေလးေတြလဲ႐ွိပါတယ္။ အားေဆးလိုအပ္တဲ့ကေလးေတြကေတာ့

  • အစားအေသာက္ခ်ိဳ႕တဲ့ခဲ့တဲ့ကေလးငယ္ေတြ
  • အသက္အရြယ္အလိုက္ ပံုမွန္ႀကီးထြားမႈနဲ႔ ပံုမွန္ဖြံ႔ၿဖိဳးမႈမ႐ွိတဲ့ကေလးငယ္ေတြ
  • နာတာ႐ွည္ေရာဂါခံစားေနရဲ့ကေလးငယ္ေတြ
  • အျပင္းအထန္ေနမေကာင္းျဖစ္ထားၿပီးေနာက္ အစာမစားေသာကေလးငယ္ေတြပဲျဖစ္ပါတယ္။တန္ေဆးလြန္ေဘး ခ်င့္ခ်ိန္၍ စားေသာက္တိုက္ေကြၽးကာ က်န္းမာေသာကေလးငယ္မ်ားအား ေမြးျမဴႏိုင္ၾကပါေစ။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *