ကာကွယ်ဆေး၊ ဆေးထိုးရေး နှင့် အယူအဆအလွဲများ
ကလေးငယ်တစ်ဦးဟာ မွေးဖွားလာကစလို့ အသက်အနည်းငယ်ရတဲ့အထိ မဖြစ်မနေထိုးရန် သတ်မှတ်ထားတဲ့ကာကွယ်ဆေးများကို ထိုးနှံရပါတယ်။ ဒီလိုကာကွယ်ဆေးထိုးတဲ့အခါ အမေအဖေတို့အနေနဲ့ စိုးရိမ်မှုနဲ့အယူအဆအလွဲလေးတွေရှိတတ်ကြပါတယ်။ ဒါတွေကိုတင်ပြပေးချင်ပါတယ်။
ကလေးတစ်ယောက်ကို ကာကွယ်ဆေးအပြည့်အစုံထိုးပေးဖို့လိုအပ်ပါတယ်။ ဒါဟာ မိမိရဲ့ကလေးတစ်ဦးတည်းကိုကာကွယ်ယုံတင်မဟုတ်ဘဲ မိမိကလေးရဲ့ဝန်းကျင်မှာရှိတဲ့အခြားကလေးများကိုလည်း ရောဂါမကူးစက်အောင်ကာကွယ်ရာရောက်ပါတယ်။ ကာကွယ်ဆေးထိုးလို့ ကလေးကိုယ်ခံအားကျပြီးဖျားတယ်၊ တက်တယ်ဆိုတာတွေဟာ အယူအဆမှားတွေပဲဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ဟာ ကာကွယ်ဆေးကိုပြန်လည်တုန့်ပြန်ရတဲ့အတွက် ပင်ပန်းပြီး နုံးချိခြင်း၊ မအီမသာဖြစ်ခြင်း၊ ဂျီကျခြင်းတို့ရှိနိုင်ပါတယ်။ အချို့ကလေးတွေမှာ အဖျားအနည်းငယ်ရှိလာနိုင်ပါတယ်။ ဒါဟာစိုးရိမ်စရာမဟုတ်ဘဲ ပါရာစီတမောကဲ့သို့ အပူကျဆေးတိုက်ရုံနဲ့ အဖျားသက်သာစေမှာပဲဖြစ်ပါတယ်။
ကာကွယ်ဆေးနဲ့မတည့်မှာစိုးလို့မထိုးဘူးဆိုတာဟာလည်း အယူအဆမှားတစ်ခုပါပဲ။ ကလေးငယ်ပေါင်းတစ်သန်းမှာမှ တစ်ဦးခန့်သာ မတည့်ခြင်းဖြစ်နိုင်တာမို့ ဆေးမထိုးလို့ ဖြစ်လာနိုင်တဲ့ ကြောက်စရာ အသက်အန္တရာယ်ကိုပါခြိမ်းခြောက်နိုင်တဲ့ရောဂါများကို ကာကွယ်ဖို့ မပျက်မကွက်ဆေးထိုးထားသင့်ပါတယ်။ ကာကွယ်ဆေးထိုးတဲ့နေရာလေးမှာ အနည်းငယ်နာကျင်ခြင်းရှိနေနိုင်ပါတယ်။ ဒါဟာအချိန်တန်ရင်ပျောက်သွားမှာဖြစ်ပါတယ်။ ဆေးထိုးပြီးပြီးချင်းမှာ ပွတ်ချေစရာမလိုတဲ့အတွက် အတင်းဖိပြီးပွတ်ခြင်းချေပစ်ခြင်းကိုရှောင်ရပါမယ်။ အခန့်မသင့်တဲ့အခယ ဆေးထိုးထားတဲ့နေရာမှာပြည်သွားခဲ့မယ်ဆိုရင်တော့ နီးစပ်ရာ ကျန်းမာရေးဌာနမှာ ပြသသင့်ပါတယ်။
ကလေးအဖျားရှိနေရင် ကာကွယ်ဆေးထိုးခြင်းကို ခဏတာနောက်ဆုတ်ထားနိုင်ပါတယ်။ ဒါပေမယ့် အဖျား ၁၀၁ ဒီဂရီဖာရင်ဟိုက် အောက်သာ ဖျားနာတယ်ဆိုရင် ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ရေချိုးပေးနိုင်ပါတယ်။ ကလေးငယ်ရဲ့ တစ်နေ့တာပုံမှန်လုပ်ဆောင်နေသော အစား၊အဆော့၊ အအိပ် ကိစ္စများအားလုံး ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်ပါတယ် လို့တင်ပြရင်း..။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ကာကြယ္ေဆး၊ ေဆးထိုးေရး ႏွင့္ အယူအဆအလြဲမ်ား
ကေလးငယ္တစ္ဦးဟာ ေမြးဖြားလာကစလို႔ အသက္အနည္းငယ္ရတဲ့အထိ မျဖစ္မေနထိုးရန္ သတ္မွတ္ထားတဲ့ကာကြယ္ေဆးမ်ားကို ထိုးႏွံရပါတယ္။ ဒီလိုကာကြယ္ေဆးထိုးတဲ့အခါ အေမအေဖတို႔အေနနဲ႔ စိုးရိမ္မႈနဲ႔အယူအဆအလြဲေလးေတြ႐ွိတတ္ၾကပါတယ္။ ဒါေတြကိုတင္ျပေပးခ်င္ပါတယ္။
ကေလးတစ္ေယာက္ကို ကာကြယ္ေဆးအျပည့္အစံုထိုးေပးဖို႔လိုအပ္ပါတယ္။ ဒါဟာ မိမိရဲ႕ကေလးတစ္ဦးတည္းကိုကာကြယ္ယံုတင္မဟုတ္ဘဲ မိမိကေလးရဲ႕ဝန္းက်င္မွာ႐ွိတဲ့အျခားကေလးမ်ားကိုလည္း ေရာဂါမကူးစက္ေအာင္ကာကြယ္ရာေရာက္ပါတယ္။ ကာကြယ္ေဆးထိုးလို႔ ကေလးကိုယ္ခံအားက်ၿပီးဖ်ားတယ္၊ တက္တယ္ဆိုတာေတြဟာ အယူအဆမွားေတြပဲျဖစ္ပါတယ္။ ကေလးငယ္ရဲ႕ ခႏၶာကိုယ္ဟာ ကာကြယ္ေဆးကိုျပန္လည္တုန္႔ျပန္ရတဲ့အတြက္ ပင္ပန္းၿပီး ႏံုးခ်ိျခင္း၊ မအီမသာျဖစ္ျခင္း၊ ဂ်ီက်ျခင္းတို႔႐ွိႏိုင္ပါတယ္။ အခ်ိဳ႕ကေလးေတြမွာ အဖ်ားအနည္းငယ္႐ွိလာႏိုင္ပါတယ္။ ဒါဟာစိုးရိမ္စရာမဟုတ္ဘဲ ပါရာစီတေမာကဲ့သို႔ အပူက်ေဆးတိုက္ရံုနဲ႔ အဖ်ားသက္သာေစမွာပဲျဖစ္ပါတယ္။
ကာကြယ္ေဆးနဲ႔မတည့္မွာစိုးလို႔မထိုးဘူးဆိုတာဟာလည္း အယူအဆမွားတစ္ခုပါပဲ။ ကေလးငယ္ေပါင္းတစ္သန္းမွာမွ တစ္ဦးခန္႔သာ မတည့္ျခင္းျဖစ္ႏိုင္တာမို႔ ေဆးမထိုးလုိ႔ ျဖစ္လာႏိုင္တဲ့ ေၾကာက္စရာ အသက္အႏၲရာယ္ကိုပါၿခိမ္းေျခာက္ႏိုင္တဲ့ေရာဂါမ်ားကို ကာကြယ္ဖို႔ မပ်က္မကြက္ေဆးထိုးထားသင့္ပါတယ္။ ကာကြယ္ေဆးထိုးတဲ့ေနရာေလးမွာ အနည္းငယ္နာက်င္ျခင္း႐ွိေနႏိုင္ပါတယ္။ ဒါဟာအခ်ိန္တန္ရင္ေပ်ာက္သြားမွာျဖစ္ပါတယ္။ ေဆးထိုးၿပီးၿပီးခ်င္းမွာ ပြတ္ေခ်စရာမလိုတဲ့အတြက္ အတင္းဖိၿပီးပြတ္ျခင္းေခ်ပစ္ျခင္းကိုေ႐ွာင္ရပါမယ္။ အခန္႔မသင့္တဲ့အခယ ေဆးထိုးထားတဲ့ေနရာမွာျပည္သြားခဲ့မယ္ဆိုရင္ေတာ့ နီးစပ္ရာ က်န္းမာေရးဌာနမွာ ျပသသင့္ပါတယ္။
ကေလးအဖ်ား႐ွိေနရင္ ကာကြယ္ေဆးထိုးျခင္းကို ခဏတာေနာက္ဆုတ္ထားႏိုင္ပါတယ္။ ဒါေပမယ့္ အဖ်ား ၁၀၁ ဒီဂရီဖာရင္ဟိုက္ ေအာက္သာ ဖ်ားနာတယ္ဆိုရင္ ထိုးႏွံႏိုင္ပါတယ္။ ကာကြယ္ေဆးထိုးၿပီးတဲ့အခါ ေရခ်ိဳးေပးႏိုင္ပါတယ္။ ကေလးငယ္ရဲ႕ တစ္ေန႔တာပံုမွန္လုပ္ေဆာင္ေနေသာ အစား၊အေဆာ့၊ အအိပ္ ကိစၥမ်ားအားလံုး ပံုမွန္ဆက္လက္ေဆာင္ရြက္ႏိုင္ပါတယ္ လို႔တင္ျပရင္း..။
ေမတၱာျဖင့္
စိုင္းျမတ္သူ