ကလေးများနှင့်မုန့်ပဲသွားရေစာ
ကလေးတွေဟာ ထမင်းကျွေးရခက်သလောက် မုန့်ပဲသွားရေစာများကိုတော့ အလွန်နှစ်သက်ကြတာသဘာဝပါ။ တစ်နေ့လျှင် ထမင်းသုံးနပ်စားဖို့ အာပေါက်အောင်ပြောရ ကျွေးရသလာက်… သွားရေစာဆိုလျှင်တော့ဘအချိန်ပြည့်စားနိုင်ကြပါတယ်။ကလေးတွေ သွားရေစာစားတာနဲ့ ပတ်သက်လို့ မေမေဖေဖေတို့ သိမှတ်စရာလေးတွေ ပြောပြလိုပါတယ်။
ပထမဆုံးကတော့ သွားရေစာစားတာ ကောင်း/မကောင်းပေါ့။
မကောင်းတဲ့အချက်ကတော့ သွားရေစာတွေစားထားတဲ့အခါ တကယ့်ထမင်းစားချိန်ရောက်ရင် ဗိုက်မဆာ၊စားချင်စိတ်မရှိတော့ပါဘူး။ဒါ့အပြင် ကိုယ်အလေးချိန်ဆိုင်ရာပြသနာ (ဥပမာ – အဝလွန်ခြင်း)များဖြစ်စေနိုင်ပါတယ်။
ကောင်းတဲ့အချက်ကတော့ သွားရေစာဆိုရင် ကလေးတွေကို ကျွေးရလွယ်တာမို့…ကျန်းမာရေးနဲ့ညီညွတ်မယ့် အစားအစာလေးတွေကို စားချင်စဖွယ် သွားရေစာအနေနဲ့ကျွေးမယ်ဆိုရင်တော့ ကလေးအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်(ဥပမာ – သစ်သီးမျိုုးစုံကို အတုံးလေးတွေတုံးပြီး စားချင်စားဖွယ်ရောင်စုံသွားရေစာလေးလုပ်ကျွေးခြင်း)။
ဒုတိယကတော့ ဘယ်အချိန်မှာကျွေးမလဲဆိုတာပါ။
ကလေးမျါးကို တစ်နေ့လျှင် မနက်စာ ၊နေ့လည်စာ၊ ညနေစာ နဲ့ သွားရေစာနှစ်ကြိမ်ကျွေးနိုင်ပါတယ်။
သွားရေစာစားချိန်ကို သတ်သတ်မှတ်မှတ်ထားရှိပါ။
TV ကြည့်နေစဉ်၊ ဂိမ်းဆော့နေစဉ်၊ကစားနေစဉ်အချိန်တွေမှာ သွားရည်စာစားခြင်းကို ခွင့်မပြုသင့်ပါ။TV/ဂိမ်း တွေကိုအာရုံစိုက်နေတာဖြသ်တဲ့အတွက် အစားကိုဂရုမထားမိဘဲ လိုတာထက်ပိုစားမိနိုင်ပြီး အဝလွန်ခြင်းကိုဖြစ်စေနိုင်ပါတယိ။
တတိယအချက်ကတော့ ဘယ်လိုသွားရေစာလေးတွေကျွေးမလဲဆိုတဲ့အချက်ပါ။အာလူးကြော်အထုပ်များ၊အချိုရည်များ စတဲ့အပြင်စာတွေကျွေးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးမဖြစ်ထွန်းစေပါဘူး။ ဒါကြောင့် ထိုအစားအစာတွေကျွေးမယ့်အစား လတ်ဆတ်တဲ့သစ်သီးလေးတွေကို ကလေးစားနိုင်လောက်တဲ့အရွယ်ပမာဏအတုံးလေးတွေ လှီးကျွေးမယ်၊အချိုရည်တွေအစား သစ်သီးလေးတွေကို အိမ်မှာပဲကိုယ်တိုင်ဖျော်တိုက်မယ်။ အသင့်စားကြက်ကြော်တွေ အသားညှပ်ပေါင်မုန့်တွေအစား အိမ်မှာပဲ မေမကိုယ်တိုင် ကြက်သားကြော်ကျွေးမယ်၊အသားညှပ်ပေါင်မုန့်ကိုယ်တိုင်လုပ်ကျွးမယ်။
ဒီအချက်လေးတွေအတိုင်း လိုက်နာမယ်ဆိုရင်တော့ သင့်ကလေးတွေ အစားကျွေးရမခက်တော့ဘဲ အစားစာချင်စိတ်ဖြစ်ပေါ်စေတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်နေစေမှာပဲဖြစ်ပါတယ်။
ဒေါက်တာဝင်း (UM 2)
ကေလးမ်ားႏွင့္မုန္႔ပဲသြားေရစာ
ကေလးေတြဟာ ထမင္းေကြၽးရခက္သေလာက္ မုန္႔ပဲသြားေရစာမ်ားကိုေတာ့ အလြန္ႏွစ္သက္ၾကတာသဘာဝပါ။ တစ္ေန႔လ်ွင္ ထမင္းသံုးနပ္စားဖို႔ အာေပါက္ေအာင္ေျပာရ ေကြၽးရသလာက္… သြားေရစာဆိုလ်ွင္ေတာ့ဘအခ်ိန္ျပည့္စားႏိုင္ၾကပါတယ္။ကေလးေတြ သြားေရစာစားတာနဲ႔ ပတ္သက္လို႔ ေမေမေဖေဖတို႔ သိမွတ္စရာေလးေတြ ေျပာျပလိုပါတယ္။
ပထမဆံုးကေတာ့ သြားေရစာစားတာ ေကာင္း/မေကာင္းေပါ့။
မေကာင္းတဲ့အခ်က္ကေတာ့ သြားေရစာေတြစားထားတဲ့အခါ တကယ့္ထမင္းစားခ်ိန္ေရာက္ရင္ ဗိုက္မဆာ၊စားခ်င္စိတ္မ႐ွိေတာ့ပါဘူး။ဒါ့အျပင္ ကိုယ္အေလးခ်ိန္ဆိုင္ရာျပသနာ (ဥပမာ – အဝလြန္ျခင္း)မ်ားျဖစ္ေစႏိုင္ပါတယ္။
ေကာင္းတဲ့အခ်က္ကေတာ့ သြားေရစာဆိုရင္ ကေလးေတြကို ေက်ြးရလြယ္တာမို႔…က်န္းမာေရးနဲ႔ညီၫြတ္မယ့္ အစားအစာေလးေတြကို စားခ်င္စဖြယ္ သြားေရစာအေနနဲ႔ေကြၽးမယ္ဆိုရင္ေတာ့ ကေလးအတြက္ အက်ိဳး႐ွိေစမွာျဖစ္ပါတယ္(ဥပမာ – သစ္သီးမ်ိဳုးစံုကို အတံုးေလးေတြတံုးၿပီး စားခ်င္စားဖြယ္ေရာင္စံုသြားေရစာေလးလုပ္ေကြၽးျခင္း)။
ဒုတိယကေတာ့ ဘယ္အခ်ိန္မွာေကြၽးမလဲဆိုတာပါ။
ကေလးမ်ါးကို တစ္ေန႔လ်ွင္ မနက္စာ ၊ေန႔လည္စာ၊ ညေနစာ နဲ႔ သြားေရစာႏွစ္ႀကိမ္ေကြၽးႏိုင္ပါတယ္။
သြားေရစာစားခ်ိန္ကို သတ္သတ္မွတ္မွတ္ထား႐ွိပါ။
TV ၾကည့္ေနစဥ္၊ ဂိမ္းေဆာ့ေနစဥ္၊ကစားေနစဥ္အခ်ိန္ေတြမွာ သြားရည္စာစားျခင္းကို ခြင့္မျပဳသင့္ပါ။TV/ဂိမ္း ေတြကိုအာရံုစိုက္ေနတာျဖသ္တဲ့အတြက္ အစားကိုဂ႐ုမထားမိဘဲ လိုတာထက္ပိုစားမိႏိုင္ၿပီး အဝလြန္ျခင္းကိုျဖစ္ေစႏိုင္ပါတယိ။
တတိယအခ်က္ကေတာ့ ဘယ္လိုသြားေရစာေလးေတြေကြၽးမလဲဆိုတဲ့အခ်က္ပါ။အာလူးေၾကာ္အထုပ္မ်ား၊အခ်ိဳရည္မ်ား စတဲ့အျပင္စာေတြေကြၽးျခင္းဟာ က်န္းမာေရးအတြက္ ေကာင္းက်ိဳးမျဖစ္ထြန္းေစပါဘူး။ ဒါေၾကာင့္ ထိုအစားအစာေတြေကြၽးမယ့္အစား လတ္ဆတ္တဲ့သစ္သီးေလးေတြကို ကေလးစားႏိုင္ေလာက္တဲ့အရြယ္ပမာဏအတံုးေလးေတြ လွီးေကြၽးမယ္၊အခ်ိဳရည္ေတြအစား သစ္သီးေလးေတြကို အိမ္မွာပဲကိုယ္တိုင္ေဖ်ာ္တိုက္မယ္။ အသင့္စားၾကက္ေၾကာ္ေတြ အသားညႇပ္ေပါင္မုန္႔ေတြအစား အိမ္မွာပဲ ေမမကိုယ္တိုင္ ၾကက္သားေၾကာ္ေကြၽးမယ္၊အသားညႇပ္ေပါင္မုန္႔ကိုယ္တိုင္လုပ္ကြၽးမယ္။
ဒီအခ်က္ေလးေတြအတိုင္း လိုက္နာမယ္ဆိုရင္ေတာ့ သင့္ကေလးေတြ အစားေကြ်းရမခက္ေတာ့ဘဲ အစားစာခ်င္စိတ္ျဖစ္ေပၚေစတဲ့အျပင္ က်န္းမာေရးနဲ႔ညီၫြတ္ေနေစမွာပဲျဖစ္ပါတယ္။
ေဒါက္တာဝင္း (UM 2)