ပြောတိုင်းပေါက်မြောက် အောင်မြင်ပါစေ။
“NA ရောက်တယ် ဆရာရေ။ unconscious နဲ့။” ( ဒီနေရာမှာ အနည်းငယ် ရှင်းပြပါရစေ။ NA ဆိုတာက လူနာအသစ်ရောက်တယ် လို့ အတိုခေါ်ပြောတာဖြစ်ပြီး unconscious ဆိုတာကတော့ သတိလစ်ပြီးရောက်လာတယ်ပေါ့။)
ဒီအသံမျိုးက ဂျူတီကျတဲ့ ညတိုင်းမှာ ကြားနေကြပဲဆိုတော့ ထူးတော့မထူးဆန်းတော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် သတိလစ်ပြီးရောက်လာတယ်ဆိုတော့ အရေးတော့ကြီးတာပဲလေ။ ထိုင်နေရာကနေ လူနာနား ဘယ်လိုရောက်သွားမှန်းတောင် မသိလိုက်ဖူးပေါ့။
“အသက် ၁၀နှစ်။ သတိလစ်နေတာတော့ ဒီညမှလို့ပြောတာပဲဆရာ။”
ဘေးက ဆရာမလေးပြောတာ နားထောင်ရင်း ဖြစ်နိုင်တာကို အမြန်ဆုံးတွေးပေါ့။ ကလေးပုံကြည့်ရတာ တော်တော်ကြီး နေမကောင်းဖြစ်နေပုံပင်။ ဒီနေ့မှ ကောက်ကာငင်ကာ ဖြစ်ပုံမပေါ်။ သို့သော်လည်း ဒါက နောက်မှ။ ခု အခြေအနေ တည်ငြိမ်ဖို့က အရေးကြီးတယ်မလား။
“RBS(သွေးတွင်းသကြားဓာတ်) ဖောက်၊ အပူချိန် တိုင်း၊ သွေးပေါင်ချိန်တိုင်း၊ ကလေးအဖေ အောက်စီဘူး ကူမပေးဦးဗျ။”
ပြောလည်းပြော၊ တစ်ဖက်ကလည်း ကလေးကို စမ်းရင်းပေါ့။
“သွေးပေါင် တိုင်းလို့ မရဘူးဆရာ”ဆိုတော့ ကိုယ်တိုင်ဝင်တိုင်း။ ဟုတ်ပါရဲ့။ ကလေးက သတိလစ်နေရုံတင်မကပဲကိုး။ သွေးလန့်တယ် တနည်းအားဖြင့် ရှော့ရနေတယ်လေ။
“ကဲ ဆရာမရေ ဆေးဘူး အမြန်ချမယ်။ အောက်ဆီဂျင်ပေး၊ ပိုးသတ်ဆေး ထိုးမယ်။ ညီရေ ဒီညတော့ ကလေးကို သွေးပေါင်ချိန် တစ်နာရီတစ်ခါ တိုင်းမယ်နော်။ ကလေးကို အပ်ထိုးပြီးရင် အရေးပေါ်ခန်းကို ရွေ့ကွာ။ ဒီကလေးနဲ့ မဆိုင်တဲ့ အခြားလူနာစောင့်တွေ အနားမကပ်နဲ့လေဗျာ။ ကဲ ကလေးအမေပါလား။ ဒီဘက်ခဏလာ။ ကလေးအကြောင်း နည်းနည်းမေးမလို့။”
လူတွေကလည်း ခက်တယ်ဗျာ။ အရေးပေါ်လူနာပါဆို လာစပ်စုနေကြသေးတယ်။ နေရာကကျဉ်း၊ သူတို့တတွေကို ရှောင်နေတာနဲ့ကို အဆင်မပြေဘူး။
“အမေရေ။ ကလေးက ဒီညမှ သတိလစ်တာဆို။ ဘယ်လိုဖြစ်တာတုံး၊”
“ချောင်းဆိုးတယ်၊ ရင်ကြပ်တယ်ဆရာ။ နေမကောင်းဖြစ်တာတော့ နည်းနည်းကြာပြီ။”
“ဖျားတယ်ပေါ့။ ဝမ်းကောလျောသေးလား။ အရင်ကကော ဘာဖြစ်ဖူးလဲ။ ဆေးရုံတက်ဖူးလား။”
“ဝမ်းတော့မလျောဘူး ဆရာ။ ဒီလိုပဲဖြစ်သွားတာပါပဲ။”
အင်း မေးလဲ ဘာမှဆက်ထွက်မယ့်ပုံမပေါ်။ စိတ်တိုပေမယ့်လည်း လူနာတွေကိုလည်း အပြစ်မတင်ရက်ဘူး။ သွားရေးလာရေးခက်ခဲတာတစ်ကြောင်း၊ ကျန်းမာရေး ဗဟုသုတ ခေါင်းပါးတာတစ်ကြောင်းကြောင့် မျက်စိသူငယ်၊ နားသူငယ်နဲ့လေ။ ဆေးရုံရောက်လာတာတောင် တော်လှပြီ ပြောရမည်ကိုး။
“ကဲ အမေ။ ကလေးက စိုးရိမ်ရတယ်နော်။ ဆရာတို့ အစွမ်းကုန်တော့ ကြိုးစားပေးမယ် သိလား။ အသက်ရှင်ဖို့က ကလေးကံပေါ်လည်း မူတည်မယ်နော်။ ဒီညတော့ လူနာစောင့် ၃ယောက်လောက် စောင့်ပေးရမယ်။ ဟုတ်ပြီလား။”
ကိုယ့်စီနီယာ အထူးကုဆရာဝန်ကြီးတွေကို ဖုန်းဆက် အကြောင်းကြား။ လိုအပ်တဲ့ ကုသမှုတွေထည့်။ ကိုယ့်ဂျူတီညတွေ ရဲ့ ထုံးစံအတိုင်း အရေးပေါ် ကလေးနဲ့ တစ်ညလုံးနှစ်ပါးသွားသည် ပေါ့။မနက်ရောက်တော့
“ဆရာ”
“အေး ပြော”
အရေးပေါ် လူနာလေးရဲ့ လူနာစောင့်တွေ
“ဆရာ၊ ဒါအရင်က ကလေးဆေးရုံတက်တုန်းက စာရွက်စာတမ်းတွေ။”
“ဟင်။ ခုနက ဘာလို့မပြောတုန်းဟ။ ပြပါဦး။”
ဟိုက်ရှားပါး။ နဖူးနဲ့ လက်ဝါးနဲ့ ရိုက်လိုက်မိပြီ။ ကလေးက လွန်ခဲ့တဲ့ ၆လ လောက်က ဒီမှာပဲ ဆေးရုံတက်သွားတာပေပဲ။ ကွန်ပြူတာဓာတ်မှန်တွေတောင် ရိုက်ထားသေး။ ဦးနှောက် အကျိတ်လို့ အဖြေထွက်ထားလို့ ရန်ကုန် ကလေးဆေးရုံ၊ ဦးနှောက်အထူးကုဆီကိုတောင် ပြဖို့ ညွန်ထားသည်လေ။ ကိုယ့်စီနီယာ ဆရာကြီးတွေ ရေးပေးထားတာက ပြည့်ပြည့်စုံစုံပေါ့။
“အမေတို့ရေ။ ကလေးကို ရန်ကုန်မှာ သွားပြဖို့ပြောထားတာ မပြဖြစ်ဘူးလား။ ဘာဖြစ်လို့တုန်း။”
“အဲ့တုန်းက ပြမလို့ပါပဲ ဆရာရယ်။ ပိုက်ဆံစုတာ တစ်သိန်းတောင်မပြည့်လို့ မသွားဖြစ်တော့တာ။”
“ဒါဆို ဘယ်လိုကုနေလဲ။”
“ရွာက ဗိန္ဓောဆရာနဲ့ပဲ ကုနေတာ။ သူက ပျောက်အောင်ကုပေးမယ်ဆိုလို့လေ။”
“အဲတော့ ရန်ကုန်သွားဖို့ စုထားတဲ့ ပိုက်ဆံလေးတွေ သူ့ကို လှူလိုက်တယ် ဟုတ်စ”
ဆူမလို့ စရုံရှိသေး။ မျက်ရည်စမ်းစမ်းနဲ့ဆိုတော့ သနားလည်းသနားသွားတော့
“အေးအေး။ သွားတော့။ ကလေးကို ရန်ကုန်လွှဲတုန်းက သွားလိုက်ရင် ပြန်ကောင်းနိုင်သေးတယ်။ ခုတော့ စောင့်ကြည့်သေးတာပေါ့”
ခဏကြာ ဆရာကြီးတွေ ရောက်လာတော့ အကျိုးအကြောင်းပြော၊ ဆရာတွေလည်း စုတ်တသတ်သတ်အပြင် ဘာလုပ်နိုင်မည်လဲ။
နောက်နေ့ ဂျူတီပြန်ဝင်တော့ ကလေးက အခြေအနေမကောင်း။ ကလေးက မကယ်နိုင်တော့ဘူးဆိုရင် အသက်ရှိတုန်း ရွာကို ပြန်ခေါ်သွားချင်သည်တဲ့လေ။ သူ့တို့လူနာ အတွက် ဆုံးဖြတ်ပိုင်ခွင့် သူတို့မှာ အပြည့်အဝရှိသည်လေ။ ဆေးရုံဘက်ကလဲ တတ်နိုင်တာ အစွမ်းကုန်ပြီဆိုတော့ သူတို့သဘောကျ လုပ်စေသတည်းပေါ့။
ပြန်သွားတဲ့ သူတို့နောက်ကျောကိုကြည့်ပြီး စီနီယာ ဆရာက သက်ပြင်းချရင်း
“ဒီကလေးကို ဆရာကိုယ်တိုင် ရန်ကုန်ကို လွှဲတာ။ အဲ့တုန်းကတော့ သေချာပေါက်သွားမယ်ပြောတာပဲလေ။ သနားပါတယ်။”
‘ဟုတ်တယ်ဆရာ။ အဲ့တုန်းက ကျွန်မတို့တွေတောင် သူတို့ မတတ်နိုင်ပါစိုးလို့ စုပြီးတောင် လှူလိုက်သေးတယ်။’
“ညာတဲ့လူတွေကလည်း ယူရက်တာပဲ။ လူအသက်တစ်ချောင်းကွာ။ တန်ဖိုးချင်းကွာလွန်းပါတယ်။ ဒါမျိုးတွေကျတော့ တိုင်မယ့်တောမယ့်သူမရှိ၊ အရေးမယူကြဘူး။ တကယ့် စေတနာနဲ့ ကုတဲ့လူတွေကျတော့ တန်ဖိုးမထားတတ်ကြဘူး။ ဒါမျိုးတွေ လူတွေများများ သိဖို့လိုတယ်။ ယုံကြည်သင့်တဲ့လူ၊ အားကိုးထိုက်တဲ့သူ ဘယ်သူဆိုတာ နားလည်ရင်ကောင်းမှာပေါ့ဗျာ။ “
‘ဒါတင် ဘယ်ကမလဲ ဆရာ။ ကိုယ်ပြောတိုင်းလည်း သူတို့က လိုက်လုပ်ဦးမှပေါ့။ ပြောသာပြောပြီး မလုပ်တော့ ပြောမောကြီးပဲ ဖြစ်မှာပေါ့ ဆရာရဲ့။ ‘
“အေးဗျာ။ ကျွန်တော်တို့ ပြောတဲ့ စကားကို သူတို့ဆီ ပေါက်ပါစေလို့ပဲ ဆုတောင်းတာပေါ့ဗျာ”
ဆရာနဲ့ သူနာပြု ဆရာမပြောတာကို နှုတ်ဆိတ်စွာ နားထောင်ရင်း ပြောတဲ့စကားတိုင်းပေါက်မြောက် အောင်မြင်ပါစေ လို့ ဆုတောင်းနေရုံမှ တပါး……………
(ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးသားပါသည်။)
ရီချို(ဆေး ၁)
ေျပာတိုင္းေပါက္ေျမာက္ ေအာင္ျမင္ပါေစ။
“NA ေရာက္တယ္ ဆရာေရ။ unconscious နဲဲ႔။” ( ဒီေနရာမွာ အနည္းငယ္ ရွင္းျပပါရေစ။ NA ဆိုတာက လူနာအသစ္ေရာက္တယ္ လို႔ အတိုေခၚေျပာတာျဖစ္ျပီး unconscious ဆိုတာကေတာ့ သတိလစ္ျပီးေရာက္လာတယ္ေပါ့။)
ဒီအသံမ်ိဳးက ဂ်ဴတီက်တဲ့ ညတိုင္းမွာ ၾကားေနၾကပဲဆိုေတာ့ ထူးေတာ့မထူးဆန္းေတာ့ဘူးေပါ့။ ဘာပဲျဖစ္ျဖစ္ သတိလစ္ျပီးေရာက္လာတယ္ဆိုေတာ့ အေရးေတာ့ၾကီးတာပဲေလ။ ထိုင္ေနရာကေန လူနာနား ဘယ္လိုေရာက္သြားမွန္းေတာင္ မသိလိုက္ဖူးေပါ့။
“အသက္ ၁၀ႏွစ္။ သတိလစ္ေနတာေတာ့ ဒီညမွလို႔ေျပာတာပဲဆရာ။”
ေဘးက ဆရာမေလးေျပာတာ နားေထာင္ရင္း ျဖစ္နုိင္တာကို အျမန္ဆံုးေတြးေပါ့။ ကေလးပံုၾကည့္ရတာ ေတာ္ေတာ္ၾကီး ေနမေကာင္းျဖစ္ေနပံုပင္။ ဒီေန႔မွ ေကာက္ကာငင္ကာ ျဖစ္ပံုမေပၚ။ သို႔ေသာ္လည္း ဒါက ေနာက္မွ။ ခု အေျခအေန တည္ျငိမ္ဖုိ႔က အေရးၾကီးတယ္မလား။
“RBS(ေသြးတြင္းသၾကားဓာတ္) ေဖာက္၊ အပူခ်ိန္ တိုင္း၊ ေသြးေပါင္ခ်ိန္တိုင္း၊ ကေလးအေဖ ေအာက္စီဘူး ကူမေပးဦးဗ်။”
ေျပာလည္းေျပာ၊ တစ္ဖက္ကလည္း ကေလးကို စမ္းရင္းေပါ့။
“ေသြးေပါင္ တိုင္းလို႔ မရဘူးဆရာ”ဆိုေတာ့ ကိုယ္တိုင္ဝင္တိုင္း။ ဟုတ္ပါရဲ့။ ကေလးက သတိလစ္ေနရံုတင္မကပဲကိုး။ ေသြးလန္႔တယ္ တနည္းအားျဖင့္ ေရွာ့ရေနတယ္ေလ။
“ကဲ ဆရာမေရ ေဆးဘူး အျမန္ခ်မယ္္။ ေအာက္ဆီဂ်င္ေပး၊ ပိုးသတ္ေဆး ထိုးမယ္။ ညီေရ ဒီညေတာ့ ကေလးကို ေသြးေပါင္ခ်ိန္ တစ္နာရီတစ္ခါ တိုင္းမယ္ေနာ္။ ကေလးကို အပ္ထိုးျပီးရင္ အေရးေပၚခန္းကို ေရြ႕ကြာ။ ဒီကေလးနဲ႔ မဆိုင္တဲ့ အျခားလူနာေစာင့္ေတြ အနားမကပ္နဲ႔ေလဗ်ာ။ ကဲ ကေလးအေမပါလား။ ဒီဘက္ခဏလာ။ ကေလးအေၾကာင္း နည္းနည္းေမးမလို႔။”
လူေတြကလည္း ခက္တယ္ဗ်ာ။ အေရးေပၚလူနာပါဆို လာစပ္စုေနၾကေသးတယ္။ ေနရာကက်ဥ္း၊ သူတို႔တေတြကို ေရွာင္ေနတာနဲ့ကို အဆင္မေျပဘူး။
“အေမေရ။ ကေလးက ဒီညမွ သတိလစ္တာဆို။ ဘယ္လိုျဖစ္တာတံုး၊”
“ေခ်ာင္းဆိုးတယ္၊ ရင္ျကပ္တယ္ဆရာ။ ေနမေကာင္းျဖစ္တာေတာ့ နည္းနည္းၾကာျပီ။”
“ဖ်ားတယ္ေပါ့။ ဝမ္းေကာေလ်ာေသးလား။ အရင္ကေကာ ဘာျဖစ္ဖူးလဲ။ ေဆးရံုတက္ဖူးလား။”
“ဝမ္းေတာ့မေလ်ာဘူး ဆရာ။ ဒီလိုပဲျဖစ္သြားတာပါပဲ။”
အင္း ေမးလဲ ဘာမွဆက္ထြက္မယ့္ပံုမေပၚ။ စိတ္တိုေပမယ့္လည္း လူနာေတြကိုလည္း အျပစ္မတင္ရက္ဘူး။ သြားေရးလာေရးခက္ခဲတာတစ္ေၾကာင္း၊ က်န္းမာေရး ဗဟုသုတ ေခါင္းပါးတာတစ္ေၾကာင္းေၾကာင့္ မ်က္စိသူငယ္၊ နားသူငယ္နဲ႔ေလ။ ေဆးရံုေရာက္လာတာေတာင္ ေတာ္လွျပီ ေျပာရမည္ကိုး။
“ကဲ အေမ။ ကေလးက စိုးရိမ္ရတယ္ေနာ္။ ဆရာတို႔ အစြမ္းကုန္ေတာ့ ၾကိဳးစားေပးမယ္ သိလား။ အသက္ရွင္ဖို႔က ကေလးကံေပၚလည္း မူတည္မယ္ေနာ္။ ဒီညေတာ့ လူနာေစာင့္ ၃ေယာက္ေလာက္ ေစာင့္ေပးရမယ္။ ဟုတ္ျပီလား။”
ကိုယ့္စီနီယာ အထူးကုဆရာဝန္ၾကီးေတြကို ဖုန္းဆက္ အေၾကာင္းၾကား။ လိုအပ္တဲ့ ကုသမႈေတြထည့္။ ကုိယ့္ဂ်ဴတီညေတြ ရဲ့ ထံုးစံအတိုင္း အေရးေပၚ ကေလးနဲ႔ တစ္ညလံုးနွစ္ပါးသြားသည္ ေပါ့။မနက္ေရာက္ေတာ့
“ဆရာ”
“ေအး ေျပာ”
အေရးေပၚ လူနာေလးရဲ့ လူနာေစာင့္ေတြ
“ဆရာ၊ ဒါအရင္က ကေလးေဆးရံုတက္တုန္းက စာရြက္စာတမ္းေတြ။”
“ဟင္။ ခုနက ဘာလို႔မေျပာတုန္းဟ။ ျပပါဦး။”
ဟိုက္ရွားပါး။ နဖူးနဲ႔ လက္ဝါးနဲ႔ ရိုက္လိုက္မိျပီ။ ကေလးက လြန္ခဲ့တဲ့ ၆လ ေလာက္က ဒီမွာပဲ ေဆးရံုတက္သြားတာေပပဲ။ ကြန္ျပဴတာဓာတ္မွန္ေတြေတာင္ ရိုက္ထားေသး။ ဦးေႏွာက္ အက်ိတ္လို႔ အေျဖထြက္ထားလို႔ ရန္ကုန္ ကေလးေဆးရံု၊ ဦးေႏွာက္အထူးကုဆီကိုေတာင္ ျပဖို႔ ညြန္ထားသည္ေလ။ ကိုယ့္စီနီယာ ဆရာၾကီးေတြ ေရးေပးထားတာက ျပည့္ျပည့္စံုစံုေပါ့။
“အေမတို႔ေရ။ ကေလးကို ရန္ကုန္မွာ သြားျပဖို႔ေျပာထားတာ မျပျဖစ္ဘူးလား။ ဘာျဖစ္လို႔တုန္း။”
“အဲ့တုန္းက ျပမလို႔ပါပဲ ဆရာရယ္။ ပိုက္ဆံစုတာ တစ္သိန္းေတာင္မျပည့္လို႔ မသြားျဖစ္ေတာ့တာ။”
“ဒါဆို ဘယ္လိုကုေနလဲ။”
“ရြာက ဗိေႏၶာဆရာနဲ႔ပဲ ကုေနတာ။ သူက ေပ်ာက္ေအာင္ကုေပးမယ္ဆုိလို႔ေလ။”
“အဲေတာ့ ရန္ကုန္သြားဖို႔ စုထားတဲ့ ပိုက္ဆံေလးေတြ သူ႔ကို လွဴလိုက္တယ္ ဟုတ္စ”
ဆူမလို႔ စရံုရွိေသး။ မ်က္ရည္စမ္းစမ္းနဲ႔ဆိုေတာ့ သနားလည္းသနားသြားေတာ့
“ေအးေအး။ သြားေတာ့။ ကေလးကို ရန္ကုန္လႊဲတုန္းက သြားလိုက္ရင္ ျပန္ေကာင္းနုိင္ေသးတယ္။ ခုေတာ့ ေစာင့္ၾကည့္ေသးတာေပါ့”
ခဏၾကာ ဆရာၾကီးေတြ ေရာက္လာေတာ့ အက်ိဳးအေၾကာင္းေျပာ၊ ဆရာေတြလည္း စုတ္တသတ္သတ္အျပင္ ဘာလုပ္နိုင္မည္လဲ။
ေနာက္ေန႔ ဂ်ဴတီျပန္ဝင္ေတာ့ ကေလးက အေျခအေနမေကာင္း။ ကေလးက မကယ္နုိင္ေတာ့ဘူးဆိုရင္ အသက္ရွိတုန္း ရြာကို ျပန္ေခၚသြားခ်င္သည္တဲ့ေလ။ သူ႔တို႔လူနာ အတြက္ ဆံုးျဖတ္ပိုင္ခြင့္ သူတို႔မွာ အျပည့္အဝရွိသည္ေလ။ ေဆးရံုဘက္ကလဲ တတ္နုိင္တာ အစြမ္းကုန္ျပီဆိုေတာ့ သူတို႔သေဘာက် လုပ္ေစသတည္းေပါ့။
ျပန္သြားတဲ့ သူတို႔ေနာက္ေက်ာကိုၾကည့္ျပီး စီနီယာ ဆရာက သက္ျပင္းခ်ရင္း
“ဒီကေလးကို ဆရာကိုယ္တိုင္ ရန္ကုန္ကို လႊဲတာ။ အဲ့တုန္းကေတာ့ ေသခ်ာေပါက္သြားမယ္ေျပာတာပဲေလ။ သနားပါတယ္။”
‘ဟုတ္တယ္ဆရာ။ အဲ့တုန္းက ကၽြန္မတို႔ေတြေတာင္ သူတို႔ မတတ္နိုင္ပါစိုးလို႔ စုျပီးေတာင္ လွဴလိုက္ေသးတယ္။’
“ညာတဲ့လူေတြကလည္း ယူရက္တာပဲ။ လူအသက္တစ္ေခ်ာင္းကြာ။ တန္ဖိုးခ်င္းကြာလြန္းပါတယ္။ ဒါမ်ိဳးေတြက်ေတာ့ တုိင္မယ့္ေတာမယ့္သူမရွိ၊ အေရးမယူၾကဘူး။ တကယ့္ ေစတနာနဲ႔ ကုတဲ့လူေတြက်ေတာ့ တန္ဖိုးမထားတတ္ၾကဘူး။ ဒါမ်ိဳးေတြ လူေတြမ်ားမ်ား သိဖို႔လိုတယ္။ ယံုၾကည္သင့္တဲ့လူ၊ အားကိုးထိုက္တဲ့သူ ဘယ္သူဆိုတာ နားလည္ရင္ေကာင္းမွာေပါ့ဗ်ာ။ “
‘ဒါတင္ ဘယ္ကမလဲ ဆရာ။ ကိုယ္ေျပာတုိင္းလည္း သူတို႔က လိုက္လုပ္ဦးမွေပါ့။ ေျပာသာေျပာျပီး မလုပ္ေတာ့ ေျပာေမာၾကီးပဲ ျဖစ္မွာေပါ့ ဆရာရဲ့။ ‘
“ေအးဗ်ာ။ ကၽြန္ေတာ္တို႔ ေျပာတဲ့ စကားကို သူတို႔ဆီ ေပါက္ပါေစလို႔ပဲ ဆုေတာင္းတာေပါ့ဗ်ာ”
ဆရာနဲ႔ သူနာျပဳ ဆရာမေျပာတာကို ႏွဳတ္ဆိတ္စြာ နားေထာင္ရင္း ေျပာတဲ့စကားတုိင္းေပါက္ေျမာက္ ေအာင္ျမင္ပါေစ လို႔ ဆုေတာင္းေနရံုမွ တပါး……………
(ျဖစ္ရပ္မွန္ကို အေျခခံ၍ ေရးသားပါသည္။)
ရီခ်ိဳ(ေဆး ၁)