ကလေးတီဘီ၏ သံသရာ

`ကလေးကို တီဘီဆေး တိုက်ရမယ့်ဆိုရင်တော့ ကျွန်မ မတိုက်ချင်ဘူး`ဟု အစချီလျက် ကလေး၏ မိခင်တစ်ဦးသည် ဓာတ်မှန်၊ သွေးအဖြေများ ကိုင်၍ ဆေးခန်းတွင်းသို့ ဝင်လာ သည်။
ဘာကြောင့် ဓာတ်မှန်ရိုက်၊ သွေးဖောက် လုပ်ရသလဲဟု မေးကြည့်သောအခါ ကလေး တရှောင်ရှောင်ဖြစ်နေသည်မှာ သုံးလခန့်ရှိပြီဖြစ်ကြောင်း ပြောပါသည်။ တရှောင်ရှောင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မေးသောအခါ ညနေညနေလက်ဖဝါးများ နွေးခြင်း၊ အစာ မစား လိုခြင်း၊ မလန်းဆန်းခြင်း၊ ခေါင်းချွေးအရမ်းထွက်ခြင်း စသည်တို့ကိုဆိုလိုကြောင်းဖြေကြား ပါသည်။
ကလေးတီဘီ၏ ရောဂါလက္ခဏာများပင်ဖြစ်သဖြင့်ဆေးခန်းမှ ဆရာဝန်က သွေးဖောက်၊ ဓာတ်မှန်ရိုက် ပြုလုပ်၍ ရောဂါကို အတည်ပြုပြီး တီဘီဆေးများ ပေးလိုက်ဟန် တူသည်။ သို့နှင့် ကလေးအား စမ်းသပ်ကြည့်သောအခါ ကလေးသည် အသက် ၂ နှစ်ခန့်ရှိသော်လည်း သူ၏ အသက်အရွယ်တွင် ရှိရမည့် အလေးချိန်အောက် လျော့ကျနေ သည်ကို တွေ့ရသည်။ လည်ပင်းတွင်လည်း အကျိတ်များ စမ်းမိပါသည်။ အဆုတ်တွင်လည်း ချွဲရှိနေပါသည်။
ပတ်ဝန်းကျင်တွင် နာတာရှည် ချောင်းဆိုးနေသူများ၊ ဆေးအကြာကြီးသောက်နေရ သူများ ရှိ၊ မရှိ မေးကြည့်သောအခါ ကလေး၏ ကြီးတော်တော်သူသည် ချောင်းမကြာခဏ ဆိုးပြီး ပိန်လာသဖြင့် စစ်ဆေးကြည့်ရာ အဆုတ်တီဘီဖြစ်နေသဖြင့် ဆေးစားနေရကြောင်း၊ ယခု အတူမနေတော့ကြောင်း ပြောပါသည်။
အမွေဆက်ခံခြင်
စင်စစ် ကလေးတီဘီသည် ကလေးချင်း ကူးစက်ခြင်းမဟုတ်ပါ။ ရောဂါရှိသော လူကြီး တစ်သီးထံမှသာလျှင် အမွေဆက်ခံရခြင်း ဖြစ်သည်။ အကြောင်းမှာ ကလေးတီဘီသည် အကျိတ်များအတွင်းမှ စ၍ဖြစ်သဖြင့် ချောင်းဆိုးလိုက်သော်လည်း ရောဂါပိုးသည် ပတ်ဝန်း ကျင်လေထုအတွင်းသို့ ရောက်ရှိမသွားနိုင်ပါ။ လူကြီးတီဘီသည် အဆုတ်မှစ၍ဖြစ်သဖြင့် ရောဂါပိုးသည် ထိုရောဂါရှင်၏ ပတ်ဝန်းကျင်လေထုအတွင်း၌ ရှိစမြဲပင်။ နောက်တစ်ယောက် အသက်ရှုသွင်းလျှင် ရောဂါပိုးသည် ထိုသူ၏ အသက်ရှုလမ်းကြောင်းတွင်းသို့ ဝင်ရောက်သွား ပါတော့သည်။
ကလေးက ရှုသွင်းလျှင် ရောဂါပိုးသည် ကလေး၏ အသက်ရှုလမ်းကြောင်းဝန်းကျင်ရှိ အကျိတ်များအတွင်းသို့ ရောက်ရှိသွားသည်။ လူကြီးရှုသွင်းလျှင် ရောဂါပိုးသည် လူကြီး၏ အဆုတ်အတွင်းသို့ တိုက်ရိုက်ရောက်ရှိသွားတတ်ပါသည်။ သို့ဖြစ်၍ ကလေးတီဘီသည် ရောဂါရှိသော လူကြီးထံမှသာလျှင် ကူးစက်နိုင်သည်ဟု ဆိုရခြင်းဖြစ်ပါသည်။
ယခုလာပြသသော ကလေးသည် ရောဂါရှိသော ကြီးတော်နှင့် အတူနေသည်ဟူသော အချက်တစ်ချက်တည်းနှင့်ပင် ကလေးတီဘီဖြစ်နိုင်ကြောင်း သက်သေပြလျက်ရှိပါသည်။ အထက်ဖော်ပြခဲ့သော တရှောင်ရှောင် လက္ခဏာများကလည်း ကလေးတီဘီဖြစ်နိုင်ကြောင်း ပံ့ပိုးပေးသော အချက်အလက်များပင် ဖြစ်ပါသည်။
အတည်ပြုချက်ရယူရန်
ဤကလေးသည် ကလေးတီဘီဖြစ်နိုင်ရန် အခွင့်အလမ်းများသောကြောင့် ကလေးအား ကြည့်ပေးသော ဆရာဝန်က ရောဂါအတည်ပြုချက် ရယူရန်ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း များ ပြုလုပ်ခြင်းဖြစ်ပါသည်။
ဓာတ်မှန်ရိုက်ကြည့်၍ အသက်ရှုလမ်းကြောင်းတွေ့ရလျှင် လေပြွန်ပတ်ပတ်လည်ရှိ အကျိတ်များ လွန်စွာကြီးနေခြင်းတွေ့ရလျှင် တီဘီအကျိတ်ဖြစ်ရန် များသည်ဟု ဆိုရပါမည်။ သို့ရာတွင် အချို့သော နာတာရှည်ရောဂါများတွင်လည်း ထိုအကျိတ်တို့ ကြီးတတ်သဖြင့် ဓာတ်မှန်အထောက်အထားနှင့် ရောဂါလက္ခဏာများ ပေါင်းစပ်ကြည့်ရှုမှသာ မှန်ကန်နိုင်မည် ဖြစ်ပါသည်။
သွေးများစစ်ကြည့်လျှင်လည်း သွေးဖြူဥတစ်မျိုး(Lymphocytes)များနေခြင်း၊ ရောဂါ၏ လှုပ်ရှားကြွှတတ်လာမှုတို့ကို စစ်ဆေးသော ESR လွန်စွာတက်နေခြင်းတို့ကို သိနိုင်ပါသည်။ ဤသည်တို့မှာလည်း တီဘီရောဂါဖြစ်နိုင်ကြောင်း အထောက်အပံ့ သာဓကများ ဖြစ်ပါသည်။
ဤကလေး၏ ဓာတ်မှန်နှင့် သွေးစစ်ဆေးမှုတို့သည်လည်း ကလေးတီဘီဖြစ်ကြောင်း ညွှန်ပြနေပါသည်။
ဆက်လက်အတည်ပြုရန်
`ကလေးအမေသည် …ရောဂါလက္ခဏာတွေရယ်၊ ရောဂါရှိတဲ့ လူကြီးနဲ့ အတူနေ တာရယ်၊ဓာတ်မှန်ရယ်၊ သွေးစစ်တာရယ် အားလုံးက ကလေးမှာ တီဘီရောဂါရှိတယ်ဆိုတာ ပြနေတာပဲ။ ဆေးသောက်ရမှာပေါ့’ ဟူ၍ ကလေးမိခင်အား ရှင်းပြလိုက်သည်။ မတိုက်လို ကြောင်း တွင်တွင်ငြင်းဆိုသည်
`မတိုက်ရင်တော့ ရောဂါပိုးက ဦးနှောက်တို့၊ အူလမ်းကြောင်းတို့၊အဆုတ်တို့၊ အရိုး တို့ကို ပျံ့သွားပြီး အသက်အန္တရာယ်ရှိနိုင်တယ်။ မသေရင်တောင်မှ ဒုက္ခိတဘ၀ ရောက်သွားနိုင်တယ်’
သို့ဖြစ်၍ မိခင်အား ကလေးတွင် တီဘီရောဂါရှိကြောင်း သေချာနေလျှင် တိုက်ကို တိုက်ရမည်ဖြစ်ကြောင်း၊ ယခုပြုလုပ်ထားသော စစ်ဆေးမှုများဖြင့်ပင် တီဘီဖြစ်နိုင်ကြောင်း ပြောသော်လည်း ပို၍သေချာအောင် အတည်ပြုပေးမည်။ ဤစစ်ဆေးမှု သေချာလျှင် ဆေးတိုက်ကိုတိုက်ရမည်ဟု မိခင်ဖြစ်သူအား ကတိပြုစေခဲ့ပါသည်။ သို့မဟုတ်ပါက ကလေး အားအပ်ဖြင့်ထွင်းရမည့်နေရာတွင် ပုဆိန်ဖြင့် ထွင်းရမည့်ကဲ့သို့ ဖြစ်သွားနိုင်ကြောင်းလည်း သေချာထပ်၍ ရှင်းပြခဲ့ပါသည်။ မိခင်ဖြစ်သူကလည်း ကတိပေးရှာပါသည်။
သို့နှင့် တီဘီရောဂါပိုး၏ ပရိုတင်းမှ ဆက်နွှယ်ရရှိလာသော ဓာတ်ပစ္စည်းဖြင့် လူနာ၏ အရေပြားအောက်သို့ ထိုးသွင်း၍ ဓာတ်တုံ့ပြန်မှုကို ကြည့်ရှုရသော Tuberculin Skin Test ကိုပြုလုပ်စေပါသည်။ တုံ့ပြန်မှုကို ၄၈ နာရီမှ ၇၂ နာရီအတွင်း၌ ကြည့်ရှုရမည့်ဖြစ်ပြီး ထိုဓာတ်ပစ္စည်းထိုးထားသော အရေပြားသည် နီရဲကြွတက်လာလျှင်၊ ထိုကြွတက်လာသော အဝန်းအဝိုင်း နီရဲနေလျှင် ရောဂါရှိသည်ဟု သတ်မှတ်ပါသည်။
သို့ရာတွင် အရေပြားနီရဲကြွတက်လာမှု မရှိလျှင် တီဘီရောဂါ မရှိဟူ၍ မဆိုနိုင်ေ။ အကြောင်းမှာ လွန်စွာ အာဟာရချို့တဲ့သော ကလေးများ၊ ခုခံအားနည်းပါးလွန်းသော ကလေးများတွင် တီဘီရောဂါ ရှိပင်ရှိသော်လည်း ဓာတ်တုံ့ပြန်မှု မပြုနိုင်သဖြင့် အရေပြား နီရဲကြွတက်ခြင်း မရှိနိုင်သောကြောင့်ပင် ဖြစ်ပါသည်။ ဤသို့ တုံ့ပြန်မှုမရှိသည်ကို တီဘီရောဂါမရှိဟု ရာနှုန်းပြည့်ငြင်းဆို၍ မရပါ။
အခြား အတည်ပြုသော စမ်းသပ်မှုများလည်း ရှိပါသေးသည်။ ဥပမာ
* သွေးထဲ၌ ပဋိလှုံ့ပစ္စည်း(antibody)၊ ပဋိပစ္စည်း(antigen) ရှာဖွေခြင်း
* လည်ပင်းအကျိတ် စသည်တို့လွန်စွာကြီးနေလျှင် အသားစယူ၍ စစ်ဆေးခြင်း
* လူကြီးများကဲ့သို့ သလိပ်စစ်ရန် ကလေးအတွက် လွယ်ကူခြင်းမရှိသဖြင့်
ကလေးမျိုချသော သလိပ်များ အစာအိမ်အတွင်းတွင် ရှိနိုင်သဖြင့် အစာအိမ် အတွင်းသို့ နှာခေါင်းပိုက်သွင်း၍ ရောဂါရှာဖွေခြင်း စသည်တို့ဖြစ်သည်။
သို့ရာတွင် ကလေးတီဘီဖြစ်ခါစ Primary Complex တွင် အတည်ပြု တီဘီရောဂါပိုးသည် တီဘီဖြစ်ခါစဆင့်ကို ကျော်လွန်၍ ဦးနှောက်၊ အူ၊အရိုး၊ အဆုတ် စသည်တို့ကို ရောက်သွားလျှင်လည်း ဆိုင်ရာ အတည်ပြုစစ်ဆေးမှုများကို ဆက်လက် ပြုလုပ်ရမည် ဖြစ်ပါသည်။
ရောဂါဖြစ်ခါစအဆင့်ကို ကျော်လွန်သော်
ရောဂါဖြစ်ခါစ အဆင့်တွင် ဆေးကုသလျှင် ရောဂါသည် ရာခိုင်နှုန်းပြည့်ပျောက်ကင်းနိုင် ပါသည်။ အသက် ၅ နှစ်အောက် ကလေးများတွင် အဖြစ်များတတ်ပြီး လူကြီးတီဘီရောဂါ ဝေဒနာရှင်များထံမှသာလျှင် ကူးစက်နိုင်ပါသည်။ အချို့ကလေးငယ်များည် ခံနိုင်စွမ်းရှိပြီး ရောဂါဖြစ်ခါစ အဆင့်တွင်ပင် ရပ်တန့်သွားတတ်ပါသည်။ ခံနိုင်ရည်စွမ်းနည်းသော ကလေး များမှာမူ အချိန်မီမကုသလျှင် တီဘီရောဂါပိုးသည် ကိုယ်တွင်းအင်္ဂါ အနှံ့သို့ပြန်ပွားသွားပါ တော့သည်။
အသက်ရှုလမ်းကြောင်း ပတ်ပတ်လည်ရှိ အကျိတ်များအတွင်းသို့ ရောက်ရှိသွားသော တီဘီရောဂါပိုးသည် ထိုအကျိတ်အတွင်း၌ ပွားများပြီးအကျိတ်များတစ်ဆင့် လေပြွန်ပိတ်ဆို့ သော လက္ခဏာများ ပေါ်ပေါက်လာစေပါသည်။
အဆုတ်တွင်းသို့ ရောဂါပိုးရောက်ရှိလျှင် အဆုတ်ပွခြင်း၊ အဆုတ်ခဲခြင်းစသည့် ဆိုးရွားလှသော ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါသည်။
အဆုတ်ကို ဖုံးအုပ်ထားသော အလွှာနှစ်လွှာအကြားတွင်လည်း အရည်များစုလာ တတ်ပြီး မောပန်းခြင်း၊ အသက်ရှုကျပ်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။ ထိုအရည်များကို စုပ်ယူပြီး ဓာတ်ခွဲကြည့်လျှင်လည်း တီဘီရောဂါပိုးများကို တွေ့ရှိနိုင်ပါသည်။
အဆုတ်ကို ဖုံးအုပ်ထားသော အမြှေးတွင်းသို့လည်း ဝင်ရောက်နိုင်ပြီး နှလုံးကိုလည်း ပြင်းစွာ ထိခိုက်စေနိုင်ပါသည်။
ရှည်လျားသောခရီး
ရောဂါပိုးပွားရာ အကျိတ်နှင့်နီးစပ်သော အဆုတ်၊ အသက်ရှုလမ်းကြောင်းတစ်လျှောက်၊ နှလုံး စသည်တို့ကို သွေးကြောများမှ တစ်ဆင့် ပျံ့နှံနိုင်သည်။ ဝေးလံသောအင်္ဂါများအထိလည်း ရောဂါပိုးဟူသော လှေငယ်သည် သွေးကြောတည်းဟူသော ရှည်လျားသည့် မြစ်ရေအလျဉ်ကို ဆန်၍လည်းကောင်း၊ စုန်၍လည်းကောင်း ရောက်အောင်သွားတတ်ပြီး မိမိရောက်ရှိသော အင်္ဂါ တိုင်းကို လွန်စွာ ဒုက္ခပေးတတ်ပါသည်။
ဦးနှောက်အမြှေးပါးတီဘီသည် ကလေးများတွင် အများဆုံးသော `ပျံ့နံှံ့တီဘီရောဂါ’ ပင် ဖြစ်ပါသည်။ ရောဂါကျွမ်းမှ ဆေးရုံရောက်သည်က များသဖြင့် အသက်ဆုံးရှုံးမှုများ ပြားပါသည်။ ရောဂါဖြစ်စတွင် အရပ်အခေါ် တရှောင်ရှောင်ထက် မပိုသော လက္ခဏာများသာ ပြသဖြင့် မိဘများ သတိမပြုမိကြခြင်းဖြစ်ပါသည်။ နောက်ပိုင်းတွင် ကလေး၏ နဂိုရှိရင်းစွဲ ဟန်ပန်အမူအရာ ပြောင်းလာမှ အနည်းငယ် သတိထားမိကြပါသည်။ ဥပမာ အလွန်အေးအေး ဆေးဆေးနေတတ်သော ကလေးသည် လွန်စွာဒေါသကြီး မငြိမ်မသက်ဖြစ်လာခြင်း၊ အလွန်ဆော့၍ အငြိမ်မနေသော ကလေးသည် လွန်စွာငြိမ်သက်သွားခြင်း စသည်တို့ ဖြစ်ပါ သည်။ နောက်ပိုင်းမှ ဇက်တောင့်ခြင်း၊ တက်ခြင်း စသည်တို့ဖြစ်မှ ဆေးရုံသို့ရောက်လာသော အခါ လွန်စွာနောက်ကျသွားတတ်ပြီ ဖြစ်ပါသည်။ နောက်ဆုံးတွင် အသက်ဆုံး၊ မဆုံးလျှင် လည်း ဦးနှောက်ပျက်စီးပြီး ဘာမှမသိတော့ဘဲ တစ်ကိုယ်လုံးလည်း တောင့်နေသော ဒုက္ခိတ ဘဝဖြင့် အဆုံးသတ်ရပါတော့သည်။
အစုန်ခရီး
ဦးနှောက်နှင့် အာရုံကြောများသို့ အဆန်ခရီးထွက်သလို အစုန်ခရီးဖြင့်လည်း ရောဂါ ပိုးတို့သည် ဝမ်းဗိုက်အတွင်း သက်ဆင်းနိုင်ကြပါသည်။ အထူးသဖြင့် ဒုက္ခပေးလေ့ရှိသော အင်္ဂါမှာ `အူလမ်းကြောင်း” ပင် ဖြစ်ပါသည်။ အူသိမ်အဆုံးမှ စ၍ အူမကြီးတစ်လျှောက်တွင် အနာများဖြစ်ပြီး ရက်ရှည်ဝမ်းလျှောခြင်းမှစ၍ ရောဂါလက္ခဏာများ ပေါ်လာနိုင်ပါသည်။ ရံခါတွင် အနာများမဖြစ်ဘဲ အူမကြီးသည် ပို၍ပို၍ ထူထူလာပြီး အူပိတ်သောလက္ခဏာများ ရှိလာတတ်ပါသည်။
ဝမ်းဗိုက်တွင်း အူလမ်းကြောင်းတွင်သာမက ဝမ်းဗိုက်အတွင်းရှိ အကျိတ်များ၊ ဝမ်းဗိုက်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို ဖုံးလွှမ်းသော အမြှေးပါးတို့တွင်လည်း ရောဂါပိုးများ ပျံ့နှံ့ပြီး ဒုက္ခပေးတတ်ပါသည်။
အထက်ပါဖြစ်စဉ် အားလုံးသည် ရောဂါဖြစ်ခါစအခြေအနေမှ တစ်နှစ်၊ တစ်နှစ်ခွဲအတွင်း ကာလတွင် ဖြစ်ပေါ်တတ်သော ပျံ့နှံ့မှုများဖြစ်ပါသည်။

သုံးနှစ်ခန့်ကြာသော်
ရောဂါဖြစ်ခါစမှ သုံးနှစ်ခန့်ကြာသော် ရောဂါပိုးသည် အရိုးအဆစ်များဆီသို့ ခြေဦး လှည့်ပြန်ပါသည်။ အရိုးအဆစ်တီဘီကြောင့် ကိုယ့်ခန္ဓာ၏ အနေအထား၊ သွားလာမှုတို့ ပြောင်းလဲ ခက်ခဲလာတတ်ပါသည်။ အထူးသဖြင့် ကျောရိုးဆစ်တီဘီသည် လွန်စွာဒုက္ခ ပေးတတ်ပါသည်။ အာရုံကြောများ ညပ်ပြီး ကိုယ်ခန္ဓာအောက်ပိုင်း မလှုပ်နိုင်တော့ခြင်း၊ ဆီဝမ်း သွားရန် ခက်ခဲခြင်း၊ ကျောရိုးများ ပျက်စီးပြီး ကျောရိုးဆစ်များ တစ်ခုနှင့် တစ်ခု ပူးသွားကာ မြင်းဖုကဲ့သို့ အလုံးကြီးပေါ်လာကာ ကုန်းကုန်းကိုင်းကိုင်း အရပ်ပုပု ဖြစ်နေခြင်း စသော အနိဠာန်ရုံများကို ဖြစ်စေပါသည်။
ငါးနှစ်ခန့်ကြာပြီးနောက်
တီဘီရောဂါပိုးများ နောက်ဆုံးဆိုက်ရောက်သော ကမ်းခြေမှာ `ကျောက်ကပ်` ပင် ဖြစ်ပါသည်။ ရောဂါဖြစ်ခါစမှ ငါးနှစ်ခန့်ကြာသောအခါ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း တစ်လျှောက်ကို ဒုက္ခပေးပါတော့သည်။ သို့ဖြစ်၍ ကျောက်ကပ်တီဘီသည် ကလေးများတွင် တွေ့ရခြင်းမရှိဘဲ ကျောင်းသားအရွယ် ကလေးကြီးများတွင်သာ တွေကရှိရပါသည်။ ဆီးထဲ တွင် သွေးပါခြင်း၊ ကျောကပ်ရောင်ရမ်းခြင်း စသည့် ဆီးနှင့် ပတ်သက်သော လက္ခဏာများ ပြသတတ်ပါသည်။
ကု၍ပျောက်သောရောဂါ
ရောဂါဖြစ်ခါစချိန်တွင် စစ်ဆေးသိရှိရပြီး စ၍ ဆေးစောစောကုလေရာနှုန်းပြည့် ရောဂါ ပျောက်ရန် အခြေအနေရှိလေ ဖြစ်ပါသည်။ ဆေးမှန်မှန်သောက်ရုံဖြင့် `ပျံ့နှံ့တီဘီ`ရောဂါ၏ သံသရာသည် မည်မျှကျယ်ဝန်း၍ ကြောက်မက်ဖွယ်ကောင်းကြောင်း၊ ပြင်းသောဆေး၊ ပျော့သောဆေး မရှိဘဲ ရောဂါပိုးပေါ်တွင် မူတည့်၍သာ ပျောက်ကင်းနိုင်ကြောင်းတို့ကို စေတနာအပြည့်ဖြင့် အသိပေးလိုက်ရပါသည်။

ပါမောက္ခဒေါက်တာယုဇနစောမြင့်(ကလေးအထူးကုဆရာဝန်ကြီး)

ကေလးတီဘီ၏ သံသရာ

`ကေလးကုိ တီဘီေဆး တုိက္ရမယ့္ဆုိရင္ေတာ့ ကၽြန္မ မတုိက္ခ်င္ဘူး`ဟု အစခ်ီလ်က္ ကေလး၏ မိခင္တစ္ဦးသည္ ဓာတ္မွန္၊ ေသြးအေျဖမ်ား ကိုင္၍ ေဆးခန္းတြင္းသုိ႕ ၀င္လာ သည္။
ဘာေၾကာင့္ ဓာတ္မွန္႐ိုက္၊ ေသြးေဖာက္ လုပ္ရသလဲဟု ေမးၾကည့္ေသာအခါ ကေလး တေရွာင္ေရွာင္ျဖစ္ေနသည္မွာ သုံးလခန္႕ရွိၿပီျဖစ္ေၾကာင္း ေျပာပါသည္။ တေရွာင္ေရွာင္၏ အဓိပၸာယ္ဖြင့္ဆုိခ်က္ကုိ ေမးေသာအခါ ညေနညေနလက္ဖ၀ါးမ်ား ေႏြးျခင္း၊ အစာ မစား လုိျခင္း၊ မလန္းဆန္းျခင္း၊ ေခါင္းေခၽြးအရမ္းထြက္ျခင္း စသည္တုိ႕ကုိဆိုလုိေၾကာင္းေျဖၾကား ပါသည္။
ကေလးတီဘိီ၏ ေရာဂါလကၡဏာမ်ားပင္ျဖစ္သျဖင့္ေဆးခန္းမွ ဆရာ၀န္က ေသြးေဖာက္၊ ဓာတ္မွန္႐ုိက္ ျပဳလုပ္၍ ေရာဂါကုိ အတည္ျပဳၿပီး တီဘီေဆးမ်ား ေပးလုိက္ဟန္ တူသည္။ သုိ႕ႏွင့္ ကေလးအား စမ္းသပ္ၾကည့္ေသာအခါ ကေလးသည္ အသက္ ၂ ႏွစ္ခန္႕ရွိေသာ္လည္း သူ၏ အသက္အရြယ္တြင္ ရွိရမည့္ အေလးခ်ိန္ေအာက္ ေလ်ာ့က်ေန သည္ကုိ ေတြ႕ရသည္။ လည္ပင္းတြင္လည္း အက်ိတ္မ်ား စမ္းမိပါသည္။ အဆုတ္တြင္လည္း ခၽြဲရွိေနပါသည္။
ပတ္၀န္းက်င္တြင္ နာတာရွည္ ေခ်ာင္းဆုိးေနသူမ်ား၊ ေဆးအၾကာႀကီးေသာက္ေနရ သူမ်ား ရွိ၊ မရွိ ေမးၾကည့္ေသာအခါ ကေလး၏ ႀကီးေတာ္ေတာ္သူသည္ ေခ်ာင္းမၾကာခဏ ဆုိးၿပီး ပိန္လာသျဖင့္ စစ္ေဆးၾကည့္ရာ အဆုတ္တီဘီျဖစ္ေနသျဖင့္ ေဆးစားေနရေၾကာင္း၊ ယခု အတူမေနေတာ့ေၾကာင္း ေျပာပါသည္။
အေမြဆက္ခံျခင္
စင္စစ္ ကေလးတီဘီသည္ ကေလးခ်င္း ကူးစက္ျခင္းမဟုတ္ပါ။ ေရာဂါရွိေသာ လူႀကီး တစ္သီးထံမွသာလွ်င္ အေမြဆက္ခံရျခင္း ျဖစ္သည္္။ အေၾကာင္းမွာ ကေလးတီဘီသည္ အက်ိတ္မ်ားအတြင္းမွ စ၍ျဖစ္သျဖင့္ ေခ်ာင္းဆုိးလုိက္ေသာ္လည္း ေရာဂါပုိးသည္ ပတ္၀န္း က်င္ေလထုအတြင္းသုိ႕ ေရာက္ရွိမသြားႏုိင္ပါ။ လူႀကီးတီဘီသည္ အဆုတ္မွစ၍ျဖစ္သျဖင့္ ေရာဂါပုိးသည္ ထုိေရာဂါရွင္၏ ပတ္၀န္းက်င္ေလထုအတြင္း၌ ရွိစၿမဲပင္။ ေနာက္တစ္ေယာက္ အသက္႐ႈသြင္းလွ်င္ ေရာဂါပုိးသည္ ထုိသူ၏ အသက္႐ႈလမ္းေၾကာင္းတြင္းသုိ႕ ၀င္ေရာက္သြား ပါေတာ့သည္။
ကေလးက ႐ႈသြင္းလွ်င္ ေရာဂါပုိးသည္ ကေလး၏ အသက္႐ႈလမ္းေၾကာင္း၀န္းက်င္ရွိ အက်ိတ္မ်ားအတြင္းသုိ႕ ေရာက္ရွိသြားသည္။ လူႀကီး႐ႈသြင္းလွ်င္ ေရာဂါပုိးသည္ လူႀကီး၏ အဆုတ္အတြင္းသုိ႕ တုိက္႐ုိက္ေရာက္ရွိသြားတတ္ပါသည္။ သို႕ျဖစ္၍ ကေလးတီဘီသည္ ေရာဂါရွိေသာ လူႀကီးထံမွသာလွ်င္ ကူးစက္ႏုိင္သည္ဟု ဆုိရျခင္းျဖစ္ပါသည္။
ယခုလာျပသေသာ ကေလးသည္ ေရာဂါရွိေသာ ႀကီးေတာ္ႏွင့္ အတူေနသည္ဟူေသာ အခ်က္တစ္ခ်က္တည္းႏွင့္ပင္ ကေလးတီဘီျဖစ္ႏုိင္ေၾကာင္း သက္ေသျပလ်က္ရွိပါသည္။ အထက္ေဖာ္ျပခဲ့ေသာ တေရွာင္ေရွာင္ လကၡဏာမ်ားကလည္း ကေလးတီဘီျဖစ္ႏုိင္ေၾကာင္း ပံ့ပုိးေပးေသာ အခ်က္အလက္မ်ားပင္ ျဖစ္ပါသည္။
အတည္ျပဳခ်က္ရယူရန္
ဤကေလးသည္ ကေလးတီဘီျဖစ္ႏိုင္ရန္ အခြင့္အလမ္းမ်ားေသာေၾကာင့္ ကေလးအား ၾကည့္ေပးေသာ ဆရာ၀န္က ေရာဂါအတည္ျပဳခ်က္ ရယူရန္ဓာတ္မွန္႐ုိက္ျခင္း၊ ေသြးစစ္ျခင္း မ်ား ျပဳလုပ္ျခင္းျဖစ္ပါသည္။
ဓာတ္မွန္႐ုိက္ၾကည့္၍ အသက္႐ႈလမ္းေၾကာင္းေတြ႕ရလွ်င္ ေလၿပြန္ပတ္ပတ္လည္ရွိ အက်ိတ္မ်ား လြန္စြာႀကီးေနျခင္းေတြ႕ရလွ်င္ တီဘီအက်ိတ္ျဖစ္ရန္ မ်ားသည္ဟု ဆုိရပါမည္။ သုိ႕ရာတြင္ အခ်ဳိ႕ေသာ နာတာရွည္ေရာဂါမ်ားတြင္လည္း ထုိအက်ိတ္တို႕ ႀကီးတတ္သျဖင့္ ဓာတ္မွန္အေထာက္အထားႏွင့္ ေရာဂါလကၡဏာမ်ား ေပါင္းစပ္ၾကည့္႐ႈမွသာ မွန္ကန္ႏိုင္မည္ ျဖစ္ပါသည္။
ေသြးမ်ားစစ္ၾကည့္လွ်င္လည္း ေသြးျဖဴဥတစ္မ်ဳိး(Lymphocytes)မ်ားေနျခင္း၊ ေရာဂါ၏ လႈပ္ရွားၾကႊတတ္လာမႈတို႕ကုိ စစ္ေဆးေသာ ESR လြန္စြာတက္ေနျခင္းတုိ႕ကုိ သိႏိုင္ပါသည္။ ဤသည္တို႕မွာလည္း တီဘီေရာဂါျဖစ္ႏုိင္ေၾကာင္း အေထာက္အပံ့ သာဓကမ်ား ျဖစ္ပါသည္။
ဤကေလး၏ ဓာတ္မွန္ႏွင့္ ေသြးစစ္ေဆးမႈတုိ႕သည္လည္္း ကေလးတီဘီျဖစ္ေၾကာင္း ညႊန္ျပေနပါသည္။
ဆက္လက္အတည္ျပဳရန္
`ကေလးအေမသည္ …ေရာဂါလကၡဏာေတြရယ္၊ ေရာဂါရွိတဲ့ လူႀကီးနဲ႕ အတူေန တာရယ္၊ဓာတ္မွန္ရယ္၊ ေသြးစစ္တာရယ္ အားလုံးက ကေလးမွာ တီဘီေရာဂါရွိတယ္ဆုိတာ ျပေနတာပဲ။ ေဆးေသာက္ရမွာေပါ့’ ဟူ၍ ကေလးမိခင္အား ရွင္းျပလုိက္သည္။ မတုိက္လုိ ေၾကာင္း တြင္တြင္ျငင္းဆုိသည္
`မတုိက္ရင္ေတာ့ ေရာဂါပုိးက ဦးေႏွာက္တုိ႕၊ အူလမ္းေၾကာင္းတုိ႕၊အဆုတ္တုိ႕၊ အ႐ုိး တုိ႕ကုိ ပ်ံ႕သြားၿပီး အသက္အႏၱရာယ္ရွိႏုိင္တယ္။ မေသရင္ေတာင္မွ ဒုကိၡတဘ၀ ေရာက္သြားႏုိင္တယ္’
သုိ႕ျဖစ္၍ မိခင္အား ကေလးတြင္ တီဘီေရာဂါရွိေၾကာင္း ေသခ်ာေနလွ်င္ တုိက္ကို တုိက္ရမည္ျဖစ္ေၾကာင္း၊ ယခုျပဳလုပ္ထားေသာ စစ္ေဆးမႈမ်ားျဖင့္ပင္ တီဘီျဖစ္ႏုိင္ေၾကာင္း ေျပာေသာ္လည္း ပုိ၍ေသခ်ာေအာင္ အတည္ျပဳေပးမည္။ ဤစစ္ေဆးမႈ ေသခ်ာလွ်င္ ေဆးတုိက္ကုိတုိက္ရမည္ဟု မိခင္ျဖစ္သူအား ကတိျပဳေစခဲ့ပါသည္။ သို႕မဟုတ္ပါက ကေလး အားအပ္ျဖင့္ထြင္းရမည့္ေနရာတြင္ ပုဆိန္ျဖင့္ ထြင္းရမည့္ကဲ့သို႕ ျဖစ္သြားႏုိင္ေၾကာင္းလည္း ေသခ်ာထပ္၍ ရွင္းျပခဲ့ပါသည္။ မိခင္ျဖစ္သူကလည္း ကတိေပးရွာပါသည္။
သို႕ႏွင့္ တီဘီေရာဂါပုိး၏ ပ႐ုိတင္းမွ ဆက္ႏႊယ္ရရွိလာေသာ ဓာတ္ပစၥည္းျဖင့္ လူနာ၏ အေရျပားေအာက္သုိ႕ ထုိးသြင္း၍ ဓာတ္တုံ႕ျပန္မႈကုိ ၾကည့္႐ႈရေသာ Tuberculin Skin Test ကုိျပဳလုပ္ေစပါသည္။ တုံ႕ျပန္မႈကုိ ၄၈ နာရီမွ ၇၂ နာရီအတြင္း၌ ၾကည့္႐ႈရမည့္ျဖစ္ၿပီး ထုိဓာတ္ပစၥည္းထုိးထားေသာ အေရျပားသည္ နီရဲၾကြတက္လာလွ်င္၊ ထုိၾကြတက္လာေသာ အ၀န္းအ၀ို္င္း နီရဲေနလွ်င္ ေရာဂါရွိသည္ဟု သတ္မွတ္ပါသည္။
သို႕ရာတြင္ အေရျပားနီရဲၾကြတက္လာမႈ မရွိလွ်င္ တီဘီေရာဂါ မရွိဟူ၍ မဆုိႏုိင္ေ။ အေၾကာင္းမွာ လြန္စြာ အာဟာရခ်ဳိ႕တ့ဲေသာ ကေလးမ်ား၊ ခုခံအားနည္းပါးလြန္းေသာ ကေလးမ်ားတြင္ တီဘီေရာဂါ ရွိပင္ရွိေသာ္လည္း ဓာတ္တုံ႕ျပန္မႈ မျပဳႏိုင္သျဖင့္ အေရျပား နီရဲၾကြတက္ျခင္း မရွိႏုိင္ေသာေၾကာင့္ပင္ ျဖစ္ပါသည္။ ဤသို႕ တုံ႕ျပန္မႈမရွိသည္ကုိ တီဘီေရာဂါမရွိဟု ရာႏႈန္းျပည့္ျငင္းဆုိ၍ မရပါ။
အျခား အတည္ျပဳေသာ စမ္းသပ္မႈမ်ားလည္း ရွိပါေသးသည္။ ဥပမာ
* ေသြးထဲ၌ ပဋိလႈံ႕ပစၥည္း(antibody)၊ ပဋိပစၥည္း(antigen) ရွာေဖြျခင္း
* လည္ပင္းအက်ိတ္ စသည္တုိ႕လြန္စြာႀကီးေနလွ်င္ အသားစယူ၍ စစ္ေဆးျခင္း
* လူႀကီးမ်ားက့ဲသို႕ သလိပ္စစ္ရန္ ကေလးအတြက္ လြယ္ကူျခင္းမရွိသျဖင့္
ကေလးမ်ဳိခ်ေသာ သလိပ္မ်ား အစာအိမ္အတြင္းတြင္ ရွိႏုိင္သျဖင့္ အစာအိမ္ အတြင္းသို႕ ႏွာေခါင္းပုိက္သြင္း၍ ေရာဂါရွာေဖြျခင္း စသည္တို႕ျဖစ္သည္။
သုိ႕ရာတြင္ ကေလးတီဘီျဖစ္ခါစ Primary Complex တြင္ အတည္ျပဳ တီဘီေရာဂါပုိးသည္ တီဘီျဖစ္ခါစဆင့္ကုိ ေက်ာ္လြန္၍ ဦးေႏွာက္၊ အူ၊အ႐ိုး၊ အဆုတ္ စသည္တုိ႕ကုိ ေရာက္သြားလွ်င္လည္း ဆိုင္ရာ အတည္ျပဳစစ္ေဆးမႈမ်ားကုိ ဆက္လက္ ျပဳလုပ္ရမည္ ျဖစ္ပါသည္။
ေရာဂါျဖစ္ခါစအဆင့္ကုိ ေက်ာ္လြန္ေသာ္
ေရာဂါျဖစ္ခါစ အဆင့္တြင္ ေဆးကုသလွ်င္ ေရာဂါသည္ ရာခုိင္ႏႈန္းျပည့္ေပ်ာက္ကင္းႏုိင္ ပါသည္။ အသက္ ၅ ႏွစ္ေအာက္ ကေလးမ်ားတြင္ အျဖစ္မ်ားတတ္ၿပီး လူႀကီးတီဘီေရာဂါ ေ၀ဒနာရွင္မ်ားထံမွသာလွ်င္ ကူးစက္ႏုိင္ပါသည္။ အခ်ဳိ႕ကေလးငယ္မ်ားည္ ခံႏုိင္စြမ္းရွိၿပီး ေရာဂါျဖစ္ခါစ အဆင့္တြင္ပင္ ရပ္တန္႕သြားတတ္ပါသည္။ ခံႏုိင္ရည္စြမ္းနည္းေသာ ကေလး မ်ားမွာမူ အခ်ိန္မီမကုသလွ်င္ တီဘီေရာဂါပုိးသည္ ကုိယ္တြင္းအဂၤါ အႏွံ႕သုိ႕ျပန္ပြားသြားပါ ေတာ့သည္။
အသက္႐ႈလမ္းေၾကာင္း ပတ္ပတ္လည္ရွိ အက်ိတ္မ်ားအတြင္းသုိ႕ ေရာက္ရွိသြားေသာ တီဘီေရာဂါပုိးသည္ ထုိအက်ိတ္အတြင္း၌ ပြားမ်ားၿပီးအက်ိတ္မ်ားတစ္ဆင့္ ေလၿပြန္ပိတ္ဆုိ႕ ေသာ လကၡဏာမ်ား ေပၚေပါက္လာေစပါသည္။
အဆုတ္တြင္းသုိ႕ ေရာဂါပုိးေရာက္ရွိလွ်င္ အဆုတ္ပြျခင္း၊ အဆုတ္ခဲျခင္းစသည့္ ဆုိးရြားလွေသာ ေရာဂါမ်ားကုိ ျဖစ္ေပၚေစႏုိ္င္ပါသည္။
အဆုတ္ကို ဖုံးအုပ္ထားေသာ အလႊာႏွစ္လႊာအၾကားတြင္လည္း အရည္မ်ားစုလာ တတ္ၿပီး ေမာပန္းျခင္း၊ အသက္႐ႈက်ပ္ျခင္းတုိ႕ ျဖစ္လာႏုိ္င္ပါသည္။ ထုိအရည္မ်ားကုိ စုပ္ယူၿပီး ဓာတ္ခြဲၾကည့္လွ်င္လည္း တီဘီေရာဂါပုိးမ်ားကို ေတြ႕ရွိႏုိ္င္ပါသည္။
အဆုတ္ကုိ ဖုံးအုပ္ထားေသာ အေျမႇးတြင္းသုိ႕လည္း ၀င္ေရာက္ႏုိင္ၿပီး ႏွလုံးကိုလည္း ျပင္းစြာ ထိခုိက္ေစႏိုိင္ပါသည္။
ရွည္လ်ားေသာခရီး
ေရာဂါပုိးပြားရာ အက်ိတ္ႏွင့္နီးစပ္ေသာ အဆုတ္၊ အသက္႐ႈလမ္းေၾကာင္းတစ္ေလွ်ာက္၊ ႏွလုံး စသည္တုိ႕ကုိ ေသြးေၾကာမ်ားမွ တစ္ဆင့္ ပ်ံ႕ႏွံႏိုင္သည္။ ေ၀းလံေသာအဂၤါမ်ားအထိလည္း ေရာဂါပုိးဟူေသာ ေလွငယ္သည္ ေသြးေၾကာတည္းဟူေသာ ရွည္လ်ားသည့္ ျမစ္ေရအလ်ဥ္ကုိ ဆန္၍လည္းေကာင္း၊ စုန္၍လည္းေကာင္း ေရာက္ေအာင္သြားတတ္ၿပီး မိမိေရာက္ရွိေသာ အဂၤါ တုိင္းကုိ လြန္စြာ ဒုကၡေပးတတ္ပါသည္။
ဦးေႏွာက္အေျမႇးပါးတီဘီသည္ ကေလးမ်ားတြင္ အမ်ားဆုံးေသာ `ပ်ံ႕ႏံွံ႕တီဘီေရာဂါ’ ပင္ ျဖစ္ပါသည္။ ေရာဂါကၽြမ္းမွ ေဆး႐ုံေရာက္သည္က မ်ားသျဖင့္ အသက္ဆုံး႐ႈံးမႈမ်ား ျပားပါသည္။ ေရာဂါျဖစ္စတြင္ အရပ္အေခၚ တေရွာင္ေရွာင္ထက္ မပုိေသာ လကၡဏာမ်ားသာ ျပသျဖင့္ မိဘမ်ား သတိမျပဳမိၾကျခင္းျဖစ္ပါသည္။ ေနာက္ပုိင္းတြင္ ကေလး၏ နဂုိရွိရင္းစြဲ ဟန္ပန္အမူအရာ ေျပာင္းလာမွ အနည္းငယ္ သတိထားမိၾကပါသည္။ ဥပမာ အလြန္ေအးေအး ေဆးေဆးေနတတ္ေသာ ကေလးသည္ လြန္စြာေဒါသႀကီး မၿငိမ္မသက္ျဖစ္လာျခင္း၊ အလြန္ေဆာ့၍ အၿငိမ္မေနေသာ ကေလးသည္ လြန္စြာၿငိမ္သက္သြားျခင္း စသည္တုိ႕ ျဖစ္ပါ သည္။ ေနာက္ပုိင္းမွ ဇက္ေတာင့္ျခင္း၊ တက္ျခင္း စသည္တုိ႕ျဖစ္မွ ေဆး႐ုံသုိ႕ေရာက္လာေသာ အခါ လြန္စြာေနာက္က်သြားတတ္ၿပီ ျဖစ္ပါသည္။ ေနာက္ဆုံးတြင္ အသက္ဆုံး၊ မဆုံးလွ်င္ လည္း ဦးေႏွာက္ပ်က္စီးၿပီး ဘာမွမသိေတာ့ဘဲ တစ္ကုိယ္လုံးလည္း ေတာင့္ေနေသာ ဒုကိၡတ ဘ၀ျဖင့္ အဆုံးသတ္ရပါေတာ့သည္။
အစုန္ခရီး
ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာမ်ားသုိ႕ အဆန္ခရီးထြက္သလုိ အစုန္ခရီးျဖင့္လည္း ေရာဂါ ပုိးတုိ႕သည္ ၀မ္းဗုိက္အတြင္း သက္ဆင္းႏုိင္ၾကပါသည္။ အထူးသျဖင့္ ဒုကၡေပးေလ့ရွိေသာ အဂၤါမွာ `အူလမ္းေၾကာင္း” ပင္ ျဖစ္ပါသည္။ အူသိမ္အဆုံးမွ စ၍ အူမႀကီးတစ္ေလွ်ာက္တြင္ အနာမ်ားျဖစ္ၿပီး ရက္ရွည္၀မ္းေလွ်ာျခင္းမွစ၍ ေရာဂါလကၡဏာမ်ား ေပၚလာႏုိ္င္ပါသည္။ ရံခါတြင္ အနာမ်ားမျဖစ္ဘဲ အူမႀကီးသည္ ပုိ၍ပုိ၍ ထူထူလာၿပီး အူပိတ္ေသာလကၡဏာမ်ား ရွိလာတတ္ပါသည္။
၀မ္းဗုိက္တြင္း အူလမ္းေၾကာင္းတြင္သာမက ၀မ္းဗုိက္အတြင္းရွိ အက်ိတ္မ်ား၊ ၀မ္းဗုိက္တြင္းရွိ အဂၤါအစိတ္အပိုင္းမ်ားကို ဖုံးလႊမ္းေသာ အေျမႇးပါးတုိ႕တြင္လည္း ေရာဂါပုိးမ်ား ပ်ံ႕ႏွံ႕ၿပီး ဒုကၡေပးတတ္ပါသည္။
အထက္ပါျဖစ္စဥ္ အားလုံးသည္ ေရာဂါျဖစ္ခါစအေျခအေနမွ တစ္ႏွစ္၊ တစ္ႏွစ္ခြဲအတြင္း ကာလတြင္ ျဖစ္ေပၚတတ္ေသာ ပ်ံ႕ႏွံ႕မႈမ်ားျဖစ္ပါသည္။

သုံးႏွစ္ခန္႕ၾကာေသာ္
ေရာဂါျဖစ္ခါစမွ သုံးႏွစ္ခန္႕ၾကာေသာ္ ေရာဂါပုိးသည္ အ႐ုိးအဆစ္မ်ားဆီသုိ႕ ေျခဦး လွည့္ျပန္ပါသည္။ အ႐ုိးအဆစ္တီဘီေၾကာင့္ ကုိယ့္ခႏၶာ၏ အေနအထား၊ သြားလာမႈတို႕ ေျပာင္းလဲ ခက္ခဲလာတတ္ပါသည္။ အထူးသျဖင့္ ေက်ာ႐ုိးဆစ္တီဘီသည္ လြန္စြာဒုကၡ ေပးတတ္ပါသည္။ အာ႐ုံေၾကာမ်ား ညပ္ၿပီး ကုိယ္ခႏၶာေအာက္ပုိင္း မလႈပ္ႏုိင္ေတာ့ျခင္း၊ ဆီ၀မ္း သြားရန္ ခက္ခဲျခင္း၊ ေက်ာရုိးမ်ား ပ်က္စီးၿပီး ေက်ာ႐ုိးဆစ္မ်ား တစ္ခုႏွင့္ တစ္ခု ပူးသြားကာ ျမင္းဖုကဲ့သုိ႕ အလုံးႀကီးေပၚလာကာ ကုန္းကုန္းကိုင္းကိုင္း အရပ္ပုပု ျဖစ္ေနျခင္း စေသာ အနိဠာန္႐ုံမ်ားကုိ ျဖစ္ေစပါသည္။
ငါးႏွစ္ခန္႕ၾကာၿပီးေနာက္
တီဘီေရာဂါပုိးမ်ား ေနာက္ဆုံးဆုိက္ေရာက္ေသာ ကမ္းေျခမွာ `ေက်ာက္ကပ္` ပင္ ျဖစ္ပါသည္။ ေရာဂါျဖစ္ခါစမွ ငါးႏွစ္ခန္႕ၾကာေသာအခါ ေက်ာက္ကပ္ႏွင့္ ဆီးလမ္းေၾကာင္း တစ္ေလွ်ာက္ကုိ ဒုကၡေပးပါေတာ့သည္။ သို႕ျဖစ္၍ ေက်ာက္ကပ္တီဘီသည္ ကေလးမ်ားတြင္ ေတြ႕ရျခင္းမရွိဘဲ ေက်ာင္းသားအရြယ္ ကေလးႀကီးမ်ားတြင္သာ ေတြကရွိရပါသည္။ ဆီးထဲ တြင္ ေသြးပါျခင္း၊ ေက်ာကပ္ေရာင္ရမ္းျခင္း စသည့္္ ဆီးႏွင့္ ပတ္သက္ေသာ လကၡဏာမ်ား ျပသတတ္ပါသည္။
ကု၍ေပ်ာက္ေသာေရာဂါ
ေရာဂါျဖစ္ခါစခ်ိန္တြင္ စစ္ေဆးသိရွိရၿပီး စ၍ ေဆးေစာေစာကုေလရာႏႈန္းျပည့္ ေရာဂါ ေပ်ာက္ရန္ အေျခအေနရွိေလ ျဖစ္ပါသည္။ ေဆးမွန္မွန္ေသာက္႐ုံျဖင့္ `ပ်ံ႕ႏွံ႕တီဘီ`ေရာဂါ၏ သံသရာသည္ မည္မွ်က်ယ္၀န္း၍ ေၾကာက္မက္ဖြယ္ေကာင္းေၾကာင္း၊ ျပင္းေသာေဆး၊ ေပ်ာ့ေသာေဆး မရွိဘဲ ေရာဂါပုိးေပၚတြင္ မူတည့္၍သာ ေပ်ာက္ကင္းႏုိင္ေၾကာင္းတို႕ကုိ ေစတနာအျပည့္ျဖင့္ အသိေပးလုိက္ရပါသည္။

ပါေမာကၡေဒါက္တာယုဇနေစာျမင့္(ကေလးအထူးကုဆရာ၀န္ႀကီး)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *