ကလေးငယ်များ နှင့် အိပ်စက်ခြင်း (၂)

ကလေးငယ်များနှင့် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ

ခေတ်သစ် ဇီဝက အခုဆောင်းပါးမှာ မေမေ ဖေဖေတို့ ကြုံတွေ့ရတတ်တဲ့ သားသား မီးမီးတို့ရဲ့ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာများကို တင်ပြသွားပါ့မယ် ။အများ အားဖြင့် ညဘက်တွင် ကလေးငယ်တို့ ကောင်းစွာမအိပ် ၊ငိုခြင်းတို့ကြောင့် မိဘများ အဖို့ အခက်တွေ့ ရ၏ ။ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ ။

မွေးကင်းစ မှ ၄ လသားအရွယ်ထိ

၁) ကလေးအိပ်ပုံ ၊နိုးပုံကို ဒိုင်ယာရီ ရေးမှတ်ထားပါ ။ ဒါမှသာ မိမိကလေး ဘာကြောင့် တရေးနိုးတတ်သလဲ ၊ဘယ်အချိန် တရေးနိုး တတ်သလဲ ၊တစ်နေ့ အိပ်ချိန် ဘယ်လောက်ရလဲ သိနိုင်မှာပါ ။ဒီလို သိခြင်းအား ဖြင့် မိမိကလေးနှင့် သင့်တော်မည့် နည်းလမ်းများကိုရွေးနိုင်ပါလိမ့်မယ် ။

၂) ကလေးကို ပက်လက်သိပ်ပါ ။

၃) မပျော့လွန်း မမာလွန်းသော မွေ့ရာပေါ်တွင် သိပ်ပါ ။ ခေါင်းအုံး မအုံးစေပါနဲ့ ။အနီးအနားရှိ အိပ်ရာခင်း ၊စောင်ပါး ၊အနှီး စတာတွေ ကလေး မျက်နှာကို မအုပ်မိစေရန် ဂရုစိုက်ပါ ။

၄) မပူလွန်း မအေးလွန်းသော နေရာတွင် သိပ်ပါ ။ ပိတ်လှောင်နေသော အခန်းများတွင် မသိပ်ပါနဲ့ ။လေဝင်လေထွက် ကောင်းပါစေအနှီးနဲ့ ကျပ်ထုပ်အောင် မထားသင့် ။စောင်ပါးပါး ၊အနှီးပါးပါးလေး ခြုံထားပေးနိုင်တယ် ။

၅) ကလေးနို့ဆာ ၍ နိုးလာပါက နို့တိုက်ပါ ။ နို့စို့ရင်း မိခင်ရင်ခွင်ထဲ ကလေးအိပ်ပျော်သွားက အိပ်ရာ၊ပုခက်ထဲသို့ ဖြည်းညင်းစွာ ချပါ ။

၆) ကလေး သေးစိုနေလား ကြည့်ပါ ။

၇) ကလေးကို မိခင်နို့တိုက်စဉ် မိခင်နှင့်အတူ တစ်အိပ်ရာတည်းသိပ်က ခုတင် ၊ မွေ့ရာ ကျယ်ကျယ်ပေါ်တွင် ခေါင်းအုံးမပါ ၊စောင်ပါးပါးကလေးလွှမ်းကာသိပ်ပါ ။

၈) ဆေးလိပ် ၊အရက်သောက်သူ ၊အိပ်ဆေးသောက်အိပ်သူ ၊ဆေးတစ်မျိုးမျိုး သောက်နေရသူနဲ့ တစ်အိပ်ရာထဲ မသိပ်သင့် ။

၉) ကလေး နေ့ဘက်တွင် နို့ဝသော်လည်း အိပ်မပျော်က လှုပ်သိပ်ခြင်း ၊ပုခက်လွှဲသိပ်ခြင်း ၊ကားတစ်ပတ်ထွက်စီးကာ သိပ်ခြင်းမျိုး အလျဉ်းသင့်သလို လုပ်ကြည့်
နိုင်တယ် ။အကျင့်ပါသွားတတ်တာ သတိပြုပါ ။

၁၀)ကလေး ညဘက်တွင် ကြာကြာအိပ်စေရန် နေ့ ၊ည ကွဲအောင် လုပ်ပါ ။ နေ့ဘက်တွင် ကလေးကို သိပ်ကာ အခန်းလင်းရှင်း ပါစေ ။ညဘက်တွင် သိပ်က အိပ်ခန်းကို အမှောင်ချပါ ၊ဒါမှမဟုတ် မီးမှိန်မှိန်သာ ထွန်းပါ

၁၁)ဆူဆူညံညံ အသံဗလံများပြုခြင်းရှောင်ပါ ။နို့တိုက်စဉ်နှင့် နို့တိုက်ပြီးချိန်တွင်လည်း အနှီးလဲခြင်းမှ အပ ကလေးမျက်စိကျယ်စေမည့် အပြုအမူမျိုးရှောင်ပါ ။
၄လနှင့် အထက် ကလေးငယ်များ အထက်ပါအချက်များ အပြင်

၁) နေ့ဘက် ကလေးတစ်ရေးအိပ်တတ်အောင် လေ့ကျင့်ပေးပါ ။ နေ့ဘက် တစ်ရေးအိပ်ခြင်းသည် ညဘက် တစ်ချိုးတည်းအိပ်စေဖို့လည်းအထောက်အကူ ပြုပါတယ်။တစ်နှစ်အောက်ကလေးများ အဖို့ နေ့ဘက်တွင် ၁-၂ နာရီခြား ၂ခါ ၊၃ခါ အိပ်တတ်အောင် လေ့ကျင့်ပေးပါ ။ သတိပြုဖို့က ညနေစောင်းတွင် မအိပ်စေသင့် ။ညဘက် ကောင်းစွာ အိပ်မပျော် စေတတ် ။

၂) ညဘက် တစ်ချိုးတည်း အိပ်အောင် လေ့ကျင့်ပါ ။

၃) ပုံပြောခြင်း ၊ချော့သိပ်ခြင်း ၊ခန္ဓာကိုယ်ကို ပွတ်သပ်ကာ သိပ်ခြင်း ၊အိပ်ရာဝင်သီချင်းလေးများဖြင့် ချော့သိပ်ခြင်းများလုပ်ပေးနိုင်ပါတယ် ။

၄) ညဘက် နို့ထတောင်းတတ်သော အလေ့အကျင့်ကို လျှော့ချပေးပါ ။ မိဘတွေ အနေဖြင့် စိတ်ရှည်ဖို့လိုပါတယ် ။နူးညံ့ညင်သာစွာ ချော့သိပ်ပါ ။

၅) အသက် ၆လကျော်သည့်တိုင ကန်ကျောက်၊တွန်းထိုး ၊အင်းအဲအော်ကာ လူးလှိမ့် ပြီး အိပ်မပျော်က ချော့သိပ်လိုက်ပါက အိပ်ပျော်သွားပါလိမ့်မယ် ။အရေးကြီးတာက စိတ်ရှည်ဖို့နဲ့ အော်ဟစ် ဆူပူခြင်း၊ ငြူစူပြစ်တင်ခြင်း မလုပ်မိ ဖို့ပါ ။

၆) သေးစို ၊မစို ၊ခြင် ၊ကြမ်းပိုး ၊မွှား ၊ပုရွက်ဆိတ် ကိုက် ၊မကိုက် စစ်ဆေးပါ ။

၇) ကလေးငယ်တို့ အလွန်အမင်းဆော့ခြင်းကြောင့် အညောင်း ၊အနုံး မလွန်သွား စေရန် ဂရုစိုက်ပါ ။

၈) ညနေစောင်း ရေနွေးနွေးကလေးဖြင့် ချိုးပေးပါ ။ ထိုသို့ ရေချိုးပေးစဉ် အမြူ မလွန်သင့် ။ဘယ်အချိန်မှာ မိသားစုဆရာဝန်နဲ့ ပြမလဲ ။

ကလေးနေမကောင်းလျှင် ၊အစားအသောက်မဝင်လျှင် ၊အအိပ်အနေသည်ပုံမှန်ထက် ယိုယွင်းသည်ဟု သံသယရှိလျှင် ၊အိပ်နေလျက် စူးစူးဝါးဝါးအော်ငိုကာမည်သို့မျှ ချော့သိပ်မရတာ ကြာရှည်က မိမိ မိသားစုဆရာဝန်နဲ့ ဖြစ်စေ ၊ကလေးအထူးကုနဲ့ ဖြစ်စေ ပြသပါ ။

ခေတ်သစ် ဇီဝက

ကေလးငယ္မ်ား ႏွင့္ အိပ္စက္ျခင္း (၂)

ကေလးငယ္မ်ားႏွင့္ အိပ္စက္ျခင္းဆိုင္ရာ ျပႆနာမ်ား

ေခတ္သစ္ ဇီ၀က အခုေဆာင္းပါးမွာ ေမေမ ေဖေဖတို႕ ႀကဳံေတြ႕ရတတ္တဲ့ သားသား မီးမီးတို႕ရဲ႕ အိပ္စက္ျခင္းနဲ႕ပတ္သက္တဲ့ ျပႆနာမ်ားကို တင္ျပသြားပါ့မယ္ ။အမ်ား အားျဖင့္ ညဘက္တြင္ ကေလးငယ္တို႕ ေကာင္းစြာမအိပ္ ၊ငိုျခင္းတို႕ေႀကာင့္ မိဘမ်ား အဖို႕ အခက္ေတြ႕ ရ၏ ။ဒါဆိုရင္ ဘယ္လုိလုပ္ႀကမလဲ ။

ေမြးကင္းစ မွ ၄ လသားအရြယ္ထိ

၁) ကေလးအိပ္ပုံ ၊ႏိုးပုံကို ဒိုင္ယာရီ ေရးမွတ္ထားပါ ။ ဒါမွသာ မိမိကေလး ဘာေႀကာင့္ တေရးႏိုးတတ္သလဲ ၊ဘယ္အခ်ိန္ တေရးႏိုး တတ္သလဲ ၊တစ္ေန႕ အိပ္ခ်ိန္ ဘယ္ေလာက္ရလဲ သိႏိုင္မွာပါ ။ဒီလို သိျခင္းအား ျဖင့္ မိမိကေလးႏွင့္ သင့္ေတာ္မည့္ နည္းလမ္းမ်ားကိုေရြးႏုိင္ပါလိမ့္မယ္ ။

၂) ကေလးကို ပက္လက္သိပ္ပါ ။

၃) မေပ်ာ႕လြန္း မမာလြန္းေသာ ေမြ႕ရာေပၚတြင္ သိပ္ပါ ။ ေခါင္းအုံး မအုံးေစပါနဲ႕ ။အနီးအနားရွိ အိပ္ရာခင္း ၊ေစာင္ပါး ၊အႏီွး စတာေတြ ကေလး မ်က္ႏွာကို မအုပ္မိေစရန္ ဂရုစိုက္ပါ ။

၄) မပူလြန္း မေအးလြန္းေသာ ေနရာတြင္ သိပ္ပါ ။ ပိတ္ေလွာင္ေနေသာ အခန္းမ်ားတြင္ မသိပ္ပါနဲ႕ ။ေလ၀င္ေလထြက္ ေကာင္းပါေစအႏွီးနဲ႕ က်ပ္ထုပ္ေအာင္ မထားသင့္ ။ေစာင္ပါးပါး ၊အႏွီးပါးပါးေလး ျခဳံထားေပးႏိုင္တယ္ ။

၅) ကေလးႏို႕ဆာ ၍ ႏိုးလာပါက ႏို႕တိုက္ပါ ။ ႏို႕စို႕ရင္း မိခင္ရင္ခြင္ထဲ ကေလးအိပ္ေပ်ာ္သြားက အိပ္ရာ၊ပုခက္ထဲသို႕ ျဖည္းညင္းစြာ ခ်ပါ ။

၆) ကေလး ေသးစိုေနလား ႀကည့္ပါ ။

၇) ကေလးကို မိခင္ႏုိ႕တိုက္စဥ္ မိခင္ႏွင့္အတူ တစ္အိပ္ရာတည္းသိပ္က ခုတင္ ၊ ေမြ႕ရာ က်ယ္က်ယ္ေပၚတြင္ ေခါင္းအုံးမပါ ၊ေစာင္ပါးပါးကေလးလႊမ္းကာသိပ္ပါ ။

၈) ေဆးလိပ္ ၊အရက္ေသာက္သူ ၊အိပ္ေဆးေသာက္အိပ္သူ ၊ေဆးတစ္မ်ိဳးမ်ိဳး ေသာက္ေနရသူနဲ႕ တစ္အိပ္ရာထဲ မသိပ္သင့္ ။

၉) ကေလး ေန႕ဘက္တြင္ ႏို႕၀ေသာ္လည္း အိပ္မေပ်ာ္က လႈပ္သိပ္ျခင္း ၊ပုခက္လႊဲသိပ္ျခင္း ၊ကားတစ္ပတ္ထြက္စီးကာ သိပ္ျခင္းမ်ိဳး အလ်ဥ္းသင့္သလို လုပ္ႀကည့္
ႏိုင္တယ္ ။အက်င့္ပါသြားတတ္တာ သတိျပဳပါ ။

၁၀)ကေလး ညဘက္တြင္ ႀကာႀကာအိပ္ေစရန္ ေန႕ ၊ည ကဲြေအာင္ လုပ္ပါ ။ ေန႕ဘက္တြင္ ကေလးကို သိပ္ကာ အခန္းလင္းရွင္း ပါေစ ။ညဘက္တြင္ သိပ္က အိပ္ခန္းကို အေမွာင္ခ်ပါ ၊ဒါမွမဟုတ္ မီးမိွန္မိွန္သာ ထြန္းပါ

၁၁)ဆူဆူညံညံ အသံဗလံမ်ားျပဳျခင္းေရွာင္ပါ ။ႏို႕တိုက္စဥ္ႏွင့္ ႏို႕တိုက္ျပီးခ်ိန္တြင္လည္း အႏွီးလဲျခင္းမွ အပ ကေလးမ်က္စိက်ယ္ေစမည့္ အျပဳအမူမ်ိဳးေရွာင္ပါ ။
၄လႏွင့္ အထက္ ကေလးငယ္မ်ား အထက္ပါအခ်က္မ်ား အျပင္

၁) ေန႕ဘက္ ကေလးတစ္ေရးအိပ္တတ္ေအာင္ ေလ့က်င့္ေပးပါ ။ ေန႕ဘက္ တစ္ေရးအိပ္ျခင္းသည္ ညဘက္ တစ္ခိ်ဳးတည္းအိပ္ေစဖို႕လည္းအေထာက္အကူ ျပဳပါတယ္။တစ္ႏွစ္ေအာက္ကေလးမ်ား အဖို႕ ေန႕ဘက္တြင္ ၁-၂ နာရီျခား ၂ခါ ၊၃ခါ အိပ္တတ္ေအာင္ ေလ့က်င့္ေပးပါ ။ သတိျပဳဖို႕က ညေနေစာင္းတြင္ မအိပ္ေစသင့္ ။ညဘက္ ေကာင္းစြာ အိပ္မေပ်ာ္ ေစတတ္ ။

၂) ညဘက္ တစ္ခ်ိဳးတည္း အိပ္ေအာင္ ေလ့က်င့္ပါ ။

၃) ပုံေျပာျခင္း ၊ေခ်ာ႕သိပ္ျခင္း ၊ခႏၶာကိုယ္ကို ပြတ္သပ္ကာ သိပ္ျခင္း ၊အိပ္ရာ၀င္သီခ်င္းေလးမ်ားျဖင့္ ေခ်ာ႕သိပ္ျခင္းမ်ားလုပ္ေပးႏိုင္ပါတယ္ ။

၄) ညဘက္ ႏို႕ထေတာင္းတတ္ေသာ အေလ့အက်င့္ကို ေလွ်ာ့ခ်ေပးပါ ။ မိဘေတြ အေနျဖင့္ စိတ္ရွည္ဖို႕လိုပါတယ္ ။ႏူးညံ႕ညင္သာစြာ ေခ်ာ့သိပ္ပါ ။

၅) အသက္ ၆လေက်ာ္သည့္တို္င ကန္ေက်ာက္၊တြန္းထိုး ၊အင္းအဲေအာ္ကာ လူးလွိမ့္ ျပီး အိပ္မေပ်ာ္က ေခ်ာ့သိပ္လိုက္ပါက အိပ္ေပ်ာ္သြားပါလိမ့္မယ္ ။အေရးႀကီးတာက စိတ္ရွည္ဖို႕နဲ႕ ေအာ္ဟစ္ ဆူပူျခင္း၊ ျငဴစူျပစ္တင္ျခင္း မလုပ္မိ ဖို႕ပါ ။

၆) ေသးစို ၊မစို ၊ျခင္ ၊ႀကမ္းပိုး ၊မႊား ၊ပုရြက္ဆိ္တ္ ကိုက္ ၊မက္ိုက္ စစ္ေဆးပါ ။

၇) ကေလးငယ္တို႕ အလြန္အမင္းေဆာ့ျခင္းေႀကာင့္ အေညာင္း ၊အႏုံး မလြန္သြား ေစရန္ ဂရုစိုက္ပါ ။

၈) ညေနေစာင္း ေရေႏြးေႏြးကေလးျဖင့္ ခ်ိဳးေပးပါ ။ ထိုသို႕ ေရခ်ိဳးေပးစဥ္ အျမဴ မလြန္သင့္ ။ဘယ္အခ်ိိ္န္မွာ မိသားစုဆရာ၀န္နဲ႕ ျပမလဲ ။

ကေလးေနမေကာင္းလွ်င္ ၊အစားအေသာက္မ၀င္လွ်င္ ၊အအိပ္အေနသည္ပုံမွန္ထက္ ယိုယြင္းသည္ဟု သံသယရွိလွ်င္ ၊အိပ္ေနလ်က္ စူးစူး၀ါး၀ါးေအာ္ငိုကာမည္သို႕မွ် ေခ်ာ႕သိပ္မရတာ ႀကာရွည္က မိမိ မိသားစုဆရာ၀န္နဲ႕ ျဖစ္ေစ ၊ကေလးအထူးကုနဲ႕ ျဖစ္ေစ ျပသပါ ။

ေခတ္သစ္ ဇီ၀က

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *