ကလေးများနှင့် ရေချိုးခြင်း

ရေချိုးချိန်ရောက်လျှင် သားသားမီးမီးတို့ရဲ့ ဖေဖေ မေမေတို့တစ်တွေစိတ်အညစ်ကြီး ညစ်ဖူးကြမှာပါ ။ကလေးတွေနဲ့ တစ်ကယ့်ကို လွန်ဆွဲရတဲ့ပွဲပါ ။တစ်နေ့
ကို ရေဘယ်နှကြိမ်ချိုးရမလဲဆိုတာ သင့်ကလေးရဲ့ အသက်နဲ့လှုပ်ရှားမှု အနည်းအများပေါ် မူတည်ပါတယ် ။အသက်၆နှစ်နဲ့ အထက် ကလေးငယ်များတွင် ရေဘယ်နှကြိမ် ချိုးသင့်သလဲဆိုတာကို အမေရိကန် အရေပြား ဌာနရဲ့ အဆိုကို ကိုးကားပြီး ပြောပြပါ့မယ် ။

ပထမဦးစွာ ဖေဖေ မေမေတို့ မှတ်ထားရမှာက သင့်ကလေးရဲ့ရေချိုးချိန်တိုင်းဟာ ပျော်ရွှင်ဖွယ်ရာဖြစ်ဖို့လိုပါတယ် ။ဒါမှသာ ကလေးငယ်များအနေနဲ့ရေချိုးခြင်းကို ခုံမင်လာမှာပါ ။ဒါ့အပြင် သင့်ကလေးငယ်ကို လက်ကို သန့်ရှင်းစင်ကြယ်စွာ ထားတတ်ဖို့ပါ သင်ကြားထားပေးပါ ။
အသက် ၆နှစ်နဲ့ ၁၁နှစ်ကြား ကလေးများနဲ့ ရေချိုးခြင်း

-ဒီအရွယ်ကလေးတွေကို နေ့စဉ် ရေချိုးပေးလို့ရပါတယ် ။ဒါပေမယ့် မဖြစ်မနေတော့ မဟုတ်ဘူးပေါ့ ။အနည်းဆုံး တစ်ပတ် ၃-၄ ကြိမ်လောက် ချိုးပေးရင်လည်း ရပါတယ်။

အောက်ပါအခြေအနေမျိုးမှာတော့ မဖြစ်မနေ ရေချိုးပေးသင့်ပါတယ် ။

-သူတို့ ညစ်ပတ်ပေရေပြီးတဲ့အချိန်တို့ (ဥပမာ-ရွှံ့တာ ၊ဖုန်တောထဲ ကစားတဲ့နေ့တွေ)

-ရေကူးကန် ၊ရေကန် ၊ပင်လယ်ရေထဲ ဆော့ကစားတဲ့နေ့တွေ

-ချွေးအရမ်းထွက်တဲ့နေ့တွေ ၊ခန္ဓာကိုယ်မှ အနံ့အသက်တွေ ထွက်တဲ့နေ့တွေ

-အရေပြား ရောဂါရှိလို့ ဆရာဝန်များ ညွှန်ကြားချက်အရ ရေချိုးရမယ်ဆိုရင်လည်း လိုအပ်ရင် လိုအပ်သလို ရေချိုးပေးသင့်ပါတယ် ။

အသက် ၁၁နှစ်ကျော် ကလေးများနဲ့ မြီးကောင်ပေါက်အရွယ်ကလေးများနဲ့ ရေချိုးခြင်း

ဒီအရွယ်မှာတော့ ကလေးတွေ ကိုယ်တိုင်က စိတ်လိုလက်ရရေချိုးချင်လာကြပါပြီ ။

-အနည်းဆုံး တစ်နေ့ တစ်ခါ ရေချိုးပါ ။

-တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပါ ။ဒါမှ မျက်နှာပြင်ပေါ်ရှိ အဆီများနဲ့ အညစ်အကြေး များ သန့်စင်သွားမှာပါ ။

-လှုပ်ရှားမှုများရင် များသလို တစ်နေ့ တစ်ကြိမ်မက ရေချိုးနိုင်ပါတယ် ။

ကလေးငယ်များ ရေချိုးခြင်းကို ပျော်မွေ့အောင် ဘယ်လို လုပ်ပေးကြမလဲ

ရေချိုးစဉ်တွင်

-သင့်ကလေး နှစ်သက်တဲ့ ရေစိုခံ အရုပ်ကလေးများနဲ့ ကစားစေခြင်း

-သူတို့ နှစ်သက်တဲ့ ပုံပြင်ကလေးများ ဖတ်ပြခြင်း

-သူတို့ နှစ်ခြိုက်လောက်မယ့် ကစားနည်းများ ဆော့ကစားပေးခြင်းစတဲ့ နည်းလမ်းတွေနဲ့ သူတို့လေးတွေကို လေ့ကျင့်ပေးလို့ ရပါတယ် ။

ကလေးငယ်များကို လက်ဆေးခြင်း မည်သို့ သင်ပေးကြပါမလဲ

လက်ကို စနစ်တကျ ဆေးခြင်းနဲ့ သန့်ရှင်းစွာ ထားရှိဖို့ကကလေးငယ်များ ကျန်းမာရေးကောင်းမွန်ဖို့မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ် ။အထူးသဖြင့် အညစ်အကြေးတစ်ခုခု ကိုင်ပြီးတိုင်း ၊အိမ်သာတက်ပြီးတိုင်း ၊နှာညှစ်ပြီးတိုင်း ၊အိမ်မွေးတိရိစ္ဆာန်များကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆေးကြောဖို့ လိုပါတယ် ။

မိဘတွေအနေနဲ့ မိမိတို့ ကလေးငယ်များကို အောက်ပါအတိုင်း လက်ဆေးနည်းကို သင်ကြားပေးနိုင်ပါတယ် ။

-ရေခပ်နွေးနွေးကလေးနဲ့ သင့်ကလေး လက်ကို အရင်ဆေးပါ ။

-ဆပ်ပြာကလေးနဲ့ ဆေးခိုင်းပြီး အမြုပ်တစီစီ ထတဲ့အထိ လက်ကြားတွေကို သေချာ ပွတ်ခိုင်းပါ ။မိဘတွေပါ ကလေးငယ်နဲ့အတူတူ လုပ်ဖို့ မမေ့ပါနဲ့ ။

-သူတို့ နှစ်သက်တဲ့ တေးသီချင်းကလေးတွေကို သီကျူးရင်း အခြေခံ လက်ဆေးနည်း အဆင့်များကို သင်ကြားပေးပါ ။

-ပြီးရင် ရေဆေးချပါ ။

-လက်ကို ခြောက်သွေ့အောင် အဝတ်သန့်သန့်နဲ့ သေချာ သုတ်ပေးပါ ။

ခေတ်သစ်ဇီဝက

ကေလးမ်ားႏွင့္ ေရခ်ိဳးျခင္း

ေရခ်ိဳးခ်ိန္ေရာက္လွ်င္ သားသားမီးမီးတို႕ရဲ႕ ေဖေဖ ေမေမတို႕တစ္ေတြစိတ္အညစ္ႀကီး ညစ္ဖူးႀကမွာပါ ။ကေလးေတြနဲ႕ တစ္ကယ့္ကို လြန္ဆဲြရတဲ့ပဲြပါ ။တစ္ေန႕
ကို ေရဘယ္ႏွႀကိ္မ္ခ်ိဳးရမလဲဆိုတာ သင့္ကေလးရဲ႕ အသက္နဲ႕လႈပ္ရွားမႈ အနည္းအမ်ားေပၚ မူတည္ပါတယ္ ။အသက္၆ႏွစ္နဲ႕ အထက္ ကေလးငယ္မ်ားတြင္ ေရဘယ္ႏွႀကိမ္ ခ်ိဳးသင့္သလဲဆိုတာကို အေမရိကန္ အေရျပား ဌာနရဲ႕ အဆိုကို ကိုးကားျပီး ေျပာျပပါ့မယ္ ။

ပထမဦးစြာ ေဖေဖ ေမေမတို႕ မွတ္ထားရမွာက သင့္ကေလးရဲ႕ေရခ်ိဳးခ်ိန္တိုင္းဟာ ေပ်ာ္ရႊင္ဖြယ္ရာျဖစ္ဖို႕လိုပါတယ္ ။ဒါမွသာ ကေလးငယ္မ်ားအေနနဲ႕ေရခ်ိဳးျခင္းကို ခုံမင္လာမွာပါ ။ဒါ့အျပင္ သင့္ကေလးငယ္ကိုု လက္ကို သန္႕ရွင္းစင္ႀကယ္စြာ ထားတတ္ဖို႕ပါ သင္ႀကားထားေပးပါ ။
အသက္ ၆ႏွစ္နဲ႕ ၁၁ႏွစ္ႀကား ကေလးမ်ားနဲ႕ ေရခ်ိိဳးျခင္း

-ဒီအရြယ္ကေလးေတြကို ေန႕စဥ္ ေရခ်ိဳးေပးလို႕ရပါတယ္ ။ဒါေပမယ့္ မျဖစ္မေနေတာ့ မဟုတ္ဘူးေပါ့ ။အနည္းဆုံး တစ္ပတ္ ၃-၄ ႀကိမ္ေလာက္ ခ်ိိဳးေပးရင္လည္း ရပါတယ္။

ေအာက္ပါအေျခအေနမ်ိဳးမွာေတာ့ မျဖစ္မေန ေရခ်ိဳးေပးသင့္ပါတယ္ ။

-သူတို႕ ညစ္ပတ္ေပေရျပီးတဲ့အခ်ိန္တို႕ (ဥပမာ-ရႊံ႕တာ ၊ဖုန္ေတာထဲ ကစားတဲ့ေန႕ေတြ)

-ေရကူးကန္ ၊ေရကန္ ၊ပင္လယ္ေရထဲ ေဆာ့ကစားတဲ့ေန႕ေတြ

-ေခြ်းအရမ္းထြက္တဲ့ေန႕ေတြ ၊ခႏၶာကိုယ္မွ အနံ႕အသက္ေတြ ထြက္တဲ့ေန႕ေတြ

-အေရျပား ေရာဂါရွိလုိ႕ ဆရာ၀န္မ်ား ညႊန္ႀကားခ်က္အရ ေရခ်ိဳးရမယ္ဆိုရင္လည္း လိုအပ္ရင္ လိုအပ္သလို ေရခ်ိဳးေပးသင့္ပါတယ္ ။

အသက္ ၁၁ႏွစ္ေက်ာ္ ကေလးမ်ားနဲ႕ ျမီးေကာင္ေပါက္အရြယ္ကေလးမ်ားနဲ႕ ေရခ်ိဳးျခင္း

ဒီအရြယ္မွာေတာ့ ကေလးေတြ ကိုယ္တိုင္က စိတ္လိုလက္ရေရခ်ိဳးခ်င္လာႀကပါျပီ ။

-အနည္းဆုံး တစ္ေန႕ တစ္ခါ ေရခ်ိဳးပါ ။

-တစ္ေန႕ ႏွစ္ႀကိမ္ မ်က္ႏွာသစ္ပါ ။ဒါမွ မ်က္ႏွာျပင္ေပၚရွိ အဆီမ်ားနဲ႕ အညစ္အေႀကး မ်ား သန္႕စင္သြားမွာပါ ။

-လႈပ္ရွားမႈမ်ားရင္ မ်ားသလို တစ္ေန႕ တစ္ႀကိမ္မက ေရခ်ိဳးႏုိင္ပါတယ္ ။

ကေလးငယ္မ်ား ေရခ်ိဳးျခင္းကို ေပ်ာ္ေမြ႕ေအာင္ ဘယ္လို လုပ္ေပးႀကမလဲ

ေရခ်ိဳးစဥ္တြင္

-သင့္ကေလး နွစ္သက္တဲ့ ေရစိုခံ အရုပ္ကေလးမ်ားနဲ႕ ကစားေစျခင္း

-သူတို႕ ႏွစ္သက္တဲ့ ပုံျပင္ကေလးမ်ား ဖတ္ျပျခင္း

-သူတို႕ ႏွစ္ျခိဳက္ေလာက္မယ့္ ကစားနည္းမ်ား ေဆာ့ကစားေပးျခင္းစတဲ့ နည္းလမ္းေတြနဲ႕ သူတို႕ေလးေတြကို ေလ့က်င့္ေပးလို႕ ရပါတယ္ ။

ကေလးငယ္မ်ားကို လက္ေဆးျခင္း မည္သို႕ သင္ေပးႀကပါမလဲ

လက္ကို စနစ္တက် ေဆးျခင္းနဲ႕ သန္႕ရွင္းစြာ ထားရွိဖို႕ကကေလးငယ္မ်ား က်န္းမာေရးေကာင္းမြန္ဖို႕မွာ အေရးႀကီးတဲ့ အခန္းက႑ကေနပါ၀င္ပါတယ္ ။အထူးသျဖင့္ အညစ္အေႀကးတစ္ခုခု ကိုင္ျပီးတိုင္း ၊အိမ္သာတက္ျပီးတိုင္း ၊ႏွာညွစ္ျပီးတိုင္း ၊အိမ္ေမြးတိရိစာၦန္မ်ားကို ကိုင္တြယ္ျပီးတိုင္း လက္ကိုေဆးေႀကာဖို႕ လိုပါတယ္ ။

မိဘေတြအေနနဲ႕ မိမိတို႕ ကေလးငယ္မ်ားကို ေအာက္ပါအတိုင္း လက္ေဆးနည္းကို သင္ႀကားေပးႏုိင္ပါတယ္ ။

-ေရခပ္ေႏြးေႏြးကေလးနဲ႕ သင့္ကေလး လက္ကို အရင္ေဆးပါ ။

-ဆပ္ျပာကေလးနဲ႕ ေဆးခိုင္းျပီး အျမဳပ္တစီစီ ထတဲ့အထိ လက္ႀကားေတြကို ေသခ်ာ ပြတ္ခိုင္းပါ ။မိဘေတြပါ ကေလးငယ္နဲ႕အတူတူ လုပ္ဖို႕ မေမ့ပါနဲ႕ ။

-သူတို႕ ႏွစ္သက္တဲ့ ေတးသီခ်င္းကေလးေတြကို သီက်ဴးရင္း အေျခခံ လက္ေဆးနည္း အဆင့္မ်ားကို သင္ႀကားေပးပါ ။

-ျပီးရင္ ေရေဆးခ်ပါ ။

-လက္ကို ေျခာက္ေသြ႕ေအာင္ အ၀တ္သန္႕သန္႕နဲ႕ ေသခ်ာ သုတ္ေပးပါ ။

ေခတ္သစ္ဇီဝက

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *