ရေမကြောက်သင့်တဲ့ ရေကျောက်
ရေကျောက်(Chicken Pox) ဆိုတာဟာ Varicella zoster လို့ဆိုတဲ့ ဗိုင်းရပ်ပိုး တစ်မျိုးကြောင့်
ဖြစ်တာပါ။ ပဲသီတာလို့လဲခေါ်ကြပါတယ်။ ဒီရောဂါဟာ ကလေးတွေမှာ အဖြစ်များတယ် ဆိုပေမယ့် နောက်ပိုင်း လူကြီးတွေမှာပါဖြစ်ပွားမှုနှုန်းမြင့်တက်လာပါတယ်။
ရေကျောက်ပေါက်တဲ့အခါ ကလေးတွေဟာ ဖျားနာတတ်ပြီးလကိုယ်လက်မအီမသာနဲ့နုန်းချိနေတတ်ပါတယ်။ ခန္ဓာကိုယ်မှာ အနီစက်အနီကွက်တွေ စတင်ဖြစ်လာပြီး နောက်မကြာမီရက်ပိုင်းအတွင်းမှာ ရေကြည်ဖုများပေါက်လာပြီး ယားယံလာပါတော့တယ်။ အဲဒီရည်ကြည်ဖုလေးတွေဟာ ပဲသီတာအစေ့လေးတွေနဲ့တူတဲ့အတွက် ပဲသီတာလို့ခေါ်တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ပြည်တည်ဖုတွေဖြစ်လာပြီး ရောဂါပျောက်ချင်လာတဲ့အခါမှာတော့ အဖုလေးတွေညိုးလာပြီး အညိုရောင်အကွက်တွေကျန်ခဲ့ပါတယ်။ ဒါပေမယ့် အပေါ်ယံအရေပြားကိုသာထိခိုက်တာဖြစ်တဲ့အတွက် အမာရွတ်မကျန်ခဲ့တာပဲများပါတယ်။
ရေကျောက်ဖြစ်ပွားရင် တစ်ပတ်ဆယ်ရက်အတွင်း အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် အနည်းငယ်မျှသော ကံအကြောင်းမလှဖြစ်သွားရတဲ့ ကလေးငါ်တွေမှာ နောက်ဆက်တွဲအနေနဲ့
- အဆုတ်ရောင်ခြင်း
- ဦးနှောက် နဲ့ အာရုံကြောရောင်ခြင်း
- နှလုံးရောင်ခြင်းများ
- အသည်းရောင်ခြင်း
- ကျောက်ကပ်ရောင်ခြင်း စတဲ့နောက်ဆက်တွဲ ပြသနာရပ်များတွဲလာတတ်ပါတယ်။
ကလေး ရေကျောက်ပေါက်ခဲ့ရင်
- နီးစပ်ရာဆေးခန်းမှာ တိုင်ပင်ကုသပါ။
- အဖျားကြီးပါက အပူကျအောင်ရေချိုးပေးနိုင်ပါတယ်။ လူကြီးများ ရေကျောက်ပေါက်ပါက ရေနိုင်နိုင်ချိုးပေးပါ။
- လေဝင်လေထွက် ကောင်းတဲ့ အခန်းမှာ ထားပါ။ ပေါ့ပါးသောအဝတ်များကိုသာဝတ်ဆင်ပေးပါ။
- ကလေးအယားသက်သာစေရန် လိုးရှင်းလူးပေးနိုင်ပါတယ်။
- ကလေးငယ်များ အလွန်အမင်းကုတ်ဖဲ့ခြင်းမပြုစေရန်သတိပြုပါ။
- အရည်ကြည်ဖုများဟာ ရောဂါပိုးမွှားများပါဝင်တဲ့အတွက် ထိုအဖုမှထွက်လာသောအရည်များဟာ ရောဂါပိုးကူးစက်စေနိုင်ပါတယ်။ ဒီ့အတွက် ကလေးငယ်မသက်သာသေးခင် ကျောင်းသို့မလွှတ်သင့်ပါ။
- ကိုယ်ဝန်ဆောင်မိခင်များကူးစက်ပါက သန္ဓေသားကို ထိခိုက်စေနိုင်တဲ့အတွက် ရေကျောက်ပေါက်သောကလေးငယ်နှင့် အထိအတွေ့မပြုသင့်ပါ။
ကလေးများအားလုံး ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ေရမေၾကာက္သင့္တဲ့ ေရေက်ာက္
ေရေက်ာက္(Chicken Pox) ဆိုတာဟာ Varicella zoster လို႔ဆိုတဲ့ ဗိုင္းရပ္ပိုး တစ္မ်ိဳးေၾကာင့္
ျဖစ္တာပါ။ ပဲသီတာလို႔လဲေခၚၾကပါတယ္။ ဒီေရာဂါဟာ ကေလးေတြမွာ အျဖစ္မ်ားတယ္ ဆိုေပမယ့္ ေနာက္ပိုင္း လူႀကီးေတြမွာပါျဖစ္ပြားမႈႏႈန္းျမင့္တက္လာပါတယ္။
ေရေက်ာက္ေပါက္တဲ့အခါ ကေလးေတြဟာ ဖ်ားနာတတ္ၿပီးလကိုယ္လက္မအီမသာနဲ႔ႏုန္းခ်ိေနတတ္ပါတယ္။ ခႏၶာကိုယ္မွာ အနီစက္အနီကြက္ေတြ စတင္ျဖစ္လာၿပီး ေနာက္မၾကာမီရက္ပိုင္းအတြင္းမွာ ေရၾကည္ဖုမ်ားေပါက္လာၿပီး ယားယံလာပါေတာ့တယ္။ အဲဒီရည္ၾကည္ဖုေလးေတြဟာ ပဲသီတာအေစ့ေလးေတြနဲ႔တူတဲ့အတြက္ ပဲသီတာလို႔ေခၚတာျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ ျပည္တည္ဖုေတြျဖစ္လာၿပီး ေရာဂါေပ်ာက္ခ်င္လာတဲ့အခါမွာေတာ့ အဖုေလးေတြညိဳးလာၿပီး အညိဳေရာင္အကြက္ေတြက်န္ခဲ့ပါတယ္။ ဒါေပမယ့္ အေပၚယံအေရျပားကိုသာထိခိုက္တာျဖစ္တဲ့အတြက္ အမာရြတ္မက်န္ခဲ့တာပဲမ်ားပါတယ္။
ေရေက်ာက္ျဖစ္ပြားရင္ တစ္ပတ္ဆယ္ရက္အတြင္း အလိုလိုေပ်ာက္ကင္းသြားတတ္ပါတယ္။ ဒါေပမယ့္ အနည္းငယ္မ်ွေသာ ကံအေၾကာင္းမလွျဖစ္သြားရတဲ့ ကေလးငၚေတြမွာ ေနာက္ဆက္တြဲအေနနဲ႔
- အဆုတ္ေရာင္ျခင္း
- ဦးေႏွာက္ နဲ႔ အာ႐ုံေၾကာေရာင္ျခင္း
- ႏွလုံးေရာင္ျခင္းမ်ား
- အသည္းေရာင္ျခင္း
- ေက်ာက္ကပ္ေရာင္ျခင္း စတဲ့ေနာက္ဆက္တြဲ ျပသနာရပ္မ်ားတြဲလာတတ္ပါတယ္။
ကေလး ေရေက်ာက္ေပါက္ခဲ့ရင္
- နီးစပ္ရာေဆးခန္းမွာ တိုင္ပင္ကုသပါ။
- အဖ်ားႀကီးပါက အပူက်ေအာင္ေရခ်ိဳးေပးႏိုင္ပါတယ္။ လူႀကီးမ်ား ေရေက်ာက္ေပါက္ပါက ေရႏိုင္ႏိုင္ခ်ိဳးေပးပါ။
- ေလဝင္ေလထြက္ ေကာင္းတဲ့ အခန္းမွာ ထားပါ။ ေပါ့ပါးေသာအဝတ္မ်ားကိုသာဝတ္ဆင္ေပးပါ။
- ကေလးအယားသက္သာေစရန္ လိုး႐ွင္းလူးေပးႏိုင္ပါတယ္။
- ကေလးငယ္မ်ား အလြန္အမင္းကုတ္ဖဲ့ျခင္းမျပဳေစရန္သတိျပဳပါ။
- အရည္ၾကည္ဖုမ်ားဟာ ေရာဂါပိုးမႊားမ်ားပါဝင္တဲ့အတြက္ ထိုအဖုမွထြက္လာေသာအရည္မ်ားဟာ ေရာဂါပိုးကူးစက္ေစႏိုင္ပါတယ္။ ဒီ့အတြက္ ကေလးငယ္မသက္သာေသးခင္ ေက်ာင္းသို႔မလႊတ္သင့္ပါ။
- ကိုယ္ဝန္ေဆာင္မိခင္မ်ားကူးစက္ပါက သေႏၶသားကို ထိခိုက္ေစႏိုင္တဲ့အတြက္ ေရေက်ာက္ေပါက္ေသာကေလးငယ္ႏွင့္ အထိအေတြ႔မျပဳသင့္ပါ။
ကေလးမ်ားအားလံုး က်န္းမာေပ်ာ္ရႊင္ေသာဘဝကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။
ေမတၱာျဖင့္
စိုင္းျမတ္သူ