mydoctor-top-telemedicine
ရေကျောက်ပေါက်ခြင်း
ရေကျောက်ပေါက်တယ်ဆိုတာ… ဗိုင်းရပ်စ်ပိုးတစ်မျိူးကြောင့်ဖြစ်ပြီး ကူးစက်ခံရသူရဲ့ ခန္ဒာကိုယ်တစ်ခုလုံးမှာ ယားတဲ့အကွက်တွေ အနာတွေဖြစ်ပြီး တုပ်ကွေးလို လက္ခဏာမျိူးကိုလည်း ခံစားရလေ့ရှိပါတယ်..။ကလေးငယ်တွေမှာ ပိုပြီးအဖြစ်များပါတယ်…။
ရောဂါလက္ခဏာတွေ
ခန္ဒာကိုယ် ယားယံပြီး အဖုထွက်ခြင်း
အဖျားရှိခြင်း (၁၀၁-၁၀၂ F)
ခေါင်းကိုက်ခြင်း
လည်ချောင်းနာခြင်း
နီရဲယားယံတဲ့ အဖုတွေဟာ ဝမ်းဗိုက် ဒါမှမဟုတ် မျက်နှာကနေစလေ့ရှိပြီး ဦးရေပြား ….. ပါးစပ်..လက်မောင်း..ခြေထောက်နဲ့ လိင်အင်္ဂါအပါအဝင် ခန္ဒာကိုယ် တစ်ခုလုံးကို ပျံ့သွားလေ့ရှိပါတယ်..။ အဖုတွေဟာ အစပိုင်းမှာ သေးငယ်တဲ့ အနီရောင် အဖုတွေဖြစ်ပြီး ခြင်ကိုက်ဖုနဲ့လဲ ဆင်ပါတယ်..။ နှစ်ရက်ကနေ လေးရက်အကြာမှာတော့ အထဲမှာ အရည်ရှိတဲ့ အရည်ကြည်ဖုအဖြစ် ပြောင်းလဲသွားပါတော့တယ်.။ အရည်ကြည်ဖုတွေ ပေါက်သွားတဲ့အခါ အနာဖြစ်ပြီး ခြောက်သွေ့တဲ့အညိုရောင်အဖတ်တွေ အဖြစ် ရောက်ရှိသွားတတ်ပါတယ်.။
ဘာကြောင့်ရေကျောက်ပေါက်သလဲ
Varicella Zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိူးကြောင့်ဖြစ်ပြီး…. ရောဂါကူးစက်ဖြစ်ပွားမှူကို ကာကွယ်ဆေးထိုးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်..။ ရေကျောက်ကာကွယ်ဆေးထိုးထားတဲ့ ကလေးတွေမှာ ရေကျောက်ပေါက်တာရှားပြီး တကယ်လို့ ပေါက်ခဲ့ရင်တောင် ရောဂါက ကာကွယ်ဆေးထိုးမထားသူတွေမှာလောက် ပြင်းထန်ခြင်းမရှိတာကို တွေ့ရပါတယ်..။
ဘယ်လိုကူးစက်သလဲ
ရောဂါပိုးရှိသူက ချောင်းဆိုးတာ… နှာချေတာကနေတဆင့် လေထုထဲကနေ ကူးစက်တတ်သလို ရောဂါပိုးရှိသူရဲ့ ခန္ဒာကိုယ်ကထွက်တဲ့ အကျိအချွဲ… တံတွေး… ဒါမှမဟုတ် အရည်ကြည်ဖုတွေကထွက်တဲ့ အရည်တွေကျု ထိမိရာကတဆင့်လဲ ကူးစက်နိုင်ပါတယ်…။ ကုသမှူ ရေကျောက်ရောဂါဟာ…. ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့… ပိုးသတ်ဆေးနဲ့ကုလို့မရပါဘူး..။ သို့သော် တခါတရံမှာတော့…. ဆရာဝန်က နောက်ဆက်တွဲဘက်တီးရီးယားပိုးဝင်နိုင်ချေရှိရင် ပိုးသတ်ဆေးပေးတတ်ပါတယ်..။ နောက်ဆက်တွဲရောဂါပြင်းထန်နိုင်ချေရှိတဲ့ကလေးတွေမှာဆိုရင်တော့… ဗိုင်းရပ်သတ်ဆေးပေးတတ်ပါတယ်..။
ရောဂါသက်သာအောင် ဘာလုပ်ပေးလို့ရသလဲ
ရေအေးပတ်တိုက်ပါ..။ အဖျားကြီးရင် ရေချိူးပါ..။ ရေချိူးလို့ ရေကျောက်ပိုဆိုးတယ်ဆိုတာ ကောလဟာလသာဖြစ်ပြီး လက်တွေ့မှာ မမှန်ပါဘူး..။ တဘက်သုတ်တဲ့အခါ မပွတ်တိုက်ဘဲ ခပ်ဖွဖွသာ သုတ်ပေးပါ…။ ယားယံမှူကို သက်သာစေဖို့ Calamine လိမ်းဆေးကို လိမ်းပေးပါ…။ ( မျက်နှာနဲ့ မျက်လုံးနေရာကိုတော့ ရှောင်ပါ) သင့်ကလေးငယ်ရဲ့ပါးစပ်ထဲမှာ အရည်ကြည်ဖုတွေပေါက်နေတယ်ဆိုရင်… အပူအစပ်တွေရှောင်ပြီး အေးပြီး ပျော့ပျောင်းအစာကြေလွယ်တဲ့ အစာတွေကျွေးပါ…။ နာကျင်တာနဲ့ ကိုယ်ပူသက်သာစေဖို့ ပါရာစီတမောလို ဆေးမျိူးတိုက်ပေးပါ..။
ဘယ်လိုအခြေအနေမျိူးမှာ ဆေးရုံဆေးခန်းချက်ချင်းသွားဖို့လိုမလဲ
အပူချိန် ၁၀၂ F ထက်ဖျားရင် ဒါမှမဟုတ် အဖျားလေးရက်ကျော်ရင် ချောင်းအရမ်းဆိုးရင် ဒါမှမဟုတ် အသက်ရှူရခက်ရင် အနာတွေက အလွန်အမင်းနီရဲ ရောင်ယမ်းရင် ဒါမှမဟုတ် ပြည်ထွက်ရင် အပြင်းအထန်ခေါင်းကိုက်ရင်… အာရုံထွေပြားတာမျိူးဖြစ်လာရင် အလွန်အမင်းမှိန်းရင်…. ကလေးကို နှိူးရခက်နေရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်….။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
https://kidshealth.org/en/parents/chicken-pox.html
ရေကျောက်ပေါက်ခြင်း
ရောဂါလက္ခဏာတွေ
ခေါင်းကိုက်ခြင်း
လည်ချောင်းနာခြင်း
ဘယ်လိုကူးစက်သလဲ
ဘယ်လိုအခြေအနေမျိုးမှာ ဆေးရုံဆေးခန်းချက်ချင်းသွားဖို့လိုမလဲ
အပူချိန် ၁၀၂ F ထက်ဖျားရင် ဒါမှမဟုတ် အဖျားလေးရက်ကျော်ရင် ချောင်းအရမ်းဆိုးရင် ဒါမှမဟုတ် အသက်ရှူရခက်ရင် အနာတွေက အလွန်အမင်းနီရဲ ရောင်ယမ်းရင် ဒါမှမဟုတ် ပြည်ထွက်ရင် အပြင်းအထန်ခေါင်းကိုက်ရင်… အာရုံထွေပြားတာမျိုးဖြစ်လာရင် အလွန်အမင်းမှိန်းရင်…. ကလေးကို နှိုးရခက်နေရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်….။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ
Why do bones and joints make noises every time they move?
1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ
ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ
1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…
Leave a Reply
Your email address will not be published. Required fields are marked *