အဆိပ်နှင့်မကင်းကြသူများ
အစာစားရင် သတိထားနော်။ ဒီငှက်ပျောသီးကို ကြည့်ပါလား။ ဆေးထိုးပြီးမှ မှည့်အောင် လုပ်ထားတာ။ အရောင်က လိုတာထက်ပိုပြီး ဝါနေတယ် ဖျော်ရည်တွေ အအေးဘူးတွေ မသောက်နဲ့နော်၊ ဆေးသကြားတွေ၊ ဆိုးဆေးတွေနဲ့ လေမှုတ်ထုပ် မုန့်တွေက ဘာတွေပါလဲ မသိဘူး။မလတ်ဆတ်ဘူးထင်တယ် ဟင်းရွက်တွေ ရေစင်စင်ဆေးပြီးမှ စားနော်။ ပိုးသက်ဆေးတွေကြောင့် အစာအဆိပ် ဖြစ်လို့တဲ့ စသဖြင့် စသဖြင့် အစားအသောက်မီးလိုတောက် ၍မရလောက်အောင်ပင် အန္တရယ်ကင်း ဘေးရှင်းပါသည်ဟူသော အစားအစာ ရှားပါးလှလေစွ။

သို့ဆိုလျှင် ဘာကိုများ စားသောက်ရမည်နည်း။ အစာမစာပဲ နေရတော့မည်လား။ နေ၍မရပါ။

ဒါဆိုရင် ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်ဘယ်မှာ ရှာရမှာလဲ ဟုမေးလျှင် မိုင်ပေါင်းကု ဋေရှာဖွေတော်လည်း အမောသာအဖတ်တင်မည်ဟု ဆိုရလောက်အောင် ရှားပါးပစ္စည်းဖြစ်နေပြီဟု ဆိုလျှင် ပိုလွန်းနေပြီလား။ သြော်….ခက်လှပါပြီ။

တိုးတက်လာပြီဟု အဆိုရှိသော ခေတ်ကြီး။လူတို့ဤ စားသောက်နေထိုင်သည့် ပုံစံဤ ပြောင်း လဲမှုကြီး။ ရှေးခေတ်နှင့်လွန်စွာ ကွာခြားသွားလေပြီ။ အကောင်းဘက်ကို ဦးတည်နေသ လား၊ သို့မဟုတ် မကောင်းသည့်ဘက်ကို ရှေးရှုနေသည်လား မဝေခွဲတတ်တော့ပါ။

မစားလည်းဘဲ နေ၍မရပေ။ ထမင်းအသက် ခုနစ်ရက်ဟု ဆိုထားသည်မဟုတ်ပါလား။ မ သောက်ဘဲနေ၍ရော ရပါသလား။ ပို၍ပင် မရပါ။ ရေအသက်တစ်မနက်သာလျှင် ဖြစ်ချေတော့ သည်။

သို့ဆိုလျှင် အစားအစာလည်း စားရမည်၊ ရေ၊ အရည်တို့ကိုလည်း သောက်ရမည်။ ပါစပ်အ တွင်းသို့ အစာရေစာဝင်တိုင်းဝင်တိုင်း အဆိပ်တွေ ဝင်နေေနေပြီဟုသာ မှတ်သားရမည်လေ။ အ ဆိပ်နှင့် ကင်းသူကို ရှာဖွေရပါလျှင် လူ့ပြည်မှ အပ်တစ်စင်းနှင့် ဗြဟ္မာပြည်မှ အပိတစ်စင်းထိဖို့ကမှ ပို၍ လွယ်ကူပါလိမ့်မည်။ အဆိပ်နှင့်ကင်းသူ မဟာကံထူးရှင်ကို ရှာရန်မှာ သာ၍ပင် ခက်ခဲမည်သာ ဖြစ်ပါသည်။

တရားခံဘယ်သူလဲ
ထိုမေးခွန်းကိုဖြေရန်မှာ လွန်စွာ ခက်ခဲပါသည်။ ခေတ်ရေစီးကြောင်းကို အပြစ်တင်ရလေမည် လေမည်လား။ ပတ်ဝန်းကျင်ကိုပင် တရားခံဟုစွပ်စွဲရလေမည်လား။ ခေတ်သစ်အစားအသောက် ထုတ်လုပ်ပြင်ဆင်မှုနည်းစနစ်သည် ကင်ဆာရောဂါနှင့် ဟိုမုန်းထုတ်မှုဂလင်းများ ယိုယွင်းပျက်စီး သောရောဂါ (ဥပမာ-ဆီးချိုရောဂါ)တို့ကို ဖြစ်ပေါ်စေရန် အထောက်အကူလွန်စွာပြုနေသည်ကို တွေ့ရှိရပါသည်။

ရှေးခေတ်လူကြီးများသည် ဤအဖြစ်ဆိုးများနှင့်ကြုံတွေ့ရခြင်းမရှိပေ။ အကြောင်းမှာ ဓာတုပစ္စည်းတို့နှင့် နှီးနွယ်သော အစားအရည်များ၊ ဓာတုပစ္စည်းတို့နှင့် မွမ်းမံသော မီးဖိုချောင်သုံး ပစ္စည်းကိရိယာများ၊ စားသောက်ရာတွင် ရွေးချယ်စားသောက်သော အစားအစာများ၊ ချက်ပြုတ်ပုံ ချက် ချက်ပြုတ်နည်းများစသည်တို့သည် အဆိပ်၏ နောက်ဆက်တွဲပြဿနာများ နည်းပါးသော ကြောင့် ဖြစ်ပါသည်။

လွန်စွာလတ်ဆတ်၍ ဓာတုပစ္စည်းများကင်းစင်သော အစားအစာများကို မှီဝဲသုံးဆောင်ကြ ပြီး စားသောက်ချိန်မှန်ကန်ခြင်း၊ စားသောက်နေကျ အစားအစာမှလွဲ၍ ဆန်းပြားသော အစားအ သောက်များကိုလည်း ကျက်အောင်ချက်ပြုတ်၍ စားသောက်လေ့ရှိကြသဖြင့် ပိုးများပါရှိလျှင် ပိုးများ သေသွားပြီဖြစ်ပါသည်။

ဤတိုးတက်သော ခေတ်ကြီးတွင်မူကား အသားများ၊ တိရစ္ဆာန်ထွက်ကုန်များကို လူတို့စား သုံးရာ၌ တိရစ္ဆာန်များ၏ ကျန်သောအကြွင်းအကျန်များဖြစ်သည့် ဟိုမုန်းများ၊ ပိုးသတ်ဆေးများ၊ အညစ်အကြေးများကို စားနေရခြင်းသာလျှင်ဖြစ်ပါတော့သည်။

အစားအစာ၊ ရေ၊ အရည်များကိုသာ ကြည့်ရှုရခြင်းမဟုတ်ပေ။ ထိုစားသောက်ဖွယ်ရာများ ကို ထည့်သော၊ ချက်ပြုတ်သော၊ သိုလှောင်သော မီးဖိုချောင်ပစ္စည်းများကိုလည်း ထည့်သွင်းစဉ်း စားရပါသည်။ အဆိပ်သင့်စေသော ဓာတ်ပြောင်းလဲမှုများကြောင့် Bisphenol (BPA), Styrene, Vinyl Chloride တို့ဖြစ်ပေါ်လာပါသည်။ ထိုဓာတ်တို့ထွက်ပေါ်လာပြီး အစားအသောက်ခံတွင်းပျက် စေခြင်း၊ အဆိပ်သင့်စေခြင်းတို့ဖြစ်ပေါ်လာစေပါသည်။

သို့ဆိုလျှင် တရားခံသည် ပြောင်းလဲတိုးတက်လာသော နေထိုင်စားသောက်မှုပုံစနစ်ပင်ဖြစ် လေသလော။ စားသောက်ကုန်ထုတ်လုပ်သူတို့၏ နည်းစနစ်များသည် အန္တရာယ်ကိုလက်ယပ်ခေါ် နေကြ၍လော။ စားသုံးသူတို့သည် အစားအသောက်ကို ပို၍မက်မောလာ၍လော။ မှန်းဆရန် ခက်ပါဘိ။

အဆိပ်နမူနာလေးများ
Bisphenol (BPA) သည် ပြန်လည်၍ အသုံးပြုနိုင်သော ပလပ်စတစ်အိတ်များ၊ အစာထည့် သော သံဘူးများ စသည်တို့ပါဝင်ပါသည်။ သုတေသနများမှ တွေ့ရှိချက်အရ ထိုဓာတုပစ္စည်းသည် ရင်သားကင်ဆာဖြင့် ဆက်စပ်နေပြီး ကင်ဆာကုထုံးဆေးများ၏ အာနိသင်ကိုလည်း နှောင့်ယှက် ဖျက်ဆီးနိုင်ပါသည်။

Phthalates တို့သည်လည်း အစာထည့်သော ပလပ်စတစ်အိတ်၊ ပလတ်စတစ်ဘူးများတွင် ပါဝင်ပြီး ဟိုမုန်းထုတ်လုပ်သော ဂလင်းများ၏ လုပ်ငန်းကိုယိုယွင်းစေပါသည်။ ထိုယိုယွင်းမှု၏ နောက်ဆက်တွဲကား မိန်းကလေးများတွင် စောစီးစွာ အပျိုဖော်ဝင်စေပြီး အသက်ကြီးလာလျှင် ရင်သားကင်ဆာဖြစ်စေနိုင်ပါသည်။

ပိုးသတ်ဆေးအချို့မှာမူကား ဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင် အသုံးပြုထားပြီး ထိုဟင်း သီးဟင်းရွက်စိုက်ပျိုးရာတွင် အသုံးပြုထားပြီး ထိုဟင်းသီးဟင်းရွက်များမှတစ်ဆင့် လူ၏ကိုယ်ခန္ဓာ အတွင်း သက်ဆင်းရောက်ရှိလာပြီး လူသာမက တိရစ္ဆာန်များတွင်လည်း ကင်ဆာရောဂါကို ဖြစ်စေ နိုင်ပါသည်။ ရေရရှိရေးအတွက် အသုံးပြုသောစနစ်များ၊ အိမ်တွင်းလေထုနှင့် ဖုန်မှုန့်များတွင်လည်း ထိုဓာတုပစ္စည်းတို့ကို တွေ့ရှိနိုင်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာလုပ်သားများနှင့် လွန်စွာရင်းနှီးသော ဓာတုပစ္စည်းဖြစ်ပြီး လူသားနှင့်ကြွက်များတွင် ရင်သားကင်ဆာဖြစ်နိုင်ကြောင်းတွေ့ရှိထားပါသည်။

Zeranol ဟူသော ဓာတုပစ္စည်းသည် အနောက်နိုင်ငံများ၌ အမဲသားစက်ရုံများတွင် အသုံး ပြုလေ့ရှိကြပါသည်။ ဟိုမုန်းတစ်မျိုး၏ အာနိသင်နှင့်ဆင်ဆင်တူပြီး ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းတိုး တက်လာခြင်း၏အကြောင်းဖြစ်ကြောင်း သုတေသနစာတမ်းများတွင် တွေ့ရှိရပါသည်။

Styrene သည် ပေါ်လီအက်စ်တာဓာတ်ပေါင်းပစ္စည်းတစ်ခုဖြစ်ပြီး အစားအစာထည့်သော လင်ဗန်းများ၊ ကြက်ဥထည့်သောဘူးများ၊ တစ်ခါသုံးခွက်များ၊ အစာသယ်ဆောင်သောပုံးများတွင် ပါရှိပြီး အပူနှင့်တွေ့လျှင် ဓာတုတုံ့ပြန်မှုများဖြစ်ပြီး ရင်သားကင်ဆာကို ဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိ ရပါသည်။

Vinyl Chlorid သည် အစာသယ်ဆောင်ထုပ်ပိုးသော အိတ်များတွင်ပါရှိပြီး လေထုတွင် လည်းကောင်း၊ ပျံ့နှံ့စိမ့်ဝင်သွားတတ်ပါသည်။ လူသားတို့၏ ကင်ဆာရောဂါကို ဖြစ်ပွားစေသော ဓာတုပစ္စည်းပင်ဖြစ်ပါသည်။ ရင်သားနှင့်အသည်းကင်ဆာဖြစ်နှုန်းနှင့် သေဆုံးနှုန်းကို မြင့်တက်စေ သည်သာမက ထိုဓာတုပစ္စည်းကို ကိုင်တွယ်ထိတွေ့ရသော လုပ်သားများသည် အန္တရာယ်နှင့် အနီးကပ်ဆုံးသူများသာဖြစ်ပါတော့သည်။

Phytoestrogen များသည် ပဲပုပ်လုပ်ငန်းများတွင် တွေ့ရှိရသော ဓာတုပစ္စည်းဖြစ်ပါသည်။ အာဟာရနှင့်ပတ်သက်၍ အကျိုးရှိသည့် ပစ္စည်းအဖြစ် သိပ္ပံပညာရှင်များ တွေ့ရှိထားပါသည်။ အချို့ ပညာရှင်များကလည်း အပျိုဖော်ဝင်ပြီးမိန်းကလေးများတွင် ရင်သားကင်ဆာဖြစ်နှုန်းကိုပင် လျော့ ကျစေသည်ဟု ဆိုကြပြန်ပါသည်။ သို့ရာတွင် အချို့ပညာရှင်များ၏တွေ့ရှိချက်အရ ကင်ဆာဆေး များ၏ အာနိသင်ကိုပျက်စီးစေသည်ဟူ၍လည်း သုံးသပ်ကြပြန်ပါသည်။

စည်သွတ်ဘူးများအတွင်းမှ အစာများ
အစာများကြာရှည်ခံအောင် ဓာတုပစ္စည်းများဖြင့် စီမံပြီး သံဘူးများ၊ ပုလင်းများ၊ ပလပ်စတစ်ဘူးများအတွင်းသို့ သွတ်သွင်းကြပါသည်။ အခြေခံစားကုန်များဖြစ်သော ဆန်၊ ပဲ အမျိုးမျိုး စသည်တို့ကိုပင် အမှုန့်အသွင်ပြောင်း၍ ထိုဘူးများတွင် သွတ်သွင်းကြပြန်ပါသည်။

ထိုအစာများကို ချက်ပြုတ်လိုက်သောအခါပို၍ သေးငယ်သော အဏုမြူလေးများအဖြစ် အစာလမ်းကြောင်းအတွင်းတွင် တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာပါသည်။ ချက်ပြုတ်ပြီး အတန် ကြာမစားသေးဘဲ ဆက်လက်ထားရှီပါက ရောဂါပိုးများသည် ထိုအစားအတွင်းဝင်ရောက်၍ သဘာဝအလျှောက် မဟုတ်တော့ဘဲ တာရှည်ခံအောင် ပြုလုပ်ထားသော ထိုသေးငယ်သည့် အစာ အဏုမြူများနှင့် ဓာတ်တုံ့ပြန်မှုများပြုလုပ်ကြပါတော့သည်။

ထိုအစာကို တစ်ဖန်ပြန်၍ နွှေးပါက အစာရော ရောဂါပိုးပါ ပူနွေးလာပြီး ဓာတုပစ္စည်းများကို ထုတ်လုပ်ကြပါတော့သည်။ ယင်းဓာတုပစ္စည်းများသည် အဆိပ်များပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ပြန်နွှေးသော အစားအစာများကို သတိထား၍စားရမည်ဖြစ်ပါသည်။ အကြောင်းမှာ ပြန်၍နွှေးခြင်း မပြုမီကပင် ရောဂါပိုးများအစာအတွင်းဝင်ရောက်ပြီးဖြစ်နေသောကြောင့် ဖြစ်ပါသည်။

သို့ဖြစ်၍ အစာကြွင်းများ၊ ကြာကြာခံစေရန် ပြုလုပ်ထားသောအစာများသည် အဆိပ်အ တောက်ကိုဖြစ်စေသော အကြောင်းပစ္စည်းများဖြစ်ကြောင်းသတိပြုရမည်ဖြစ်ပါသည်။ ပြန်နွှေးသော အစာများသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် အစာများသည် ကျန်းမာ ရေးအတွက် မသင့်လျော်သော အစာများဟူ၍သာ သတ်မှတ်ရမည်ဖြစ်ပါသည်။

အငွေ့ပြန်သော ဓာတုပစ္စည်းများ
အငွေ့ပြန်သော ဓာတုပစ္စည်းများသည် ဆေးလိပ်၊ စီးကရက်လုပ်ငန်း၊ အချိုရည်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်းများနှင့် ဆက်စပ်နေပါသည်။ ဥပမာ – ပရုတ်၊ ကြက်သွန်အမှုန့်၊ ဂရစ်စလင်း၊ ပူရှိန်း အမှုန့်စသည်တို့၏ အန္တရာယ်သည်လည်း လေထဲတွင်ပျံ့နှံ့နေပါသည်။ အချိုးအဆ၊ ထုပ်ပိုးမှု၊ အရည်အသွေးစသည်တို့ မှန်ကန်ပါက အန္တရာယ်မရှိပေ။

ကိုယ်ဝန်ဆောင်နှင့် ကဖင်း (Caffeine)
ကဖင်းသည် အစားအစာများစွာတွင် ပါဝင်သော ဓာတ်ပစ္စည်းများပင်ဖြစ်ပါသည်။ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ချောကလက်၊ ဆေးအချို့တို့တွင် အထူးသဖြင့်ပါဝင်ပါသည်။ လူ၏စိတ် ကို တက်ကြွလန်းဆန်းစေသော ဓာတုပစ္စည်းပင်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်များ၊ ကိုယ်ဝန်ဆောင် ရန် စီမံကိန်းချထားသူများသည် ကော်ဖီကို တစ်နေ့တစ်ခွက်ထက်ပို၍မသောက်သင့်ပေ။ တစ်ခွက် ဆိုလျှင် ကဖင်း ၂၀၀ မီလီဂရမ်ခန့် ပါရှိပြီး ထိုပမာဏထက်ပို၍ မသောက်လျှင် အန္တရာယ်ကင်းပါ သည်။

ကဖင်းသည် လူကိုနိုးကြားစေပါသည်။ လူ၏သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း၊ ဆီးသွားနှုန်းတို့ ကို မြင့်တက်စေပါသည်။ အချို့သူများတွင် အာရုံစူးစိုက်မှုနည်းခြင်း၊ မငြိမ်သက်ခြင်းတို့ကို ဖြစ်ပေါ် စေပါသည်။

နို့တိုက်မိခင်များအနေဖြင့် ကဖင်းပါဝင်သော အစာအရည်များကို စားသုံးလိုပါက အနည်း ငယ်သော ပမာဏကိုသာ စားသုံးသင့်ပါသည်။ အကြောင်းမှာ အနည်းငယ်သော ပမာဏမျှရှိသော ကဖင်းသည်ပင်လျှင် မိခင်နို့အတွင်းပါရှိသွားနိုင်သောကြောင့်ပင် ဖြစ်ပါသည်။ နို့တိုက်မိခင်တစ်ဦး သည် တစ်နေ့လျှင် ကော်ဖီခွက် ၂ ခွက်မှ ၃ ခွက်သောက်လျှင် နို့စို့ကလေးငယ်သည် ဂနာမငြိမ် ခြင်း၊ အိပ်စက်ရာတွင် အနှောင့်အယှက်ဖြစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်၍ မိခင်သည် ပမာဏအနည်းဆုံးသော ကော်ဖီကိုသာ ဆင်ခြင်၍ သောက်သုံးသင့်ပါသည်။

ကော်ဖီမှုန့်ကို ဖျော်သောက်လျှင် ကော်ဖီမစ်ထုပ်ဖျော်သောက်ခြင်းထက် ကဖင်းပမာဏ နှစ်ဆနီးပါး ပို၍ပါဝင်ကြောင်း သတိပြုရပါမည်။ လက်ဖက်ရည်လည်း ထိုနည်းလည်းကောင်းပင်။ အချိုခြောက်ကို ဖျော်သောက်လျှင် တီးမစ်ထုပ်ထက် ကဖင်းနှစ်ဆခန့်ပို၍ ပါဝင်ပါသည်။ ချောက လက်၊ ကိုကိုးစသည်တို့တွင် ပါဝင်သော ကဖင်းပမာဏသည် ကော်ဖီထက်လွန်စွာနည်းပါးသည်။ ကိုကာကိုလာကဲ့သို့သောအချိုရည်ဘူးများတွင် ပါဝင်သော ကဖင်းသည်လည်း ကော်ဖီမှုန့်တွင် ပါဝင်သော ပမာဏ၏ လေးပုံတစ်ပုံခန့်သာရှိပါသည်။

ဆေးအချို့တွင်လည်း ကဖင်းပါရှိပါသည်။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေး၊ အအေး မိနှာစေးပျောက်ဆေး စသည်တို့တွင် အထူးသဖြင့်ပါရှိပါသည်။ ချောင်းဆိုးပျောက်ဆေးရည် အချို့ တွင်လည်း ပါရှိပါသည်။

ဆေးမြစ်အချို့၊ အထူးသဖြင့် လက်ဖက်စိမ်းမှ ထုတ်လုပ်သော ဆေးများတွင်လည်း ကဖင်းပါရှီပြီး ဆေးမြစ်များမှ ထုတ်လုပ်သောပစ္စည်းများ၏ ကဖင်းပါဝင်နှုန်းသည် ကော်ဖီတွင်ပါဝင် နှုန်းထက် မလျော့သောကြောင့် အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များသတိထား၍ စားသုံးရမည် ဖြစ်ပါသည်။

ကိန်မုန့်နှင့် ဆိုးဆေး
အနီရောင် ဆိုးဆေးနှင့် ကိတ်မုန့် နူးညံ့စေရန် စွမ်းဆောင်ပေးသော ဓာတုပစ္စည်းတို့ မပါဝင် လျှင် အရသာရှိသော ကိတ်မုန့်ဖုတ်၍ မရပေ။ အမြင်ရူပါရုံသည်လည်း ဆွဲဆောင်မှုရှိရမည်ဖြစ်ပြီး နူးညံ့သော အတွေ့အထိအာရုံနှင့် လွန်စွာဆွဲဆောင်မှုရှိသော ရသာရုံကို ခံစားရရှိနိုင်စေရန် ထိုဓာတုပစ္စည်းများသည် အဓိကမဟာစွမ်းဆောင်ရှင်တို့ပင်ဖြစ်ကြပါသည်။ ဤသည်မှာ ကိတ်မုန့် ဖုတ်ခြင်း၏ ရှေးရိုးဓမ္မတာနည်းတွင် ပါဝင်သောဇာတ်လိုက်ကြီးများ၏ အကြောင်းပင် ဖြစ်ပါသည်။

ယနေ့ခေတ်သစ်မုန့်ဖုတ်သူများကား ၁၉၀၀ ခုနှစ်နောက်ပိုင်းမှ အစပြု၍ နီစွေးစွေးအဆင်း ကိုရရှိစေရန် အနီရောင်ဆိုးဆေးအစား သဘာဝကိုကိုးမှုန့်နှင့် ရှာလကာရည်(သို့မဟုတ်) အက်ဆစ် ပါသော နို့ထောပတ်တို့ကို ရောနှောဓာတ်ပြုစေပါသည်။ သဘာဝကိုကိုးအမှုန့်တွင် ပါဝင်သော Anthocyanins ဓာတ်သည် အက်စစ်နှင့် တွေ့ထိသောအခါ နီစွေးစွေးအဆင်းကို ပေးဆောင်ပါ သည်။ အက်စစ်မီဒီယာ၌ မဟုတ်ပဲ အယ်လ်ကာလီ (Alkali) မီဒီယာတွင် ဝါစိမ်းစိမ်းအရောင်ရှိပြီး ပုံမှန်မီဒီယာတွင် ခရမ်းရောင်ရှိတတ်ပါသည်။

ယခုနောက်ပိုင်းတွင် သဘာဝကိုကိုးအမှုန့်အစား အယ်လ်ကာလီကိုကိုးမှုန့်ကိုအသုံးပြုလာ ကြပါသည်။ သို့ဖြစ်၍ ကိတ်မုန့်၏အရောင်သည် ဝါညိုညိုအရောင်ကို ဆောင်ပါတော့သည်။ သို့ သော် “အနီရောင်” ဟုအသုံးများသော်လည်း ပုံမှန်အားဖြင့် ညိုတိုတိုအရောင်သာထွက်၍ နေပါ သည်။
အနီရောင်ရရန် အခြားနည်းများ

ဥနီသီးများသုံးခြင်းဖြင့်လည်း အနီရောင်အဆင်းကို ရရှိစေပြီး အာဟာရဓာတ်နှင့် စိုစွတ်မှုတို့ လည်း ပြည့်စုံစေပါသည်။ လိမ္မော်ရည်၊ ထောပတ်နို့၊ ရှာလကာရည်တစ်ခုခုဖြင့် ပေါင်းစပ်ခြင်းကို ပြု လေ့ရှိကြပါသည်။

မည်သို့ပင်ဖြစ်စေ အနီရောင်အဆင်းကို ရရှိရန်ပြုလုပ်သော ဆိုးဆေးများကို မုန့်ဖုတ်သူများ သုံးစွဲရာ၌ အန္တရယ်အနည်းဆုံးသော ဓာတုပစ္စည်းများကို သုံးစွဲသင့်ပါသည်။ အချို့သူတို့က အနီ ရောင်အဆင်းရရှိရန် ဓာတ်ဆီမှထွက်သော ဓာတ်ပစ္စည်းများ အသုံးပြုကြသည်ကိုလည်း တွေ့ရှိရပါ သည်။
အရောင်ပေါ်တွင်မူတည်၍

စိမ်းသောအရောင်အဆင်းရှိသော အစားအစာအရည်များသည် ကျန်းမာရေးအတွက် ကောင်းမွန်သော ရွေးချယ်မှုပင်ဖြစ်ပါသည်။ လိုအပ်သော အာဟာရဓာတ်များရရှိရန် အကောင်းဆုံး အစားအစာများဖြစ်ပြီး အဆီ၊ အငန်၊ သကြားဓာတ်တို့ ပါဝင်မှုနည်းပါးပါသည်။

အဝါရောင်၊ ပန်းနုရောင် အစာအရည်များသည် အလယ်အလတ်ကောင်းမွန်သော အာဟာ ရဓာတ်များကို ရရှိစေပါသည်။ အလယ်လတ်ပမာဏရှိသော အဆီ၊ အငန်၊ သကြားဓာတ်များ ပါဝင် သဖြင့် များပြားစွာ စားသုံးမိပါလျှင် အင်အားဓာတ်လွန်ကဲစွာ ရရှိနေပါလိမ့်မည်။

အနီရောင် အစာအရည်များသည် ကျန်းမာရေးနှင့် မညီညွတ်ဆုံးသော ရွေးချယ်မှုပင်ဖြစ်ပါ သည်။ အဆီ၊ အငန်၊ သကြားဓာတ်များလည်း လွန်ကဲစွာပါဝင်ပါသည်။
အဆိပ်၏ အသွင်ပျောက်ဆုံးရန်

ကျန်းမာခြင်းနှင့် ညီညွတ်သော အာဟာရဆိုသည်မှာ အသီးအရွက်များ ပို၍စားသုံးပြီး အငန်လွန်ကဲသော၊ အဆီများသော၊ အချိုလွန်ကဲသော အစာများရှောင်ရန်ပင်ဖြစ်ပါသည်။

သို့ဖြစ်၍ တတ်အားသမျှ အဆိပ်၏အသွင်ပျောက်ဆုံးရန် မိသားစုအစားအစာကို အောက်ပါ အချက်အလက်များဖြင့် ပြုပြင်ဆောင်ရွက်ရန် ဖြစ်ပါသည်။

အစာရည်တို့ကို ပလပ်စတစ်အိတ်၊ ပလပ်စတစ်ဘူး၊ ပလပ်စတစ်ခွက်တို့ဖြင့် မထည့်ဘဲ စတီးသို့မဟုတ် ဖန်ခွက်၊ ပန်းကန်တို့ဖြင့် ထည့်ပါ။

လတ်ဆတ်သော အစားအစာများကို မသုံးစွဲသော စားသောက်ဆိုင်များတွင် စားသုံးခြင်းကို ရှောင်ကြဉ်ပါ။ တတ်နိုင်သမျှ အပြင်ထွက်၍ စားသောက်ခြင်းကို လျှော့ပါ။

စည်သွတ်ဘူး၊ ပုလင်းများတွင် ကြာကြာခံအောင် စိမ်၍ထည့်ထားသော အစာအရည်များ ကို ရှောင်ကြဉ်ပါ။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို ပိုမိုအလေးထား၍ စားသုံးပါ။

သက်ရှိသတ္တဝါများအားလုံး အဆိပ်နှင့်ကင်းသော အစာအရည်များကိုသာ စားသုံးနိုင်ကြပါ စေ။

စေတနာအနန္တဖြင့်

ဒေါက်တာယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်ကြီး)

အဆိပ္ႏွင့္မကင္းၾကသူမ်ား
အစာစားရင္ သတိထားေနာ္။ ဒီငွက္ေပ်ာသီးကို ၾကည့္ပါလား။ ေဆးထိုးၿပီးမွ မွည့္ေအာင္ လုပ္ထားတာ။ အေရာင္က လိုတာထက္ပိုၿပီး ၀ါေနတယ္ ေဖ်ာ္ရည္ေတြ အေအးဘူးေတြ မေသာက္နဲ႔ေနာ္၊ ေဆးသၾကားေတြ၊ ဆိုးေဆးေတြနဲ႔ ေလမႈတ္ထုပ္ မုန္႔ေတြက ဘာေတြပါလဲ မသိဘူး။မလတ္ဆတ္ဘူးထင္တယ္ ဟင္းရြက္ေတြ ေရစင္စင္ေဆးၿပီးမွ စားေနာ္။ ပိုးသက္ေဆးေတြေၾကာင့္ အစာအဆိပ္ ျဖစ္လို႔တဲ့ စသျဖင့္ စသျဖင့္ အစားအေသာက္မီးလိုေတာက္ ၍မရေလာက္ေအာင္ပင္ အႏၱရယ္ကင္း ေဘးရွင္းပါသည္ဟူေသာ အစားအစာ ရွားပါးလွေလစြ။

သို႔ဆိုလွ်င္ ဘာကိုမ်ား စားေသာက္ရမည္နည္း။ အစာမစာပဲ ေနရေတာ့မည္လား။ ေန၍မရပါ။

ဒါဆိုရင္ က်န္းမာေရးနဲ႔ညီတဲ့ အစားအေသာက္ဘယ္မွာ ရွာရမွာလဲ ဟုေမးလွ်င္ မိုင္ေပါင္းကု ေဋရွာေဖြေတာ္လည္း အေမာသာအဖတ္တင္မည္ဟု ဆိုရေလာက္ေအာင္ ရွားပါးပစၥည္းျဖစ္ေနၿပီဟု ဆိုလွ်င္ ပိုလြန္းေနၿပီလား။ ေၾသာ္….ခက္လွပါၿပီ။

တိုးတက္လာၿပီဟု အဆိုရွိေသာ ေခတ္ႀကီး။လူတို႔ဤ စားေသာက္ေနထိုင္သည့္ ပုံစံဤ ေျပာင္း လဲမႈႀကီး။ ေရွးေခတ္ႏွင့္လြန္စြာ ကြာျခားသြားေလၿပီ။ အေကာင္းဘက္ကို ဦးတည္ေနသ လား၊ သို႔မဟုတ္ မေကာင္းသည့္ဘက္ကို ေရွးရႈေနသည္လား မေ၀ခြဲတတ္ေတာ့ပါ။

မစားလည္းဘဲ ေန၍မရေပ။ ထမင္းအသက္ ခုနစ္ရက္ဟု ဆိုထားသည္မဟုတ္ပါလား။ မ ေသာက္ဘဲေန၍ေရာ ရပါသလား။ ပို၍ပင္ မရပါ။ ေရအသက္တစ္မနက္သာလွ်င္ ျဖစ္ေခ်ေတာ့ သည္။

သို႔ဆိုလွ်င္ အစားအစာလည္း စားရမည္၊ ေရ၊ အရည္တို႔ကိုလည္း ေသာက္ရမည္။ ပါစပ္အ တြင္းသို႔ အစာေရစာ၀င္တိုင္း၀င္တိုင္း အဆိပ္ေတြ ၀င္ေနေေနၿပီဟုသာ မွတ္သားရမည္ေလ။ အ ဆိပ္ႏွင့္ ကင္းသူကို ရွာေဖြရပါလွ်င္ လူ႔ျပည္မွ အပ္တစ္စင္းႏွင့္ ျဗဟၼာျပည္မွ အပိတစ္စင္းထိဖို႔ကမွ ပို၍ လြယ္ကူပါလိမ့္မည္။ အဆိပ္ႏွင့္ကင္းသူ မဟာကံထူးရွင္ကို ရွာရန္မွာ သာ၍ပင္ ခက္ခဲမည္သာ ျဖစ္ပါသည္။

တရားခံဘယ္သူလဲ
ထိုေမးခြန္းကိုေျဖရန္မွာ လြန္စြာ ခက္ခဲပါသည္။ ေခတ္ေရစီးေၾကာင္းကို အျပစ္တင္ရေလမည္ ေလမည္လား။ ပတ္၀န္းက်င္ကိုပင္ တရားခံဟုစြပ္စြဲရေလမည္လား။ ေခတ္သစ္အစားအေသာက္ ထုတ္လုပ္ျပင္ဆင္မႈနည္းစနစ္သည္ ကင္ဆာေရာဂါႏွင့္ ဟိုမုန္းထုတ္မႈဂလင္းမ်ား ယိုယြင္းပ်က္စီး ေသာေရာဂါ (ဥပမာ-ဆီးခ်ိဳေရာဂါ)တို႔ကို ျဖစ္ေပၚေစရန္ အေထာက္အကူလြန္စြာျပဳေနသည္ကို ေတြ႔ရွိရပါသည္။

ေရွးေခတ္လူႀကီးမ်ားသည္ ဤအျဖစ္ဆိုးမ်ားႏွင့္ႀကံဳေတြ႔ရျခင္းမရွိေပ။ အေၾကာင္းမွာ ဓာတုပစၥည္းတို႔ႏွင့္ ႏွီးႏြယ္ေသာ အစားအရည္မ်ား၊ ဓာတုပစၥည္းတို႔ႏွင့္ မြမ္းမံေသာ မီးဖိုေခ်ာင္သံုး ပစၥည္းကိရိယာမ်ား၊ စားေသာက္ရာတြင္ ေရြးခ်ယ္စားေသာက္ေသာ အစားအစာမ်ား၊ ခ်က္ျပဳတ္ပံု ခ်က္ ခ်က္ျပဳတ္နည္းမ်ားစသည္တို႔သည္ အဆိပ္၏ ေနာက္ဆက္တြဲျပႆနာမ်ား နည္းပါးေသာ ေၾကာင့္ ျဖစ္ပါသည္။

လြန္စြာလတ္ဆတ္၍ ဓာတုပစၥည္းမ်ားကင္းစင္ေသာ အစားအစာမ်ားကို မွီ၀ဲသံုးေဆာင္ၾက ၿပီး စားေသာက္ခ်ိန္မွန္ကန္ျခင္း၊ စားေသာက္ေနက် အစားအစာမွလြဲ၍ ဆန္းျပားေသာ အစားအ ေသာက္မ်ားကိုလည္း က်က္ေအာင္ခ်က္ျပဳတ္၍ စားေသာက္ေလ့ရွိၾကသျဖင့္ ပိုးမ်ားပါရွိလွ်င္ ပိုးမ်ား ေသသြားၿပီျဖစ္ပါသည္။

ဤတိုးတက္ေသာ ေခတ္ႀကီးတြင္မူကား အသားမ်ား၊ တိရစၦာန္ထြက္ကုန္မ်ားကို လူတို႔စား သံုးရာ၌ တိရစၦာန္မ်ား၏ က်န္ေသာအႂကြင္းအက်န္မ်ားျဖစ္သည့္ ဟိုမုန္းမ်ား၊ ပိုးသတ္ေဆးမ်ား၊ အညစ္အေၾကးမ်ားကို စားေနရျခင္းသာလွ်င္ျဖစ္ပါေတာ့သည္။

အစားအစာ၊ ေရ၊ အရည္မ်ားကိုသာ ၾကည့္႐ႈရျခင္းမဟုတ္ေပ။ ထိုစားေသာက္ဖြယ္ရာမ်ား ကို ထည့္ေသာ၊ ခ်က္ျပဳတ္ေသာ၊ သိုေလွာင္ေသာ မီးဖိုေခ်ာင္ပစၥည္းမ်ားကိုလည္း ထည့္သြင္းစဥ္း စားရပါသည္။ အဆိပ္သင့္ေစေသာ ဓာတ္ေျပာင္းလဲမႈမ်ားေၾကာင့္ Bisphenol (BPA), Styrene, Vinyl Chloride တို႔ျဖစ္ေပၚလာပါသည္။ ထိုဓာတ္တို႔ထြက္ေပၚလာၿပီး အစားအေသာက္ခံတြင္းပ်က္ ေစျခင္း၊ အဆိပ္သင့္ေစျခင္းတို႔ျဖစ္ေပၚလာေစပါသည္။

သို႔ဆိုလွ်င္ တရားခံသည္ ေျပာင္းလဲတိုးတက္လာေသာ ေနထိုင္စားေသာက္မႈပံုစနစ္ပင္ျဖစ္ ေလသေလာ။ စားေသာက္ကုန္ထုတ္လုပ္သူတို႔၏ နည္းစနစ္မ်ားသည္ အႏၱရာယ္ကိုလက္ယပ္ေခၚ ေနၾက၍ေလာ။ စားသံုးသူတို႔သည္ အစားအေသာက္ကို ပို၍မက္ေမာလာ၍ေလာ။ မွန္းဆရန္ ခက္ပါဘိ။

အဆိပ္နမူနာေလးမ်ား
Bisphenol (BPA) သည္ ျပန္လည္၍ အသံုးျပဳႏုိင္ေသာ ပလပ္စတစ္အိတ္မ်ား၊ အစာထည့္ ေသာ သံဘူးမ်ား စသည္တို႔ပါ၀င္ပါသည္။ သုေတသနမ်ားမွ ေတြ႔ရွိ္ခ်က္အရ ထိုဓာတုပစၥည္းသည္ ရင္သားကင္ဆာျဖင့္ ဆက္စပ္ေနၿပီး ကင္ဆာကုထံုးေဆးမ်ား၏ အာနိသင္ကိုလည္း ေႏွာင့္ယွက္ ဖ်က္ဆီးႏိုင္ပါသည္။

Phthalates တို႔သည္လည္း အစာထည့္ေသာ ပလပ္စတစ္အိတ္၊ ပလတ္စတစ္ဘူးမ်ားတြင္ ပါ၀င္ၿပီး ဟိုမုန္းထုတ္လုပ္ေသာ ဂလင္းမ်ား၏ လုပ္ငန္းကိုယိုယြင္းေစပါသည္။ ထိုယိုယြင္းမႈ၏ ေနာက္ဆက္တြဲကား မိန္းကေလးမ်ားတြင္ ေစာစီးစြာ အပ်ိဳေဖာ္၀င္ေစၿပီး အသက္ႀကီးလာလွ်င္ ရင္သားကင္ဆာျဖစ္ေစႏုိင္ပါသည္။

ပိုးသတ္ေဆးအခ်ိဳ႕မွာမူကား ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးရာတြင္ အသံုးျပဳထားၿပီး ထိုဟင္း သီးဟင္းရြက္စိုက္ပ်ိဳးရာတြင္ အသံုးျပဳထားၿပီး ထိုဟင္းသီးဟင္းရြက္မ်ားမွတစ္ဆင့္ လူ၏ကိုယ္ခႏၶာ အတြင္း သက္ဆင္းေရာက္ရွိလာၿပီး လူသာမက တိရစၦာန္မ်ားတြင္လည္း ကင္ဆာေရာဂါကို ျဖစ္ေစ ႏိုင္ပါသည္။ ေရရရွိေရးအတြက္ အသံုးျပဳေသာစနစ္မ်ား၊ အိ္မ္တြင္းေလထုႏွင့္ ဖုန္မႈန္႔မ်ားတြင္လည္း ထိုဓာတုပစၥည္းတို႔ကို ေတြ႔ရွိႏိုင္ပါသည္။ စိုက္ပ်ိဳးေရးဆိုင္ရာလုပ္သားမ်ားႏွင့္ လြန္စြာရင္းႏွီးေသာ ဓာတုပစၥည္းျဖစ္ၿပီး လူသားႏွင့္ႂကြက္မ်ားတြင္ ရင္သားကင္ဆာျဖစ္ႏိုင္ေၾကာင္းေတြ႔ရွိထားပါသည္။

Zeranol ဟူေသာ ဓာတုပစၥည္းသည္ အေနာက္ႏိုင္ငံမ်ား၌ အမဲသားစက္႐ံုမ်ားတြင္ အသံုး ျပဳေလ့ရွိၾကပါသည္။ ဟိုမုန္းတစ္မ်ိဳး၏ အာနိသင္ႏွင့္ဆင္ဆင္တူၿပီး ကင္ဆာေရာဂါျဖစ္ပြားမႈႏႈန္းတိုး တက္လာျခင္း၏အေၾကာင္းျဖစ္ေၾကာင္း သုေတသနစာတမ္းမ်ားတြင္ ေတြ႔ရွိရပါသည္။

Styrene သည္ ေပၚလီအက္စ္တာဓာတ္ေပါင္းပစၥည္းတစ္ခုျဖစ္ၿပီး အစားအစာထည့္ေသာ လင္ဗန္းမ်ား၊ ၾကက္ဥထည့္ေသာဘူးမ်ား၊ တစ္ခါသံုးခြက္မ်ား၊ အစာသယ္ေဆာင္ေသာပံုးမ်ားတြင္ ပါရွိၿပီး အပူႏွင့္ေတြ႔လွ်င္ ဓာတုတံု႔ျပန္မႈမ်ားျဖစ္ၿပီး ရင္သားကင္ဆာကို ျဖစ္ပြားေစႏုိင္ေၾကာင္း ေတြ႔ရွိ ရပါသည္။

Vinyl Chlorid သည္ အစာသယ္ေဆာင္ထုပ္ပိုးေသာ အိတ္မ်ားတြင္ပါရွိၿပီး ေလထုတြင္ လည္းေကာင္း၊ ပ်ံ႕ႏွံ႔စိမ့္၀င္သြားတတ္ပါသည္။ လူသားတို႔၏ ကင္ဆာေရာဂါကို ျဖစ္ပြားေစေသာ ဓာတုပစၥည္းပင္ျဖစ္ပါသည္။ ရင္သားႏွင့္အသည္းကင္ဆာျဖစ္ႏႈန္းႏွင့္ ေသဆံုးႏႈန္းကို ျမင့္တက္ေစ သည္သာမက ထိုဓာတုပစၥည္းကို ကိုင္တြယ္ထိေတြ႔ရေသာ လုပ္သားမ်ားသည္ အႏၱရာယ္ႏွင့္ အနီးကပ္ဆံုးသူမ်ားသာျဖစ္ပါေတာ့သည္။

Phytoestrogen မ်ားသည္ ပဲပုပ္လုပ္ငန္းမ်ားတြင္ ေတြ႔ရွိရေသာ ဓာတုပစၥည္းျဖစ္ပါသည္။ အာဟာရႏွင့္ပတ္သက္၍ အက်ိဳးရွိသည့္ ပစၥည္းအျဖစ္ သိပၸံပညာရွင္မ်ား ေတြ႔ရွိထားပါသည္။ အခ်ိဳ႕ ပညာရွင္မ်ားကလည္း အပ်ိဳေဖာ္၀င္ၿပီးမိန္းကေလးမ်ားတြင္ ရင္သားကင္ဆာျဖစ္ႏႈန္းကိုပင္ ေလ်ာ့ က်ေစသည္ဟု ဆိုၾကျပန္ပါသည္။ သို႔ရာတြင္ အခ်ိဳ႕ပညာရွင္မ်ား၏ေတြ႔ရွိခ်က္အရ ကင္ဆာေဆး မ်ား၏ အာနိသင္ကိုပ်က္စီးေစသည္ဟူ၍လည္း သံုးသပ္ၾကျပန္ပါသည္။

စည္သြတ္ဘူးမ်ားအတြင္းမွ အစာမ်ား
အစာမ်ားၾကာရွည္ခံေအာင္ ဓာတုပစၥည္းမ်ားျဖင့္ စီမံၿပီး သံဘူးမ်ား၊ ပုလင္းမ်ား၊ ပလပ္စတစ္ဘူးမ်ားအတြင္းသို႔ သြတ္သြင္းၾကပါသည္။ အေျခခံစားကုန္မ်ားျဖစ္ေသာ ဆန္၊ ပဲ အမ်ိဳးမ်ိဳး စသည္တို႔ကိုပင္ အမႈန္႔အသြင္ေျပာင္း၍ ထိုဘူးမ်ားတြင္ သြတ္သြင္းၾကျပန္ပါသည္။

ထိုအစာမ်ားကို ခ်က္ျပဳတ္လုိက္ေသာအခါပို၍ ေသးငယ္ေသာ အဏုျမဴေလးမ်ားအျဖစ္ အစာလမ္းေၾကာင္းအတြင္းတြင္ တစ္ဆင့္ၿပီးတစ္ဆင့္ ေျပာင္းလဲလာပါသည္။ ခ်က္ျပဳတ္ၿပီး အတန္ ၾကာမစားေသးဘဲ ဆက္လက္ထားရွီပါက ေရာဂါပိုးမ်ားသည္ ထိုအစားအတြင္း၀င္ေရာက္၍ သဘာ၀အေလွ်ာက္ မဟုတ္ေတာ့ဘဲ တာရွည္ခံေအာင္ ျပဳလုပ္ထားေသာ ထိုေသးငယ္သည့္ အစာ အဏုျမဴမ်ားႏွင့္ ဓာတ္တံု႔ျပန္မႈမ်ားျပဳလုပ္ၾကပါေတာ့သည္။

ထိုအစာကို တစ္ဖန္ျပန္၍ ေႏႊးပါက အစာေရာ ေရာဂါပိုးပါ ပူေႏြးလာၿပီး ဓာတုပစၥည္းမ်ားကို ထုတ္လုပ္ၾကပါေတာ့သည္။ ယင္းဓာတုပစၥည္းမ်ားသည္ အဆိပ္မ်ားပင္ျဖစ္ပါသည္။ သို႔ျဖစ္၍ ျပန္ေႏႊးေသာ အစားအစာမ်ားကို သတိထား၍စားရမည္ျဖစ္ပါသည္။ အေၾကာင္းမွာ ျပန္၍ေႏႊးျခင္း မျပဳမီကပင္ ေရာဂါပိုးမ်ားအစာအတြင္း၀င္ေရာက္ၿပီးျဖစ္ေနေသာေၾကာင့္ ျဖစ္ပါသည္။

သို႔ျဖစ္၍ အစာႂကြင္းမ်ား၊ ၾကာၾကာခံေစရန္ ျပဳလုပ္ထားေသာအစာမ်ားသည္ အဆိပ္အ ေတာက္ကိုျဖစ္ေစေသာ အေၾကာင္းပစၥည္းမ်ားျဖစ္ေၾကာင္းသတိျပဳရမည္ျဖစ္ပါသည္။ ျပန္ေႏႊးေသာ အစာမ်ားသည္လည္း ထိုနည္းလည္းေကာင္းပင္ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ အစာမ်ားသည္ က်န္းမာ ေရးအတြက္ မသင့္ေလ်ာ္ေသာ အစာမ်ားဟူ၍သာ သတ္မွတ္ရမည္ျဖစ္ပါသည္။

အေငြ႔ျပန္ေသာ ဓာတုပစၥည္းမ်ား
အေငြ႔ျပန္ေသာ ဓာတုပစၥည္းမ်ားသည္ ေဆးလိပ္၊ စီးကရက္လုပ္ငန္း၊ အခ်ိဳရည္လုပ္ငန္း၊ ေဆး၀ါးလုပ္ငန္းမ်ားႏွင့္ ဆက္စပ္ေနပါသည္။ ဥပမာ – ပ႐ုတ္၊ ၾကက္သြန္အမႈန္႔၊ ဂရစ္စလင္း၊ ပူရွိန္း အမႈန္႔စသည္တို႔၏ အႏၱရာယ္သည္လည္း ေလထဲတြင္ပ်ံ႕ႏွံ႔ေနပါသည္။ အခ်ိဳးအဆ၊ ထုပ္ပိုးမႈ၊ အရည္အေသြးစသည္တို႔ မွန္ကန္ပါက အႏၱရာယ္မရွိေပ။

ကိုယ္၀န္ေဆာင္ႏွင့္ ကဖင္း (Caffeine)
ကဖင္းသည္ အစားအစာမ်ားစြာတြင္ ပါ၀င္ေသာ ဓာတ္ပစၥည္းမ်ားပင္ျဖစ္ပါသည္။ ေကာ္ဖီ၊ လက္ဖက္ရည္၊ အခ်ိဳရည္၊ ေခ်ာကလက္၊ ေဆးအခ်ိဳ႕တို႔တြင္ အထူးသျဖင့္ပါ၀င္ပါသည္။ လူ၏စိတ္ ကို တက္ႂကြလန္းဆန္းေစေသာ ဓာတုပစၥည္းပင္ျဖစ္ပါသည္။ ကိုယ္၀န္ေဆာင္မ်ား၊ ကိုယ္၀န္ေဆာင္ ရန္ စီမံကိန္းခ်ထားသူမ်ားသည္ ေကာ္ဖီကို တစ္ေန႔တစ္ခြက္ထက္ပို၍မေသာက္သင့္ေပ။ တစ္ခြက္ ဆိုလွ်င္ ကဖင္း ၂၀၀ မီလီဂရမ္ခန္႔ ပါရွိၿပီး ထိုပမာဏထက္ပို၍ မေသာက္လွ်င္ အႏၱရာယ္ကင္းပါ သည္။

ကဖင္းသည္ လူကိုႏိုးၾကားေစပါသည္။ လူ၏ေသြးေပါင္ခ်ိန္ႏွင့္ ႏွလံုးခုန္ႏႈန္း၊ ဆီးသြားႏႈန္းတို႔ ကို ျမင့္တက္ေစပါသည္။ အခ်ိဳ႕သူမ်ားတြင္ အာ႐ံုစူးစိုက္မႈနည္းျခင္း၊ မၿငိမ္သက္ျခင္းတို႔ကို ျဖစ္ေပၚ ေစပါသည္။

ႏို႔တိုက္မိခင္မ်ားအေနျဖင့္ ကဖင္းပါ၀င္ေသာ အစာအရည္မ်ားကို စားသံုးလိုပါက အနည္း ငယ္ေသာ ပမာဏကိုသာ စားသံုးသင့္ပါသည္။ အေၾကာင္းမွာ အနည္းငယ္ေသာ ပမာဏမွ်ရွိေသာ ကဖင္းသည္ပင္လွ်င္ မိခင္ႏို႔အတြင္းပါရွိသြားႏိုင္ေသာေၾကာင့္ပင္ ျဖစ္ပါသည္။ ႏို႔တုိက္မိခင္တစ္ဦး သည္ တစ္ေန႔လွ်င္ ေကာ္ဖီခြက္ ၂ ခြက္မွ ၃ ခြက္ေသာက္လွ်င္ ႏို႔စို႔ကေလးငယ္သည္ ဂနာမၿငိမ္ ျခင္း၊ အိပ္စက္ရာတြင္ အေႏွာင့္အယွက္ျဖစ္ျခင္းတို႔ ျဖစ္ေပၚလာႏုိင္ပါသည္။ သို႔ျဖစ္၍ မိခင္သည္ ပမာဏအနည္းဆံုးေသာ ေကာ္ဖီကိုသာ ဆင္ျခင္၍ ေသာက္သံုးသင့္ပါသည္။

ေကာ္ဖီမႈန္႔ကို ေဖ်ာ္ေသာက္လွ်င္ ေကာ္ဖီမစ္ထုပ္ေဖ်ာ္ေသာက္ျခင္းထက္ ကဖင္းပမာဏ ႏွစ္ဆနီးပါး ပို၍ပါ၀င္ေၾကာင္း သတိျပဳရပါမည္။ လက္ဖက္ရည္လည္း ထိုနည္းလည္းေကာင္းပင္။ အခ်ိဳေျခာက္ကို ေဖ်ာ္ေသာက္လွ်င္ တီးမစ္ထုပ္ထက္ ကဖင္းႏွစ္ဆခန္႔ပို၍ ပါ၀င္ပါသည္။ ေခ်ာက လက္၊ ကိုကိုးစသည္တို႔တြင္ ပါ၀င္ေသာ ကဖင္းပမာဏသည္ ေကာ္ဖီထက္လြန္စြာနည္းပါးသည္။ ကိုကာကိုလာကဲ့သို႔ေသာအခ်ိဳရည္ဘူးမ်ားတြင္ ပါ၀င္ေသာ ကဖင္းသည္လည္း ေကာ္ဖီမႈန္႔တြင္ ပါ၀င္ေသာ ပမာဏ၏ ေလးပံုတစ္ပံုခန္႔သာရွိပါသည္။

ေဆးအခ်ိဳ႕တြင္လည္း ကဖင္းပါရွိပါသည္။ အထူးသျဖင့္ အကိုက္အခဲေပ်ာက္ေဆး၊ အေအး မိႏွာေစးေပ်ာက္ေဆး စသည္တို႔တြင္ အထူးသျဖင့္ပါရွိပါသည္။ ေခ်ာင္းဆိုးေပ်ာက္ေဆးရည္ အခ်ိဳ႕ တြင္လည္း ပါရွိပါသည္။

ေဆးျမစ္အခ်ိဳ႕၊ အထူးသျဖင့္ လက္ဖက္စိမ္းမွ ထုတ္လုပ္ေသာ ေဆးမ်ားတြင္လည္း ကဖင္းပါရွီၿပီး ေဆးျမစ္မ်ားမွ ထုတ္လုပ္ေသာပစၥည္းမ်ား၏ ကဖင္းပါ၀င္ႏႈန္းသည္ ေကာ္ဖီတြင္ပါ၀င္ ႏႈန္းထက္ မေလ်ာ့ေသာေၾကာင့္ အထူးသျဖင့္ ကိုယ္၀န္ေဆာင္မိခင္မ်ားသတိထား၍ စားသံုးရမည္ ျဖစ္ပါသည္။

ကိန္မုန္႔ႏွင့္ ဆိုးေဆး
အနီေရာင္ ဆိုးေဆးႏွင့္ ကိတ္မုန္႔ ႏူးညံ့ေစရန္ စြမ္းေဆာင္ေပးေသာ ဓာတုပစၥည္းတို႔ မပါ၀င္ လွ်င္ အရသာရွိေသာ ကိတ္မုန္႔ဖုတ္၍ မရေပ။ အျမင္႐ူပါ႐ံုသည္လည္း ဆြဲေဆာင္မႈရွိရမည္ျဖစ္ၿပီး ႏူးညံ့ေသာ အေတြ႔အထိအာ႐ံုႏွင့္ လြန္စြာဆြဲေဆာင္မႈရွိေသာ ရသာ႐ံုကို ခံစားရရွိႏိုင္ေစရန္ ထိုဓာတုပစၥည္းမ်ားသည္ အဓိကမဟာစြမ္းေဆာင္ရွင္တုိ႔ပင္ျဖစ္ၾကပါသည္။ ဤသည္မွာ ကိတ္မုန္႔ ဖုတ္ျခင္း၏ ေရွး႐ိုးဓမၼတာနည္းတြင္ ပါ၀င္ေသာဇာတ္လိုက္ႀကီးမ်ား၏ အေၾကာင္းပင္ ျဖစ္ပါသည္။

ယေန႔ေခတ္သစ္မုန္႔ဖုတ္သူမ်ားကား ၁၉၀၀ ခုႏွစ္ေနာက္ပိုင္းမွ အစျပဳ၍ နီေစြးေစြးအဆင္း ကိုရရွိေစရန္ အနီေရာင္ဆိုးေဆးအစား သဘာ၀ကိုကိုးမႈန္႔ႏွင့္ ရွာလကာရည္(သို႔မဟုတ္) အက္ဆစ္ ပါေသာ ႏို႔ေထာပတ္တို႔ကို ေရာေႏွာဓာတ္ျပဳေစပါသည္။ သဘာ၀ကိုကိုးအမႈန္႔တြင္ ပါ၀င္ေသာ Anthocyanins ဓာတ္သည္ အက္စစ္ႏွင့္ ေတြ႔ထိေသာအခါ နီေစြးေစြးအဆင္းကို ေပးေဆာင္ပါ သည္။ အက္စစ္မီဒီယာ၌ မဟုတ္ပဲ အယ္လ္ကာလီ (Alkali) မီဒီယာတြင္ ၀ါစိမ္းစိမ္းအေရာင္ရွိၿပီး ပံုမွန္မီဒီယာတြင္ ခရမ္းေရာင္ရွိတတ္ပါသည္။

ယခုေနာက္ပိုင္းတြင္ သဘာ၀ကိုကိုးအမႈန္႔အစား အယ္လ္ကာလီကိုကိုးမႈန္႔ကိုအသံုးျပဳလာ ၾကပါသည္။ သို႔ျဖစ္၍ ကိတ္မုန္႔၏အေရာင္သည္ ၀ါညိဳညိဳအေရာင္ကို ေဆာင္ပါေတာ့သည္။ သို႔ ေသာ္ “အနီေရာင္” ဟုအသံုးမ်ားေသာ္လည္း ပံုမွန္အားျဖင့္ ညိဳတိုတိုအေရာင္သာထြက္၍ ေနပါ သည္။
အနီေရာင္ရရန္ အျခားနည္းမ်ား

ဥနီသီးမ်ားသံုးျခင္းျဖင့္လည္း အနီေရာင္အဆင္းကို ရရွိေစၿပီး အာဟာရဓာတ္ႏွင့္ စိုစြတ္မႈတို႔ လည္း ျပည့္စံုေစပါသည္။ လိေမၼာ္ရည္၊ ေထာပတ္ႏို႔၊ ရွာလကာရည္တစ္ခုခုျဖင့္ ေပါင္းစပ္ျခင္းကို ျပဳ ေလ့ရွိၾကပါသည္။

မည္သို႔ပင္ျဖစ္ေစ အနီေရာင္အဆင္းကို ရရွိရန္ျပဳလုပ္ေသာ ဆိုးေဆးမ်ားကို မုန္႔ဖုတ္သူမ်ား သံုးစြဲရာ၌ အႏၱရယ္အနည္းဆံုးေသာ ဓာတုပစၥည္းမ်ားကို သံုးစြဲသင့္ပါသည္။ အခ်ိဳ႕သူတို႔က အနီ ေရာင္အဆင္းရရွိရန္ ဓာတ္ဆီမွထြက္ေသာ ဓာတ္ပစၥည္းမ်ား အသံုးျပဳၾကသည္ကိုလည္း ေတြ႔ရွိရပါ သည္။
အေရာင္ေပၚတြင္မူတည္၍

စိမ္းေသာအေရာင္အဆင္းရွိေသာ အစားအစာအရည္မ်ားသည္ က်န္းမာေရးအတြက္ ေကာင္းမြန္ေသာ ေရြးခ်ယ္မႈပင္ျဖစ္ပါသည္။ လိုအပ္ေသာ အာဟာရဓာတ္မ်ားရရွိရန္ အေကာင္းဆံုး အစားအစာမ်ားျဖစ္ၿပီး အဆီ၊ အငန္၊ သၾကားဓာတ္တုိ႔ ပါ၀င္မႈနည္းပါးပါသည္။

အ၀ါေရာင္၊ ပန္းႏုေရာင္ အစာအရည္မ်ားသည္ အလယ္အလတ္ေကာင္းမြန္ေသာ အာဟာ ရဓာတ္မ်ားကို ရရွိေစပါသည္။ အလယ္လတ္ပမာဏရွိေသာ အဆီ၊ အငန္၊ သၾကားဓာတ္မ်ား ပါ၀င္ သျဖင့္ မ်ားျပားစြာ စားသံုးမိပါလွ်င္ အင္အားဓာတ္လြန္ကဲစြာ ရရွိေနပါလိမ့္မည္။

အနီေရာင္ အစာအရည္မ်ားသည္ က်န္းမာေရးႏွင့္ မညီညြတ္ဆံုးေသာ ေရြးခ်ယ္မႈပင္ျဖစ္ပါ သည္။ အဆီ၊ အငန္၊ သၾကားဓာတ္မ်ားလည္း လြန္ကဲစြာပါ၀င္ပါသည္။
အဆိပ္၏ အသြင္ေပ်ာက္ဆံုးရန္

က်န္းမာျခင္းႏွင့္ ညီညြတ္ေသာ အာဟာရဆိုသည္မွာ အသီးအရြက္မ်ား ပို၍စားသံုးၿပီး အငန္လြန္ကဲေသာ၊ အဆီမ်ားေသာ၊ အခ်ိဳလြန္ကဲေသာ အစာမ်ားေရွာင္ရန္ပင္ျဖစ္ပါသည္။

သို႔ျဖစ္၍ တတ္အားသမွ် အဆိပ္၏အသြင္ေပ်ာက္ဆံုးရန္ မိသားစုအစားအစာကို ေအာက္ပါ အခ်က္အလက္မ်ားျဖင့္ ျပဳျပင္ေဆာင္ရြက္ရန္ ျဖစ္ပါသည္။

အစာရည္တို႔ကို ပလပ္စတစ္အိတ္၊ ပလပ္စတစ္ဘူး၊ ပလပ္စတစ္ခြက္တို႔ျဖင့္ မထည့္ဘဲ စတီးသို႔မဟုတ္ ဖန္ခြက္၊ ပန္းကန္တို႔ျဖင့္ ထည့္ပါ။

လတ္ဆတ္ေသာ အစားအစာမ်ားကို မသံုးစြဲေသာ စားေသာက္ဆိုင္မ်ားတြင္ စားသံုးျခင္းကို ေရွာင္ၾကဥ္ပါ။ တတ္ႏုိင္သမွ် အျပင္ထြက္၍ စားေသာက္ျခင္းကို ေလွ်ာ့ပါ။

စည္သြတ္ဘူး၊ ပုလင္းမ်ားတြင္ ၾကာၾကာခံေအာင္ စိမ္၍ထည့္ထားေသာ အစာအရည္မ်ား ကို ေရွာင္ၾကဥ္ပါ။ လတ္ဆတ္ေသာ ဟင္းသီးဟင္းရြက္၊ အသီးအႏွံမ်ားကို ပိုမိုအေလးထား၍ စားသံုးပါ။

သက္ရွိသတၱ၀ါမ်ားအားလံုး အဆိပ္ႏွင့္ကင္းေသာ အစာအရည္မ်ားကိုသာ စားသံုးႏုိင္ၾကပါ ေစ။

ေစတနာအနႏၱျဖင့္

ေဒါက္တာယုဇနေစာျမင့္ (ကေလးအထူးကုဆရာ၀န္ႀကီး)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *