Chemical peeling

ဒီတစ်ခါတော့ Chemical peeling အကြောင်းသိချင်တဲ့ သူတွေအတွက် Chemical peel အမျိုးမျိုးနဲ့ အသုံးဝင်ပုံတွေအကြောင်း ဝေမျှပေးလိုက်ပါတယ်။

Chemical peeling ဆိုတာကတော့ အရေပြားမှာရှိတဲ့ ဆဲလ်အသေတွေနဲ့ အညစ်အကြေးတွေကို ခွာချလိုက်ပြီး ပိုမိုကောင်းမွန်ပြီး ညီညာချောမွတ်တဲ့ အရေပြားကို ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။မျက်နှာအရေပြားသာမက လည်ပင်း၊လက်တွေနဲ့ ခန္ဓာကိုယ်ကိုပါ Chemical peeling ပြုလုပ်နိုင်ပါတယ်။

အသုံးများတဲ့ Chemical peel အမျိုးအစားလေးတွကေတော့

Glycolic peel : Glycolic acid ကိုအသုံးပြုပြီး peeling ပြုလုပ်ခြင်းဖြစ်ပါတယ်။သဘာဝအားဖြင့် Glycolic acid ကို ကြံ၊ပန်းသီး၊စပျစ်သီးတွေမှာ တွေ့ရတတ်ပါတယ်။အက်စစ်အပျော့စားဖြစ်ပြီး ပြင်းအား ၂၀%၊ ၃၀%၊ ၄၀% စသည်ဖြင့် အစားစားရှိကြပါတယ်။အရေပြားအပေါ်လွှာက ဆဲလ်အသတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်လို့ အရေပြားကို ကြည်လင်ဝင်းပစေပါတယ်။ဒါ့အပြင် Collagen ထုတ်လုပ်ခြင်းကိုလည်း အားပေးလို့ အရွယ်ရလာသူတွေမှာ အရေပြားတွန့်ခြင်း၊ အမည်းစက် တွေကိုလည်း သက်သာစေပါတယ်။

Lactic acid peel : Lactic acid ကို သဘာဝအားဖြင့် နို့ထွက်ပစ္စည်းတွေက ထုတ်ယူရရှိနိုင်ပါတယ်။ အပျော့ဆုံး အက်စစ် peel ဖြစ်ပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေပါ အသုံးပြုနိုင်ပါတယ်။

Salicylic acid peel : BHA peel အမျိုးအစားဖြစ်ပါတယ်။ Salicylic acid ဟာ အဆီမှာပျော်ဝင်နိုင်တဲ့အတွက် ချွေးပေါက်နဲ့ အဆီဂလင်းထဲက အဆီနဲ့ အညစ်အကြေးတွေအထိ သန့်စင်နိုင်ပါတယ်။ ဘက်တီးရီးယားများကို သေစေနိုင်ပြီး အရောင်ကျစေတဲ့ အာနိသင်လည်းရှိတဲ့အတွက် ဝက်ခြံနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေအတွက် အထူးသင့်လျော်တဲ့ peeling ပါ။ဆားဝက်ခြံ၊ အဆီဖုနဲ့ အရေပြားအရောင်မညီညာတာတွေ အတွက်လည်း အသုံးပြုနိုင်ပါတယ်။

TCA peel : Trichloroacetic acid ကိုအသုံးပြုခြင်း ဖြစ်ပါတယ်။ Glycolic peel နဲ့ Salicylic peel များထက် အရေပြားလွှာကို ပိုမိုဖောက်ဝင်နိုင်လို့ သေးငယ်တဲ့ အမာရွတ်တွေ၊ အရေးအကြောင်းတွေ၊ အမည်းစက်တွေအထိ သက်သာစေနိုင်ပါတယ်။ အနည်းငယ်ပြင်းတဲ့ Acid အမျိုးစားဖြစ်တာကြောင့် အရေပြားဆရာဝန် သို့မဟုတ် အလှအပဆိုင်ရာ ဆရာဝန်နှင့်သာ ဆွေးနွေးပြီး ပြုလုပ်သင့်ပါတယ်။

Chemical peeling မပြုလုပ်ခင်မှာ မျက်နှာ သို့မဟုတ် peeling ပြုလုပ်မယ့်နေရာကို သန့်စင်ရပါမယ်။ peeling ပြုလုပ်နေစဉ်မှာတော့စပ်ဖျဉ်းဖျဉ်း ခံစားရတတ်ပါတယ်။သတ်မှတ်ထားတဲ့ အချိန်ရောက်မှသာ မျက်နှာကို ပြန်လည်ဆေးကြောရမှာပါ။ peeling ပြုလုပ်ပြီး ၃-၇ရက်အတွင်း အရေပြားအဖတ်လေးတွေလန်တတ်ပါတယ်။အဖတ်လေးတွေလန်တာ ပြီးဆုံးသွားရင်တော့ နူးညံ့တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါ။ပိုမိုကောင်းမွန်တဲ့ရလဒ်အတွက် peeling ကို ၃ပတ်လောက်ခြားပြီး ၃ကြိမ်-၆ကြိမ်လောက် ပြုလုပ်သင့်ပါတယ်။

Chemical peeling ပြုလုပ်ပြီးချိန်မှာ အရေပြားနူးညံ့ပြီး အပူဒဏ်ကို မခံနိုင်တာကြောင့် moisturizer လိမ်းခြင်း၊ suncream လိမ်းခြင်းများ ပြုလုပ်သင့်ပါတယ်။ Chemical peeling ပြုလုပ်ပြီး ၁ပတ်အတွင်း နေရောင်ခြည်မထိသင့်ပါဘူး။

လေ့လာတွေ့ရှိချက်တွေအရ အသားလတ်သူ၊ အသားဖြူသူတွေမှာ peeling ပြုလုပ်ခြင်းဟာ ပိုမိုထိရောက်ပါတယ်။အသားညိုသူတွေလည်း ပြုလုပ်နိုင်ပါတယ်။ရေပြားရောဂါရှိသူများ၊ ပေါက်ပြဲဒဏ်ရာရှိသူများ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ၊ လတ်တလော ရေယုန်ပေါက်နေသူတွေတော့ ပြုလုပ်ဖို့ မသင့်တော်ပါဘူး။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည် (ဆေး၂)

Chemical peeling

ဒီတစ္ခါေတာ့ Chemical peeling အ​ေၾကာင္းသိခ်င္တဲ့ သူေတြအတြက္ Chemical peel အမ်ိဳးမ်ိဳးနဲ႔ အသံုးဝင္ပံုေတြအ​ေၾကာင္း ေဝမွ်ေပးလိုက္ပါတယ္။

Chemical peeling ဆိုတာက​ေတာ့ အေရျပားမွာ႐ွိတဲ့ ဆဲလ္အသေ​ေတြနဲ႔ အညစ္အ​ေၾကးေတြကို ခြာခ်လိုက္ၿပီး ပိုမိုေကာင္းမြန္ၿပီး ညီညာေခ်ာမြတ္တဲ့ အ​ေရျပားကို ေျပာင္းလဲျခင္းပဲ ျဖစ္ပါတယ္။မ်က္ႏွာအ​ေရျပားသာမက လည္ပင္း၊လက္ေတြနဲ႔ ခႏၶာကိုယ္ကိုပါ Chemical peeling ျပဳလုပ္ႏိုင္ပါတယ္။

အသံုးမ်ားတဲ့ Chemical peel အမ်ိဳးအစားေလးတြကေ​ေတာ့

Glycolic peel : Glycolic acid ကိုအသံုးျပဳၿပီး peeling ျပဳလုပ္ျခင္းျဖစ္ပါတယ္။သဘာဝအားျဖင့္ Glycolic acid ကို ၾကံ၊ပန္းသီး၊စပ်စ္သီးေတြမွာ ေတြ႕ရတတ္ပါတယ္။အက္စစ္အ​ေပ်ာ့စားျဖစ္ၿပီး ျပင္းအား ၂၀%၊ ၃၀%၊ ၄၀% စသည္ျဖင့္ အစားစား႐ွိၾကပါတယ္။အ​ေရျပားအေပၚလႊာက ဆဲလ္အသေတြကို ထိထိေရာက္ေရာက္ ဖယ္႐ွားေပးႏိုင္လို႔ အ​ေရျပားကို ၾကည္လင္ဝင္းပ​ေစပါတယ္။ဒါ့အျပင္ Collagen ထုတ္လုပ္ျခင္းကိုလည္း အားေပးလို႔ အရြယ္ရလာသူေတြမွာ အ​ေရျပားတြန္႔ျခင္း၊ အမည္းစက္ ေတြကိုလည္း သက္သာေစပါတယ္။

Lactic acid peel : Lactic acid ကို သဘာဝအားျဖင့္ ႏို႔ထြက္ပစၥည္းေတြက ထုတ္ယူရ႐ွိႏိုင္ပါတယ္။ အ​ေပ်ာ့ဆံုး အက္စစ္ peel ျဖစ္ၿပီး ေျခာက္ေသြ႕တဲ့ အသားအ​ေရပိုင္႐ွင္ေတြပါ အသံုးျပဳႏိုင္ပါတယ္။

Salicylic acid peel : BHA peel အမ်ိဳးအစားျဖစ္ပါတယ္။ Salicylic acid ဟာ အဆီမွာေပ်ာ္ဝင္ႏိုင္တဲ့အတြက္ ေခြၽးေပါက္နဲ႔ အဆီဂလင္းထဲက အဆီနဲ႔ အညစ္အ​ေၾကးေတြအထိ သန္႔စင္ႏိုင္ပါတယ္။ ဘက္တီးရီးယားမ်ားကို ေသေစႏိုင္ၿပီး အေရာင္က်ေစတဲ့ အာနိသင္လည္း႐ွိတဲ့အတြက္ ဝက္ျခံနဲ႔ ဝက္ျခံေၾကာင့္ျဖစ္တဲ့ ေရာင္ရမ္းမႈေတြအတြက္ အထူးသင့္ေလ်ာ္တဲ့ peeling ပါ။ဆားဝက္ျခံ၊ အဆီဖုနဲ႔ အေရျပားအေရာင္မညီညာတာေတြ အတြက္လည္း အသံုးျပဳႏိုင္ပါတယ္။

TCA peel : Trichloroacetic acid ကိုအသံုးျပဳျခင္း ျဖစ္ပါတယ္။ Glycolic peel နဲ႔ Salicylic peel မ်ားထက္ အ​ေရျပားလႊာကို ပိုမိုေဖာက္ဝင္ႏိုင္လို႔ ေသးငယ္တဲ့ အမာရြတ္ေတြ၊ အေရးအ​ေၾကာင္းေတြ၊ အမည္းစက္ေတြအထိ သက္သာေစႏိုင္ပါတယ္။ အနည္းငယ္ျပင္းတဲ့ Acid အမ်ိဳးစားျဖစ္တာေၾကာင့္ အ​ေရျပားဆရာဝန္ သို႔မဟုတ္ အလွအပဆိုင္ရာ ဆရာဝန္ႏွင့္သာ ေဆြးေႏြးၿပီး ျပဳလုပ္သင့္ပါတယ္။

Chemical peeling မျပဳလုပ္ခင္မွာ မ်က္ႏွာ သို႔မဟုတ္ peeling ျပဳလုပ္မယ့္ေနရာကို သန္႔စင္ရပါမယ္။ peeling ျပဳလုပ္ေနစဥ္မွာေတာ့စပ္ဖ်ဥ္းဖ်ဥ္း ခံစားရတတ္ပါတယ္။သတ္မွတ္ထားတဲ့ အခ်ိန္ေရာက္မွသာ မ်က္ႏွာကို ျပန္လည္ေဆးေၾကာရမွာပါ။ peeling ျပဳလုပ္ၿပီး ၃-၇ရက္အတြင္း အ​ေရျပားအဖတ္ေလးေတြလန္တတ္ပါတယ္။အဖတ္ေလးေတြလန္တာ ၿပီးဆံုးသြားရင္ေတာ့ ႏူးည့ံတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ႏိုင္မွာပါ။ပိုမိုေကာင္းမြန္တဲ့ရလဒ္အတြက္ peeling ကို ၃ပတ္ေလာက္ျခားၿပီး ၃ႀကိမ္-၆ႀကိမ္ေလာက္ ျပဳလုပ္သင့္ပါတယ္။

Chemical peeling ျပဳလုပ္ၿပီးခ်ိန္မွာ အ​ေရျပားႏူးညံ့ၿပီး အပူဒဏ္ကို မခံႏိုင္တာေၾကာင့္ moisturizer လိမ္းျခင္း၊ suncream လိမ္းျခင္းမ်ား ျပဳလုပ္သင့္ပါတယ္။ Chemical peeling ျပဳလုပ္ၿပီး ၁ပတ္အတြင္း ေနေရာင္ျခည္မထိသင့္ပါဘူး။

ေလ့လာေတြ႕႐ွိခ်က္ေတြအရ အသားလတ္သူ၊ အသားျဖဴသူေတြမွာ peeling ျပဳလုပ္ျခင္းဟာ ပိုမိုထိေရာက္ပါတယ္။အသားညိဳသူေတြလည္း ျပဳလုပ္ႏိုင္ပါတယ္။​ေရျပားေရာဂါ႐ွိသူမ်ား၊ ေပါက္ျပဲဒဏ္ရာ႐ွိသူမ်ား၊ ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္မ်ား၊ လတ္တ​ေလာ ေရယုန္ေပါက္ေနသူတြေ​ေတာ့ ျပဳလုပ္ဖို႔ မသင့္ေတာ္ပါဘူး။

က်န္းမာလွပ​ေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္

ပြင့္ရည္ (ေဆး၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *