ကလေးဗိုက်ခွဲမွေးခြင်းနှင့် အမေး အဖြေ
“ကလေး ဗိုက်ခွဲမွေးတယ်ဆိုတာ ဘာလဲ”
“ကလေး ဗိုက်ခွဲမွေးရင် ဘာတွေဖြစ်တတ်သလဲ”
“ကလေး ဗိုက်ခွဲမွေးပြီးရင် ဘာတွေ မျှော်လင့်ထားရမလဲ”
“ဗိုက်ခွဲမွေးပြီးရင် ချုပ်ရိုး ဘယ်တော့ ကျက်မလဲ”
“ဗိုက်ခွဲမွေးပြီးရင် တားဆေး ဘယ်တော့ သုံးရမလဲ”
“ကလေး ဘယ်နှကြိမ် ယူလို့ရမလဲ”
“ကလေး ဘယ်တော့ပြန်ယူလို့ရမလဲ”
“အမျိုးသားနဲ့အတူ ဘယ်အချိန် လင်မယားလို ပြန်နေလို့ရမလဲ”
ဇီဝကကို လင်မယားစုံတွဲတွေ မေးလာတဲ့ ထိုထိုသော အမေးတွေကို ဒီဆောင်းပါးလေးမှာ ပြန်ဖြေပေးလိုက်ပါတယ် ။
“ကလေး ဗိုက်ခွဲမွေးတယ်ဆိုတာ ဘာလဲ”
-ကလေး မွေးဖွားချိန်မှာ မိခင်ရဲ့ ဗိုက်နဲ့ သားအိမ်ကို ခွဲစိပ်ကာ ကလေးမွေးဖွားခြင်းပါ။ “ကလေး ဗိုက်ခွဲမွေးရင် ဘာတွေဖြစ်တတ်သလဲ”
-အခန့်မသင့်ရင် ရောဂါပိုးမွှားတွေ ဝင်တတ်တယ်
-သွေးထွက်မယ် ၊အခန့်မသင့်ရင် သွေးထွက်လွန်တတ်တယ်
-အခန့်မသင့်ရင် သွေးကြောတွေမှာ သွေးခဲတွေနဲ့ ပိတ်တတ်တယ်
-အခန့်မသင့်ရင် သားအိမ်ဘေးနားရှိ အစာအိမ်နဲ့ အူလမ်းကြောင်း ထိခိုက်မိတတ် တယ်
“ကလေး ဗိုက်ခွဲမွေးပြီးရင် ဘာတွေ မျှော်လင့်ထားရမလဲ”
-ဗိုက်တဆစ်ဆစ်နဲ့ နာတတ်တယ်
-သွေးတို့ အရည်ကြည်တို့ မိန်းမကိုယ်က ဆင်းတတ်တယ်
-ခွဲစိပ်ထားတဲ့ အနာက ထုံဆေးမေ့ဆေးပျယ်တာနဲ့ နာတတ်တယ်
“ဗိုက်ခွဲမွေးပြီးရင် ချုပ်ရိုး ဘယ်တော့ ကျက်မလဲ”
-အများအားဖြင့် ၅-၇ ရက်လောက်မှာ ချုပ်ရိုးအနာ ကျက်တတ်ပါတယ် ။
-သားအိမ်က အနာပါ အရှင်းကျက်သွားတဲ့အထိဆို ၆ပတ်လောက်အထိ ကြာတတ်ပါ တယ် ။
“ဗိုက်ခွဲမွေးပြီးရင် တားဆေး ဘယ်တော့ သုံးရမလဲ”
-ကလေး ထပ်မယူသေးဘူးဆိုရင်တော့ ၄၅ရက်ပြည့်တာနဲ့ တားဆေးထိုးဆေး သုံးသင့် ပါတယ် ။
“ကလေး ဘယ်နှကြိမ် ယူလို့ရမလဲ”
-အများဆုံး ၃ကြိမ်အထိပဲ ယူသင့်ပါတယ် ။
-ဒီထက် ပိုပြီး ကလေးထပ်ယူခဲ့မယ်ဆိုရင် သားအိမ်ကွဲခြင်း စတာတွေဖြစ်တတ်ပါတယ်။
“ကလေး ဘယ်တော့ပြန်ယူလို့ရမလဲ”
“အမျိုးသားနဲ့အတူ ဘယ်အချိန် လင်မယားလို ပြန်နေလို့ရမလဲ”
-အမျိုးသားနဲ့အတူ လင်မယားအယာ ပြန်နေပြီး ကလေးယူမယ်ဆိုရင် အနည်းဆုံး ကလေးမွေးပြီး ၆ပတ်အထိ စောင့်သင့်ပါတယ် ။
ခေတ်သစ်ဇီဝက