All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားအိမ်ဝ ယောင်ခြင်း

1 Mins read

သားအိမ်ဝ ယောင်ခြင်း

သားအိမ်ဝယောင်ခြင်း ဆိုသည်မှာ သားအိမ်၏အောက်ပိုင်းနားအဝ ယောင်ယမ်းခြင်းကိုဆိုလိုပါတယ် ။ ဒီလို သားအိမ်ဝယောင်တဲ့ အခါ အမျိုးသမီးတွေမှာ ရာသီတစ်ခုနဲ့ တစ်ခုအကြား ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာ ၊ လိင်ဆက်ဆံချိန် နာကျင်တာ ၊ မိန်းမကိုယ်ကို စမ်းသပ်တဲ့အခါ နာတာ ၊ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာမျိုးတွေ အစရှိသည့် လက္ခဏာတွေကို ခံစားရပါတယ် ။ တခါတလေမှာလဲ ဒီလိုရောဂါလက္ခဏာတွေမပြဘဲ သားအိမ်ဝယောင်နေနိုင်ပါတယ် ။

တစ်ခါတစ်ရံမှာ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေဖြစ်ပွားရာက ယောင်ယမ်းနိုင်သလို ဓာတ်မတည့်မှုများကြောင့်လဲ ယောင်နိုင်ပါတယ် ။

ရောဂါလက္ခဏာများ

ဒီသားအိမ်ဝ ယောင်တဲ့ရောဂါဟာ အမျိုးသမီးတွေ တစ်သက်မှာလတစ်ခါခန့်အနည်းဆုံးဖြသ်လေ့ရှိကြပေမယ့် တချို့သူတွေမှာ ရောဂါလက္ခဏာ မပြဘဲ မသိလိုက်သည်တို့ရှိပါတယ် ။ အဓိက လက္ခဏာများအနေနဲ့

– မိန်းမကိုယ်ကနေ အဖြူ ၊ အစိမ်း အစရှိသည့် အရာများဆင်းခြင်း

– ဆီးသွားလျှင် နာကျင်ခြင်း

– လိင်ဆက်ဆံချိန် နာကျင်ခြင်း

– ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခုအကြား သွေးဆင်းခြင်း

– ချစ်တင်းနှောပြီးချိန် ရာသီမဟုတ်ဘဲ သွေးများဆင်းခြင်း

ဘာတွေကြောင့် ဖြစ်ပွားရသလဲ

အဓိကအကြောင်းအရာများအနေနဲ့

– လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ – မကြာခဏဆိုသလို လိင်ဆက်ဆံရာမှတဆင့် ကူးစက်လာတဲ့ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များကြောင့် သားအိမ်ဝ ယောင်ပါတယ် ။ အဓိကအားဖြင့် ဆီးပူညောင်းကျရောဂါတွေ ၊ ကာလသားရောဂါတွေ ၊ ကြွက်နို့ရောဂါ အစရှိတာတွေကြောင့် ဖြစ်ပွားပါတယ်
– ဓာတ်မတည့်ခြင်း – သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းမှ ကွန်ဒုံပြုလုပ်ထားသောရာဘာအပါအဝင် ပစ္စည်းများ ၊ အမျိုးသမီး သန့်စင်ရည်များ အစရှိသည်တို့ကြောင့် ဓာတ်မတည့်မှုများဖြစ်ကာ သားအိမ်ဝ ယောင်နိုင်ပါတယ် ။

ဘယ်လိုသူတွေမှာ ပိုအဖြစ်များလဲ

– သင့်အနေနဲ့ လိင်ဆက်ဆံရာမှာ အန္တရာယ်ရှိတဲ့ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံတာ ၊ လိင်ဆက်ဆံဖော် တစ်ဦးထက် ပိုမိုများပြားတာ ၊ လိင်ဆက်ဆံသည့် အရွယ် စောလွန်းတာ ၊ ယခင် လိင်မှတဆင့် ကူးစက်ရောဂါဖြစ်ဖူးတာ အစရှိတာတွေဟာ သားအိမ်ဝယောင်စေဖို့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်

ဆိုးကျိုးတွေကရော

သင့်မိန်းမကိုယ် သားအိမ်အဝဟာ သင့်သားအိမ်အတွင်း ရောဂါပိုးများ မဝင်အောင် ကာကွယ်ပေးတဲ့အရာတွေပါ ။ ဒါကြောင့် ရောဂါပိုးများကြောင့်လသားအိမ်ဝယောင်တဲ့အခါ သင့်အနေနဲ့ သားအိမ်ထိ ကူးစက်ရန် ရာခိုင်နှုန်းများပါတယ် ။

ဒါကြောင့် မကုသဘဲ ထားရာကနေ ဒီလိုသားအိမ်အထိ ရောဂါဝင်ရောက်သွားတဲ့အခါ

– ကလေးရဖို့ခက်ခဲတာ

– ကလေးစောမွေးတာ

– ကလေးစာ သားအိမ်ပြင်ပ သန္ဓေတည်နေတာ

– ကလေးမှာ မွေးရာပါ ရောဂါပိုးတွေပါလာတာ

– တင်ပဆုံတွင်း ယောင်ယမ်းတာ

အစရှိတဲ့ ဆိုးကျိုးတွေ ဖြစ်လာပါတယ် ။

ဘယ်လိုကာကွယ်မလဲ ?

ဒီလို ရောဂါပိုးကြောင့်မဖြစ်ရလေအောင် လိင်ဆက်ဆံချိန်တိုင်းမှာ ကွန်ဒုံကို နည်းလမ်းမှန်ကန်စွာ သုံးပါ ။ လိင်ဆက်ဆံဖော်ကိုလတစ်ဦးတည်းထားပါ ။ သန့်စင်ဆေးရည်များ ပစ္စည်းများကို အသုံးမပြုမီ အညွှနိးများကို သေချာဖတ်ပြီး သုံးစွဲပါ

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…