လည်ပင်းကျီးပေါင်းတတ်ခြင်း

ကျီးပေါင်းတက်တယ်ဆိုတာ အများအားဖြင့်အသက်ကြီးသူတွေမှာအဖြစ်များတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အသက်ရလာလေ ဖြစ်နိုင်ခြေများလာလေဖြစ်သလို အချို့သောအကြောင်းအရာတွေကြောင့်လည်း အသက်မကြီးသေးခင် ကျီးပေါင်းတက်နိုင်ပါတယ်။ အချိန်တန်ရင်ဖြစ်လာမယ့်ရောဂါဆိုပေမယ့် တတ်နိုင်သလောက်ဘေးကင်းအောင်နေပြီး ကျီးပေါင်းတက်နိုင်ခြေကို လျှော့ချရပါမယ်။

ကျီးပေါင်းတက်စေတဲ့အကြောင်းတစ်ခုကတော့ အရိုးမှာအတက်ထွက်လာတာဖြစ်ပါတယ်။ အရိုးကထွက်လာတဲ့အတက်တွေက ကျောရိုးကနေထွက်လာတဲ့အာရုံကြောတွေကိုဖိမိတဲ့အခါ အာရုံကြောတွေနာကျင်တာ၊ အားနည်းတာတွေဖြစ်ပြီး ဇက်ကြောတက်တာ၊ နာတာတွေဖြစ်နိုင်ပါတယ်။ ကျောရိုးအဆစ်တစ်ခုနဲ့တစ်ခုနဲ့ကြားမှာ ကူရှင်အနေနဲ့ခုခံပေးထားတဲ့ အပြားလေးတွေရှိပါတယ်။ အဆိုပါအပြားလေးတွေမှာရှိတဲ့ အရေတွေက အဆစ်တွေပွတ်တိုက်မှုမရှိအောင်ကာကွယ်ပေးပြီး အသက်ကြီးတာနဲ့အမျှ အဆိုပါအရည်တွေခန်းခြောက်လာပြီး ကျီးပေါင်းတက်စေနိုင်ပါတယ်။

နောက်ထပ်အဖြစ်များတဲ့အကြောင်းအရာကတော့ လည်ပင်းကိုထိခိုက်မိတာဖြစ်ပါတယ်။ ဒဏ်ရာရထားတာ၊ ထိခိုက်မိထားတာစတာတွေကြောင့် အဆစ်တွေအနာတရဖြစ်ပြီး ကျီးပေါင်းတက်နိုင်ပါတယ်။ ဒါ့အပြင် ဇက်ကြောတက်လို့ ဇက် ခဏခဏချိုးတာကလည်း ကျီးပေါင်းတက်စေနိုင်တဲ့အကြောင်းတစ်ခုဖြစ်ပါတယ်။ ဇက်ခဏခဏချိုးရင် အနာတရရသွားနိုင်သလို အားအရမ်းများသွားရင် အဆစ်လွဲပြီးအာရုံကြောတွေကိုဖိနိုင်တဲ့ အန္တရာယ်လည်းရှိပါသေးတယ်။ မိမိရဲ့အလုပ်အကိုင်အပေါ်မူတည်ပြီးလည်း ခေါင်းကိုလှုပ်ရှားရတာအနည်းအများပေါ်မူတည်ပြီး ကျီးပေါင်းတက်နိုင်တဲ့အရွယ်ကွာခြားနိုင်ပါတယ်။
နောက်ထပ်ကျီးပေါင်းတက်နိုင်တဲ့အကြောင်းတွေကတော့ မျိုးရိုးလိုက်တာ၊ အဝလွန်နေတာ၊ ပုံမှန်မဟုတ်တဲ့အနေအထားနဲ့ခဏခဏအိပ်တာ စတဲ့အကြောင်းတွေကြောင့်လည်း ကျီးပေါင်းတက်နိုင်ပါတယ်။

ကျီးပေါင်တက်တဲ့လက္ခဏာတွေကတော့ ကွဲပြားနိုင်ပါတယ်။ ဘာမှမဖြစ်တာလည်းရှိသလို လက္ခဏာနည်းနည်းပြတာ၊ များများပြတာလည်းရှိနိုင်ပါတယ်။ ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ခြေလက်တွေက မီးစနဲ့ထိုးသလို ဓာတ်လိုက်သလိုစူးခနဲဖြစ်သွားတာတွေလည်းရှိနိုင်ပါတယ်။ အဆိုပါဝေဒနာတွေခံစားရလာပြီဆိုရင်တော့ လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။ X rayရိုက်တာ၊ MRIရိုက်တာတွေနဲ့စစ်ဆေးပြီး ရောဂါပြင်းထန်ပုံပေါ်မူတည်ပြီး ဆေးသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အန္တရာယ်များတဲ့အပြုအမူတွေကိုရှောင်ကြဉ်တာတွေနဲ့ကုသရပါမယ်။

ကျီးပေါင်းတက်တယ်ဆိုတာ အချိန်တန်ရင်ဖြစ်တဲ့ရောဂါဆိုပေမယ့် ဘယ်ရောဂါမဆိုမဖြစ်ခင်ကကာကွယ်ထားတာအကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျီးပေါင်းတက်စေတဲ့အပြုအမူတွေကိုရှောင်ရှားခြင်းနဲ့ တတ်နိုင်သလောက်ကာကွယ်သင့်သလို ဖြစ်လာရင်လည်း ပိုဆိုးမလာအောင်ထိထိရောက်ရောက်ကုသသင့်ပါတယ်။

Dr. ZZ

လည္ပင္းက်ီးေပါင္းတတ္ျခင္း

ကီ်းေပါင္းတက္တယ္ဆိုတာ အမ်ားအားျဖင့္အသက္ႀကီးသူေတြမွာအျဖစ္မ်ားတဲ့ အေျခအေနတစ္ခုျဖစ္ပါတယ္။ အသက္ရလာေလ ျဖစ္ႏိုင္ေျခမ်ားလာေလျဖစ္သလို အခ်ဳိ႕ေသာအေၾကာင္းအရာေတြေၾကာင့္လည္း အသက္မႀကီးေသးခင္ က်ီးေပါင္းတက္ႏိုင္ပါတယ္။ အခ်ိန္တန္ရင္ျဖစ္လာမယ့္ေရာဂါဆိုေပမယ့္ တတ္ႏိုင္သေလာက္ေဘးကင္းေအာင္ေနၿပီး က်ီးေပါင္းတက္ႏိုင္ေျခကို ေလွ်ာ့ခ်ရပါမယ္။

က်ီးေပါင္းတက္ေစတဲ့အေၾကာင္းတစ္ခုကေတာ့ အ႐ိုးမွာအတက္ထြက္လာတာျဖစ္ပါတယ္။ အ႐ိုးကထြက္လာတဲ့အတက္ေတြက ေက်ာ႐ိုးကေနထြက္လာတဲ့အာ႐ံုေၾကာေတြကိုဖိမိတဲ့အခါ အာ႐ံုေၾကာေတြနာက်င္တာ၊ အားနည္းတာေတြျဖစ္ၿပီး ဇက္ေၾကာတက္တာ၊ နာတာေတြျဖစ္ႏိုင္ပါတယ္။ ေက်ာ႐ိုးအဆစ္တစ္ခုနဲ႔တစ္ခုနဲ႔ၾကားမွာ ကူရွင္အေနနဲ႔ခုခံေပးထားတဲ့ အျပားေလးေတြရိွပါတယ္။ အဆိုပါအျပားေလးေတြမွာရိွတဲ့ အေရေတြက အဆစ္ေတြပြတ္တိုက္မႈမရိွေအာင္ကာကြယ္ေပးၿပီး အသက္ႀကီးတာနဲ႔အမွ် အဆိုပါအရည္ေတြခန္းေျခာက္လာၿပီး က်ီးေပါင္းတက္ေစႏိုင္ပါတယ္။

ေနာက္ထပ္အျဖစ္မ်ားတဲ့အေၾကာင္းအရာကေတာ့ လည္ပင္းကိုထိခိုက္မိတာျဖစ္ပါတယ္။ ဒဏ္ရာရထားတာ၊ ထိခိုက္မိထားတာစတာေတြေၾကာင့္ အဆစ္ေတြအနာတရျဖစ္ၿပီး က်ီးေပါင္းတက္ႏိုင္ပါတယ္။ ဒါ့အျပင္ ဇက္ေၾကာတက္လို႔ ဇက္ ခဏခဏခ်ဳိးတာကလည္း က်ီးေပါင္းတက္ေစႏိုင္တဲ့အေၾကာင္းတစ္ခုျဖစ္ပါတယ္။ ဇက္ခဏခဏခ်ဳိးရင္ အနာတရရသြားႏိုင္သလို အားအရမ္းမ်ားသြားရင္ အဆစ္လြဲၿပီးအာ႐ံုေၾကာေတြကိုဖိႏိုင္တဲ့ အႏၲရာယ္လည္းရိွပါေသးတယ္။ မိမိရဲ႕အလုပ္အကိုင္အေပၚမူတည္ၿပီးလည္း ေခါင္းကိုလႈပ္ရွားရတာအနည္းအမ်ားေပၚမူတည္ၿပီး က်ီးေပါင္းတက္ႏိုင္တဲ့အရြယ္ကြာျခားႏိုင္ပါတယ္။
ေနာက္ထပ္က်ီးေပါင္းတက္ႏိုင္တဲ့အေၾကာင္းေတြကေတာ့ မ်ဳိး႐ိုးလိုက္တာ၊ အဝလြန္ေနတာ၊ ပံုမွန္မဟုတ္တဲ့အေနအထားနဲ႔ခဏခဏအိပ္တာ စတဲ့အေၾကာင္းေတြေၾကာင့္လည္း က်ီးေပါင္းတက္ႏိုင္ပါတယ္။

က်ီးေပါင္တက္တဲ့လကၡဏာေတြကေတာ့ ကြဲျပားႏိုင္ပါတယ္။ ဘာမွမျဖစ္တာလည္းရိွသလို လကၡဏာနည္းနည္းျပတာ၊ မ်ားမ်ားျပတာလည္းရိွႏိုင္ပါတယ္။ ဇက္ေၾကာတက္တာ၊ ေခါင္းကိုက္တာ၊ မူးေဝတာ၊ ေျခလက္ေတြက မီးစနဲ႔ထိုးသလို ဓာတ္လိုက္သလိုစူးခနဲျဖစ္သြားတာေတြလည္းရိွႏိုင္ပါတယ္။ အဆိုပါေဝဒနာေတြခံစားရလာၿပီဆိုရင္ေတာ့ လိုအပ္တဲ့စစ္ေဆးမႈေတြျပဳလုပ္သင့္ပါတယ္။ X ray႐ိုက္တာ၊ MRI႐ိုက္တာေတြနဲ႔စစ္ေဆးၿပီး ေရာဂါျပင္းထန္ပံုေပၚမူတည္ၿပီး ေဆးေသာက္တာ၊ ေလ့က်င့္ခန္းလုပ္တာ၊ အႏၲရာယ္မ်ားတဲ့အျပဳအမူေတြကိုေရွာင္ၾကဥ္တာေတြနဲ႔ကုသရပါမယ္။

က်ီးေပါင္းတက္တယ္ဆိုတာ အခ်ိန္တန္ရင္ျဖစ္တဲ့ေရာဂါဆိုေပမယ့္ ဘယ္ေရာဂါမဆိုမျဖစ္ခင္ကကာကြယ္ထားတာအေကာင္းဆံုးျဖစ္ပါတယ္။ ဒါေၾကာင့္ က်ီးေပါင္းတက္ေစတဲ့အျပဳအမူေတြကိုေရွာင္ရွားျခင္းနဲ႔ တတ္ႏိုင္သေလာက္ကာကြယ္သင့္သလို ျဖစ္လာရင္လည္း ပိုဆိုးမလာေအာင္ထိထိေရာက္ေရာက္ကုသသင့္ပါတယ္။

Dr. ZZ

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…