လည်ပင်းကျီးပေါင်း မကောင်းကြောင်း
? ဟိုးရှေးရှေးတုန်းကတော့ ကိုယ့်ကို လည်ပင်းဖက်ပေါင်းခဲ့ကြသူတွေက ချစ်ခင်ရတဲ့ သူငယ်ချင်းတွေပေါ့။ အသက်ကလေးရလာလေ တဖြည်းဖြည်းနဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ဝေးသွားကြတယ်။ ရောဂါတွေကတော့ တစ်ခုပြီးတစ်ခု ရောက်လာပြီး မိတ်ဖွဲ့ကြတော့တာပဲ။ မခင်ချင်လို့မရ။ မုန်းလည်း ရှောင်လို့မရ။
လည်ပင်းကျီးပေါင်းတဲ့။
သူလည်းပါတာပေါ့။
နာမည်နဲ့ လိုက်ပဲလိုက်သေးတော့။
ကြီးမှ လည်ပင်းဖက် လာပေါင်းချင်တဲ့ စိတ်ညစ်စရာရောဂါ။
? လည်ပင်းကျီးပေါင်း ဘာလို့ဖြစ်?
အသက်ကြီးလာရင်ဖြစ်ပါတယ်။
လူတိုင်းနီးပါးဖြစ်တတ်ပါတယ်။
တချို့တွေမှာတော့ ဘာလက္ခဏာမှ မပြဘဲ ရှိနေတတ်တယ်။
ဆေးလိပ်သောက်ရင် ပိုဖြစ်နိုင်သလို လည်ပင်း ကုပ်ပိုးနဲ့ ဇက်ကြောတွေမှာ ထိခိုက်ဒဏ်ရာရဖူးရင် ပိုဖြစ်နိုင်ပါတယ်။
လည်ပင်းကနေ ခါးအောက်မြီးညှောင့်ရိုးနားအထိရှိတဲ့ ကျောရိုးဆစ်တွေတစ်လျှောက်မှာ ဖြစ်တတ်ပါတယ်။ လည်ပင်းတစ်ဝိုက်က Cervical spine bones တွေမှာ ဖြစ်တော့ Cervical spondylosis လို့ခေါ်တာပေါ့။
ကျောရိုးဆစ်တစ်ခုနဲ့ တစ်ခုအကြားမှာ ကူရှင်လို ဝါရှာလို ရှော့ဘားလို ခံထားတဲ့ Vertebral discs လေးတွေဟာ အသက်ကြီးလာလေ ရေဓာတ်ခန်းခြောက်မှုကြောင့် ယိုယွင်းလာလေဖြစ်လာကြတယ်။ အရိုးနှစ်ခုကြားထဲက ကြားခံ ကူရှင်လေး ပါးလျားပျက်စီးလာတော့ အရိုးချင်းပွတ်တိုက်မှုအား ပိုများရင်း အရိုးတွေမှာပါ တဖြည်းဖြည်း ပုံစံပြောင်းလာတတ်သလို spur လို့ခေါ်တဲ့ကျီးပေါင်း အတက်ကလေးတွေ ဖြစ်လာတတ်တယ်။
လည်ပင်းမှာဖြစ်တော့ လည်ပင်းကျီးပေါင်းခေါ်ပြီး ခါးဆစ်ရိုးတွေမှာဖြစ်ရင်တော့ ခါးကျီးပေါင်းလို့ ခေါ်ကြပါတယ်။
? ဘာလက္ခဏာတွေပြမှာလဲ?
အရိုးအဆစ်တွေကို ဘယ်ညာ အထက်အောက် ချောချောမွေ့မွေ့လှုပ်ရှားနိုင်ဖို့မရှိမဖြစ်လိုတဲ့ ကြားခံ disc ကလေးတွေ ပျက်စီးလာပြီဆိုရင် လည်ပင်းရဲ့ လှုပ်ရှားမှုတွေမှာ တောင့်တင်းနာကျင်လာမှာကတော့ အသေအချာပဲပေါ့။
ခေါင်းကိုက်တာ ဇက်ကြောတက်တာတွေဖြစ်မယ်။ ဟိုဘက်ဒီဘက် လှည့်မရလို့ “ဟာ..အဲ့လိုနော်..ချေတယ်နော် မခေါ်ဘူးနော် ဒီဘက်တောင် လှည့်မကြည့်ဘူးနော်” စွပ်စွဲခံရတတ်တယ်။
ဒီထက်ပိုဆိုးလာရင်တော့ အရိုးအတက်ကလေးတွေက ကျောရိုးတဝိုက်က အာရုံကြောလေးတွေကို သွားဖိမိ ထိမိရင် ခြေလက် ထုံကျင်လာတာမျိုးတွေဖြစ်တတ်တယ်။ အဆိုးဆုံးကတော့ ကျောရိုးတလျှောက်မှာ ဦးဏှောက်ကနေ ဆင်းသက်လာတဲ့ spinal cord အာရုံကြောမကြီးကို ဖိမိရင်တော့ လမ်းလျှောက်ရခက်လာတာ ချိနဲ့လာတာ ဆီးဝမ်း မထိန်းနိုင်တာတွေအထိ ဖြစ်နိုင်ပါတယ်။
ဒီလက္ခဏာတွေ တစ်ခုခုဖြစ်လာရင်တော့ ဆရာဝန် မြန်မြန်ပြဖို့ လိုပါတယ်။
? ဘယ်လိုကုကြမလဲ
လည်ပင်းကျီးပေါင်းလို့ သေချာဖို့ လည်ပင်းရိုးကို ဓာတ်မှန်ရိုက်ကြည့်ပြီးသိနိုင်ပါတယ်။ ဒါပေမဲ့ အသက်ခြောက်ဆယ်ကျော်လာရင် လူတစ်ရာမှာ ရှစ်ဆယ့်ငါးယောက်လောက်မှာ လည်ပင်းကျီးပေါင်းလို့ ပြောလို့ရတဲ့ Osteoarthritis(OA) Changes တွေ ဓာတ်မှန်မှာတွေ့နိုင်ပါတယ်။ ဒီတော့ ဖြစ်လာတဲ့ ဝေဒနာတွေဟာ လည်ပင်းကျီးပေါင်းကြောင့် မဟုတ်ဘဲ တခြားရောဂါတွေကြောင့်လည်း ဖြစ်နေနိုင်တာ သတိထားရပါမယ်။
လည်ပင်းကျီးပေါင်းကြောင့် မူးနိုင်ချေနည်းပါတယ်။ နားအတွင်းပြဿနာတစ်ခုကြောင့် ခေါင်းလှည့်တိုင်းမူးတဲ့ Benign Positional Vertigo ရောဂါဟာ လူကြီးတွေမှာ အဖြစ်များပြီး လည်ပင်းကျီးပေါင်းလို့ မကြာခဏ မှားသမုတ်တတ်ကြပါတယ်။
Spinal cord အာရုံကြောမကြီးနဲ့ spinal nerves အာရုံကြောလေးတွေ၊ spinal cord သွားရာလမ်းတစ်လျှောက် အခြေအနေတွေကိုသိနိုင်ဖို့ သံလိုက်ဓာတ်မှန် MRI နဲ့ CT scan တွေ ဆက်လုပ်ရတတ်ပါတယ်။
အာရုံကြောမကြီးကို ထိခိုက်တဲ့ (ဒါမှမဟုတ်) ထိခိုက်နိုင်ခြေရှိတဲ့ အခြေအနေမျိုးမှာတော့ ခွဲစိတ်ရတတ်ပါတယ်။
အဲ့လောက်မဆိုးတဲ့ ဇက်ကြောတက်တာ တောင့်တင်း နာကျင် ကိုက်ခဲတာ ထုံတာကျင်တာတွေအတွက်ကတော့ လိမ်းဆေး၊သောက်ဆေးတွေ၊ Physiothreapy လေ့ကျင့်ခန်းတွေနဲ့ အတိုင်းအတာတစ်ခုအထိ သက်သာအောင် လုပ်လို့ရပါလိမ့်မယ်။
သုတေသနမရှိတဲ့ အမည်ခံသက်သက် ကျီးပေါင်းပျောက်ဆေးဆိုတာတွေ ဆေးမြီးတိုတွေတော့ ရှောင်ရပါမယ်။
ဘယ်တော့မှ ပျောက်မသွားဘဲ ကျောရိုးတလျှောက်အဆစ်တွေမှာ အမြဲဆက်ရှိနေမဲ့ OA Changes တွေနဲ့ ‘ကျီးပေါင်း’ ဆိုတဲ့ကောင်တွေကတော့ “ဇရာ” ဆိုတဲ့ နောက်ထပ် ခပ်ဆိုးဆိုး ကြီးပေါင်းသူငယ်ချင်းတစ်ယောက်နဲ့အတူတူ ကိုယ့်ရဲ့ အိုမင်းရင့်ရော်ခြင်း ခရီးစဉ်တစ်လျှောက် လည်ပင်းကိုဖက်လိုက် ခါးကိုဖက်လိုက်နဲ့ တတွဲတွဲ လိုက်လာနေဦးမှာကိုး။
Dr ဖြိုးဝေလင်း
(25.3.19)
လည္ပင္းက်ီးေပါင္း မေကာင္းေၾကာင္း
? ဟိုးေ႐ွးေ႐ွးတုန္းကေတာ့ ကိုုယ့္ကို လည္ပင္းဖက္ေပါင္းခဲ့ၾကသူေတြက ခ်စ္ခင္ရတဲ့ သူငယ္ခ်င္းေတြေပါ့။ အသက္ကေလးရလာေလ တျဖည္းျဖည္းနဲ႔ သူငယ္ခ်င္းေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေဝးသြားၾကတယ္။ ေရာဂါေတြကေတာ့ တစ္ခုၿပီးတစ္ခု ေရာက္လာၿပီး မိတ္ဖြဲ႔ၾကေတာ့တာပဲ။ မခင္ခ်င္လို႔မရ။ မုန္းလည္း ေ႐ွာင္လို႔မရ။
လည္ပင္းက်ီးေပါင္းတဲ့။
သူလည္းပါတာေပါ့။
နာမည္နဲ႔ လိုက္ပဲလိုက္ေသးေတာ့။
ႀကီးမွ လည္ပင္းဖက္ လာေပါင္းခ်င္တဲ့ စိတ္ညစ္စရာေရာဂါ။
? လည္ပင္းက်ီးေပါင္း ဘာလို႔ျဖစ္?
အသက္ႀကီးလာရင္ျဖစ္ပါတယ္။
လူတိုင္းနီးပါးျဖစ္တတ္ပါတယ္။
တခ်ိဳ႕ေတြမွာေတာ့ ဘာလကၡဏာမွ မျပဘဲ ႐ွိေနတတ္တယ္။
ေဆးလိပ္ေသာက္ရင္ ပိုျဖစ္ႏိုင္သလို လည္ပင္း ကုပ္ပိုးနဲ႔ ဇက္ေၾကာေတြမွာ ထိခိုက္ဒဏ္ရာရဖူးရင္ ပိုျဖစ္ႏိုင္ပါတယ္။
လည္ပင္းကေန ခါးေအာက္ၿမီးေညႇာင့္႐ိုးနားအထိ႐ွိတဲ့ ေက်ာ႐ိုးဆစ္ေတြတစ္ေလွ်ာက္မွာ ျဖစ္တတ္ပါတယ္။ လည္ပင္းတစ္ဝိုက္က Cervical spine bones ေတြမွာ ျဖစ္ေတာ့ Cervical spondylosis လို႔ေခၚတာေပါ့။
ေက်ာ႐ိုးဆစ္တစ္ခုနဲ႔ တစ္ခုအၾကားမွာ ကူရွင္လို ဝါ႐ွာလို ေ႐ွာ့ဘားလို ခံထားတဲ့ Vertebral discs ေလးေတြဟာ အသက္ႀကီးလာေလ ေရဓာတ္ခန္းေျခာက္မႈေၾကာင့္ ယိုယြင္းလာေလျဖစ္လာၾကတယ္။ အ႐ိုးႏွစ္ခုၾကားထဲက ၾကားခံ ကူ႐ွင္ေလး ပါးလ်ားပ်က္စီးလာေတာ့ အ႐ိုးခ်င္းပြတ္တိုက္မႈအား ပိုမ်ားရင္း အ႐ိုးေတြမွာပါ တျဖည္းျဖည္း ပံုစံေျပာင္းလာတတ္သလို spur လို႔ေခၚတဲ့က်ီးေပါင္း အတက္ကေလးေတြ ျဖစ္လာတတ္တယ္။
လည္ပင္းမွာျဖစ္ေတာ့ လည္ပင္းက်ီးေပါင္းေခၚၿပီး ခါးဆစ္႐ိုးေတြမွာျဖစ္ရင္ေတာ့ ခါးက်ီးေပါင္းလို႔ ေခၚၾကပါတယ္။
? ဘာလကၡဏာေတြျပမွာလဲ?
အရိုးအဆစ္ေတြကို ဘယ္ညာ အထက္ေအာက္ ေခ်ာေခ်ာေမြ ့ေမြ ့လႈပ္ရွားနိုင္ဖို ့မရွိမျဖစ္လိုတဲ့ ၾကားခံ disc ကေလးေတြ ပ်က္စီးလာျပီဆိုရင္ လည္ပင္းရဲ႕ လႈပ္႐ွားမႈေတြမွာ ေတာင့္တင္းနာက်င္လာမွာကေတာ့ အေသအခ်ာပဲေပါ့။
ေခါင္းကိုက္တာ ဇက္ေၾကာတက္တာေတြျဖစ္မယ္။ ဟိုဘက္ဒီဘက္ လွည့္မရလို႔ “ဟာ..အဲ့လိုေနာ္..ေခ်တယ္ေနာ္ မေခၚဘူးေနာ္ ဒီဘက္ေတာင္ လွည့္မၾကည့္ဘူးေနာ္” စြပ္စြဲခံရတတ္တယ္။
ဒီထက္ပိုဆိုးလာရင္ေတာ့ အ႐ိုးအတက္ကေလးေတြက ေက်ာ႐ိုးတဝိုက္က အာရံုေၾကာေလးေတြကို သြားဖိမိ ထိမိရင္ ေျခလက္ ထံုက်င္လာတာမ်ိဳးေတြျဖစ္တတ္တယ္။ အဆိုးဆံုးကေတာ့ ေက်ာ႐ိုးတေလ်ွာက္မွာ ဦးေဏွာက္ကေန ဆင္းသက္လာတဲ့ spinal cord အာရံုေၾကာမႀကီးကို ဖိမိရင္ေတာ့ လမ္းေလ်ွာက္ရခက္လာတာ ခ်ိနဲ႔လာတာ ဆီးဝမ္း မထိန္းႏိုင္တာေတြအထိ ျဖစ္ႏိုင္ပါတယ္။
ဒီလကၡဏာေတြ တစ္ခုခုျဖစ္လာရင္ေတာ့ ဆရာဝန္ ျမန္ျမန္ျပဖို႔ လိုပါတယ္။
? ဘယ္လိုကုၾကမလဲ
လည္ပင္းက်ီးေပါင္းလို႔ ေသခ်ာဖို႔ လည္ပင္း႐ိုးကို ဓာတ္မွန္႐ိုက္ၾကည့္ၿပီးသိႏိုင္ပါတယ္။ ဒါေပမဲ့ အသက္ေျခာက္ဆယ္ေက်ာ္လာရင္ လူတစ္ရာမွာ ႐ွစ္ဆယ့္ငါးေယာက္ေလာက္မွာ လည္ပင္းက်ီးေပါင္းလို႔ ေျပာလို႔ရတဲ့ Osteoarthritis(OA) Changes ေတြ ဓာတ္မွန္မွာေတြ႔ႏိုင္ပါတယ္။ ဒီေတာ့ ျဖစ္လာတဲ့ ေဝဒနာေတြဟာ လည္ပင္းက်ီးေပါင္းေၾကာင့္ မဟုတ္ဘဲ တျခားေရာဂါေတြေၾကာင့္လည္း ျဖစ္ေနနိုင္တာ သတိထားရပါမယ္။
လည္ပင္းက်ီးေပါင္းေၾကာင့္ မူးႏိုင္ေခ်နည္းပါတယ္။ နားအတြင္းျပႆနာတစ္ခုေၾကာင့္ ေခါင္းလွည့္တိုင္းမူးတဲ့ Benign Positional Vertigo ေရာဂါဟာ လူႀကီးေတြမွာ အျဖစ္မ်ားၿပီး လည္ပင္းက်ီးေပါင္းလို႔ မၾကာခဏ မွားသမုတ္တတ္ၾကပါတယ္။
Spinal cord အာရံုေၾကာမႀကီးနဲ႔ spinal nerves အာရံုေၾကာေလးေတြ၊ spinal cord သြားရာလမ္းတစ္ေလ်ွာက္ အေျခအေနေတြကိုသိႏိုင္ဖို႔ သံလိုက္ဓာတ္မွန္ MRI နဲ႔ CT scan ေတြ ဆက္လုပ္ရတတ္ပါတယ္။
အာရံုေၾကာမႀကီးကို ထိခိုက္တဲ့ (ဒါမွမဟုတ္) ထိခိုက္ႏိုင္ေျခ႐ွိတဲ့ အေျခအေနမ်ိဳးမွာေတာ့ ခြဲစိတ္ရတတ္ပါတယ္။
အဲ့ေလာက္မဆိုးတဲ့ ဇက္ေၾကာတက္တာ ေတာင့္တင္း နာက်င္ ကိုက္ခဲတာ ထံုတာက်င္တာေတြအတြက္ကေတာ့ လိမ္းေဆး၊ေသာက္ေဆးေတြ၊ Physiothreapy ေလ့က်င္႔ခန္းေတြနဲ႔ အတိုင္းအတာတစ္ခုအထိ သက္သာေအာင္ လုပ္လို႔ရပါလိမ့္မယ္။
သုေတသနမရွိတဲ့ အမည္ခံသက္သက္ က်ီးေပါင္းေပ်ာက္ေဆးဆိုတာေတြ ေဆးၿမီးတိုေတြေတာ့ ေ႐ွာင္ရပါမယ္။
ဘယ္ေတာ့မွ ေပ်ာက္မသြားဘဲ ေက်ာ႐ိုးတေလ်ွာက္အဆစ္ေတြမွာ အျမဲဆက္႐ွိေနမဲ့ OA Changes ေတြနဲ႔ ‘က်ီးေပါင္း’ ဆိုတဲ့ေကာင္ေတြကေတာ့ “ဇရာ” ဆိုတဲ့ ေနာက္ထပ္ ခပ္ဆိုးဆိုး ႀကီးေပါင္းသူငယ္ခ်င္းတစ္ေယာက္နဲ႔အတူတူ ကိုယ့္ရဲ႕ အိုမင္းရင့္ေရာ္ျခင္း ခရီးစဥ္တစ္ေလ်ွာက္ လည္ပင္းကိုဖက္လိုက္ ခါးကိုဖက္လိုက္နဲ႔ တတြဲတြဲ လိုက္လာေနဦးမွာကိုး။
Dr ၿဖိဳးေဝလင္း
(25.3.19)