သားမွေးပြွန်ထည့်ကွင်း

စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။

ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။

ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။

ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။

ဘယ်လိုသုံးရတာလဲ။

ဒီကွင်းလေးကို သားမွေးလမ်းကြောင်းအတွင်း စနစ်တကျ မှန်မှန်ကန်ကန် ထည့်ထားရမှာပါ။

အသုံးပြုရလဲလွယ်ကူပြီး မှန်မှန်ကန်ကန် ထည့်ထားရင် ၉၉ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိစေပါတယ်။

ရာသီလာပြီးစ ၅ရက် အတွင်းမှာထည့်သင့်ပါတယ်။

ဘယ်သူတွေ သုံးသင့်သလဲ။

သုံးတဲ့ အမျိုးအစားပေါ်မူတည်ပြီး တစ်လမှ သုံးလအထိ ခံတော့ ဆေးပုံမှန်မသောက်ချင်သူ၊ ဆေးမထိုးဘဲ ကြာရှည်ခံစေချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ နည်းလမ်းတစ်ခုပေါ့။

အတူနေတဲ့အခါမှာလည်း အနှောင့်အယှက်မဖြစ်စေသလို၊ အသုံးပြုမှုရပ်တာနဲ့ ကိုယ်ဝန်ပြန်ရစေတော့ ကာလတို သန္ဓေတားချင်သူတွေအတွက်လည်း သင့်တော်တယ်လေ။

ဘာတွေ သတိထားဖို့ လိုအပ်မလဲ။

အဓိက ကတော့ အချိန်မှန် ကွင်းလဲဖို့ပါပဲ။ လဲရမယ့် ရက်ကို သေချာမှတ်ထားပြီး အချိန်မှန်လဲပေးဖို့ လိုအပ်ပါတယ်။

ဟော်မုန်းဓာတ်ပါတဲ့အတွက် အသုံးပြုစအခါတွေမှာ ရာသီသွေးဆင်း မမှန်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ အန်ခြင်း ဖြစ်တတ်ပါတယ်။ မကြောက်ပါနဲ့။ နှစ်လလောက်အကြာမှာ ဒါတွေ သက်သာပြီး ပုံမှန်ပြန်ဖြစ်သွားမှာပါ။

ဒီကွင်းလေးက လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို မကာကွယ်နိုင်လို့ ကွန်ဒုံးပါ အသုံးပြုသင့်ပါတယ်။

ဒါကြောင့် ဆေးမသောက်ချင်တော့ဘူး၊ ဆေးထိုးရကြောက်တယ်၊ လက်မောင်းလည်း အခွဲမခံချင်ဘူး ဆိုသူ မမတို့ရေ ဒီနည်းလမ်းကိုသာ ရွေးချယ်လိုက်ကြပေတော့နော်။

(မှတ်ချက်။ ။MyDoctorR အပလီကေးရှင်းပေါ်ရှိ ဆရာဝန်တစ်ဦးဦးသို့ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါသည်။ ညွှန်ကြားချက်များကိုတသွေမသိမ်းလိုက်နာဆောင်ရွက်ရန်အထူးလိုအပ်ပါသည်။)

ရီချို(ဆေး ၁)

သားေမြးျပြန္ထည့္ကြင္း

စက္ဝိုင္းပံုသ႑ာန္ ရာဘာကြင္းေလး တစ္ကြင္းက သေႏၶတားနိုင္စြမ္းရွိတာကို သိၾကလား။

ကိုယ္ဝန္ကို ဘယ္လိုတားေပးတာလဲ။

ဒီကြင္းေလးဟာ မေဟာ္မုန္းေတြပါဝင္ျပီး တစ္စိမ့္စိမ့္ထြက္ရွိေပးတဲ့အတြက္ သားဥေၾကြျခင္းကို တားေပးတယ္။

ကြင္းထည့္ထားတဲ့ တစ္ဝိုက္မွာလည္း ခၽြဲေျမွးေတြ ထူေစျပီး သုတ္ပိုးမ်ား သားအိမ္အတြင္း ဝင္ေရာက္ျခင္းကို တားျမစ္ေပးျပီး ကိုယ္ဝန္မရေအာင္ တားေပးပါတယ္။

ဘယ္လိုသံုးရတာလဲ။

ဒီကြင္းေလးကို သားေမြးလမ္းေၾကာင္းအတြင္း စနစ္တက် မွန္မွန္ကန္ကန္ ထည့္ထားရမွာပါ။

အသံုးျပဳရလဲလြယ္ကူျပီး မွန္မွန္ကန္ကန္ ထည့္ထားရင္ ၉၉ ရာခိုင္ႏွဳန္းအထိ ထိေရာက္မွဳရွိေစပါတယ္။

ရာသီလာျပီးစ ၅ရက္ အတြင္းမွာထည့္သင့္ပါတယ္။

ဘယ္သူေတြ သံုးသင့္သလဲ။

သံုးတဲ့ အမ်ိဳးအစားေပၚမူတည္ျပီး တစ္လမွ သုံးလအထိ ခံေတာ့ ေဆးပံုမွန္မေသာက္ခ်င္သူ၊ ေဆးမထိုးဘဲ ၾကာရွည္ခံေစခ်င္သူေတြအတြက္ ေရြးခ်ယ္သင့္တဲ့ နည္းလမ္းတစ္ခုေပါ့။

အတူေနတဲ့အခါမွာလည္း အေႏွာင့္အယွက္မျဖစ္ေစသလို၊ အသံုးျပဳမွဳရပ္တာနဲ႔ ကိုယ္ဝန္ျပန္ရေစေတာ့ ကာလတို သေႏၶတားခ်င္သူေတြအတြက္လည္း သင့္ေတာ္တယ္ေလ။

ဘာေတြ သတိထားဖို႔ လုိအပ္မလဲ။

အဓိက ကေတာ့ အခ်ိန္မွန္ ကြင္းလဲဖုိ႔ပါပဲ။ လဲရမယ့္ ရက္ကို ေသခ်ာမွတ္ထားျပီး အခ်ိန္မွန္လဲေပးဖို႔ လိုအပ္ပါတယ္။

ေဟာ္မုန္းဓာတ္ပါတဲ့အတြက္ အသံုးျပဳစအခါေတြမွာ ရာသီေသြးဆင္း မမွန္ျခင္း၊ ေခါင္းမူးျခင္း၊ ပ်ိဳ႕ျခင္း၊ အန္ျခင္း ျဖစ္တတ္ပါတယ္။ မေၾကာက္ပါနဲ့။ နွစ္လေလာက္အၾကာမွာ ဒါေတြ သက္သာျပီး ပံုမွန္ျပန္ျဖစ္သြားမွာပါ။

ဒီကြင္းေလးက လိင္မွတစ္ဆင့္ ကူးစက္တဲ့ ေရာဂါေတြကို မကာကြယ္နုိင္လို႔ ကြန္ဒံုးပါ အသံုးျပဳသင့္ပါတယ္။

ဒါေၾကာင့္ ေဆးမေသာက္ခ်င္ေတာ့ဘူး၊ ေဆးထိုးရေၾကာက္တယ္၊ လက္ေမာင္းလည္း အခြဲမခံခ်င္ဘူး ဆိုသူ မမတို႔ေရ ဒီနည္းလမ္းကိုသာ ေရြးခ်ယ္လုိက္ၾကေပေတာ့ေနာ္။

(မွတ္ခ်က္။ ။MyDoctorR အပလီေကးရွင္းေပၚရွိ ဆရာ၀န္တစ္ဦးဦးသို႕ဆက္သြယ္အကူအညီ ေတာင္းခံႏိုင္ပါသည္။ ညႊန္ၾကားခ်က္မ်ားကိုတေသြမသိမ္းလိုက္နာေဆာင္ရြက္ရန္အထူးလိုအပ္ပါသည္။)

ရီခ်ိဳ(ေဆး ၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *