ဦးထုပ်ကလေးဆောင်ထားပေး၊ ကိုယ်ဝန်မရရေး (သားအိမ်ခေါင်းစွပ်)

ပဋိသန္ဓေတားဆီးတဲ့ နည်းတွေထဲက သုတ်ပိုးနဲ့ သားဥမတွေ့အောင် တားနည်းနောက်တစ်မျိုးကတော့ သားအိမ်ခေါင်းလေးမှာ ဦးထုပ်ကလေးစွပ်ထားတဲ့ နည်းပါပဲ။

သားအိမ်ခေါင်းစွပ်ဆိုတာကတော့ ခပ်ပျော့ပျော့ silicone သို့ latex နဲ့ပြုလုပ်ထားတဲ့ခွက် ပုံသဏ္ဍာန် ပစ္စည်းလေးပါ။ သားအိမ်ခေါင်းအဝမှာ စွပ်ပေးထားခြင်းဖြင့် သားအိမ်အတွင်း သုတ်ပိုးမဝင်အောင် တားပေးပြီး ကိုယ်ဝန်မရအောင် ဆောင်ရွက်ပေးပါတယ်။

ဘယ်လိုအသုံးပြုရမလဲ။

အကောင်းဆုံးကတော့ ခွက်လေးရဲ့အတွင်းဘက် မျက်နှာပြင်မှာ သုတ်ပိုးလေးတွေ သေစေမယ့် spermicide သုတ်လိမ်းထားပြီးမှ အသုံးပြုတာပါ။

မိန်းမကိုယ်မှတစ်ဆင့် သားမွေးလမ်းကြောင်းကို ဖြတ်ကာ သားအိမ်ခေါင်းအဝမှာ အတူမနေခင် စွပ်ထားပေးရမှာ ဖြစ်ပါတယ်။ နေရာတကျသေချာထည့်ဖို့တော့ လိုအပ်ပါတယ်။

သတိပြုရမည့်အချက်များ

တစ်ခုသတိပြုရမှာက ဒီအစွပ်ကလေးကို အတူနေပြီး နောက် ၆နာရီကြာတဲ့အထိ စွပ်ပေးထားရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ၂ရက်ထက်တော့ ပိုမထားရပါဘူး။ ၂ရက်ထက်ပိုကြာကြာ ထားမိရင် ပိုးဝင်ပြီး သွေးလန့်ခြင်းတွေဖြစ်တတ်လို့ပါ။

ကိုယ်တွင်းက ထုတ်ပြီးရင်တော့ ဒီခွက်လေးကို ရေ၊ ဆပ်ပြာနဲ့ သေချာစွာဆေးပြီး အခြောက်ခံပါ။ ထို့နောက် ဘူးထဲပြန်ထည့်သိမ်းထားပါ။ ချောဆီ၊ ခရင်လိမ်းဆေးတွေနဲ့ အတူ မသုံးသင့်ပါ။

တစ်နှစ် တစ်ခါ လဲပေးသင့်ပါတယ်။

ဘယ်လောက်ထိ အသုံးဝင်ပါသလဲ

သားမွေးလမ်းကြောင်းကတစ်ဆင့် ကလေးမွေးထားဖူးတဲ့ မိခင်တွေအတွက်တော့ ကိုယ်ဝန်ရနိုင်ချေ ပိုများတတ်ပါတယ်။

သာမန်အမျိုးသမီးတွေမှာတော့ အယောက် ၁၀၀မှာ ၈၈ယောက်ထိ ကိုယ်ဝန်တားနိုင်စေပါတယ်။

အတူနေတဲ့ အခါ အနှောင့်အယှက်မဖြစ်စေပေမယ့် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်မပေးနိုင်လို့ ကွန်ဒုံးနဲ့တွဲပြီး အသုံးပြုသင့်ပါတယ်။

ရီချို(ဆေး ၁)

ဦးထုပ္ကေလးေဆာင္ထားေပး၊ ကုိယ္ဝန္မရေရး (သားအိမ္ေခါင္းစြပ္)

ပဋိသေႏၶတားဆီးတဲ့ နည္းေတြထဲက သုတ္ပိုးနဲ႔ သားဥမေတြ႔ေအာင္ တားနည္းေနာက္တစ္မ်ိဳးကေတာ့ သားအိမ္ေခါင္းေလးမွာ ဦးထုပ္ကေလးစြပ္ထားတဲ့ နည္းပါပဲ။

သားအိမ္ေခါင္းစြပ္ဆိုတာကေတာ့ ခပ္ေပ်ာ့ေပ်ာ့ silicone သို႔ latex နဲ႔ျပဳလုပ္ထားတဲ့ခြက္ ပံုသ႑ာန္ ပစၥည္းေလးပါ။ သားအိမ္ေခါင္းအဝမွာ စြပ္ေပးထားျခင္းျဖင့္ သားအိမ္အတြင္း သုတ္ပိုးမဝင္ေအာင္ တားေပးျပီး ကိုယ္ဝန္မရေအာင္ ေဆာင္ရြက္ေပးပါတယ္။

ဘယ္လိုအသံုးျပဳရမလဲ။

အေကာင္းဆံုးကေတာ့ ခြက္ေလးရဲ့အတြင္းဘက္ မ်က္ႏွာျပင္မွာ သုတ္ပိုးေလးေတြြ ေသေစမယ့္ spermicide သုတ္လိမ္းထားျပီးမွ အသံုးျပဳတာပါ။

မိန္းမကိုယ္မွတစ္ဆင့္ သားေမြးလမ္းေၾကာင္းကို ျဖတ္ကာ သားအိမ္ေခါင္းအဝမွာ အတူမေနခင္ စြပ္ထားေပးရမွာ ျဖစ္ပါတယ္္။ ေနရာတက်ေသခ်ာထည့္ဖို႔ေတာ့ လိုအပ္ပါတယ္။

သတိျပဳရမည့္အခ်က္မ်ား

တစ္ခုသတိျပဳရမွာက ဒီအစြပ္ကေလးကို အတူေနျပီး ေနာက္ ၆နာရီၾကာတဲ့အထိ စြပ္ေပးထားရမွာ ျဖစ္ပါတယ္။ သုိ႔ေပမယ့္ ၂ရက္ထက္ေတာ့ ပိုမထားရပါဘူး။ ၂ရက္ထက္ပိုၾကာၾကာ ထားမိရင္ ပိုးဝင္ျပီး ေသြးလန္႔ျခင္းေတြျဖစ္တတ္လို႔ပါ။

ကိုယ္တြင္းက ထုတ္ျပီးရင္ေတာ့ ဒီခြက္ေလးကို ေရ၊ ဆပ္ျပာနဲ႔ ေသခ်ာစြာေဆးျပီး အေျခာက္ခံပါ။ ထို႔ေနာက္ ဘူးထဲျပန္ထည့္သိမ္းထားပါ။ ေခ်ာဆီ၊ ခရင္လိမ္းေဆးေတြနဲ႔ အတူ မသံုးသင့္ပါ။

တစ္ႏွစ္ တစ္ခါ လဲေပးသင့္ပါတယ္။

ဘယ္ေလာက္ထိ အသံုးဝင္ပါသလဲ

သားေမြးလမ္းေၾကာင္းကတစ္ဆင့္ ကေလးေမြးထားဖူးတဲ့ မိခင္ေတြအတြက္ေတာ့ ကိုယ္ဝန္ရနိုင္ေခ် ပိုမ်ားတတ္ပါတယ္။

သာမန္အမ်ိဳးသမီးေတြမွာေတာ့ အေယာက္ ၁၀၀မွာ ၈၈ေယာက္ထိ ကိုယ္ဝန္တားနုိင္ေစပါတယ္။

အတူေနတဲ့ အခါ အေႏွာင့္အယွက္မျဖစ္ေစေပမယ့္ လိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြကို ကာကြယ္မေပးနိုင္လို႔ ကြန္ဒံုးန့ဲတြဲျပီး အသံုးျပဳသင့္ပါတယ္။

ရီခ်ိဳ(ေဆး ၁)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *