သားအိမ်ခေါင်းကင်ဆာ

မြန်မာအမျိုးသမီးတွေမှာ အဖြစ်အများဆုံးကင်ဆာတွေထဲက တစ်ခုကတော့ သားအိမ်ခေါင်းကင်ဆာ ပါပဲ….

သားအိမ်ခေါင်းကင်ဆာ ဆိုတာ… cervix လို့ခေါ်တဲ့ သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်တွေ… ပုံစံပြောင်းလဲပြီး ပွားများမှူနှူန်းများရာကနေဖြစ်တဲ့ ကင်ဆာပါ… မြန်မာပြည်မှာ သိပ်ကိုပေါတဲ့ရောဂါတစ်ခုဖြစ်ပေမယ့်…. စောစောစီးစီး ရောရာကို သတိပြုမိပြီး ကုသမယ်ဆိုရင်တော့ပျောက်ကင်းနိုင်သလို …..ကာကွယ်မှူတွေလဲ အတိုင်းအတာတစ်ခုထိ လုပ်လို့ရတဲ့ရောဂါ ပါ

ဘာကြောင့်ဖြစ်တာလဲ

အဓိကကတော့ လိင်အဂါ်ကြွက်နို့ပိုးလို့ခေါ်တဲ့ HPV လို့လဲခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ….

ရောဂါပိုးရှိသူနဲ့ လိင်တူ လိင်ကွဲ ဆက်ဆံမိရာကနေ လိင်အဂါ်ကြွက်နို့ပိုး (HPV) ကူးနိုင်ပါတယ်…

HPV မှာ အမျိုးအစား ကွဲတွေရှိပြီး တချို့ကတော့…. လိင်အဂါ်မှာ ကြွက်နို့လောက်ပဲ ဖြစ်ပေမယ့်…. တချို့ပိုးတွေကတော့ သားအိမ်ခေါင်းကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်….

အမျိုးသမီးတွေရဲ့ ဆက်ဆံဖော်ယောက်ကျားတွေရဲ့ လိင်အဂါ်သန့်ရှင်းမှူအားနည်းတာ… လိင်ဆက်ဆံဖော်များတာကလဲ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေပါပဲ….

ရောဂါလက္ခဏာတွေက ဘာတွေလဲ

ရာသီပုံမမှန်တာ၊ ရာသီတစ်ခုနဲ့တစ်ခုကြား သွေးဆင်းတာ၊ လိင်ဆက်ဆံပြီးရင် သွေးဆင်းတာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ၊ အနံ့နံပြီးဝါတဲ့ အဖြူရည်တွေ မိန်းမကိုယ်က ဆင်းတာ လိင်ဆက်ဆံချိန်မှာ နာကျင်တာ ဝမ်းဗိုက်အောက်နားကနေ နာတာ…. စတာတွေ ဖြစ်နိုင်ပါတယ်

ရောဂါဖြစ်လာရင် ဘယ်လို ကုကြမလဲ

လူတစ်ယောက်ချင်းစီနဲ့ ရောဂါရဲ့အဆင့်အလိုက် ကုသမှူ တွေ မတူတတ်ပေမယ့်… ယျေဘူယျအားဖြင့် ပြောရရင်….ခွဲစိတ်တာ (သားအိမ်ထုတ်တာ.. သားအိမ်အပါအဝင် သားဥအိမ်နဲ့ သားဥပြွန်တွေကိုထုတ်တာ… ပြန်ရည်ကြိတ်တွေထုတ်တာ) ၊ ကင်ဆာဆေးသွင်းတာနဲ့ ဓာတ်ရောင်ခြည် ပေးကုသတာဆိုပြီး သုံးမျိုးရှိပါတယ်….

ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

Pap smear လို့ခေါ်တဲ့…. သားအိမ်ခေါင်းအဝက ချွဲလေးတွေကို ဓာတ်ခွဲခန်းပို့စစ်တာက သားအိမ်ခေါင်းကင်ဆာ ကို မဖြစ်ခင် စောစီးစွာ သိနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါပဲ….

အသက်သုံးဆယ်ကျော် အမျိုးသမီး တိုင်း pap smear ကို သုံးနှစ်တခါ စစ်သင့်ပါတယ်…

ရန်ကုန်မှာဆိုရင် ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ စစ်ပေးပါတယ်

ကာကွယ်ဆေး

တကယ်လို့ စာဖတ်သူဟာ…. အသက်နှစ်ဆယ့်ခြောက်နှစ်အောက် ဖြစ်တယ်…. ဒါမှမဟုတ် တခါမှ လိင်ဆက်ဆံမှူမပြုဖူးသေးတဲ့ အပျိုဖြစ်တယ်ဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးလို့အလွယ်ခေါ်ကြတဲ့ HPV ကာကွယ်ဆေးကို နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ ထိုးထားသင့်ပါတယ်…

အပေါ်ကပြောတဲ့ အချက်တွေနဲ့ မကိုက်ညီသူတွေလဲ… HPV ကာကွယ် ဆေး ထိုးလိုက ထိုးလို့ရပါတယ်….. သို့သော် အသက်နှစ်ဆယ့်ခြောက်နှစ်အောက် သို့မဟုတ် အပျိုထက်စာရင်တော့ ကာကွယ်မှူ လျော့နိုင်ပါတယ်….

အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာ ဘေးမှ ကင်းဝေးလှပနိုင်ကြပါစေ…

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်

သားအိမ္ေခါင္းကင္ဆာ

ျမန္မာအမ်ိဳးသမီးေတြမွာ အျဖစ္အမ်ားဆံုးကင္ဆာေတြထဲက တစ္ခုကေတာ့ သားအိမ္ေခါင္းကင္ဆာ ပါပဲ....

သားအိမ္ေခါင္းကင္ဆာ ဆိုတာ... cervix လို႔ေခၚတဲ့ သားအိမ္ေခါင္းမွာ႐ွိတဲ့ ဆဲလ္ေတြ... ပံုစံေျပာင္းလဲၿပီး ပြားမ်ားမႉႏႉန္းမ်ားရာကေနျဖစ္တဲ့ ကင္ဆာပါ... ျမန္မာျပည္မွာ သိပ္ကိုေပါတဲ့ေရာဂါတစ္ခုျဖစ္ေပမယ့္.... ေစာေစာစီးစီး ေရာရာကို သတိျပဳမိၿပီး ကုသမယ္ဆိုရင္ေတာ့ေပ်ာက္ကင္းႏိုင္သလို .....ကာကြယ္မႉေတြလဲ အတိုင္းအတာတစ္ခုထိ လုပ္လို႔ရတဲ့ေရာဂါ ပါ

ဘာေၾကာင့္ျဖစ္တာလဲ

အဓိကကေတာ့ လိင္အဂၚႂကြက္ႏို႔ပိုးလို႔ေခၚတဲ့ HPV လို႔လဲေခၚတဲ့ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တာပါ....

ေရာဂါပိုး႐ွိသူနဲ႔ လိင္တူ လိင္ကြဲ ဆက္ဆံမိရာကေန လိင္အဂၚႂကြက္ႏို႔ပိုး (HPV) ကူးႏိုင္ပါတယ္...

HPV မွာ အမ်ိဳးအစား ကြဲေတြ႐ွိၿပီး တခ်ိဳ႕ကေတာ့.... လိင္အဂၚမွာ ႂကြက္ႏို႔ေလာက္ပဲ ျဖစ္ေပမယ့္.... တခ်ိဳ႕ပိုးေတြကေတာ့ သားအိမ္ေခါင္းကင္ဆာအထိ ျဖစ္ေစႏိုင္ပါတယ္....

အမ်ိဳးသမီးေတြရဲ႕ ဆက္ဆံေဖာ္ေယာက္က်ားေတြရဲ႕ လိင္အဂၚသန္႔႐ွင္းမႉအားနည္းတာ... လိင္ဆက္ဆံေဖာ္မ်ားတာကလဲ သားအိမ္ေခါင္းကင္ဆာ ျဖစ္ေစႏိုင္တဲ့အေၾကာင္းအရင္းေတြပါပဲ....

ေရာဂါလကၡဏာေတြက ဘာေတြလဲ

ရာသီပံုမမွန္တာ၊ ရာသီတစ္ခုနဲ႔တစ္ခုၾကား ေသြးဆင္းတာ၊ လိင္ဆက္ဆံၿပီးရင္ ေသြးဆင္းတာ၊ ေသြးဆံုးၿပီးမွ ေသြးျပန္ဆင္းတာ၊ အနံ႔နံၿပီးဝါတဲ့ အျဖဴရည္ေတြ မိန္းမကိုယ္က ဆင္းတာ လိင္ဆက္ဆံခ်ိန္မွာ နာက်င္တာ ဝမ္းဗိုက္ေအာက္နားကေန နာတာ.... စတာေတြ ျဖစ္ႏိုင္ပါတယ္

ေရာဂါျဖစ္လာရင္ ဘယ္လို ကုၾကမလဲ

လူတစ္ေယာက္ခ်င္းစီနဲ႔ ေရာဂါရဲ႕အဆင့္အလိုက္ ကုသမႉ ေတြ မတူတတ္ေပမယ့္... ေယ်ဘူယ်အားျဖင့္ ေျပာရရင္....ခြဲစိတ္တာ (သားအိမ္ထုတ္တာ.. သားအိမ္အပါအဝင္ သားဥအိမ္နဲ႔ သားဥႁပြန္ေတြကိုထုတ္တာ... ျပန္ရည္ႀကိတ္ေတြထုတ္တာ) ၊ ကင္ဆာေဆးသြင္းတာနဲ႔ ဓာတ္ေရာင္ျခည္ ေပးကုသတာဆိုၿပီး သံုးမ်ိဳး႐ွိပါတယ္....

ေရာဂါမျဖစ္ေအာင္ ဘယ္လိုကာကြယ္ၾကမလဲ

Pap smear လို႔ေခၚတဲ့.... သားအိမ္ေခါင္းအဝက ခြၽဲေလးေတြကို ဓာတ္ခြဲခန္းပို႔စစ္တာက သားအိမ္ေခါင္းကင္ဆာ ကို မျဖစ္ခင္ ေစာစီးစြာ သိႏိုင္တဲ့ အေကာင္းဆံုး နည္းလမ္းပါပဲ....

အသက္သံုးဆယ္ေက်ာ္ အမ်ိဳးသမီး တိုင္း pap smear ကို သံုးႏွစ္တခါ စစ္သင့္ပါတယ္...

ရန္ကုန္မွာဆိုရင္ ဗဟိုအမ်ိဳးသမီးေဆးရံုႀကီးမွာ စစ္ေပးပါတယ္

ကာကြယ္ေဆး

တကယ္လို႔ စာဖတ္သူဟာ.... အသက္ႏွစ္ဆယ့္ေျခာက္ႏွစ္ေအာက္ ျဖစ္တယ္.... ဒါမွမဟုတ္ တခါမွ လိင္ဆက္ဆံမႉမျပဳဖူးေသးတဲ့ အပ်ိဳျဖစ္တယ္ဆိုရင္ေတာ့ သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေဆးလို႔အလြယ္ေခၚၾကတဲ့ HPV ကာကြယ္ေဆးကို နီးစပ္ရာ ေဆးရံု ေဆးခန္းေတြမွာ ထိုးထားသင့္ပါတယ္...

အေပၚကေျပာတဲ့ အခ်က္ေတြနဲ႔ မကိုက္ညီသူေတြလဲ... HPV ကာကြယ္ ေဆး ထိုးလိုက ထိုးလို႔ရပါတယ္..... သို႔ေသာ္ အသက္ႏွစ္ဆယ့္ေျခာက္ႏွစ္ေအာက္ သို႔မဟုတ္ အပ်ိဳထက္စာရင္ေတာ့ ကာကြယ္မႉ ေလ်ာ့ႏိုင္ပါတယ္....

အမ်ိဳးသမီးတိုင္း သားအိမ္ေခါင္းကင္ဆာ ေဘးမွ ကင္းေဝးလွပႏိုင္ၾကပါေစ...

ေမတၱာျဖင့္
Dr. စိမ္းမိုးစက္

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *