ဗိုက်နဲ့ပေါင်အတွင်းပိုင်းရှိ လိမ္မော်ခွံကဲ့သို အဆီပိုများ သို့
လိမ္မော်ခွံလိုအထစ်ထစ်ထနေတဲ့ အဆီပြင်တွေဟာ အများအားဖြင့် အဆီစုရာနေရာတွေဖြစ်တဲ့
- ပေါင်အတွင်းပိုင်း
- ခြေသလုံးနောက်ပိုင်း
- ဝမ်းဗိုက်ပိုင်း
- လက်မောင်းအတွင်းသားတို့မှာရှိနေတတ်ပါတယ်။
ဒီအဆီတွေဟာ မမြင်ကွယ်ရာနေရာတွေမှာရှိနေတတ်ပေမယ့် လက်ပြတ်ဝတ်ချင်၊အတိုဝတ်ချင်ရင် တကယ်ကိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။
ဘာကြောင့်ဖြစ်ရပါသလဲဆိုတာ ဖော်ပြပေးပါရစေ။
၁) မျိုးရိုးကြောင့်
ဝတဲ့မျိုးရိုးဟာ ဇီဝကမ္မဖြစ်စဉ်နှေးတာမို့ အဆီစုစေပါတယ်။
၂) အချိုဓာတ် ကစီဓာတ် အလွန်အကျွံစားခြင်း
ကစီဓာတ်အစားများတဲ့လူတွေဟာ အသားမကျစ်လို့ အဆီစုများစေပါတယ်။ကစီဓာတ်ဟာအဓိကတော့ ထမင်း၊ဂျုံမှာပါဝင်ပါတယ်
၃) အထိုင်များခြင်း
တစ်နေ့ရဲ့ အချိန်အများစုမှာလှုပ်ရှားမှုနည်းနေခြင်းဟာ အဆီစုခြင်းကို ဦးတည်စေပါတယ်။ အထူးသဖြင့် ဗိုက်နဲ့ပေါင်တွေမှာ စုစေပါတယ်။
၄) ဟော်မုန်းဆေးသုံးစွဲခြင်း
အီစတိုဂျင် ( oestrogen) ပါဝင်သော ဆေးများသောက်သုံးနေပါလျှင်လည်း အဆီစုခြင်းကိုအားပေးပါသည်။
ဘယ်လိုဖြေရှင်းမလဲ?
- ?အဆီစုသောနေရာအား သွေးလည်ပတ်ခြင်းကောင်းစေရန် စနစ်တကျနှိပ်နယ်ပေးပါ။ ( celluliteအား တိုက်ဖျက်နိုင်သော ဆီများကိုအသုံးပြုလျှင်ပိုထိရောက်ပါသည်)
- ? ဆဲလ်သေဖယ်ရှားအသစ်မွေးပေးသော ( coffee scrub) များ အပတ်စဉ် သုံးစွဲပေးခြင်း ( သေချာစွာ celluliteအတွက် ပေါင်းစပ်ထားသော coffeနှင့်ပြုလုပ်ထားသော scrubကို သုံးသင့်ပါသည်။)
- ?ကယ်လိုရီလျှော့စားခြင်း
- ?ရေများများသောက်ခြင်း
- ?ကြွက်သားလေ့ကျင့်ခန်းပြုလုပ်ပေးပါ
။
မယ်တင်(ဆေး ၁)