All Articlesပိုးသေဆေးများ

Ceftazidime

1 Mins read
All Articlesပိုးသေဆေးများ

Ceftazidime

1 Mins read

ဆေးပုံစံ-အကြောထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ဤဆေးဖြင့် ကုသ၍ရသော ပိုးကြောင့်ဖြစ်သော ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ အသက်ရူလမ်းကြောင်းရောဂါများ၊ အရေပြားရောဂါများ၊ မီးယပ်ရောဂါများ၊ ဝမ်းဗိုက်တွင်းရောဂါများ၊ အရိုးနှင့် အကြောရောဂါပိုးများ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ၊ ခုအားကျဆင်းနေသူများတွင် ပြင်းထန်သောရောဂါပိုးများ ဝင်ရောက်ခြင်း၊ ကင်ဆာနှင့် ရောဂါပိုးဒဏ်မခံနိုင်သော သူများတွင် ရောဂါပိုးဝင်ခြင်းများ။
သုံးစွဲရန်အညွှန်း- ၁ ဂရမ် တစ်နေ့ ၂-၃ ကြိမ်။ ရောဂါနှင့် လူနာ၏ခံနိုင်အားပေါ်မူတည်၍ ဆေးသုံးစွဲရမည့် ပမာဏ ကွာခြားနိုင်ပါသည်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-အခြားသော cephalosporin နှင့် aminoglycoside ပိုးသတ်ဆေးများနှင့် တွဲသုံးပါက ကျောက်ကပ် ထိခိုက်မှုပိုများစေပါသည်။ ဆေးကို ကြာရှည်အသုံးမပြုသင့်ပါ။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။

ဘေးထွက်ဆိုးကျိုး-သွေးကြောရောင်ခြင်းနှင့် ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း၊ ယားယံခြင်း၊ အနီစက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျောခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ဗိုက်အောင့်ခြင်း၊ တက်ခြင်း နှင့် သွေးတွင်း သွေးဖြူဥ၊ သွေးပမွှားများ တက်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-Chloramphenicol ဆေးနှင့် တွဲမသုံးသင့်ပါ။

ဒေါက်တာချို(ဆေး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *