ပါဝင်သောဆေး-cefpodoxime proxetil၊
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-သာမန်မှ အလယ်အလတ်အဆင့် အသက်ရူလမ်းကြောင်းပိုးဝင်ခြင်း၊ အရေပြားနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ။
သုံးစွဲရန်အညွှန်း- ရောဂါအခြေအနေနှင့် လူတစ်ဦးချင်းပေါ်မူတည်၍ ဆေးပမာဏမတူညီပါ။ ၂၀၀-၄၀၀မီလီဂရမ် ၁၂ နာရီခြားဆီ ၅ရက်မှ ၁၀ ရက်ထိ သုံးစွဲနိုင်ပါသည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ပင်နီဆလင် ဆေးနှင့် မတည့်သူများ၊ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက် ၅လ အောက်ကလေးများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ အရေပြားတွင် မှိုရောဂါများဖြစ်ခြင်းနှင့် အခြားသောအရေပြားအကွက်ဖြစ်ခြင်းများ၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အစာအိမ်အက်ဆစ်ချေဖျက်ဆေးများ၏ စုပ်ယူမှုကို ကျစေပါသည်။ Probenecid ဆေး၏ ကျောက်ကပ်မှ စွန့်ထုတ်မှုကို ကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)