ဆေးပုံစံ-ထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ဤဆေးဖြင့် ကုသနိုင်သော ရောဂါပိုးကြောင့်ဖြစ်သော အသက်ရူလမ်းကြောင်းရောဂါများ၊ ဝမ်းတွင်းရောဂါများ၊ ဝမ်းဗိုက် အမြှေးပါးရောင်ခြင်း၊ အရေပြားနှင့် အခြားသော ဘက်တီးရီးယားပိုးရောဂါများ၊ ဆီးလမ်းကြောင်းရောဂါပိုးများ၊ အူပိုးများကြောင့်ဖြစ်သော ရောဂါများ၊ မီးယပ်ရောဂါပိုးများ။
သုံးစွဲရန်အညွှန်း-ရောဂါပေါ်မူတည်၍ တစ်နေ့ ၆-၁၂ ဂရမ်ထိသုံးစွဲနိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ cephalosporin, ပင်နီဆလင်နှင့် အခြားသော ဆေးများနှင့် ဓာတ်မတည့်ဖြစ်ဖူးသူများ၊ အသည်းနှင့် ကျောက်ကပ် ဆိုးရွားစွာ ပျက်ဆီးနေသူများ။
သတိပြုရမည့်အချက်များ- အသည်းမကောင်းသူများ၊ ကျောက်ကပ်ရောဂါရှိသူများ၊ အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ဆေးသုံးစွဲစဉ် အရက်သောက်သုံးခြင်း ရှောင်ကြဉ်ပါ။ လမစေ့သောမွေးကင်းစများ၊ မွေးကင်းစကလေးများ၊ ကလေးများတွင် အသုံးပြုပါက ကိုယ်တွင်းအင်္ဂါထိခိုက်မှုရှိမရှိ စစ်ဆေးနေသင့်ပါသည်။ ဗီတာမင် ကေ ချို့တဲ့မှုဖြစ်တတ်ပါသည်။ ထို့ကြောင့် ဆေးသုံးစွဲစဉ် သွေးခဲဓာတ်ကို စစ်ဆေးသင့်ပါသည်။
ဘေးထွက်ဆိုးကျိုး-ဓာတ်မတည့်ခြင်း၊ သွေးဖြူဥကျခြင်း၊ အသည်းဓာတ်၊ ကျောက်ကပ်ဓာတ်များတက်ခြင်း၊ ဝမ်းလျောခြင်း၊ အူမကြီးရောင်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-aminoglycoside အုပ်စုဝင်ပိုးသတ်ဆေးများ၊ ဆီးဆေးများ၊ ထုံဆေးများနှင့် သတိပြု သုံးစွဲပါ။
ဒေါက်တာချို(ဆေး ၁)