All Articlesဗိုက်အောင့် ၊ အန် ပျောက်ဆေးများအထွေထွေဆေးဝါးများ

Cefixime (ပိုးသတ်ဆေး အမျိုးအစား)

1 Mins read
All Articlesဗိုက်အောင့် ၊ အန် ပျောက်ဆေးများအထွေထွေဆေးဝါးများ

Cefixime (ပိုးသတ်ဆေး အမျိုးအစား)

1 Mins read

ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ဆီးပူညောင်းကျရောဂါ၊ နားပြည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ အဆုတ်နှင့် လည်ချောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အူရောင်ငန်းဖျားစသော အစာအိမ်နှင့် အူလမ်းကြောင်းပိုးဝင်သော ရောဂါများ။
သုံးစွဲရန်အညွှန်း-လူကြီးများနှင့် အသက် ၁၀နှစ်အထက်ကလေးများ ၁-၂လုံး တစ်နေ့ ၁-၂ ကြိမ် ခွဲတိုက်နိုင်ပါသည်။ ၁-၂ ပတ်ခန့်သုံးစွဲရပါမည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ပါက အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးခံစားရမှု နည်းစေပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ- ဆေး နှင့် ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ဓာတ်မတည့်မှု ဖြစ်တတ်သူများ သတိဖြင့် သုံးစွဲသင့်သည်။ ကျောက်ကပ်မကောင်းသူများကို ဆေးပမာဏလျော့ပေးပါ။ ဆေးကိုကြာရှည် ပမာဏများများသုံးစွဲလျှင် ကျောက်ကပ်နှင့် သွေးတွင်းစစ်ဆေးမှုများ ပုံမှန် ဆောင်ရွက်သင့်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဆေးမတည့်ခြင်းကြောင့်ဖြစ်သော အရေပြားတွင် အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ဖျားခြင်း၊ သတိလစ်ခြင်း၊ ရှော့ဖြစ်ခြင်း၊ ဝမ်းလျောခြင်း၊ ပျို့ခြင်း ၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ လေပွခြင်း စသည်။
တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-သွေးကျဲဆေးများနှင့်တွဲမသောက်သင့်ပါ။
ဒေါက်တာချို(ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *