ပါဝင်သောဆေး-Cephalexin HCl၊
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-လေပြွန်ရောင်ခြင်း၊ အဆုတ်ပြွန်များ ဖောင်းကြွရောင်ရမ်းခြင်း၊ နားပြည်ယိုခြင်း၊ ထိပ်ခတ်နာစသော အသက်ရူလမ်းကြောင်းရောဂါများ။ အာသီးရောင်ခြင်း၊ အစာမျိုပြွန်ရောင်ခြင်း။ ကျောက်ကပ်ရောင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း နှင့် အခြားသောဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ။ သားဖွားမီးယပ် ရောဂါပိုးများ၊ အရေပြားနှင့် အရိုး ပိုးဝင်ခြင်း။ ဆီးပူညောင်းကျရောဂါနှင့် သွားနှင့် သွားဖုံးဆိုင်ရာ ကုသမှုများတွင် အသုံးပြုသည်။
သုံးစွဲရန်အညွှန်း- လူကြီးများနှင့် အသက် ၁၅နှစ်အထက်ကလေးများ- ၅၀၀-၁၀၀၀မီလီဂရမ် တစ်နေ့ ၂-၃ကြိမ်။
၁၂ နှစ်အောက်ကလေးများ-၂၅-၆၀ မီလီဂရမ်/ကီလိုဂရမ်/တစ်နေ့ (အသက်အရွယ်နှင့် ရောဂါပေါ် မူတည်၍ သုံးစွဲရမည့် ဆေးပမာဏ ညှိရန်လိုအပ်ပါသည်။ ကျောက်ကပ်မကောင်းပါက ဆေးပမာဏကို သေချာစွာ တွက်ချက်အသုံးပြုရပါမည်။)
အစာနှင့်စားရန်သင့်မသင့်-အစာနှင့်တွဲသောက်သင့်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ပင်နီဆလင် ပိုးသတ်ဆေးနှင့် မတည့်သူများ၊ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ဆေးသုံးစွဲနေစဉ် ဝမ်းလျောပါက အူမကြီးရောင်ခြင်း ဖြစ်နိုင်သည်ကို သတိပြုပါ။ ဆေးကို ကြာရှည်စွာသုံးစွဲခြင်း၊ ခဏခဏ ပြန်သုံးနေခြင်းကို ရှောင်ကြဉ်ပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် အစာအိမ်နှင့် အူလမ်းကြောင်းတွင် မအီမသာဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ဖျားခြင်း၊ ယားယံခြင်းစသော ဓာတ်မတည့်ခြင်းများ။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အီစတိုဂျင်ဟော်မုန်းပါသော ကိုယ်ဝန်တားဆေးများ၏ အာနိသင်ကို ကျစေပါသည်။ probenecid ဆေး၏ ကျောက်ကပ်မှစွန့်ထုတ်မှုကို ကျစေပါသည်။ ကျောက်ကပ်ထိခိုက်သောဆေးများနှင့် တွဲမသုံးရပါ။ frusemide ဆီးဆေးနှင့် တွဲသုံးပါက ကျောက်ကပ်ထိခိုက်စေပါသည်။
ဒေါက်တာချို(ဆေး ၁)