ဆေးပုံစံ-ဆေးတောင့်ပုံစံ၊ သောက်ဆေးရည်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-နားပြည်ယိုခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ရောဂါ၊ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း စသော အသက်ရူလမ်းကြောင်းရောဂါများ၊ ဆီးလမ်းကြောင်းရောဂါပိုးဝင်ခြင်း၊ အရေပြားနှင့် အဆီတစ်သျူးများပိုးဝင်ခြင်း နှင့် ဆီးပူညောင်းကျရောဂါ။
သုံးစွဲရန်အညွှန်း- ဆေးတောင့်-လူကြီး -၂၅၀-၅၀၀ မီလီဂရမ် တစ်နေ့ ၃ကြိမ်၊ ရောဂါပေါ်မူတည်၍ ဆေးသောက်ရမည့် ကာလ ကွာခြားနိုင်ပါသည်။
ဆေးရည်-ကလေး ၅နှစ် အထက် ၁၀စီစီ တစ်နေ့ ၃ကြိမ်၊
၁-၅နှစ် ၅စီစီ တစ်နေ့ ၃ကြိမ်၊
၁နှစ်အောက် ၂.၅စီစီ တစ်နေ့ ၃ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် ရှိရှိ မရှိရှိ သောက်နိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ပင်နီဆလင် ပိုးသတ်ဆေးနှင့် မတည့်သူများ သတိပြုသုံးစွဲပါ။ ဆေးမတည့်သောလက္ခဏာများ ဖြစ်ပါက ဆေးသုံးစွဲမှုကို ချက်ချင်းရပ်ပါ။ ဆေးကို ကြာရှည် အသုံးမပြုသင့်ပါ။ ကျောက်ကပ်မကောင်းသူများ၊ အူရောင်ဖူးသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-အင်ပြင်ထခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ဓာတ်မတည့်ခြင်းစသော ဆေးမတည့်ခြင်းများ၊ အသည်းရောင်ခြင်းနှင့် အသားဝါခြင်း၊ တက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျောခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ ခေါင်းမူးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အိပ်မပျော်ခြင်း၊ အလွှာတုဖြစ်သော အူရောင်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-Probenecid ဆေးသည် ဤဆေး၏ ကျောက်ကပ်မှ စွန့်ထုတ်ခြင်းကို ကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)