ပါဝင်သောဆေး- Cefpirome sulfate။
ဆေးပုံစံ-အကြောထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အဆုတ်ရောင်ရောဂါစသော အသက်ရူလမ်းကြောင်းအောက်ပိုင်းရောဂါများ၊ ဆီးလမ်းကြောင်း၊ အရေပြားနှင့် အသားပျော့များတွင် ပိုးဝင်ခြင်းများ၊ သွေးပိုးဆိပ်တက်ခြင်းများ၊ အထူးကြပ်မတ်ကုသဆောင်ရှိလူနာများ၊ ခုခံအားကျဆင်းနေသောလူနာများတွင် ပြင်းထန်သောပိုးမွှားများ ဝင်ရောက်ခြင်း။
သုံးစွဲရန်အညွှန်း- ၁-၂ ဂရမ် တစ်နေ့ ၂ ကြိမ်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ပင်နီဆလင် ပိုးသတ်ဆေးနှင့် ဓာတ်မတည့်သူများ၊ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-အရေပြားတွင် အကွက်အစက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ ဖျားခြင်းနှင့် ဓာတ်မတည့်ခြင်း အမျိုးမျိုး၊ ဆေးထိုးသည့် နေရာတွင် နာကျင်ခြင်း၊ အသည်းဓာတ်များ တက်ခြင်း၊ သွေးဖြူဥနည်းစေခြင်း၊ သွေးနီဥများပေါက်ကွဲကာ သွေးအားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အရသာအာရုံပြောင်းလဲခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ကျောက်ကပ် ထိခိုက်သောဆေးများနှင့် တွဲမသုံးရပါ။ probenecid ဆေး၏ ကျောက်ကပ်မှစွန့်ထုတ်မှုကို ကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)