ဘာကြောင့်များလဲ အဆီတွေရယ်

“မိချိုရေ။ တို့ရောက်ပြီဟေ့” အော်သံနှင့်အတူ ပိန်ပိန်ပါးပါး အာကျယ်အာကျယ်နဲ့ မိသီတာတစ်ယောက် ဦးဆောင်ကာ တစ်အုံတစ်မကြီး ဝင်လာကြသူတွေကတော့ မတွေ့တာကြာပြီဖြစ်တဲ့ တက္ကသိုလ်ဘဝ ချစ်သူငယ်ချင်းများပေါ့။ ကျောင်းပြီး အလုပ်ကိုယ်စီဖြစ်ကာ တစ်နေရာစီရောက်နေသူတွေ ဆွေမျိုးတွေအလားခင်မင်ရသူတွေ ပြန်တွေ့ရတော့ တော်တော်ပျော်တာပေါ့။ ဒီလိုတွေ့ရဖို့လဲ ချိန်းလိုက်ရတာ အာတွေကို ပေါက်ရော။

“ကဲ။ ရောက်ရင်လဲ အထုတ်တွေအရင်ချ။ အအေးသောက်ဦး။ ပြီးမှ စားဖို့ချက်ကြတာပေါ့။ “

ထုံးစံအတိုင်း အစားတစ်လိုင်းမိတ်ဆွေတွေဆိုတော့ တွေ့တဲ့အခါ မုန့်မဝယ်စားဖြစ်ရင် မုန့်လုပ်စားမယ်လေ။ ခဏနားကြပြီး ကျွတ်စီအောင် စကားပြောရင်း ဟော့ပေါ့တစ်အိုးကျသည်ပေါ့။

အိုးသံခွက်သံ တညံညံ စုံညီစားကြသည်ပေါ့။ အဲသည်မှာ စတော့တာပဲ။

“ဟဲ့ မြင့်။ ထည့်စားလေ။ နင်စားနေတဲ့ပုံက လိပ်စားနေသလိုပဲ။ ကိုယ့်အုပ်စုတွေအကြောင်း မသိတာလဲမဟုတ်ဘူး။ လက်မသွက်ရင် ငတ်သွားမယ်နော်။ “

‘အင်း။ သိပ်လည်းမစားချင်ပါဘူးဟာ။ ‘

“ဟဲ့ နင့်အကြောင်းမသိရင် ခက်မယ်။ အစားဆို ထိပ်ဆုံးကသူကများ။ “

‘”မိချိုရေ။ သိပ်မပြောနဲ့ဟ။ ဝိတ်လျော့နေရင်း ဝိတ်ပိုတက်လာလို့ဆိုပြီး မလာဘူး လုပ်နေတာ။ ဒီနေ့တောင် အတင်းခေါ်လာရတာ။ ‘”

“အွန်။ အေပီကေ။ စားမှာဖြင့်စား။ ပြီးမှ သူငယ်ချင်းတွေ ဝိုင်းပြီးစမ်းစစ်၊ စစ်ဆေးမေးမြန်းအဖြေရှာကြတာပေါ့။ ဟုတ်ပြီလား။”

စားသောက်ပြီး

“ကဲ။ ပြောပါဦး။ နင့်ရဲ့ ဝိတ်လျော့တဲ့ အစီအစဉ်တွေကို။”

‘အေးဟယ်။ ဝိတ်လျော့ရင် ဆန္ဒပြင်းထန်ဖို့လိုတယ်ဆိုတာလဲသိတယ်။ ဆန္ဒလဲရှိတယ်။ တကယ်လဲလုပ်နေတယ်။ အစားလျော့စားတယ်။ လေ့ကျင့်ခန်းလည်း ပြင်းပြင်းထန်ထန်မလုပ်ပေမယ့် ပုံမှန်လုပ်နေတာလဲဟာ။ ဘာလို့ ဒီအဆီတွေက ငါ့ကို ဒီလောက်ချစ်နေတာလဲမသိဘူး။’

“နင်က အစားအသောက်နဲ့ ပက်သက်ပြီး ဗဟုသုတရှိတဲ့သူဆိုတော့ ဘာစားလဲတော့ မမေးတော့ဘူး။ အဲလိုစလုပ်တာ ဘယ်လောက်ကြာပြီလဲ။ ဝိတ်က လုံးဝကျမသွားပဲ တက်လာတာလား။”

‘၆ လလောက်တော့ရှိရောပေါ့။ ၅ ပေါင်တောင် ပြည့်အောင်မကျဘူးရယ်။ အခုလည်း နည်းနည်းစားတာနဲ့ ပြန်တက်လာရော။ အကြံပေးကြပါဦးဟယ်။ ‘

“အေး။ ငါ့သိထားတာတွေတော့ ရှိတယ်။ နင်သိချင်တယ်ဆိုရင်တော့ပြောပြမယ်လေ။”

‘”ပြောပြလိုက်ပါတော့ မိချိုရယ်။ ဟိုတစ်ယောက် တော်ကြာဒီစိတ်နဲ့ သေနေပါဦးမယ်။ ဟဲဟဲ။”’

‘ကောင်မစုတ်။ နင်က ဘာစားစား ဝမှမလာတာ။ ပြောအားရှိတာပေါ့။’

“ကဲ။ တော်ပါတော့ဟဲ့။ ပိန်ချင်စိတ်ရှိတယ်။ ပိန်ဖို့လဲ ကြိုးစားနေသူတွေ ဝိတ်မကျတာ ဒီအချက်တွေကြောင့် ဖြစ်နိုင်တယ်တဲ့။ ၁။ အိပ်ချိန် များလွန်း နည်းလွန်းတာ၊ ၂။ ရေသောက်နည်းတာ၊ ၃။ အစာတစ်လုပ်နဲ့ တစ်လုပ်စားဖို့ အချိန်ကြာလွန်းတာ၊ ၄။ အပြင်ထွက်စားလွန်းတာ၊ ၅။ တစ်နေကုန်အထိုင်များတာ၊ ၆။ လေ့ကျင့်ခန်းလုပ်ပြီး ပင်ပန်းတာကို အစား၊ အချိုရည်၊ စွမ်းအားဖြည့်အစာတွေ ပြန်ဖြေတာ၊ ၇။ စိတ်ဖိစီးမှုများတဲ့အခါ မထင်မှတ်ဘဲ မုန့်တွေစားမိတာ၊ ၈။အမြန်စာ အသင့်စာတွေ စားလွန်းတာ တွေကြောင့်လဲ ပိန်သင့်သလောက် မပိန်ဘဲရှိနေတတ်တယ်တဲ့။ ကဲ ကိုယ်ဘယ်အချက်တွေနဲ့ကိုက်နေလဲ စဉ်းစားကြည့်လေ။ “

‘အင်း။ ငါက ရေအစား အချိုရည်ကိုတော့ ခဏခဏ သောက်ဖြစ်နေတယ်။ အလုပ်နဲ့မအားတော့ ဝယ်စားဖြစ်တာများတယ်။ စိတ်ညစ်တဲ့အခါ ပိုစားမိတာတော့ရှိတယ် ဟ။’

“အဲဒါတွေက ပြဿနာပေါ့။ အချိုရည်တွေက ကယ်လိုရီပိုပါတဲ့အပြင် လိုအပ်တဲ့ရေပမာဏလဲမရတော့ စွမ်းအင် လောင်ကျွမ်းမှုနည်းပြီး ပိုလာတာပေါ့။ အပြင်စာတွေက ကိုယ်အိမ်မှာချက်စားသလို မဖြစ်နိုင်ဘူးလေ။ အရသာပိုရှိအောင် ဝယ်စားသူစိတ်ကျေနပ်အောင် ချက်ရတာဆိုတော့ ကယ်လိုရီပိုများမှာကတော့ ပြောမနေနဲ့။ ပြီးတော့ နင်လုပ်နေတဲ့အလုပ်ကလဲ ပင်ပန်းတယ်မလား။ ပင်ပန်းတော့ တစ်ခါတစ်လေပိုစားမိတာ၊ မုန့်စားမိတာတွေ ဖြစ်တော့ မှန်းထားသလောက် မပိန်တော့ဘူးပေါ့။ “

‘အေးနော်။ ငါက ဒီလကုန်လို့ ထင်သလောက်မကျရင် ပိန်ဆေးတောင် သုံးမလားစဉ်းစားနေတာ။ ‘

“မယ်မင်းကြီးမရယ်။ ဆေးတွေ သုံးတာထက် နည်းမှန်လမ်းမှန် ဝိတ်ချတာက အကောင်းဆုံးဆိုတာ နင်လဲသိရဲ့သားနဲ့။ ဆေးသုံးတယ်ဆိုတာ အမှန်တကယ် လိုအပ်တဲ့သူတွေ ဆရာဝန်နဲ့တိုင်ပင်ပြီး သုံးရတာကို။ မသိတာလဲ မဟုတ်ဘဲနဲ့။ ပြီးတော့ အနှစ် ၂၀ လောက်စားထားတာကို ချက်ချင်းအကုန်ကျဖို့ထက် တစ်ပတ်ကို ၂ ပေါင်လောက် ပုံမှန်ကျအောင်လုပ်တာက ပိုပြီးကြာရှည်ထိန်းထားနိုင်သလို ကျန်းမာရေးနဲ့လဲ ညီတယ်။ ပြီးတော့ လေ့ကျင့်ခန်းကို အမြဲတမ်းတစ်မျိုးတည်းလုပ်မယ့်အစား တစ်ပတ်တစ်မျိုး အခြားအားကစားတွေပါ ပြောင်းပြောင်းပြီးနည်းနည်းလောက်လုပ်ပေး။ အခုပြောတာတွေကို အရင်ပြင်ပြီး မရတော့မှ ကိုယ့်ဆရာတွေနဲ့ တိုင်ပင်ကြည့်တာပေါ့။ ဟုတ်ပြီလား။ “

သည့်နောက်တော့ ရောက်တတ်ရာရာ ပြောဆိုကြပြီး အချိန်တန် အိမ်ပြန် လမ်းခွဲရန် နှုတ်ဆက်ကြရလေတော့သည်။

ရီချို(ဆေး ၁)

ဘာေျကာင့္မ်ားလဲ အဆီေတြရယ္

“မိခ်ိဳေရ။ တို႔ေရာက္ျပီေဟ့” ေအာ္သံနွင့္အတူ ပိန္ပိန္ပါးပါး အာက်ယ္အာက်ယ္နဲ႔ မိသီတာတစ္ေယာက္ ဦးေဆာင္ကာ တစ္အံုတစ္မၾကီး ဝင္လာၾကသူေတြကေတာ့ မေတြ႔တာၾကာျပီျဖစ္တဲ့ တကၠသိုလ္ဘဝ ခ်စ္သူငယ္ခ်င္းမ်ားေပါ့။ ေက်ာင္းျပီး အလုပ္ကိုယ္စီျဖစ္ကာ တစ္ေနရာစီေရာက္ေနသူေတြ ေဆြမ်ိဳးေတြအလားခင္မင္ရသူေတြ ျပန္ေတြ႔ရေတာ့ ေတာ္ေတာ္ေပ်ာ္တာေပါ့။ ဒီလိုေတြ႔ရဖို႔လဲ ခ်ိန္းလိုက္ရတာ အာေတြကို ေပါက္ေရာ။

“ကဲ။ ေရာက္ရင္လဲ အထုတ္ေတြအရင္ခ်။ အေအးေသာက္ဦး။ ျပီးမွ စားဖို႔ခ်က္ၾကတာေပါ့။ “

ထံုးစံအတိုင္း အစားတစ္လိုင္းမိတ္ေဆြေတြဆိုေတာ့ ေတြ႔တဲ့အခါ မုန္႔မဝယ္စားျဖစ္ရင္ မုန္႔လုပ္စားမယ္ေလ။ ခဏနားၾကျပီး ကၽြတ္စီေအာင္ စကားေျပာရင္း ေဟာ့ေပါ့တစ္အိုးက်သည္ေပါ့။

အိုးသံခြက္သံ တညံညံ စံုညီစားၾကသည္ေပါ့။ အဲသည္မွာ စေတာ့တာပဲ။

“ဟဲ့ ျမင့္။ ထည့္စားေလ။ နင္စားေနတဲ့ပံုက လိပ္စားေနသလိုပဲ။ ကိုယ့္အုပ္စုေတြအေၾကာင္း မသိတာလဲမဟုတ္ဘူး။ လက္မသြက္ရင္ ငတ္သြားမယ္ေနာ္။ “

‘အင္း။ သိပ္လည္းမစားခ်င္ပါဘူးဟာ။ ‘

“ဟဲ့ နင့္အေၾကာင္းမသိရင္ ခက္မယ္။ အစားဆို ထိပ္ဆံုးကသူကမ်ား။ “

‘”မိခ်ိဳေရ။ သိပ္မေျပာနဲ႔ဟ။ ဝိတ္ေလ်ာ့ေနရင္း ဝိတ္ပိုတက္လာလို႔ဆိုျပီး မလာဘူး လုပ္ေနတာ။ ဒီေန႔ေတာင္ အတင္းေခၚလာရတာ။ ‘”

“အြန္။ ေအပီေက။ စားမွာျဖင့္စား။ ျပီးမွ သူငယ္ခ်င္းေတြ ဝိုင္းျပီးစမ္းစစ္၊ စစ္ေဆးေမးျမန္းအေျဖရွာၾကတာေပါ့။ ဟုတ္ျပီလား။”

စားေသာက္ျပီး

“ကဲ။ ေျပာပါဦး။ နင့္ရဲ့ ဝိတ္ေလ်ာ့တဲ့ အစီအစဥ္ေတြကို။”

‘ေအးဟယ္။ ဝိတ္ေလ်ာ့ရင္ ဆႏၵျပင္းထန္ဖို႔လိုတယ္ဆိုတာလဲသိတယ္။ ဆႏၵလဲရွိတယ္။ တကယ္လဲလုပ္ေနတယ္။ အစားေလ်ာ့စားတယ္။ ေလ့က်င့္ခန္းလည္း ျပင္းျပင္းထန္ထန္မလုပ္ေပမယ့္ ပံုမွန္လုပ္ေနတာလဲဟာ။ ဘာလို႔ ဒီအဆီေတြက ငါ႔ကို ဒီေလာက္ခ်စ္ေနတာလဲမသိဘူး။’

“နင္က အစားအေသာက္နဲ႔ ပက္သက္ျပီး ဗဟုသုတရွိတဲ့သူဆိုေတာ့ ဘာစားလဲေတာ့ မေမးေတာ့ဘူး။ အဲလိုစလုပ္တာ ဘယ္ေလာက္ၾကာျပီလဲ။ ဝိတ္က လံုးဝက်မသြားပဲ တက္လာတာလား။”

‘၆ လေလာက္ေတာ့ရွိေရာေပါ့။ ၅ ေပါင္ေတာင္ ျပည့္ေအာင္မက်ဘူးရယ္။ အခုလည္း နည္းနည္းစားတာနဲ႔ ျပန္တက္လာေရာ။ အၾကံေပးၾကပါဦးဟယ္။ ‘

“ေအး။ ငါ့သိထားတာေတြေတာ့ ရွိတယ္။ နင္သိခ်င္တယ္ဆိုရင္ေတာ့ေျပာျပမယ္ေလ။”

‘”ေျပာျပလိုက္ပါေတာ့ မိခ်ိဳရယ္။ ဟိုတစ္ေယာက္ ေတာ္ၾကာဒီစိတ္နဲ႔ ေသေနပါဦးမယ္။ ဟဲဟဲ။”’

‘ေကာင္မစုတ္။ နင္က ဘာစားစား ဝမွမလာတာ။ ေျပာအားရွိတာေပါ့။’

“ကဲ။ ေတာ္ပါေတာ့ဟဲ့။ ပိန္ခ်င္စိတ္ရွိတယ္။ ပိန္ဖို႔လဲ ၾကိဳးစားေနသူေတြ ဝိတ္မက်တာ ဒီအခ်က္ေတြေၾကာင့္ ျဖစ္နိုင္တယ္တဲ့။ ၁။ အိပ္ခ်ိန္ မ်ားလြန္း နည္းလြန္းတာ၊ ၂။ ေရေသာက္နည္းတာ၊ ၃။ အစာတစ္လုပ္နဲ႔ တစ္လုပ္စားဖို႔ အခ်ိန္ၾကာလြန္းတာ၊ ၄။ အျပင္ထြက္စားလြန္းတာ၊ ၅။ တစ္ေနကုန္အထိုင္မ်ားတာ၊ ၆။ ေလ့က်င့္ခန္းလုပ္ျပီး ပင္ပန္းတာကို အစား၊ အခ်ိဳရည္၊ စြမ္းအားျဖည့္အစာေတြ ျပန္ေျဖတာ၊ ၇။ စိတ္ဖိစီးမႈမ်ားတဲ့အခါ မထင္မွတ္ဘဲ မုန္႔ေတြစားမိတာ၊ ၈။အျမန္စာ အသင့္စာေတြ စားလြန္းတာ ေတြေၾကာင့္လဲ ပိန္သင့္သေလာက္ မပိန္ဘဲရွိေနတတ္တယ္တဲ့။ ကဲ ကိုယ္ဘယ္အခ်က္ေတြနဲ႔ကိုက္ေနလဲ စဥ္းစားၾကည့္ေလ။ “

‘အင္း။ ငါက ေရအစား အခ်ိဳရည္ကိုေတာ့ ခဏခဏ ေသာက္ျဖစ္ေနတယ္။ အလုပ္နဲ႔မအားေတာ့ ဝယ္စားျဖစ္တာမ်ားတယ္။ စိတ္ညစ္တဲ့အခါ ပိုစားမိတာေတာ့ရွိတယ္ ဟ။’

“အဲဒါေတြက ျပႆနာေပါ့။ အခ်ိဳရည္ေတြက ကယ္လိုရီပိုပါတဲ့အျပင္ လိုအပ္တဲ့ေရပမာဏလဲမရေတာ့ စြမ္းအင္ ေလာင္ကၽြမ္းမႈနည္းျပီး ပိုလာတာေပါ့။ အျပင္စာေတြက ကိုယ္အိမ္မွာခ်က္စားသလို မျဖစ္နုိင္ဘူးေလ။ အရသာပိုရွိေအာင္ ဝယ္စားသူစိတ္ေက်နပ္ေအာင္ ခ်က္ရတာဆိုေတာ့ ကယ္လိုရီပိုမ်ားမွာကေတာ့ ေျပာမေနနဲ႔။ ျပီးေတာ့ နင္လုပ္ေနတဲ့အလုပ္ကလဲ ပင္ပန္းတယ္မလား။ ပင္ပန္းေတာ့ တစ္ခါတစ္ေလပိုစားမိတာ၊ မုန္႔စားမိတာေတြ ျဖစ္ေတာ့ မွန္းထားသေလာက္ မပိန္ေတာ့ဘူးေပါ့။ “

‘ေအးေနာ္။ ငါက ဒီလကုန္လို႔ ထင္သေလာက္မက်ရင္ ပိန္ေဆးေတာင္ သံုးမလားစဥ္းစားေနတာ။ ‘

“မယ္မင္းၾကီးမရယ္။ ေဆးေတြ သံုးတာထက္ နည္းမွန္လမ္းမွန္ ဝိတ္ခ်တာက အေကာင္းဆံုးဆိုတာ နင္လဲသိရဲ့သားနဲ႔။ ေဆးသံုးတယ္ဆိုတာ အမွန္တကယ္ လိုအပ္တဲ့သူေတြ ဆရာဝန္နဲ႔တိုင္ပင္ျပီး သံုးရတာကို။ မသိတာလဲ မဟုတ္ဘဲနဲ႔။ ျပီးေတာ့ အႏွစ္ ၂၀ ေလာက္စားထားတာကို ခ်က္ခ်င္းအကုန္က်ဖို႔ထက္ တစ္ပတ္ကို ၂ ေပါင္ေလာက္ ပံုမွန္က်ေအာင္လုပ္တာက ပိုျပီးၾကာရွည္ထိန္းထားနိုင္သလို က်န္းမာေရးနဲ႔လဲ ညီတယ္။ ျပီးေတာ့ ေလ့က်င့္ခန္းကို အျမဲတမ္းတစ္မ်ိဳးတည္းလုပ္မယ့္အစား တစ္ပတ္တစ္မ်ိဳး အျခားအားကစားေတြပါ ေျပာင္းေျပာင္းျပီးနည္းနည္းေလာက္လုပ္ေပး။ အခုေျပာတာေတြကို အရင္ျပင္ျပီး မရေတာ့မွ ကိုယ့္ဆရာေတြနဲ႔ တိုင္ပင္ၾကည့္တာေပါ့။ ဟုတ္ျပီလား။ “

သည့္ေနာက္ေတာ့ ေရာက္တတ္ရာရာ ေျပာဆိုၾကျပီး အခ်ိန္တန္ အိမ္ျပန္ လမ္းခြဲရန္ ႏႈတ္ဆက္ၾကရေလေတာ့သည္။

ရီခ်ိဳ(ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *