mydoctor-top-telemedicine

All Articlesအခြားရောဂါများအထွေထွေရောဂါများ

သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းများ?

1 Mins read

?သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းများ?

‘သွေး’ ဆိုတာလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွက်တော့ မရှိမဖြစ်တဲ့ အရာပါ။ ခန္ဓာကိုယ်မှာ သွေးပမာဏ ငါးလီတာ ဝန်းကျင်အထိပြည့်ဖို့ လိုပါတယ်။ ဒါတင်မကပဲ သွေးရဲ့ အရည်အသွေးလည်း ပြည့်ဝနေဖို့လိုပါတယ်။ သွေးနီဥ သွေးဖြူဥ သွေးဥမွှားတွေရဲ့ အရေအတွက်တွေဟာ ရှိသင့်တဲ့ စံချိန်ဘောင် ပမာဏအတွင်းဝင်နေဖို့လိုပါတယ်။

?သွေးအားနည်းတယ်ဆိုတာဘာလဲ ??

သွေးနီဥတွေရဲ့ အရည်အသွေး အားနည်းတာဖြစ်ပါတယ်။ သွေးနီဥတစ်ခုမှာ သွေးကို အရောင်ရင့်စေတဲ့ Hemoglobin ဆိုတဲ့ အစိတ်အပိုင်းပါဝင်ပြီး သူက သွေးနီဥတွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အောက်စီဂျင်သယ်ပို့ပေးတဲ့ လုပ်ငန်းမှာ ပါဝင်ပေးရပါတယ်။ Hemoglobin ဖြစ်ဖို့အတွက် သံဓာတ်ကို မရှိမဖြစ်လိုအပ်ပါတယ်။ ပုံမှန်အမျိုးသားတစ်ယောက်မှာ Hemoglobin(Hb) 13.5-17.5 gram/dl ရှိသင့်ပြီး အမျိုးသမီးတစ်ယောက်မှာ 12.0-15.5 gram/dl ရှိရပါမယ်။ သံဓာတ်ချို့တဲ့လို့ဖြစ်တဲ့ Iron Deficiency Anemiaဆိုတဲ့ သွေးအားနည်းရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။

?ဘာကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းကြတာလဲ ??

?ခန္ဓာကိုယ်မှသွေးဆုံးရှုံးမှုများ

-အများအားဖြင့် အမျိုးသမီးအများစုမှာ လစဉ် ဓမ္မတာ ကိစ္စကြောင့် သွေးဆုံးရှုံးနေရတဲ့အတွက် သွေးအားနည်းရပါတယ်။

– နာတာရှည် အစာအိမ်အနာ၊ အူမကြီးမှာဖြစ်တဲ့ အလုံးအကျိတ်နဲ့ ကင်ဆာတွေကြောင့်လည်း သွေးနည်းနည်းစီ ဆုံးရှုံးရင်း သွေးအားနည်းလာတတ်ပါတယ်။

– တီဘီလို အဆုတ်ရောဂါတွေကြောင့် ချောင်းဆိုးသွေးပါတာမျိုးကလည်း သွေးအားနည်းစေပါတယ်။

– ခန္ဓာကိုယ်မှာ သန်ကောင်တွေ ပေါက်ပွားလာပြီး သန်ချလေ့မရှိသူတွေမှာလည်း သွေးအားနည်းတတ်တာတွေ့ရပါတယ်။

– နာတာရှည် ရောဂါတစ်ခုခုရှိနေရင်လည်း သွေးအားနည်းနေတတ်ပါတယ်။

– မကြာခဏ သွေးလှူသူတွေမှာလည်း သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းလာနိုင်တာမို့ သတိထားဖို့ လိုပါတယ်။

?အာဟာရချို့တဲ့ခြင်း

သံဓာတ်ကြွယ်ဝတဲ့ အသားတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေစတာတွေကို ရှောင်စားသူတွေ၊ အစားအရမ်းရွေးသူတွေမှာ သံဓာတ်တဖြည်းဖြည်း ချို့တဲ့လာပြီး သွေးအားနည်းနိုင်ပါတယ်။

?ကိုယ်ဝန်ဆောင်များ

ကိုယ်ဝန်ဆောင်တွေမှာတော့ ကလေးဖွံ့ဖြိုးမှုအတွက် သံဓာတ်လိုအပ်ချက်မြင့်တက်လာမှုနဲ့ သွေးရဲ့ အရည်ပါဝင်မှုထုထည်မြင့်လာတာကြောင့် သံဓာတ်မလုံလောက်လို့ သွေးအားနည်းလာနိုင်ပါတယ်။

?ခန္ဓာကိုယ်မှ သံဓာတ်ကို မစုပ်ယူနိုင်ခြင်း

အစားအသောက်မှာ သံဓာတ်ပါပေမဲ့လည်း အူသိမ်က မစုပ်ယူဘူးဆိုရင် သွေးအားနည်းလာနိုင်ပါတယ်။

– Celiac disease လို အာဟာရ စုပ်ယူမှုပျက်ယွင်းစေတဲ့ ရောဂါမျိုး

– အူသိမ်ကို ဖြတ်တောက်ခွဲစိတ်ထားရရင်

– လက်ဖက်၊ လက်ဖက်ရည် စတာတွေကို အစားအသောက်နဲ့ တွဲစားမိရင်

– အစာအိမ်မှ အစာခြေရည် gastric acid မထွက်အောင် ပိတ်စေတဲ့ အစာအိမ်ဆေးတွေ သောက်နေရရင်

ဒီလိုအခြေအနေမျိုးတွေမှာ သံဓာတ်စုပ်ယူမှု မကောင်းတဲ့အတွက် သွေးအားနည်းလာနိုင်ပါတယ်။

Vitamin C ကတော့ သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။

အားလုံး သံဓာတ်ပြည့်ဝပြီး ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း
(1.7.19)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…