All Articlesအခြားရောဂါများအထွေထွေရောဂါများ

ဆံပင်ကျွတ်ရသည့် အကြောင်းရင်းများ

1 Mins read

ဆံပင်ကျွတ်ရသည့် အကြောင်းရင်းများ

ကမ္ဘာပေါ်မှာရှိတဲ့ သန်း(၈၀)သော အမျိုးသား၊အမျိုးသမီးတွေဟာ ဆံပင်ကျွတ်ခြင်းပြဿနာကိုနေ့စဉ်နှင့်အမျှ ခံစားနေကြရပါတယ်တဲ့၊ဒါကြောင့်သင်တစ်ယောက်ထဲတော့မဟုတ်ပါ၊စိတ်မညစ်ပါနဲ့။ ဦးခေါင်းမှာပျမ်းမျှအနေနဲ့ဆံပင်တစ်သိန်းလောက်ရှိတဲ့အထဲက နေ့စဉ်နှင့်အမျှဆံပင် (၅၀ မှ ၁၀၀ ကြား) ပုံမှန်ကျွတ်နေပါတယ်။ ကျွတ်သွားတဲ့ဆံပင်တွေဟာ အသစ်ပြန်ဖြစ်ပေါ်လာပါတယ်၊ဒါပေမယ့် ဒါဟာလဲအမြဲတမ်းတော့မဟုတ်ပါဘူး၊အကြောင်းအရာတွေအများကြီးအပေါ်မှီတည်နေပါသေးတယ်။

ဆံပင်ဘယ်လိုကျွတ်လဲ???

ဆံပင်ဟာသူကျွတ်ချင်သလိုပဲကျွတ်ပါတယ်? ကျနော်တို့မှန်းဆလို့မရသလို လူတစ်ဦးနဲ့တစ်ဦးလဲမတူပါဘူး။ လူကြီးတွေမှာပိုအကျွတ်များပြီး ကလေးတွေမှာလဲတစ်ခါတစ်ရံကျွတ်လေ့ရှိတာပါပဲ။ ရုတ်တရက်ကျွတ်တတ်သလို တဖြေးဖြေးပုံမှန်ကျွတ်နေတာမျိုးလဲဖြစ်နိုင်ပါတယ်။ နည်းနည်းစီကျွတ်တတ်သလို အကွက်လိုက်လဲပဲကျွတ်နိုင်ပါတယ်။ ယာယီကျွတ်ပြီးပြန်ကောင်းနိုင်သလို အမြဲတမ်းကျွတ်ပြီးပြန်မကောင်းနိုင်တာလဲဖြစ်နိုင်ပါတယ်။

ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းတွေက ဘာတွေများလဲ???

၁)အဖြစ်များဆုံးကတော့ မျိုးရိုးလိုက်လို့ကျွတ်တာပါပဲ။

ယောကျာ်းမှာပိုဖြစ်ပေမယ့် ယောကျာ်း၊မိန်းမ မရွေးဖြစ်နိုင်ပါတယ်။

၂)နာမကျန်းဖြစ်ခြင်း၊စိတ်ဖိစီးမှုများခြင်း၊ထိခိုက်ဒဏ်ရာရခြင်းနှင့်ခွဲစိတ်ခံရခြင်းတို့မှာလဲ ဆံပင်ကျွတ်လေ့ရှိပါတယ်။

၃)ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း။ ကိုယ်ဝန်ဆောင်ခြင်း၊ကလေးမွေးဖွားခြင်း၊သန္ဓေတားဆေးများဖြတ်တောက်ခြင်းနဲ့ သွေးဆုံးကိုင်ခြင်းတို့မှာဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။

၄)ရောဂါများ။ ဦးရေပြားပွေးရောဂါ၊မှိုရောဂါ၊လည်ပင်းကြီးရောဂါနဲ့ ကိုယ်ခံစွမ်းအားစနစ်ရောဂါတစ်ချို့မှာလဲဆံပင်ကျွတ်တတ်ပါတယ်။

၅)ဆေးဝါးများ။ ကင်ဆာဆေးများ၊အဆစ်အမြစ်ရောင်/လေးဘက်နာဆေးများ၊နှလုံးဆေးအချို့နှင့် စိတ်ကျရောဂါကုဆေးအချို့ဟာ ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

၆)ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ။ အပြင်းဖျားခြင်း၊ကိုယ်အလေးချိန်အလွန်အမင်းကျဆင်းခြင်းနှင့် မိသားစုဝင်/ချစ်ခင်သူတစ်ဦးဦးသေဆုံးခြင်းစတဲ့ဖိစီးမှုတွေမှာလဲ ဆံပင်ကျွတ်တတ်ပါသေးတယ်။

၇)ဆံပင်၊မျက်ခုံးမွှေးစတာတွေကိုလက်ကစားပြီး အမြဲဆွဲနှုတ်နေလေ့ရှိတဲ့သူတွေရယ် ဆံပင်ကိုနောက်ကိုတင်းနေအောင်လှန်ပြီးစည်းထားလေ့ရှိတဲ့သူတွေရယ်မှာဆံပင်အရင်းမှာရှိတဲ့ မွေးညင်းပေါက်လေးတွေကိုဒဏ်ဖြစ်စေပြီးဆံပင်ကျွတ်နိုင်ပါတယ်။

၈)သံဓါတ်၊အသားဓါတ်နဲ့ အခြားဗီတာမင်၊အာဟာရဓါတ်ချို့တဲ့သူတွေမှာလဲဆံပင်ပါးကျွတ်တာဖြစ်တတ်ပါသေးတယ်။

ဆံပင်ကျွတ်ခြင်းကင်းပြီး နက်မှောင်ကျော့ရှင်းတဲ့ ကေသာအလှကိုပိုင်ဆိုင်နိုင်ကြပါစေ။

dr.ye’lwin mm

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…