အရိုးအဆစ်များ နာနေတာ ဘာဖြစ်နိုင်လဲ
အရိုးအဆစ်နာနေသူတိုင်း စဉ်းစားမိကြသည်။ ငါ အရိုးအဆစ်နာနေတာ ဘာရောဂါပါလိမ့်။ လေးဖက်နာလား၊ ဂေါက်လား၊ ဘာဖြစ်နေတာပါလိမ့်။
သင့်အဖြေကို သိလိုလျှင် အောက်တွင် တိုက်ဆိုင် စစ်ဆေးကြည့်ပါ။
၁။ သွေးလေးဖက်နာ Rheumatoid arthritis
ဤရောဂါသည် လက်ဆစ်ခြေဆစ်လေးများကဲ့သို့ အဆစ်ငယ်လေးများတွင် ပိုမို ကိုက်ခဲတတ်သည်။ မနက်ခင်းအိပ်ယာထချိန်များတွင် အဆစ်များ ပိုမို တောင့်တင်းနေတတ်သည်။ ဘယ်ညာ ဘက်ညီအောင် ဖြစ်တတ်ပြီး အဆစ်တစ်ခုတည်း ဖြစ်လေ့ မရှိပေ။ အသက်လတ်ပိုင်း အမျိုးသမီးများတွင် ပိုမို အဖြစ်များတတ်ပါသည်။
၂။ ဗိုင်းရပ်စ် အဆစ်ယောင်ရောဂါ
ဤအဆစ်ယောင်ခြင်းသည် တုပ်ကွေးကဲ့သို့သော ဗိုင်းရပ်စ်ပို့းကြောင့် ဖြစ်တတ်ပြီး တုပ်ကွေးလက္ခဏာများနှင့် တွဲတတ်ပါသည်။ အနီစက်လေးများလည်း ထွက်တတ်သည်။ ရက်သတ္တပတ် တစ်ပတ်ထက် ပိုမို ကြာမြင့်လေ့ မရှိပါ။
၃။ အရိုးအဆစ်ယောင်ရောဂါ Osteoarthritis
အသက်ကြီးသူများတွင် အဖြစ်များသည်။ လက်ဆစ်များ၊ လက်ကောက်ဝတ်၊ ဒူး၊ ခါး၊ လည်ပင်း၊ တင်ပါးဆုံဆစ်တို့တွင် အဖြစ်များပါသည်။ အရိုးနုမျက်နှာပြင်များ အသက်ကြီးလာသည်နှင့်အမျှ ပွန်းစားသွားသောကြောင့် ဖြစ်ပါသည်။ အလေးအပင်မခြင်း၊ မတ်တပ်နေချိန် ကြာမြင့်ခြင်းတို့ကြောင့် ပိုဆိုးစေတတ်ပါသည်။
၄။ အရိုးကြီးပေါင်းတက်ရောဂါ Ankylosing spondylitis
အမျိုးသားများတွင် အဖြစ်များပြိး အဓိကအားဖြင့် ကျောရိုးတစ်လျှောက် ဖြစ်တတ်ပါသည်။ ကျောရိုးများ တောင့်တင်းသွားစေတတ်ပါသည်။
၅။ အရေပြားလေးဘက်နာ အဆစ်ယောင်ရောဂါ SLE arthritis
လက်ဆစ်ခြေဆစ်ကဲ့သို့ အဆစ်ငယ်လေးများတွင် ဖြစ်တတ်ပြီး ဘယ်ညာညီမျှ ဖြစ်တတ်ပါသည်။ အဆစ်ယောင်ခြင်းအပြင် မျက်နှာ၌ အနီကွက်များ ဖြစ်ခြင်း၊ အဆုတ်ဖုံးမြှေးယောင်ခြင်း စသော လက္ခဏာများနှင့် တွဲတတ်ပါသည်။
၆။ ဂေါက် အဆစ်ယောင်ရောဂါ
အများဆုံး ဖြစ်တတ်သော အဆစ်မှာ ခြေမအဆစ် ဖြစ်ပြီး အထိမခံနိုင်လောက်အောင် နာကျင်တတ်သည်။ နှစ်ဖက် ပြိုင်ဖြစ်လေ့ မရှိပါ။ အခြား အဆစ်ငယ်လေးများတွင်လည်း ဖြစ်နိုင်ပါသည်။ ကြာရှည်ဖြစ်လာသောအခါ အဖုအကျိတ်လေးများ အဆစ်ပေါ်၌ ထွက်လာတတ်ပါသည်။
ဒေါက်တာယမင်း (ဆေး ၁)
အရိုးအဆစ္မ်ား နာေနတာ ဘာျဖစ္နိုင္လဲ
အရိုးအဆစ္နာေနသူတိုင္း စဥ္းစားမိၾကသည္။ ငါ အရိုးအဆစ္နာေနတာ ဘာေရာဂါပါလိမ့္။ ေလးဖက္နာလား၊ ေဂါက္လား၊ ဘာျဖစ္ေနတာပါလိမ့္။
သင့္အေျဖကို သိလိုလ်ွင္ ေအာက္တြင္ တိုက္ဆိုင္ စစ္ေဆးၾကည့္ပါ။
၁။ ေသြးေလးဖက္နာ Rheumatoid arthritis
ဤေရာဂါသည္ လက္ဆစ္ေျခဆစ္ေလးမ်ားကဲ့သို႔ အဆစ္ငယ္ေလးမ်ားတြင္ ပိုမို ကုိက္ခဲတတ္သည္။ မနက္ခင္းအိပ္ယာထခ်ိန္မ်ားတြင္ အဆစ္မ်ား ပိုမို ေတာင့္တင္းေနတတ္သည္။ ဘယ္ညာ ဘက္ညီေအာင္ ျဖစ္တတ္ၿပီး အဆစ္တစ္ခုတည္း ျဖစ္ေလ့ မရွိေပ။ အသက္လတ္ပိုင္း အမ်ိဳးသမီးမ်ားတြင္ ပိုမို အျဖစ္မ်ားတတ္ပါသည္။
၂။ ဗိုင္းရပ္စ္ အဆစ္ေယာင္ေရာဂါ
ဤအဆစ္ေယာင္ျခင္းသည္ တုပ္ေကြးကဲ့သို႔ေသာ ဗိုင္းရပ္စ္ပို႔းေၾကာင့္ ျဖစ္တတ္ၿပီး တုပ္ေကြးလကၡဏာမ်ားနွင့္ တြဲတတ္ပါသည္။ အနီစက္ေလးမ်ားလည္း ထြက္တတ္သည္။ ရက္သတၱပတ္ တစ္ပတ္ထက္ ပိုမို ၾကာျမင့္ေလ့ မရွိပါ။
၃။ အရိုးအဆစ္ေယာင္ေရာဂါ Osteoarthritis
အသက္ႀကီးသူမ်ားတြင္ အျဖစ္မ်ားသည္။ လက္ဆစ္မ်ား၊ လက္ေကာက္ဝတ္၊ ဒူး၊ ခါး၊ လည္ပင္း၊ တင္ပါးဆံုဆစ္တို႔တြင္ အျဖစ္မ်ားပါသည္။ အရိုးႏုမ်က္နွာျပင္မ်ား အသက္ႀကီးလာသည္နွင့္အမ်ွ ပြန္းစားသြားေသာေၾကာင့္ ျဖစ္ပါသည္။ အေလးအပင္မျခင္း၊ မတ္တပ္ေနခ်ိန္ ၾကာျမင့္ျခင္းတို႔ေၾကာင့္ ပိုဆိုးေစတတ္ပါသည္။
၄။ အရိုးႀကီးေပါင္းတက္ေရာဂါ Ankylosing spondylitis
အမ်ိဳးသားမ်ားတြင္ အျဖစ္မ်ားၿပိး အဓိကအားျဖင့္ ေက်ာရိုးတစ္ေလ်ွာက္ ျဖစ္တတ္ပါသည္။ ေက်ာရိုးမ်ား ေတာင့္တင္းသြားေစတတ္ပါသည္။
၅။ အေရျပားေလးဘက္နာ အဆစ္ေယာင္ေရာဂါ SLE arthritis
လက္ဆစ္ေျခဆစ္ကဲ့သို႔ အဆစ္ငယ္ေလးမ်ားတြင္ ျဖစ္တတ္ၿပီး ဘယ္ညာညီမ်ွ ျဖစ္တတ္ပါသည္။ အဆစ္ေယာင္ျခင္းအျပင္ မ်က္နွာ၌ အနီကြက္မ်ား ျဖစ္ျခင္း၊ အဆုတ္ဖံုးေျမႇးေယာင္ျခင္း စေသာ လကၡဏာမ်ားနွင့္ တြဲတတ္ပါသည္။
၆။ ေဂါက္ အဆစ္ေယာင္ေရာဂါ
အမ်ားဆံုး ျဖစ္တတ္ေသာ အဆစ္မွာ ေျခမအဆစ္ ျဖစ္ၿပီး အထိမခံနိုင္ေလာက္ေအာင္ နာက်င္တတ္သည္။ နွစ္ဖက္ ၿပိဳင္ျဖစ္ေလ့ မရွိပါ။ အျခား အဆစ္ငယ္ေလးမ်ားတြင္လည္း ျဖစ္နိုင္ပါသည္။ ၾကာရွည္ျဖစ္လာေသာအခါ အဖုအက်ိတ္ေလးမ်ား အဆစ္ေပၚ၌ ထြက္လာတတ္ပါသည္။
ေဒါက္တာယမင္း (ေဆး ၁)