All Articlesအခြားရောဂါများအထွေထွေရောဂါများ

Causes & complications of gastritis

1 Mins read

အစာအိမ်ရောင်ခြင်းကိုဖြစ်စေသောအကြောင်းအရာများနှင့်နောက်ဆက်တွဲဆိုးကျိုးများ

အစာအိမ်ရောင်ခြင်းသည် အဖြစ်များသောအခြေအနေတစ်မျိုးဖြစ်သည်။ ဖြစ်တတ်သောလက္ခဏာများမှာ မအီမသာဖြစ်ခြင်း၊ရင်ပူခြင်း၊ ရင်ပြည့်ခြင်း၊ ဗိုက်အောင့်ခြင်း၊အန်ခြင်းနှင့် စားချင်စိတ်မရှိခြင်းတို့ဖြစ်သည်။ ထိုရောဂါလက္ခဏာများမရှိပဲလည်းဖြစ်တတ်သည်။

အစာအိမ်ရောင်ခြင်းဖြစ်စေသောအကြောင်းအရာများ

  • အရက်၊ဆေးလိပ်သောက်ခြင်း
  • aspirin, ibuprofen အစရှိသောအကိုက်အခဲပျောက်ဆေးများကြာရှည်အသုံးပြုခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • ကဖင်းဓာတ်(caffeine) ပါသောအစားအစာများသုံးစွဲခြင်း
  • Helicobacter pylori ဟုခေါ်သောဘက်တီးရီးယားပိုးဝင်ခြင်း
  • အစာအိမ်ခွဲစိတ်ဖူးခြင်း
  • အသက်အရွယ်ကြီးရင့်လာခြင်း
  • အချို့ရောဂါများ (ဥပမာ-HIV နှင့် အူရောင်ရောဂါတစ်မျိုးဖြစ်သော Crohn’s disease အစရှိသည်)
  • ဗီတာမင် B12 ချို့တဲ့ခြင်း အစရှိသည်တို့ဖြစ်သည်။

ဖြစ်တတ်သောနောက်ဆက်တွဲဆိုးကျိုးများ

အချို့တွင် အစာအိမ်နံရံကိုတိုက်စားသောကြောင့်သွေးထွက်ပြီး သွေးအားနည်းခြင်းဖြစ်နိုင်သည်။ အစာအိမ်အနာလည်းဖြစ်တတ်သည်။ အစာအိမ်ကင်ဆာဖြစ်ခြင်း၊ အစာအိမ်အထွက်လမ်းကြောင်းပိတ်ခြင်းတို့လည်းဖြစ်လာနိုင်ပါသည်။ ထို့ကြောင့်အစာအိမ်ရောင်ခြင်းလက္ခဏာများမကြာခဏခံစားရလျှင် ကုသမှုခံယူသင့်ပါသည်။

နွေ

အစာအိမ္ေရာင္ျခင္းကိုျဖစ္ေစေသာအေၾကာင္းအရာမ်ားႏွင့္ေနာက္ဆက္တဲြဆိုးက်ိဳးမ်ား

အစာအိမ္ေရာင္ျခင္းသည္ အျဖစ္မ်ားေသာအေျခအေနတစ္မ်ိုးျဖစ္သည္။ ျဖစ္တတ္ေသာလကၡဏာမ်ားမွာ မအီမသာျဖစ္ျခင္း၊ရင္ပူျခင္း၊ ရင္ျပည့္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊အန္ျခင္းႏွင့္ စားခ်င္စိတ္မ႐ွိျခင္းတို႔ျဖစ္သည္။ ထိုေရာဂါလကၡဏာမ်ားမ႐ွိပဲလည္းျဖစ္တတ္သည္။

အစာအိမ္ေရာင္ျခင္းျဖစ္ေစေသာအေျကာင္းအရာမ်ား

  • အရက္၊ေဆးလိပ္ေသာက္ျခင္း
  • aspirin, ibuprofen အစ႐ွိေသာအကိုက္အခဲေပ်ာက္ေဆးမ်ားၾကာ႐ွည္အသုံးျပဳျခင္း
  • စိတ္ဖိစီးမႈမ်ားျခင္း
  • ကဖင္းဓာတ္(caffeine) ပါေသာအစားအစာမ်ားသုံးစဲြျခင္း
  • Helicobacter pylori ဟုေခၚေသာဘက္တီးရီးယားပိုးဝင္ျခင္း
  • အစာအိမ္ခဲြစိတ္ဖူးျခင္း
  • အသက္အရြယ္ႀကီးရင့္လာျခင္း
  • အခ်ိဳ႕ေရာဂါမ်ား (ဥပမာ-HIV ႏွင့္ အူေရာင္ေရာဂါတစ္မ်ိဳးျဖစ္ေသာ Crohn’s disease အစ႐ွိသည္)
  • ဗီတာမင္ B12 ခ်ိဳ႕တ့ဲျခင္း အစ႐ွိသည္တို႔ျဖစ္သည္။

ျဖစ္တတ္ေသာေနာက္ဆက္တဲြဆိုးက်ိုးမ်ား

အခ်ို့တြင္ အစာအိမ္နံရံကိုတိုက္စားေသာေျကာင့္ေသြးထြက္ျပီး ေသြးအားနည္းျခင္းျဖစ္နိုင္သည္။ အစာအိမ္အနာလည္းျဖစ္တတ္သည္။ အစာအိမ္ကင္ဆာျဖစ္ျခင္း၊ အစာအိမ္အထြက္လမ္းေၾကာင္းပိတ္ျခင္းတို႔လည္းျဖစ္လာႏိုင္ပါသည္။ ထို႔ေၾကာင့္အစာအိမ္ေရာင္ျခင္းလကၡဏာမ်ားမၾကာခဏခံစားရလ်ွင္ ကုသမႈခံယူသင့္ပါသည္။

ေႏြ

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *