All Articlesအခြားရောဂါများအထွေထွေရောဂါများ

Causes and Treatment of dryness of feet

1 Mins read

ခြေဆီမထွက်တဲ့အခါ

ဆောင်းတွင်းရောက်လာပြီဆိုရင် အချို့သူတွေမှာ ခြေဆီမထွက်တဲ့အတွက် ခြေထောက်တွေခြောက်ကာ အက်ကွဲလာပြီး စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ အချို့ဆိုရင် အကွဲလွန်ပြီး နာလာကာလမ်းမလျှောက်နိုင်တာတွေ၊ သွေးထွက်လာတဲ့အတွက်စပ်ပြီးပိုးဝင်တာတွေရှိလာတတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲ၊ ဘယ်လိုကာကွယ်ကြမလဲဆိုတာလေးတွေကိုတင်ပြလိုက်ပါတယ်။

ဆောင်းတွင်းအေးလာတဲ့အခါ သွေးလည်ပတ်မှုလည်းနှေးကွေးသွားတတ်ပါတယ်။ ဒီအခါမှာ ခြေထောက် အထူးသဖြင့် ခြေဖနောင့်နဲ့ခြေဖဝါးမှာ သွေးစီးဆင်းမှုနှေးကွေးနည်းပါးသွားပြီး ခြောက်ကပ်လာပါတယ်။အထူးသဖြင့် သံမံတလင်း၊ ကြွေပြားအစရှိတဲ့ အေးစက်စက်အရာဝတ္ထုတွေပေါ်မှာ ဖိနပ်မပါဘဲ အချိန်ကြာကြာအလုပ်လုပ်ရသူတွေမှာလည်းအဖြစ်များပါတယ်။

နာတာရှည်ရောဂါသည်များနဲ့ ဆီးချိုသည်များမှာတော့ ခြေဆီမထွက်လို့ခြေထောက်အက်ကွဲတအြခါ အထူးပိုမိုဂရုစိုက်ရပါတယ်။ သူတို့မှာခြေထောက်ခြောက်သွေ့အက်ကွဲရင် အခြားသူတွေထက်ပျောက်ဖို့ပိုကြာတတ်သလို ပိုးဝင်ခြင်းအစရှိသော နောက်ဆက်တွဲအကျိုးဆိုးများလည်းဖြစ်လာနိုင်ပါတယ်။

ခြေဆီမထွက်လို့ခြေထောက်ကွဲအက်ခြင်းကိုသက်သာစေဖို့ကတော့ အေးသောနေရာများကိုသွားလာမယ်ဆိုပါက ခြေအိတ်ဝတ်ပါ သို့မဟုတ် ဖိနပ်လုံလုံစီးပါ။ ခြောက်သွေ့ကွဲအက်သောခြေဖဝါးနဲ့ ခြေဖနောင့်ကို အလှဆီ(glycerin)လိမ်းပါ၊ သဘာဝနည်းတစ်ခုဖြစ်တဲ့ ငှက်ပျောသီးမှည့်အခွံကိုအုပ်ပေးခြင်းလည်းပြူလုပ်နိုင်ပါတယ်။ အစားအသောက်အနေနဲ့ကတော့ သွပ်ဓာတ်(Zinc)၊ ဗီတာမင်အီး(Vitamin E)၊ Omega 3အဆီဓာတ်ပါသောအစားအစာများကို စားပေးခြင်းအားဖြင့်သက်သာစေနိုင်မှာပဲဖြစ်ပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

ေျခဆီမထြက္တဲ့အခါ

ေဆာင္းတြင္းေရာက္လာၿပီဆိုရင္ အခ်ိဳ႕သူေတြမွာ ေျခဆီမထြက္တဲ့အတြက္ ေျခေထာက္ေတြေျခာက္ကာ အက္ကြဲလာၿပီး စိတ္အေႏွာက္အယွက္ျဖစ္ရတတ္ပါတယ္။ အခ်ိဳ႕ဆိုရင္ အကြဲလြန္ၿပီး နာလာကာလမ္းမေလ်ွာက္ႏိုင္တာေတြ၊ ေသြးထြက္လာတဲ့အတြက္စပ္ၿပီးပိုးဝင္တာေတြ႐ွိလာတတ္ပါတယ္။ ဒါဟာ ဘာေၾကာင့္လဲ၊ ဘယ္လိုကာကြယ္ၾကမလဲဆိုတာေလးေတြကိုတင္ျပလိုက္ပါတယ္။

ေဆာင္းတြင္းေအးလာတဲ့အခါ ေသြးလည္ပတ္မႈလည္းေႏွးေကြးသြားတတ္ပါတယ္။ ဒီအခါမွာ ေျခေထာက္ အထူးသျဖင့္ ေျခဖေနာင့္နဲ႔ေျခဖဝါးမွာ ေသြးစီးဆင္းမႈေႏွးေကြးနည္းပါးသြားၿပီး ေျခာက္ကပ္လာပါတယ္။အထူးသျဖင့္ သံမံတလင္း၊ ေႂကြျပားအစ႐ွိတဲ့ ေအးစက္စက္အရာဝတၳဳေတြေပၚမွာ ဖိနပ္မပါဘဲ အခ်ိန္ၾကာၾကာအလုပ္လုပ္ရသူေတြမွာလည္းအျဖစ္မ်ားပါတယ္။

နာတာ႐ွည္ေရာဂါသည္မ်ားနဲ႔ ဆီးခ်ိဳသည္မ်ားမွာေတာ့ ေျခဆီမထြက္လို႔ေျခေထာက္အက္ကြဲတျအခါ အထူးပိုမိုဂ႐ုစိုက္ရပါတယ္။ သူတို႔မွာေျခေထာက္ေျခာက္ေသြ႔အက္ကြဲရင္ အျခားသူေတြထက္ေပ်ာက္ဖို႔ပိုၾကာတတ္သလို ပိုးဝင္ျခင္းအစ႐ွိေသာ ေနာက္ဆက္တြဲအက်ိဳးဆိုးမ်ားလည္းျဖစ္လာႏိုင္ပါတယ္။

ေျခဆီမထြက္လို႔ေျခေထာက္ကြဲအက္ျခင္းကိုသက္သာေစဖို႔ကေတာ့ ေအးေသာေနရာမ်ားကိုသြားလာမယ္ဆိုပါက ေျခအိတ္ဝတ္ပါ သို႔မဟုတ္ ဖိနပ္လံုလံုစီးပါ။ ေျခာက္ေသြ႔ကြဲအက္ေသာေျခဖဝါးနဲ႔ ေျခဖေနာင့္ကို အလွဆီ(glycerin)လိမ္းပါ၊ သဘာဝနည္းတစ္ခုျဖစ္တဲ့ ငွက္ေပ်ာသီးမွည့္အခြံကိုအုပ္ေပးျခင္းလည္းျပဴလုပ္ႏုိင္ပါတယ္။ အစားအေသာက္အေနနဲ႔ကေတာ့ သြပ္ဓာတ္(Zinc)၊ ဗီတာမင္အီး(Vitamin E)၊ Omega 3အဆီဓာတ္ပါေသာအစားအစာမ်ားကို စားေပးျခင္းအားျဖင့္သက္သာေစႏိုင္မွာပဲျဖစ္ပါတယ္။

ေမတၱာျဖင့္
စိုင္းျမတ္သူ

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…