Covid19 တတိယလှိုင်းနဲ့ လက္ခဏာရပ်များ Covid19နဲ့တတိယလှိုင်းအန္တရာယ်ကတော့လက်ရှိမှာတကမ္ဘာလုံးကိုခြိမ်းခြောက်မှုရှိနေပြီး တချို့နိုင်ငံတွေမှာ ဆိုရင်တော့ စတုတ္ထလှိုင်းဆီကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာ Covid-19 တတိယလှိုင်းနဲ့အတူ ကိုရိုနာမျိုးကွဲသစ်ပေါ်ထွက်လာတဲ့အတွက် စိုးရိမ်ပူပန်မှုများလည်းမြင့်တက်လာခဲ့ပါတယ်။ ကာကွယ်ဆေးထိုးမှုတွေကိုအစဉ်တစိုက်နဲ့အရှိန်တိုးမြှင့်ဖို့ကြိုစားနေချိန်မှာ တတိယလှိုင်းနဲ့အတူ သဘာဝတိုင်းပြောင်းလဲသွားတဲ့ မျိုးကွဲသစ်ပေါ်လာတာဖြစ်ပါတယ် တတိယလှိုင်းဖြစ်ပေါ်လာတဲ့အခါ မတူညီတဲ့အခြေအနေတွေရှိလို့နေပါတယ် လူတွေရဲ့နေထိုင်သွားလာမှုပေါ့ဆတာတွေ သတိလက်လွတ်ဖြစ်တာတွေက ဒီပိုးကိုထပ်မံအနိုင်ရစေဖို့ရာအခွင့်အရေးပေးသလိုဖြစ်လို့နေပါတယ် အခုလိုမျိုးရိုးဗီဇကွဲအသစ်ကပိုမိုကူးစက်မြန်တာကြောင့်…