Clothing and Lifestyle of babies in Winter
1 Mins read
ဆောင်းတွင်းမှာကလေးတွေနေကောင်းအောင် ဘယ်လိုနေမလဲ ဆောင်းတွင်းဝင်လာပြီဆိုရင် မိမိတို့ကလေးတွေအတွက်ပိုပြီးဂရုစိုက်ရတာ မိဘတွေရဲ့အလုပ်တစ်ခုပါ။ လူကြီးတွေတောင်ဖျားကြနာကြတာပိုဖြစ်တဲ့ဆောင်းတွင်းမှာ ကလေးတွေကနေမကောင်းဖြစ်နိုင်ခြေပိုများပြားပါတယ်။ လူကြီးတွေတောင် တစ်ချို့နေ့တွေမှာအအေးဒါဏ်မခံနိုင်တဲ့ဆောင်းတွင်းမှာ ကလေးတွေကိုပိုပြီးဂရုစိုက်သင့်ပါတယ်။ အရင်ဆုံးအနေနဲ့တော့ နွေးနွေးထွေးထွေးဝတ်ဆင်ပေးရပါမယ်။ အချို့ကလေးတွေကချမ်းရင်ပြောတတ်ပေမယ့် မပြောတတ်တဲ့ကလေးတွေလည်းရှိနေနိုင်ပါတယ်။ လူကြီးတွေကလည်းအလိုက်တသိနဲ့ နွေးထွေးအောင်ဝတ်စားပေးရပါမယ်။ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်၊ သားမွှေးအနွေးထည်၊ သိုးမွှေးခေါင်းစွပ်စတာတွေနဲ့ နွေးနွေးထွေးထွေးထားပေးရပါမယ်။ လည်ပင်းအပတ်လေးတွေ၊…