ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း အခုတစ်လောမှာခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းနဲ့ပတ်သက်ပြီးတော်တော်များများပြောနေကြပါတယ်။မြန်မာနိုင်ငံမှာUV Index ဆိုတဲ့ခရမ်းလွန်ရောင်ခြည်ညွန်းကိန်း တွေ အရမ်းမြင့်နေတယ်၊အန္တရာယ်ရှိတဲ့အဆင့်ကိုရောက်နေတယ်စသဖြင့်လူတွေတော်တော် များများပြောကြဆိုကြကြောက်ရွံ့ကြဖြစ်နေကြပါတယ်။ဆေးခန်းမှာလည်းအရေပြားကင်ဆာကိုကြောက်လို့ဆိုပြီးလာပြကြတဲ့သူတွေ ကိုလည်းထူးဆန်းစွာတိုးပွါးလာပါတယ်။နေပူထဲကိုထွက်မိလို့အရေပြားကင်ဆာဖြစ်များဖြစ်တော့မှာလားပေါ့။ ကြည့်ပါအုံးဆရာရယ်ဒီအကွက်က အရေပြားကင်ဆာလား၊ ဘာလားဆိုပြီးစိုးရိမ်စွာနဲ့လာပြကြပါတယ်။ တစ်ကယ်တော့မိုးလေဝသနဲ့ဇလဗေဒကနေသူ့ရဲ့နေ့တဓူဝအလုပ်အတိုင်းပဲဒီခရမ်းလွန်ရောင်ခြည်အညွန်းကိန်းကိုထုတ်ပြန်တာပါ ။မြင့်လာတော့လည်းမြင့်လာတဲ့အလျောက်လူထုကိုထုတ်ပြန်ကြေငြာရတာပေါ့။စိုးရိမ်စရာ၊အန္တရာယ်ရှိနိုင်စရာအချိန်တွေမှာလူထုအတွက် အချိန်နဲ့တစ်ပြေးညီးထုတ်ပြန်ပေးနိုင်တာကိုကကျေးဇူးတင်စရာပါ။ကျေးဇူးလည်းတင်မိပါတယ်။ သို့သော်လည်းလူထုကဒီအကြောင်းတွေကို ဂဃနဏမသိလေတော့မျက်ပြူးဆံပြာဖြစ်ကုန်ကြပါတယ်။အခုပဲနေရောင်ထဲထွက်လိုက်ရင်အရေပြားကင်ဆာဖြစ်တော့မလိုဖြစ်ကုန်ကြပါတယ်။ ဒီတော့ဒီအကြောင်းကိုနည်းနည်းတော့ရေးသင့်ပြီလို့ထင်လို့ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း (UV Index)ဆိုတာ UV Index…