အမာရွတ်အသစ်နှင့်အမာရွတ်အဟောင်း အမာရွတ်တွေကတော့ လူတိုင်းနဲ့မကင်းကြတဲ့သေရာပါအမှတ်တွေပဲဖြစ်ပါတယ်။ကလေးဘဝကဆော့ကစားမိလို့၊ဒဏ်ရာရလို့၊ချော်လဲလို့၊သူများကလုပ်လို့၊ကိုယ့်ဖာသာဖြစ်လို့ စသဖြင့်အကြောင်းပေါင်းစုံပါပဲ။ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် အမာရွတ်တွေကတော့ကိုယ်နဲ့အမြဲပါသွားတော့မှာပါပဲ။တစ်ချို့အမာရွတ်တွေက လူမသိသာတဲ့နေရာမှာဖြစ်လို့ဘာမှအနှောင့်အယှက်မပေးပေမယ့် လူမြင်သူမြင်နေရာတွေမှာဖြစ်တော့ကျ အလှပျက်ရတတ်ပါတယ်။အမာရွတ်တွေဟာ မကုပဲထားရင်ဘဝတစ်လျှောက်လုံးပါသွားမှာဖြစ်ပြီး ကြာလာတာနဲ့အမျှ ကုသရတာလက်ဝင်လာနိုင်ပါတယ်။ဒါကြောင့် အမာရွတ်အသစ်ပဲဖြစ်ဖြစ်၊အဟောင်းကိုပဲဖြစ်ဖြစ် ပျောက်ကင်းစေချင်ကြတဲ့သူများအတွက် အမာရွတ်ပျောက်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ အမာရွတ်အသစ်၊အဟောင်းတွေကို ဘယ်လိုဖျောက်မလဲ??? အောက်ပါနည်းလမ်းကလေးတွေကအတော့်ကိုအသုံးဝင်နိုင်မှာဖြစ်ပါတယ်- ၁။ရှားစောင်းလက်ပတ်။ -ရှားစောင်းလက်ပတ်အရည်ကို အမာရွတ်ပေါ်မှာ စက်ဝိုင်းပတ်ပုံစံဖွဖွလေးစိမ့်ဝင်အောင်လိမ်းပေးပါ။…