ဝက်ခြံအတွက် ဘယ်လိုလိမ်းဆေးမျိုးလိမ်းကြမလဲ?
1 Mins read
ဝက်ခြံအတွက် ဘယ်လိုလိမ်းဆေးမျိုးလိမ်းကြမလဲ? ‘ဝက်ခြံ’ လူတွေကိုအလွန်အင်မတန်ဒုက္ခပေးပြီး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်လွန်းသောအရေပြားပြဿနာ။ မျက်နှာပေါ်အဖြစ်များပြီး ဆယ်ကျော်သက်အရွယ်တွေဆို လူကြားသူကြားထဲမထွက်ရဲ၊မျက်နှာမပြရဲလောက်အောင်ကိုပဲဒုက္ခပေးနိုင်ပါတယ်။ဝက်ခြံကိုပျောက်ချင်လွန်းလို့ ကောင်းနိုးရာရာဆေးတွေဝယ်လိမ်း ဝယ်သောက်ကြ၊ငွေကုန်လူပန်းဖြစ်ပြီးမပျောက်ကင်းတဲ့အခါ စိတ်တွေပါညစ်ရတတ်ပါတယ်။ဒါကြောင့် ဝက်ခြံအတွက်အထိရောက်ဆုံးသော လိမ်းဆေးလေးတွေအကြောင်းကိုဖောက်သည်ချလိုက်ရပါတယ်။ ၁။Salicylic acid -ဝက်ခြံမှာပိတ်နေတဲ့အဆံတွေကိုပျော်စေကာဝက်ခြံကိုသက်သာစေနိုင်ရုံမက ပြန်မဖြစ်အောင်လဲကာကွယ်ပေးနိုင်ပါတယ်။ -အဆီပြန်သက်သာခြင်းနှင့် ပိုးသေစေခြင်းအာနိသင်တော့မရှိပါဘူး။ -တစ်ခုရှိတာကတော့ ဆေးလိမ်းခြင်းကိုရပ်လိုက်တာနဲ့ ဝက်ခြံကပြန်ပြန်ဖြစ်လာတတ်တာပါပဲ။…