All Articlesအခြားရောဂါများအထွေထွေရောဂါများ

Bipolar disorder

1 Mins read
စိတ်ကြွ စိတ်ကျရောဂါဆိုတာ စိတ်ကြွ စိတ်ကျရောဂါလို့ခေါ်ပါတယ် ။ စိတ်အခြေအနေဟာ အစွန်းနှစ်ဖက်ကို ပြောင်းပြောင်းသွားတာမျိုးဖြစ်ပါတယ် ။ အဲ့အတွက်ကို အိပ်ချိန်မမှန်တော့တာ အားအင်ကုန်ခမ်းနေတာ အပြူအမူပိုင်းတွေပြောင်းလဲနေတာ မျိုးတွေဖြစ်လာပါတယ် ။ ဒီရောဂါရှိသူတွေဟာ အလွန်အမင်းပျော်ရွှင်တက်ကြွနေတဲ့ အချိန် စိတ်ဆင်းရဲ စိတ်ဓာတ်တွေကျဆင်း မလှုပ်မကိုင်ချင် နှုံးခွေပြီးနေချင်တဲ့အချိန်…
Read more
All Articlesအခြားရောဂါများအထွေထွေရောဂါများ

Causes & complications of gastritis

1 Mins read
အစာအိမ်ရောင်ခြင်းကိုဖြစ်စေသောအကြောင်းအရာများနှင့်နောက်ဆက်တွဲဆိုးကျိုးများ အစာအိမ်ရောင်ခြင်းသည် အဖြစ်များသောအခြေအနေတစ်မျိုးဖြစ်သည်။ ဖြစ်တတ်သောလက္ခဏာများမှာ မအီမသာဖြစ်ခြင်း၊ရင်ပူခြင်း၊ ရင်ပြည့်ခြင်း၊ ဗိုက်အောင့်ခြင်း၊အန်ခြင်းနှင့် စားချင်စိတ်မရှိခြင်းတို့ဖြစ်သည်။ ထိုရောဂါလက္ခဏာများမရှိပဲလည်းဖြစ်တတ်သည်။ အစာအိမ်ရောင်ခြင်းဖြစ်စေသောအကြောင်းအရာများ အရက်၊ဆေးလိပ်သောက်ခြင်း aspirin, ibuprofen အစရှိသောအကိုက်အခဲပျောက်ဆေးများကြာရှည်အသုံးပြုခြင်း စိတ်ဖိစီးမှုများခြင်း ကဖင်းဓာတ်(caffeine) ပါသောအစားအစာများသုံးစွဲခြင်း Helicobacter pylori ဟုခေါ်သောဘက်တီးရီးယားပိုးဝင်ခြင်း အစာအိမ်ခွဲစိတ်ဖူးခြင်း အသက်အရွယ်ကြီးရင့်လာခြင်း…
Read more
All Articlesအခြားရောဂါများအထွေထွေရောဂါများ

Eye Strain

1 Mins read
မျက်ရိုးဘာလို့ကိုက်ရသလဲ စာဖတ်သူတွေအနေနဲ့ မျက်ရိုးကိုက်ခြင်းကို တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုမျက်ရိုးကိုက်ခြင်းဟာ သတိမထားမိလိုက်တဲ့အပြုအမူလေးတွေကနေအစပြုပြီး ခေါင်းကိုက်သွားတဲ့အထိဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မျက်ရိုးကိုက်စေနိုင်တဲ့အကြောင်းရင်းတွေကိုတင်ပြလိုက်ပါတယ်။ (၁) ပက်လက်လဲလျောင်း၍စာဖတ်ခြင်း ပက်လက်လှဲပြီးစာဖတ်တဲ့အခါ သင့်မျက်လုံးဟာ စာလုံးတွေကိုဖတ်ဖို့အတွက်ပိုပြီးအားယူရပါတယ်။ ဒီအခါမှာ ကြာကြာဖတ်လေလေ မျက်ရိုးပိုကိုက်လေဖြစ်သွားပြီး မျက်စိမှိတ်ပြီးအနားယူရတဲ့အထိဖြစ်သွားနိုင်ပါတယ်။ (၂) ဖုန်းစခရင်ကိုကြည့်ပြီး စာဖတ်ချိန်…
Read more
All Articlesအခြားရောဂါများအထွေထွေရောဂါများ

Chicken Pox in children

1 Mins read
ရေကျောက်ပေါက်ခြင်း ရေကျောက်ပေါက်တယ်ဆိုတာ… ဗိုင်းရပ်စ်ပိုးတစ်မျိူးကြောင့်ဖြစ်ပြီး ကူးစက်ခံရသူရဲ့ ခန္ဒာကိုယ်တစ်ခုလုံးမှာ ယားတဲ့အကွက်တွေ အနာတွေဖြစ်ပြီး တုပ်ကွေးလို လက္ခဏာမျိူးကိုလည်း ခံစားရလေ့ရှိပါတယ်..။ကလေးငယ်တွေမှာ ပိုပြီးအဖြစ်များပါတယ်…။ ရောဂါလက္ခဏာတွေ ခန္ဒာကိုယ် ယားယံပြီး အဖုထွက်ခြင်း အဖျားရှိခြင်း (၁၀၁-၁၀၂ F) ခေါင်းကိုက်ခြင်း လည်ချောင်းနာခြင်း နီရဲယားယံတဲ့ အဖုတွေဟာ…
Read more
All Articlesကင်ဆာအထွေထွေရောဂါများ

Risk factors for gastric cancer

1 Mins read
အစာအိမ်ကင်ဆာဖြစ်စေနိုင်သောအကြောင်းအရာများ အစာအိမ်ကင်ဆာရောဂါသည် အဖြစ်များသောကင်ဆာရောဂါတစ်မျိုးဖြစ်သည်။ တစ်ကမ္ဘာလုံးအနေဖြင့်ကြည့်လျှင် ကင်ဆာရောဂာများထဲတွင် ပဉ္စမမြောက်အဖြစ်အများဆုံးဖြစ်ပြီး ကင်ဆာရောဂါဖြင့်သေဆုံးမှုတွင် တတိယနေရာတွင်ရှိသည်။ အစာအိမ်ကင်ဆာသည် မျိုးရိုးလိုက်တတ်သလို အခြားသောအကြောင်းအရာများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဖြစ်စေနိုင်သောအကြောင်းအရာများမှာအောက်ပါအတိုင်းဖြစ်သည်။ – ငယ်ရွယ်ချိန်တွင်ဖြစ်ခဲ၍ အသက်၅၀ကျော်တွင်အဖြစ်များသည်။ – ယောကျာ်းများတွင်ပိုအဖြစ်များသည်။ – ကျောက်မီးသွေးတွင်း၊သတ္တုနှင့် ရာဘာစက်ရုံအလုပ်သမားများတွင်လည်းဖြစ်နိုင်သည် -ဆေးလိပ်သောက်ခြင်း…
Read more
All Articlesအခြားရောဂါများအထွေထွေရောဂါများ

Complication and treatment for gall stone

1 Mins read
သည်းခြေကျောက် ကိုဘယ်လိုကုသမလဲ? သည်းခြေမှာကျောက်တည်တယ်လို့သိလိုက်တဲ့အခါ လူနာတော်တော်များများ ပြောလေ့ရှိတာက ” မခွဲခြင်ဘူးနော် ဆရာမ” ” မခွဲဘဲပျောက်အောင်လုပ်ပေးပါ” ” ခွဲရမယ်ဆို ဆက်မကုတော့ဘူးနော် ဆရာမ” လို့ပြောလေ့ရှိပါတယ်။ သည်းခြေကျောက်ကမကုဘဲထားရင် ဘာတွေဖြစ်မလဲ? ခွဲစိတ်တာအပြင်အခြားမရှိတော့ဘူးလား? ဆက်ဖတ်ကြည့်ပါနော်။ သည်းခြေကျောက်ဟာ တစ်ခါတစ်ခါ ဗိုက်ထဲမှာရှိနေပေမယ့်…
Read more
All Articlesအခြားရောဂါများအထွေထွေရောဂါများ

Hypercholestrolemia

1 Mins read
သွေးတွင်းအဆီဓာတ်များနေပြီလား ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာ စားသမျှအစာအာဟာရတွေကို တစ်နေ့တာ လှုပ်ရှားသွားလာမှုအတွက် စွမ်းအင်အဖြစ်အသုံးချပြီး ပိုလျှံလာတဲ့ ကယ်လိုရီတွေကို အဆီအဖြစ်နဲ့သိမ်းထားလိုက်ပါတယ်။ နေ့တိုင်းနေ့တိုင်း တစ်နေ့တာလိုအပ်ချက်ထက် အစားတွေအများကြီးစားမိပြီတိုရင်တော့ သွေးတွင်းမှာအဆီဓာတ်တွေများလာတော့တာပါပဲ။ သွေးတွင်းမှာ အဆီဓာတ်များခြင်းဟာ ရောဂါလက္ခဏာမပြပါဘူး။ တိတ်တိတ်ကလေး လူကိုဒုက္ခပေးရင်း အချိန်တန်တဲ့အခါမှ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့ဝေဒနာဆိုးတွေဆီကို…
Read more
All Articlesအခြားရောဂါများအထွေထွေရောဂါများ

Tension Headache

1 Mins read
စိတ်ဖိဆီးမှုများကြောင့် ခေါင်းကိုက်တဲ့အခါ မွန်းလွဲတစ်နာရီထိုးချိန်၏ နေ့အပူဒဏ်အောက်ဝယ် ပျားပန်းခတ်မျှ လှုပ်ရှားနေသောလူများ၊လမ်းများကိုကုမ္မဏီရုံးခန်းအတွင်းမှငေး ကြည့်ပြီး ခိုင်တစ်ယောက်စိတ်ပိုညစ်ညူးလာသည်။ ဒီနေ့က ခိုင့်အတွက်တော့ တွတ်ပီကံမကောင်းပါလား အော်ရသည့်နေ့။ များပြားလှသောတစ်လစာ အရောင်းအဝယ်စာရင်းများကြားမှ အရေးကြီးသောငွေပေးငွေယူဘောက်ချာတစ်ရွက်စာရင်းပျောက်နေသောကြောင့်ကွန်ပြူတာမှတ်တမ်းအားလုံးပြန်ဖွင့်ကာ ဒေါင်းတောက်အောင်ရှာနေရသည်။ အထက်လူကြီး၏အငြိုအငြင်မခံရအောင် ကြိုးစားရှာရသော်လည်း မနေ့က ညဘက်အိပ်ယာဝင်နောက်ကျသဖြင့် အုံခဲနေသောခေါင်းက သံရိုက်သကဲ့သို့…
Read more
All Articlesအခြားရောဂါများအထွေထွေရောဂါများ

Carbuncle

1 Mins read
အနာပဆုတ် အကြောင်းသိကောင်းစရာများ အနာပဆုတ်ဆိုတာဘာလဲ? ဘက်တီးရီးယားကြောင့်ဖြစ်သောမွှေးကျွတ်နာ(boil)များ အစုလိုက်ဖြစ်နေခြင်းကို အနာပဆုတ်ဟုခေါ်သည်။အရွယ်အစားမှာ ပဲစေ့ခန့်မှစ၍ ဂေါက်သီး အရွယ်ခန့်ထိရှိနိုင်ပါသည်။လူတစ်ဦးမှ တစ်ဦးသို့ကူးစက်နိုင်ပါသည်။ယောကျာ်းလေးတွင်အဖြစ်များသည်။ ဘယ်နေရာတွေမှာဖြစ်နိုင်လဲ? တစ်ကိုယ်လုံးတွင်ဖြစ်နိုင်သော်လည်း များသောအားဖြင့် လည်ပင်း၊ပောင်၊ပေါင်ခြံ၊ချိုင်းကြား၊တင်ပါး နှင့်လိင်အဂါၤတဝိုက်တွင်ဖြစ်လေ့ရှိသည်။ အဝတ်အစား ကျပ်ကျပ်ဝတ်လျှင် ခန္ဓာကိုယ်နှင့်အဝတ်ပွတ်တိုက်မှုများသောနေရာများတွင်လည်းဖြစ်တတ်ပါသည်။ ဘယ်လိုလူတွေမှာဖြစ်နိုင်လဲ? -တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း -ဆီးချိုဝေဒနာရှင်များ -အာဟာရ…
Read more
All Articlesအခြားရောဂါများအထွေထွေရောဂါများ

Conjunctivitis

1 Mins read
မျက်စိက ကျိန်းစပ်စပ် မျက်စိနာနေပြီလား ဆရာ မျက်စိနာခြင်း ဆိုတာ ဘာလဲ မျက်စိနာခြင်းကို ဆေးပညာ အရ ကွန်ဂျန်တီဗိုင်းတစ် Conjunctivitis လို့ခေါ်တယ် ။မျက်မြှေးရောင်ခြင်း ၊မျက်စိနာခြင်း လို့ အလွယ်ခေါ်နိုင်တယ် ။ မျက်ကြည်လွှာလို့ ခေါ်တဲ့ မျက်လုံး အပေါ်ယံမှ…
Read more