နှုတ်ခမ်းထက်မှာမကြာခဏပြန်ဖြစ်တတ်တဲ့ရေယုံ သန္တာရောင်နှုတ်ခမ်းပိုင်ရှင်လေးများရေယုံကြောင့်အလှပျက်ပြီးစိတ်ညစ်ကာမကြာခဏဆိုသလိုလာရောက်ပြသတိုင်ပင်တတ်ကြပါတယ်။ပထမဆုံးအကြိမ်နှုတ်ခမ်းရေယုံပေါက်သူတွေမှာစိုးရိမ်မှုသိပ်မတွေ့ရပေမဲ့၊မကြာခဏဆိုသလိုဖြစ်လိုက်ပျောက်လိုက်ခံစားနေရသူတွေမှာတော့စိုးရိမ်မှုအရိပ်အရောင်တွေကိုတွေ့ကြရပါတယ်။အလှပျက်လို့စိတ်ညစ်ရသလို၊မကြာခဏထွက်ထွက်လာလေတော့ပိုပြီးသောကပွေရပါတော့တယ်။ဒီလိုပဲအမြဲထွက်လိုက်ပျောက်လိုက်ဖြစ်နေတော့မှာလားဆိုတဲ့အတွေးနဲ့စိတ်မောကြပြန်ပါတယ်။နှုတ်ခမ်းအလှကိုဖျက်သလို၊လူတွေအမြင်မှာလည်းမတင့်တယ်တာကြောင့်နှုတ်ခမ်းမှာရေယုံပေါက်ချင်ကြပါဘူး။မကြာခဏထွက်ထွက်လာပြန်တော့လည်းစိတ်အနှောင့်အယှက်ဖြစ်ပြီးဘာကြောင့်များဒီလိုမကြာခဏရေယုံပေါက်နေရတာလဲဆိုတဲ့အတွေးလေးတွေလဲဝင်ရောက်လာတတ်ကြပါတယ်။ဒီတော့နှုတ်ခမ်းမှာပေါက်တတ်တဲ့၊မကြခဏဆိုသလိုပြန်ပြန်ပြီးထွက်လာတတ်တဲ့ရေယုံရဲ့အကြောင်းကိုအခုလိုမကြာခဏလာပြကြနေကြတော့ တစ်ခြားခံစားနေရသူများ အ တွက်ပါသိစေချင်တာကြောင့် စေတနာရှေ့ထားပြီးရေးသားလိုက်ရပါတယ်။ ရေယုံဘာကြောင့်ဖြစ် နှုတ်ခမ်းမှာရေယုံဘာကြောင့်ပေါက်ရတာလဲလို့မကြာခဏဆိုသလိုမေးမြန်းကြပါတယ်။ရေယုံဟာရေယုံဗိုင်းရပ်(စ်)ပိုးကြောင့်ပေါက်တာပါလို့ပြောရင်နောက်ပြောင်နေတယ်လို့များထင်ကြမလား။ ရေယုံဖြစ်စေတဲ့ ဗိုင်းရပ်(စ်)ကို ရေယုံဗိုင်းရပ်(စ်)လို့ မြန်မာလိုအမည်ပေးထားလေတော့ဒီလိုပဲဖြေရတော့မှာပါ။ အင်္ဂလိပ်လို ဆိုရင်တော့ ဆေးပညာဝေါဟာရနာမည်ရှိပါတယ်။ Herpes Simplex Virus (HSV) ဗိုင်းရပ်(စ်)ပိုးလို့ခေါ်ပါ တယ်။ သူ့ကြောင့်…