Can covid infect again
1 Mins read
ကိုရိုနာ နှစ်ခါပြန်ဖြစ်နိုင်လား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေပြန်ကောင်းသွားတဲ့အခါ ထပ်မဖြစ်ကြတော့ဘူးလား ကာကွယ်ဆေးထိုးပြီးရင် ရောထပ်မဖြစ်တော့ဘူးလားဆိုတဲ့မေးခွန်းတွေကို လူအများစုမေးလေ့ရှိကြပါတယ် ဒါဟာလည်းမေးသင့်ပါတယ် ဒါပေမယ့် ကုသဆေးမတွေ့မချင်း ဘာကိုမှအာမခံလို့မရဘူးလို့ပဲဖြေချင်ပါတယ်။ကာကွယ်ဆေးတွေကိုနိုင်ငံတွေကအမျိုးမျိုးစမ်းသပ်နေတာ ထုတ်လုပ်ဖြန့်ဖြူးနေတာတွေရှိနေပေမယ့်လည်း အဲ့ဒီလိုထုတ်လုပ်ဖြန့်ဖြူးနေတဲ့အချိန်မှာပဲ ရောဂါပိုးအသွင်ပြောင်းပြီးပုံစံသစ်တစ်မျိုးနဲ့ ထပ်မံကူးစက်ပြန်ပါတယ်။ရောဂါပျောက်ကင်းလို့ဆေးရုံကဆင်းသွားသူတွေမှာလည်းထပ်ဖြစ်လို့ဆေးရုံပြန်တက်ရတဲ့ သတင်းတွေကိုဖတ်နေရပါတယ်။ ပိုးကူးစက်ခံခဲ့ရသူတွေအနေနဲ့ကူးစက်ပြီးရင် ကာကွယ်ဆေးထိုုးဖို့မလိုလောက်ဘူးလို့ယူဆသူတွေလည်းရှိပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပြီးသူတွေမှာ antibodyထွက်နေတဲ့ ၆လအတွင်း…