အတွင်းတိမ်စွဲခြင်း
အတွင်းတိမ်ဆိုတာလည်း ရေတိမ်လိုပဲ အဖြစ်များတဲ့မျက်စိဝေဒနာတစ်မျိုးဖြစ်ပါတယ်။ မျက်စိတစ်ဖက်တည်း မှာဖြစ်တတ်သလို နှစ်ဖက်စလုံးမှာလည်းဖြစ်နိုင်ပါတယ်။ ရေတိမ်စွဲသလိုပဲမကုပဲထားရင်၊တိမ်စွဲနေမှန်းမသိပဲနေတာကြာလာရင် အမြင်အာရုံဆုံးရှုံးနိုင်တာကြောင့် သတိထားသင့်ပါတယ်။ အတွင်းတိမ်စွဲတာဟာ အမြင်အာရုံဆုံးရံှူးတဲ့အကြောင်းရင်းတွေရဲ့ ထက်ဝက်နီးပါးရှိပြီး အမြင်အာရုံချို့ယွင်းမှုရဲ့ 1/3လောက်ရှိနေပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ တော့ အမြင်ဝါးတာ၊ မှုန်တာ၊ အစက်အပြောက်တွေမြင်တာ၊ ညဘက်မှာအမြင်အာရုံပိုပြီးချို့ယွင်းတာတွေဖြစ်နိုင်ပါတယ်။ တိမ်စွဲနေတဲ့မျက်လုံးဟာ အပြင်ပန်းကြည့်ရင်လည်း သာမန်မျက်လုံးတွေလိုမဟုတ်ပဲ မှိုင်းပြီးမြူခိုးတိမ်ခိုးတွေဝေနေသလိုမြင်နိုင်ပါတယ်။
တိမ်စွဲစေတဲ့အကြောင်းရင်းတွေကတော အသက်ကြီးလာတာကအဖြစ်အများဆုံးဖြစ်ပါတယ်။ အသက်ကြီးလေ ခန္ဓာကိုယ်ကယိုယွင်းလာလေဖြစ်တာကြောင့် မျက်စိကမှန်ဘီလူးဟာလည်း သန့်ရှင်းမနေတော့ပဲမှုန်လာပါတယ်။ နေရောင်ခြည်ထိတာများရင်လည်တိမ်စွဲနိုင်သလို ထိခိုက်မိရင်လည်းတိမ်စွဲနိုင်ပါတယ်။ မျိုးရိုးထဲမှာတိမ်စွဲတဲ့သူတွေများပြားတာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ steroidလိုဆေးတွေကြာကြာမှီဝဲနေရတာတွေကလည်း တိမ်စွဲစေနိုင်ပါတယ်။ အခြားဇီဝကမ္မဖြစ်စဉ်တွေ ယို ယွင်းစေနိုင်တဲ့ရောဂါတွေ၊ down syndromeလို မျိုးဗီဇဆိုင်ရာရောဂါတွေ၊ မွေးရာပါဂျိုက်သိုးရောဂါ စတာတွေမှာလည်းဖြစ်နိုင်ပါတယ်။
ကုသနည်းကတော့ခွဲစိတ်ပြီး တိမ်တွေကိုဖယ်ထုတ်တာဖြစ်ပါတယ်။ ခွဲစိတ်ပြီးရင်တော့ အမြင်အာရုံကပိုမိုကောင်းမွန်ပြီး ကြည်လင်ပြတ်သားလာနိုင်ပါတယ်။ အောင်မြင်တဲ့ရာခိုင်နှုန်းလည်းများတာကြောင့် ထိရောက်တဲ့ကုသနည်းဖြစ်ပါတယ်။
ပိုပြီးထိရောက်တဲ့နည်းလမ်းကတော့ လုံးဝမဖြစ်အောင်ကာကွယ်တာပဲဖြစ်ပါတယ်။ နေရောင်ထဲသွားလာရင် UVရောြင်ခည်ကာကွယ်နိုင်တဲ့ နေကာမျက်မှန်တပ်တာ၊ ဆေးလိပ်ရှောင်ကြဉ်တာ၊ vitamin A, C, E တု့ိကိုလုံလောက်အောင်စားသုံးတာ၊ တိမ်စွဲစေတဲ့ဆေးတွေကို သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်သလောက်သာသောက်သုံးတာတွေနဲ့ ကြိုတင်ပြီးကာကွယ်နိုင်ပ်တယ်။
မျက်စိဟာ လူတစ်ဦးရဲ့ဘဝမှာ အရမ်းအရေးပါတာမို့လို့ တတ်နိုင်သမျှကောင်းမွန်အောင် ထိန်းသိမ်းသင့်ပါတယ်။ မလွှဲသာမရှောင်သာအခြေအနေကြာင့် ဝေဒနာခံစားရပြီဆိုရင်လည်း အမြန်ဆုံးပျောက်ကင်းအောင်ကုသပြီး အမြင်အာရုံချို့ယွင်းတာကို ကာကွယ်ကြရပါမယ်။
Dr. ZZ
အတြင္းတိမ္စြဲျခင္း
အတြင္းတိမ္ဆိုတာလည္း ေရတိမ္လိုပဲ အျဖစ္မ်ားတဲ့မ်က္စိေဝဒနာတစ္မ်ဳိးျဖစ္ပါတယ္။ မ်က္စိတစ္ဖက္တည္း မွာျဖစ္တတ္သလို ႏွစ္ဖက္စလံုးမွာလည္းျဖစ္ႏိုင္ပါတယ္။ ေရတိမ္စြဲသလိုပဲမကုပဲထားရင္၊တိမ္စြဲေနမွန္းမသိပဲေနတာၾကာလာရင္ အျမင္အာ႐ံုဆံုး႐ံႈးႏိုင္တာေၾကာင့္ သတိထားသင့္ပါတယ္။ အတြင္းတိမ္စြဲတာဟာ အျမင္အာ႐ံုဆံုး႐ံႉးတဲ့အေၾကာင္းရင္းေတြရဲ႕ ထက္ဝက္နီးပါးရိွျပီး အျမင္အာ႐ံုခ်ဳိ႕ယြင္းမႈရဲ႕ 1/3ေလာက္ရိွေနပါတယ္။
ေရာဂါလကၡဏာေတြအေနနဲ့ ေတာ့ အျမင္ဝါးတာ၊ မႈန္တာ၊ အစက္အေျပာက္ေတြျမင္တာ၊ ညဘက္မွာအျမင္အာ႐ံုပိုၿပီးခ်ဳိ႕ယြင္းတာေတြျဖစ္ႏိုင္ပါတယ္။ တိမ္စြဲေနတဲ့မ်က္လုံးဟာ အျပင္ပန္းၾကည့္ရင္လည္း သာမန္မ်က္လံုးေတြလိုမဟုတ္ပဲ မိႈင္းၿပီးျမဴခိုးတိမ္ခိုးေတြေဝေနသလိုျမင္ႏိုင္ပါတယ္။
တိမ္စြဲေစတဲ့အေၾကာင္းရင္းေတြကေတာ အသက္ႀကီးလာတာကအျဖစ္အမ်ားဆံုးျဖစ္ပါတယ္။ အသက္ႀကီးေလ ခႏၶာကုိယ္ကယိုယြင္းလာေလျဖစ္တာေၾကာင့္ မ်က္စိကမွန္ဘီလူးဟာလည္း သန္႔ရွင္းမေနေတာ့ပဲမႈန္လာပါတယ္။ ေနေရာင္ျခည္ထိတာမ်ားရင္လည္တိ္မ္စြဲႏိုင္သလို ထိခိုက္မိရင္လည္းတိမ္စြဲႏိုင္ပါတယ္။ မ်ဳိး႐ိုးထဲမွာတိမ္စြဲတဲ့သူေတြမ်ားျပားတာ၊ အရက္ေသာက္တာ၊ ေဆးလိပ္ေသာက္တာ၊ steroidလိုေဆးေတြၾကာၾကာမီွဝဲေနရတာေတြကလည္း တိမ္စြဲေစႏိုင္ပါတယ္။ အျခားဇီဝကမၼျဖစ္စဥ္ေတြ ယို ယြင္းေစႏိုင္တဲ့ေရာဂါေတြ၊ down syndromeလို မ်ဳိးဗီဇဆိုင္ရာေရာဂါေတြ၊ ေမြးရာပါဂ်ဳိက္သိုးေရာဂါ စတာေတြမွာလည္းျဖစ္ႏိုင္ပါတယ္။
ကုသနည္းကေတာ့ခြဲစိတ္ၿပီး တိမ္ေတြကိုဖယ္ထုတ္တာျဖစ္ပါတယ္။ ခြဲစိတ္ၿပီးရင္ေတာ့ အျမင္အာ႐ံုကပိုမိုေကာင္းမြန္ၿပီး ၾကည္လင္ျပတ္သားလာႏိုင္ပါတယ္။ ေအာင္ျမင္တဲ့ရာခိုင္ႏႈန္းလည္းမ်ားတာေၾကာင့္ ထိေရာက္တဲ့ကုသနည္းျဖစ္ပါတယ္။
ပိုၿပီးထိေရာက္တဲ႕နည္းလမ္းကေတာ့ လံုးဝမျဖစ္ေအာင္ကာကြယ္တာပဲျဖစ္ပါတယ္။ ေနေရာင္ထဲသြားလာရင္ UVေရာငျ္ခည္ကာကြယ္ႏိုင္တဲ့ ေနကာမ်က္မွန္တပ္တာ၊ ေဆးလိပ္ေရွာင္ၾကဥ္တာ၊ vitamin A, C, E တု႔ိကိုလံုေလာက္ေအာင္စားသံုးတာ၊ တိမ္စြဲေစတဲ့ေဆးေတြကို သက္ဆိုင္ရာဆရာဝန္နဲ႔တိုင္ပင္ၿပီး လိုအပ္သေလာက္သာေသာက္သံုးတာေတြနဲ႔ ႀကိဳတင္ၿပီးကာကြယ္ႏိုင္ပ္တယ္။
မ်က္စိဟာ လူတစ္ဦးရဲ႕ဘဝမွာ အရမ္းအေရးပါတာမို႔လို႔ တတ္ႏုိင္သမွ်ေကာင္းမြန္ေအာင္ ထိန္းသိမ္းသင့္ပါတယ္။ မလႊဲသာမေရွာင္သာအေျခအေနၾကာင့္ ေဝဒနာခံစားရၿပီဆိုရင္လည္း အျမန္ဆံုးေပ်ာက္ကင္းေအာင္ကုသၿပီး အျမင္အာ႐ံုခ်ဳိ႕ယြင္းတာကို ကာကြယ္ၾကရပါမယ္။
Dr. ZZ