ကာတာပလက်စီ အပိုင်း (၂)
“ကာတာပလက်စီ (Cataplexy) ဆိုတာ ခန္ဓာကိုယ်ကြွက်သားတွေဟာ ရုတ်တရက် အလုပ်မလုပ်နိုင်တော့ဘဲ ပျော့သွားတဲ့အတွက် လူတစ်ကိုယ်လုံးဟန်ချက်မထိန်းနိုင်တော့ဘဲ လဲကျသွားတဲ့ရောဂါတစ်မျိုးပါ ကိုထွန်းနိုင်။”ဆရာဝန်လေးက ထွန်းနိုင်ကို ဆက်ရှင်းပြသည်။
” လူအများစုမှာတော့ ကာတာပလက်စီဟာ နာကိုလက်ပစီ (Narcolepsy)လို့ခေါ်တဲ့ အကောင်းအတိုင်းကနေ ရုတ်ချည်း အိပ်ငိုက်ကျသွားတဲ့ရောဂါနဲ့တွဲတတ်တယ်။ ကိုထွန်းနိုင်ဟာ အခု Narcolepsy နဲ့ Cataplexy တွဲလျက်ရှိနေတဲ့ လူတစ်ယောက်ပေါ့။ ဒါပေနယ့် အစ်ကိုကံကောင်းပါတယ်။ ရောဂါရှင်အများစုက တစ်နှစ်တစ်နှစ်ကို ခဏခဏလဲကျတတ်ကြတယ်။ အစ်ကိုကအကြာကြီးနေမှ တစ်ခါလောက်ဖြစ်တာဆိုတော့ သက်သာတယ်ပြောရမှာပေါ့။”
“ဒီကာတာပလက်စီရောဂါက ဘာကြောင့်ဖြစ်တာလဲဆရာ”
“လူအများစုမှာတော့ ဖြစ်ရတဲ့အကြောင်းရင်းခံ သေသေချာချာရှာမရကြဘူးအစ်ကို။ တစ်ကိုယ်လုံး စုံနေအောင်စစ်ဆေးတာတောင် ပြစ်ချက်ရှာမတွေ့ဘူး။ အစ်ကို့လိုမျိုးပေါ့။ အဲ တချို့ကြတော့ ခေါင်းကိုထိခိုက်မိတာ၊ ဦးနှောက်သားရောင်တာ၊ ရှားပါးရောဂါတွေဖြစ်တဲ့ Multiple Sclerosis၊ Paraneoplastic syndromeဆိုတဲ့ရောဂါတွေကြောင့် ကာတာပလက်စီဖြစ်ကြတယ် ကိုထွန်းနိုင်။ အဓိက,ကတော့ ဦးနှောက်ရဲ့အာရုံကြောဆက်သွယ်မှုတွေ ထိခိုက်ပြီး ကာတာပလက်စီ အတက်ခ်(Cataplexy Attack)ရကြတယ်။”
“ဆရာ ဒါဆိုကျွန်တော် ကုလို့ရောပျောက်ပါ့မလားခင်ဗျာ”
“ကာတာပလက်စီကို လုံးဝပျောက်သွားအောင် ကုနိုင်ဖို့ အာမ,မခံနိုင်ဘူးဗျ။ အခုအစ်ကိုကို ဘန်ကောက်ကနေသောက်ဆေးတွေပေးထားတယ်။ ဒီဆေးတွေကရောဂါရဲ့ attackနောက်တစ်ကြိမ်မဖြစ်အောင်လကာကွယ်ပေးတယ်ဆိုပေမယ့် လုံးဝထပ်မဖြစ်ဘူးလို့တော့ အာမ,မခံနိုင်ဘူးဗျ။”
“အရေူကြီးတဲ့အချက်ကတော့ စိတ်ဖိစီးမှု,(Stress)ဖြစ်နိုင်တဲ့အခြေအနေကို တတ်နိုင်သမျှရှောင်ဖို့နဲ့ ကိုယ်ခန္ဓာနွမ်းတဲ့အထိ ပင်ပန်းအောင်မနေဖို့၊ ဖျားနာတဲ့အခါဂရုစိုက်ဖို့ အရေးကြီးတယ်ကိုထွန်းနိုင်။ အစ်ကိုသိတဲ့အတိုင်း ဒီရောဂါက Stressများရင် ဖြစ်လာနိုင်ခြေပိုများတယ်ဆိုတာ ဘဝတစ်လျှောက်ကြုံပြီးပြီပဲ။ အဲဒီတော့ ဆေးနဲ့ကူရင်း လူလည်းကျန်းမာအောင်နေပေါ့ဗျာ။ ကိုထွန်းနိုင်က တခြားရောဂါသည်တွေလောက်မဆိုးတဲ့သူပဲ။ ထပ်ပြီးဖြစ်လာနိုင်ခြေနည်းမှာပါ။”
“ဟုတ်ကဲ့ဆရာ၊ ကျွန်တော်လည်းမိသားစုမျက်နှာထောက်ပြီး ဆင်ဆင်ခြင်ခြင်နေပါ့မယ်။ ရှင်းပြပေးတာလည်းကျေးဇူးပါဆရာ။”
……. …….. …….. ………. ……..
ကိုထွန်းနိုင် နိုးလာသည်။ မိမိအိပ်ယာပေါ်တွင်နိုးလာခြင်းဖြစ်သည်။ ညက အလုပ်ပင်ပန်းသဖြင့် အိပ်ရေးမပျက်ရအောင် စောစောအိပ်ယာဝင်ခဲ့၍ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းနိုးလာသည်။ သူမျက်နှာသစ် မနက်စာစားပြီးလျှင် ဆေးသောက်ကာ အလုပ်ခွင်သို့ပြန်သွားမည်။ သူကျန်းမာအောင် ကြိုးစားနေနေပြီ။ ကာတာပလက်စီကြောင့် လဲကျမှုမျိုး ထပ်မဖြစ်အောင်ကြိုးစားမည်။ သို့သော်ဘယ်အချိန်တွင် လဲကျအိပ်ပျော်ဦးမည်လဲ မပြောတတ်သေး။
အကယ်၍လူတစ်ယောက်ကို ရုပ်သေးရုပ်တစ်ရုပ်နဲ့ တင်စားကြည့်မယ်ဆိုရင် ဦးနှောက်အာရုံကြောစနစ်သည် ရုပ်သေးရုပ်ကြိုး၏ ပဲ့ကိုင်ရှင်ပေါ့။ ဘယ်အချိန်မှာများ ပဲ့ကိုင်ရှင်က ညောင်းညာလို့ဆိုပြီး က,ကြိုးတွေကို ခဏလွှတ်ချလိုက်ဦးလေမလဲ။ အဲဒီအချိန်ကျရင်လဲ ထွန်းနိုင် အရင်လိုပဲ ခဏလဲကျကာ အိပ်ပျော်ရဦးမည်ပေါ့…။
ပြီး….
မေတ္တာဖြင့်
စိုင်းမြတ်သူ
ကာတာပလက္စီ အပိုင္း (၂)
“ကာတာပလက္စီ (Cataplexy) ဆိုတာ ခႏၶာကိုယ္ႂကြက္သားေတြဟာ ႐ုတ္တရက္ အလုပ္မလုပ္ႏိုင္ေတာ့ဘဲ ေပ်ာ့သြားတဲ့အတြက္ လူတစ္ကိုယ္လံုးဟန္ခ်က္မထိန္းႏိုင္ေတာ့ဘဲ လဲက်သြားတဲ့ေရာဂါတစ္မ်ိဳးပါ ကုိထြန္းႏိုင္။”ဆရာဝန္ေလးက ထြန္းႏိုင္ကို ဆက္႐ွင္းျပသည္။
” လူအမ်ားစုမွာေတာ့ ကာတာပလက္စီဟာ နာကိုလက္ပစီ (Narcolepsy)လို႔ေခၚတဲ့ အေကာင္းအတိုင္းကေန ႐ုတ္ခ်ည္း အိပ္ငိုက္က်သြားတဲ့ေရာဂါနဲ႔တြဲတတ္တယ္။ ကိုထြန္းႏိုင္ဟာ အခု Narcolepsy နဲ႔ Cataplexy တြဲလ်က္႐ွိေနတဲ့ လူတစ္ေယာက္ေပါ့။ ဒါေပနယ့္ အစ္ကိုကံေကာင္းပါတယ္။ ေရာဂါ႐ွင္အမ်ားစုက တစ္ႏွစ္တစ္ႏွစ္ကို ခဏခဏလဲက်တတ္ၾကတယ္။ အစ္ကိုကအၾကာႀကီးေနမွ တစ္ခါေလာက္ျဖစ္တာဆိုေတာ့ သက္သာတယ္ေျပာရမွာေပါ့။”
“ဒီကာတာပလက္စီေရာဂါက ဘာေၾကာင့္ျဖစ္တာလဲဆရာ”
“လူအမ်ားစုမွာေတာ့ ျဖစ္ရတဲ့အေၾကာင္းရင္းခံ ေသေသခ်ာခ်ာ႐ွာမရၾကဘူးအစ္ကို။ တစ္ကိုယ္လံုး စံုေနေအာင္စစ္ေဆးတာေတာင္ ျပစ္ခ်က္႐ွာမေတြ႔ဘူး။ အစ္ကို႔လိုမ်ိဳးေပါ့။ အဲ တခ်ိဳ႕ၾကေတာ့ ေခါင္းကိုထိခိုက္မိတာ၊ ဦးေႏွာက္သားေရာင္တာ၊ ႐ွားပါးေရာဂါေတြျဖစ္တဲ့ Multiple Sclerosis၊ Paraneoplastic syndromeဆိုတဲ့ေရာဂါေတြေၾကာင့္ ကာတာပလက္စီျဖစ္ၾကတယ္ ကိုထြန္းႏိုင္။ အဓိက,ကေတာ့ ဦးေႏွာက္ရဲ႕အာရံုေၾကာဆက္သြယ္မႈေတြ ထိခိုက္ၿပီး ကာတာပလက္စီ အတက္ခ္(Cataplexy Attack)ရၾကတယ္။”
“ဆရာ ဒါဆိုကြၽန္ေတာ္ ကုလို႔ေရာေပ်ာက္ပါ့မလားခင္ဗ်ာ”
“ကာတာပလက္စီကို လံုးဝေပ်ာက္သြားေအာင္ ကုႏိုင္ဖို႔ အာမ,မခံႏိုင္ဘူးဗ်။ အခုအစ္ကို္ကို ဘန္ေကာက္ကေနေသာက္ေဆးေတြေပးထားတယ္။ ဒီေဆးေတြကေရာဂါရဲ႕ attackေနာက္တစ္ႀကိမ္မျဖစ္ေအာင္လကာကြယ္ေပးတယ္ဆိုေပမယ့္ လံုးဝထပ္မျဖစ္ဘူးလို႔ေတာ့ အာမ,မခံႏိုင္ဘူးဗ်။”
“အေ႐ူႀကီးတဲ့အခ်က္ကေတာ့ စိတ္ဖိစီးမႈ,(Stress)ျဖစ္ႏိုင္တဲ့အေျခအေနကို တတ္ႏိုင္သမ်ွေ႐ွာင္ဖို႔နဲ႔ ကိုယ္ခႏၶာႏြမ္းတဲ့အထိ ပင္ပန္းေအာင္မေနဖို႔၊ ဖ်ားနာတဲ့အခါဂ႐ုစိုက္ဖို႔ အေရးႀကီးတယ္ကိုထြန္းႏိုင္။ အစ္ကိုသိတဲ့အတိုင္း ဒီေရာဂါက Stressမ်ားရင္ ျဖစ္လာႏိုင္ေျခပိုမ်ားတယ္ဆိုတာ ဘဝတစ္ေလ်ွာက္ၾကံဳၿပီးၿပီပဲ။ အဲဒီေတာ့ ေဆးနဲ႔ကူရင္း လူလည္းက်န္းမာေအာင္ေနေပါ့ဗ်ာ။ ကိုထြန္းႏိုင္က တျခားေရာဂါသည္ေတြေလာက္မဆိုးတဲ့သူပဲ။ ထပ္ၿပီးျဖစ္လာႏိုင္ေျခနည္းမွာပါ။”
“ဟုတ္ကဲ့ဆရာ၊ ကြၽန္ေတာ္လည္းမိသားစုမ်က္ႏွာေထာက္ၿပီး ဆင္ဆင္ျခင္ျခင္ေနပါ့မယ္။ ႐ွင္းျပေပးတာလည္းေက်းဇူးပါဆရာ။”
……. …….. …….. ………. ……..
ကိုထြန္းႏိုင္ ႏိုးလာသည္။ မိမိအိပ္ယာေပၚတြင္ႏိုးလာျခင္းျဖစ္သည္။ ညက အလုပ္ပင္ပန္းသျဖင့္ အိပ္ေရးမပ်က္ရေအာင္ ေစာေစာအိပ္ယာဝင္ခဲ့၍ ၾကည္ၾကည္လင္လင္ လန္းလန္းဆန္းဆန္းႏိုးလာသည္။ သူမ်က္ႏွာသစ္ မနက္စာစားၿပီးလ်ွင္ ေဆးေသာက္ကာ အလုပ္ခြင္သို႔ျပန္သြားမည္။ သူက်န္းမာေအာင္ ႀကိဳးစားေနေနၿပီ။ ကာတာပလက္စီေၾကာင့္ လဲက်မႈမ်ိဳး ထပ္မျဖစ္ေအာင္ႀကိဳးစားမည္။ သို႔ေသာ္ဘယ္အခ်ိန္တြင္ လဲက်အိပ္ေပ်ာ္ဦးမည္လဲ မေျပာတတ္ေသး။
အကယ္၍လူတစ္ေယာက္ကို ႐ုပ္ေသး႐ုပ္တစ္႐ုပ္နဲ႔ တင္စားၾကည့္မယ္ဆိုရင္ ဦးေႏွာက္အာရံုေၾကာစနစ္သည္ ရုပ္ေသးရုပ္ၾကိဳး၏ ပဲ့ကိုင္႐ွင္ေပါ့။ ဘယ္အခ်ိန္မွာမ်ား ပဲ့ကိုင္႐ွင္က ေညာင္းညာလို႔ဆိုၿပီး က,ႀကိဳးေတြကို ခဏလႊတ္ခ်လိုက္ဦးေလမလဲ။ အဲဒီအခ်ိန္က်ရင္လဲ ထြန္းႏိုင္ အရင္လိုပဲ ခဏလဲက်ကာ အိပ္ေပ်ာ္ရဦးမည္ေပါ့…။
ၿပီး….
ေမတၱာျဖင့္
စိုင္းျမတ္သူ