ကာတာပလက်စီ (အပိုင်း တစ်)

သူနိုးလာသည်။ သို့သော် အိပ်မည်ဟုတွေးပြီး အိပ်ပျော်သွားခြင်းမဟုတ်ခဲ့။ သူ ကုတင်ပေါ်တွင်စောင်ပါးလေးခြုံလျက်သားနိုးလာခြင်းဖြစ်သည်။ သို့သော် အိပ်ပျော်သွားစဉ်က ကုတင်ပေါ်တွင်မဟုတ်ခဲ့။ သူ့နံဘေးတွင်တော့ ဆရာဝန်တစ်ဦးနှင့် အမျိုးအဆွေများက ဝိုင်းလျက်။ အမျိုးသမီးနှင့်သမီးငယ်က စိတ်ပူဟန်ဖြင့် ရပ်ကြည့်နေလျက်။ ဒါပေမယ့် အခုတော့သူသည် အိပ်ယာမှ လန်းလန်းဆန်းဆန်းနိုးလာသည်သာ..။

သူနိုးလာပြီးနောက် မိသားစုဆရာဝန်နှင့် စကားစ၍ပြောဖြစ်သည်။ ဆရာက အခုအချိန်ဟာ နေ့ဘက်လားညဘက်လား၊ အခုဘယ်နေရာကိုရောက်နေလဲသိသလား စသည်ဖြင့် မိမိ၏အသိ ပုံမှန်ဟုတ်မဟုတ် စစ်ဆေးသောမေးခွန်းများကိုမေးသည်။ ထို့နောက်ခန္ဓာကိုယ်လှုပ်ရှားမှု ပုံမှန်ဟုတ်မဟုတ် ဆက်လက်စစ်ဆေးသည်။ အားလုံးစစ်ဆေးပြီးနောက် ထိခိုက်မှုမရှိကြောင်း၊ စိတ်မပူရတော့ကြောင်း အိမ်သားများကိုလှည့်၍ပြောပြသည်။ ထိုအခါမှအားလုံးသက်ပြင်းချနိုင်ကြတော့သည်။ သို့သော် စိတ်ပူပန်ခြင်းကတော့ ကျန်နေသေးသည်။ ဘုရားရှိခိုးနေရာမှ ဘာအကြောင်းမှမရှိဘဲ ရုတ်တရက်ပစ်လဲကျသွားသော၊ ဘဝသက်တမ်းတစ်လျှောက်တွင် ခုနစ်ကြိမ်မြောက် ကောက်ကာငင်ကာလဲကျသွားခြင်းဖြစ်သော၊ နောင် ဘယ်အချိန်၊ ဘယ်နေရာတွင် ဒါမျိုးထပ်ဖြစ်မည်ကို မသိနိုင်သော မစ္စတာ ကာတာပလက်စီကို သူ၏ဇနီး၊ သမီးနှင့် မိဘများက စိတ်မပူဘဲ ဘယ်နေနိုင်ပါလိမ့်မလဲ။

ဒီတစ်ခေါက်တော့ သူကိုယ်တိုင်လဲအတော်လန့်နေသည်။ အရင်ကဆို ဒီလိုလဲကျသွားပြီး သတိပြန်ရတဲ့အထိ သုံးလေးမိနစ်သာကြာသည်။ ဒီတစ်ခါတော့ ဆယ်မိနစ်ကျော်ကျော်တောင်ကြာသတဲ့။ သတိမေ့နေသော သူကိုယ်တိုင်တောင် ပြန်သိရတဲ့အချိန်မှာ ဒီလောက်ကြောက်လန့်နေရင် တစ်ချိန်လုံးနံဘေးမှာရှိနေသော ဇနီးနှင့်သမီးဆိုလျှင် ဆိုဖွယ်ရာမရှိတော့။ သူပြန်မနိုးမချင်း စိတ်ပူနေကြသည်ကို မျက်နှာညိုးညိုးလေးများက သက်သေခံနေသည်။ ကိုယ့်ကြောင့် ကိုယ့်မိသားစုကို ပင်ပန်းစေပြီ။ လူနာနှင့် လူနာရှင်များကို ကိုယ့်ဆွေကိုယ့်မျိုးလို နှစ်သိမ့်ဆွေးနွေးပေးနိုင်သော ဆရာဝန်လေးရှိနေ၍သာတော်တော့သည်။ ဖြစ်နိုင်လျှင် ဒီအဖြစ်အပျက်တွေကို အိပ်မက်ဆိုးတစ်ခုလို အိပ်ယာမှနိုးတာနဲ့မေ့ပစ်လိုက်နိုင်ရင်လဲအကောင်းသား။ ဒါပေမယ့် ဒါက ဘဝ။ သူလက်တွေ့ကြုံနေရတဲ့ လက်တွေ့ဘဝ။

သူ့နာမည်က ထွန်းနိုင်ဖြစ်သည်။ နယ်မြို့လေးတစ်မြို့တွင်မွေးဖွားပြီး အသက်နှစ်ဆယ်ကျော်မှာမှ မိသားစုလိုက် ရန်ကုန်မှာလာရောက် အခြေချခြင်းဖြစ်သည်။ သူအသက် ၁၃နှစ်တွင် ပထမဦးဆုံးအကြိမ် ဒီလိုအဖြစ်အပျက်ကို စတင်ကြုံတွေ့ခဲ့ရသည်။ အဲဒီနေ့က နယ်ကျောင်းလေးကနေ မိမိအိမ်ကိုအပြန် မိုးကဖွဲဖွဲရွာနေသည်။ ထွန်းနိုင်နေမကောင်းသော်လည်း မိုးရွာထဲစက်ဘီးနင်းကာ ကျောင်းမှပြန်လာခဲ့သည်။ အဖျားငွေ့ငွေ့ရှိသော ခန္ဓာကို မိုးစက်များရိုက်ခတ်နေခြင်းကိုက သူ့အတွက် ပျော်ရွှင်စရာလိုလို။ အိမ်ကိုရောက်တော့ လုပ်ချင်တာလုပ်လိုက်ရပြီးကျေနပ်သွားကာ ဧည့်ခန်းထဲသို့ပြေးဝင်လိုက်သည့်အခါ ပြေးလျက်ပင်လဲကျကာ လောကကြီးနှင့်ခဏ ကင်းကွာသွားသည်။ ခဏဆိုမှဘုရားစူး သုံးမိနစ်ထဲရယ်ပါ။ ပြီးနောက် သူသတိပြန်ရလာသည်။ လန်းလန်းဆန်းဆန်းပင်နိုးလာခြင်းဖြစ်သည်။ နယ်မြို့လေးက ဆရာဝန်ဆီကိုသွားပြတော့ ဘာရောဂါမှသေချာရှာမတွေ့။ သည်လိုနှင့်ပင် ထွန်းနိုင်တစ်ယောက်အီလည်လည်နှင့် အိမ်ပြန်လာခဲ့ရသည်။ သည့်နောက်တွင်လည်း လှုပ်ရှားသွားလာရတာ အကောင်းအတိုင်း။ နောက်ထပ် ခုနစ်နှစ်တိတိ ယခုအဖြစ်အပျက်ကိုခမေ့မေ့လျော့လျော့ရှိခဲ့သည်သာ။

သူအသက်နှစ်ဆယ်အရွယ်တွင် ရန်ကုန်ကို မိသားစုလိုက်ပြောင်းရွှေ့ခဲ့သည်။ အိမ်ထောင်စုကြီးတစ်ခု နယ်မှရန်ကုန်သို့ပြောင်းရသည်မှာမလွယ်။ အင်မတန်ပင်ပန်းပြီး အင်မတန် အလုပ်ရှုပ်၊ခေါင်းရှုပ်ခံရသည်။ နေရာသစ်ကိုရောက်တော့ အစပိုင်းရက်များတွင် အိပ်ယာအပြောင်းအလဲကြောင့်ထွန်းနိုင်မအိပ်တတ်။ အအိပ်ပျက် အစားပျက်နှင့်ပင် အိမ်တစ်လုံးကိုနေရာချရင်း တတိယမြောက်နေ့မှာ ထွန်းနိုင် အဝတ်လျှော်နေရင်းပုံရက်သားလဲကျသွားသည်။ ဒါသည်လဲ လေးမိနစ်လောက်နေတော့ ပြန်သတိရလာသည်သာ။ ပြီးနောက်တွင်လည်း အိပ်မြဲ၊ စားမြဲ၊ ကျန်းမာမြဲ အကောင်းအတိုင်း။

အသက်သုံးဆယ်အရွယ်တွင် ထွန်းနိုင်တစ်ယောက် စီးပွားကံဇာတာ စတင်တက်ခဲ့သည်။ ကိုယ်ပိုင်အရောင်းအဝယ် စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရာမှ အောင်မြင်လာကာ လုပ်ငန်းများထပ်မံတိုးချဲ့ရသည်။ နိုင်ငံခြားအဆက်အသွယ်များလည်းရပြီး တစ်ရှိန်ထိုးအောင်မြင်လာသည်။ လုပ်ငန်းအောင်မြင်လာလေလေ၊ ပင်ပန်းမှုများလာလေလေ သူ၏ ရုတ်တရက်လဲကျသွားသောရောဂါဖြစ်မှုက ပိုမိုစိတ်လာလေလေဖြစ်သည်။ ကားမောင်းနေစဉ်၊ လှေကားတက်နေစဉ်တွင်မဖြစ်၍သာတော်တော့သည်။ခဖြစ်တိုင်လဲ သုံးလေးမိနစ်ခန့်သာ။

ငါးနှစ်အတွင်းနောက်ထပ် လေးခါလဲကျပြီးနောက် ထွန်းနိုင်မနေနိုင်တော့။ ဘန်ကောက်နှင့် စင်ကာပူမှာ ဦးနှောက်၊ နှလုံးမှစ၍ ကျန်းမာရေးစစ်ဆေးမှုကို တစ်ကိုယ်လုံးအသေးစိတ်စစ်တော့သည်။ စစ်ဆေးပြီးနောက်အဖြေလွှာများတွင်လည်း ာဆိုဘာမှမတွေ့။ နှလုံးတယ်လီဗီးရှင်း၊ အီးစီဂျီများကလည်းပုံမှန်။ ဦးနှောက်စီတီဓာတ်မှန်တွင်လည်း ဘာမှမတွေ့။ သွေးအဖြေအားလုံးကလည်း ရှိသင့်သည့်အတိုင်းအတာအတွင်း။ အဆင့်မြင့်ကြွက်သားနှင့်အာရုံကြောစစ်ဆေးမှုအဖြေများကလည်း ထူးခြားချက်မရှိ။ အားလုံးပုံမှန်ဖြစ်နေတော့ ဆရာဝန်များကကောက်ချက်ချသည်။ စစ်ဆေးမှုအားလုံးကောင်းနေသောကြောင့် ထွန်းနိုင်၏ ကျန်းမာရေးပြဿနာသည် ကာတာပလက်စီ။ ထူးဆန်းလိုက်သည့်အသုံးအနှုန်း။ ဘာမှရှာမတွေ့တော့ ကာတာပလက်စီတဲ့လား။ ဒါဆို ဘာမှမတွေ့ရင် ကာတာပလက်စီခေါ်တာလား။ ဒီလိုတော့လည်းမဟုတ်သေး။ ကားမောင်းလျက်လဲကျသွားပါက အသက်အန္တရာယ်ပင်ရှိနိုင်သည့်အခြေအနေက ဘာမဟုတ်တဲ့ ပေါ့သေးသေးရောဂါမှမဟုတ်တာ။ ဒါဖြင့် ဒီ ကာတာပလက်စီဆိုတာက ဘယ်လိုပြဿနာကြီးလဲ။ ထွန်းနိုင်ဘာတွေဆက်ဖြစ်လာမှာလဲ..။

ဒုတိယပိုင်း.. မျှော်

စိုင်းမြတ်သူ

ကာတာပလက္စီ (အပိုင္း တစ္)

သူႏိုးလာသည္။ သို႔ေသာ္ အိပ္မည္ဟုေတြးၿပီး အိပ္ေပ်ာ္သြားျခင္းမဟုတ္ခဲ့။ သူ ကုတင္ေပၚတြင္ေစာင္ပါးေလးျခံဳလ်က္သားႏိုးလာျခင္းျဖစ္သည္။ သို႔ေသာ္ အိပ္ေပ်ာ္သြားစဥ္က ကုတင္ေပၚတြင္မဟုတ္ခဲ့။ သူ႔နံေဘးတြင္ေတာ့ ဆရာဝန္တစ္ဦးႏွင့္ အမ်ိဳးအေဆြမ်ားက ဝိုင္းလ်က္။ အမ်ိဳးသမီးႏွင့္သမီးငယ္က စိတ္ပူဟန္ျဖင့္ ရပ္ၾကည့္ေနလ်က္။ ဒါေပမယ့္ အခုေတာ့သူသည္ အိပ္ယာမွ လန္းလန္းဆန္းဆန္းႏိုးလာသည္သာ..။

သူႏိုးလာၿပီးေနာက္ မိသားစုဆရာဝန္ႏွင့္ စကားစ၍ေျပာျဖစ္သည္။ ဆရာက အခုအခ်ိန္ဟာ ေန႔ဘက္လားညဘက္လား၊ အခုဘယ္ေနရာကိုေရာက္ေနလဲသိသလား စသည္ျဖင့္ မိမိ၏အသိ ပံုမွန္ဟုတ္မဟုတ္ စစ္ေဆးေသာေမးခြန္းမ်ားကိုေမးသည္။ ထို႔ေနာက္ခႏၶာကိုယ္လႈပ္႐ွားမႈ ပံုမွန္ဟုတ္မဟုတ္ ဆက္လက္စစ္ေဆးသည္။ အားလံုးစစ္ေဆးၿပီးေနာက္ ထိခိုက္မႈမ႐ွိေၾကာင္း၊ စိတ္မပူရေတာ့ေၾကာင္း အိမ္သားမ်ားကိုလွည့္၍ေျပာျပသည္။ ထိုအခါမွအားလံုးသက္ျပင္းခ်ႏိုင္ၾကေတာ့သည္။ သို႔ေသာ္ စိတ္ပူပန္ျခင္းကေတာ့ က်န္ေနေသးသည္။ ဘုရား႐ွိခိုးေနရာမွ ဘာအေၾကာင္းမွမ႐ွိဘဲ ႐ုတ္တရက္ပစ္လဲက်သြားေသာ၊ ဘဝသက္တမ္းတစ္ေလ်ွာက္တြင္ ခုနစ္ႀကိမ္ေျမာက္ ေကာက္ကာငင္ကာလဲက်သြားျခင္းျဖစ္ေသာ၊ ေနာင္ ဘယ္အခ်ိန္၊ ဘယ္ေနရာတြင္ ဒါမ်ိဳးထပ္ျဖစ္မည္ကို မသိႏိုင္ေသာ မစၥတာ ကာတာပလက္စီကို သူ၏ဇနီး၊ သမီးႏွင့္ မိဘမ်ားက စိတ္မပူဘဲ ဘယ္ေနႏိုင္ပါလိမ့္မလဲ။

ဒီတစ္ေခါက္ေတာ့ သူကိုယ္တိုင္လဲအေတာ္လန္႔ေနသည္။ အရင္ကဆို ဒီလိုလဲက်သြားၿပီး သတိျပန္ရတဲ့အထိ သံုးေလးမိနစ္သာၾကာသည္။ ဒီတစ္ခါေတာ့ ဆယ္မိနစ္ေက်ာ္ေက်ာ္ေတာင္ၾကာသတဲ့။ သတိေမ့ေနေသာ သူကိုယ္တိုင္ေတာင္ ျပန္သိရတဲ့အခ်ိန္မွာ ဒီေလာက္ေၾကာက္လန္႔ေနရင္ တစ္ခ်ိန္လံုးနံေဘးမွာ႐ွိေနေသာ ဇနီးႏွင့္သမီးဆိုလ်ွင္ ဆိုဖြယ္ရာမ႐ွိေတာ့။ သူျပန္မႏိုးမခ်င္း စိတ္ပူေနၾကသည္ကို မ်က္ႏွာညိဳးညိဳးေလးမ်ားက သက္ေသခံေနသည္။ ကိုယ့္ေၾကာင့္ ကိုယ့္မိသားစုကို ပင္ပန္းေစၿပီ။ လူနာႏွင့္ လူနာ႐ွင္မ်ားကို ကိုယ့္ေဆြကိုယ့္မ်ိဳးလို ႏွစ္သိမ့္ေဆြးေႏြးေပးႏိုင္ေသာ ဆရာဝန္ေလး႐ွိေန၍သာေတာ္ေတာ့သည္။ ျဖစ္ႏိုင္လ်ွင္ ဒီအျဖစ္အပ်က္ေတြကို အိပ္မက္ဆိုးတစ္ခုလို အိပ္ယာမွႏိုးတာနဲ႔ေမ့ပစ္လိုက္ႏိုင္ရင္လဲအေကာင္းသား။ ဒါေပမယ့္ ဒါက ဘဝ။ သူလက္ေတြ႔ၾကံဳေနရတဲ့ လက္ေတြ႕ဘဝ။

သူ႔နာမည္က ထြန္းႏိုင္ျဖစ္သည္။ နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕တြင္ေမြးဖြားၿပီး အသက္ႏွစ္ဆယ္ေက်ာ္မွာမွ မိသားစုလိုက္ ရန္ကုန္မွာလာေရာက္ အေျခခ်ျခင္းျဖစ္သည္။ သူအသက္ ၁၃ႏွစ္တြင္ ပထမဦးဆံုးအႀကိမ္ ဒီလိုအျဖစ္အပ်က္ကို စတင္ၾကံဳေတြ႔ခဲ့ရသည္။ အဲဒီေန႔က နယ္ေက်ာင္းေလးကေန မိမိအိမ္ကိုအျပန္ မိုးကဖြဲဖြဲရြာေနသည္။ ထြန္းႏိုင္ေနမေကာင္းေသာ္လည္း မိုးရြာထဲစက္ဘီးနင္းကာ ေက်ာင္းမွျပန္လာခဲ့သည္။ အဖ်ားေငြ႔ေငြ႔႐ွိေသာ ခႏၶာကို မိုးစက္မ်ား႐ိုက္ခတ္ေနျခင္းကိုက သူ႔အတြက္ ေပ်ာ္ရႊင္စရာလိုလို။ အိမ္ကိုေရာက္ေတာ့ လုပ္ခ်င္တာလုပ္လိုက္ရၿပီးေက်နပ္သြားကာ ဧည့္ခန္းထဲသို႔ေျပးဝင္လိုက္သည့္အခါ ေျပးလ်က္ပင္လဲက်ကာ ေလာကႀကီးႏွင့္ခဏ ကင္းကြာသြားသည္။ ခဏဆိုမွဘုရားစူး သံုးမိနစ္ထဲရယ္ပါ။ ၿပီးေနာက္ သူသတိျပန္ရလာသည္။ လန္းလန္းဆန္းဆန္းပင္ႏိုးလာျခင္းျဖစ္သည္။ နယ္ၿမိဳ႕ေလးက ဆရာဝန္ဆီကိုသြားျပေတာ့ ဘာေရာဂါမွေသခ်ာ႐ွာမေတြ႔။ သည္လိုႏွင့္ပင္ ထြန္းႏိုင္တစ္ေယာက္အီလည္လည္ႏွင့္ အိမ္ျပန္လာခဲ့ရသည္။ သည့္ေနာက္တြင္လည္း လႈပ္႐ွားသြားလာရတာ အေကာင္းအတိုင္း။ ေနာက္ထပ္ ခုနစ္ႏွစ္တိတိ ယခုအျဖစ္အပ်က္ကိုခေမ့ေမ့ေလ်ာ့ေလ်ာ့႐ွိခဲ့သည္သာ။

သူအသက္ႏွစ္ဆယ္အရြယ္တြင္ ရန္ကုန္ကို မိသားစုလိုက္ေျပာင္းေရႊ႔ခဲ့သည္။ အိမ္ေထာင္စုႀကီးတစ္ခု နယ္မွရန္ကုန္သို႔ေျပာင္းရသည္မွာမလြယ္။ အင္မတန္ပင္ပန္းၿပီး အင္မတန္ အလုပ္႐ႈပ္၊ေခါင္း႐ႈပ္ခံရသည္။ ေနရာသစ္ကိုေရာက္ေတာ့ အစပိုင္းရက္မ်ားတြင္ အိပ္ယာအေျပာင္းအလဲေၾကာင့္ထြန္းႏိုင္မအိပ္တတ္။ အအိပ္ပ်က္ အစားပ်က္ႏွင့္ပင္ အိမ္တစ္လံုးကိုေနရာခ်ရင္း တတိယေျမာက္ေန႔မွာ ထြန္းႏိုင္ အဝတ္ေလ်ွာ္ေနရင္းပံုရက္သားလဲက်သြားသည္။ ဒါသည္လဲ ေလးမိနစ္ေလာက္ေနေတာ့ ျပန္သတိရလာသည္သာ။ ၿပီးေနာက္တြင္လည္း အိပ္ျမဲ၊ စားျမဲ၊ က်န္းမာျမဲ အေကာင္းအတိုင္း။

အသက္သံုးဆယ္အရြယ္တြင္ ထြန္းႏိုင္တစ္ေယာက္ စီးပြားကံဇာတာ စတင္တက္ခဲ့သည္။ ကိုယ္ပိုင္အေရာင္းအဝယ္ စီးပြားေရးလုပ္ငန္းတစ္ခု စတင္လုပ္ကိုင္ရာမွ ေအာင္ျမင္လာကာ လုပ္ငန္းမ်ားထပ္မံတိုးခ်ဲ့ရသည္။ ႏိုင္ငံျခားအဆက္အသြယ္မ်ားလည္းရၿပီး တစ္႐ွိန္ထိုးေအာင္ျမင္လာသည္။ လုပ္ငန္းေအာင္ျမင္လာေလေလ၊ ပင္ပန္းမႈမ်ားလာေလေလ သူ၏ ႐ုတ္တရက္လဲက်သြားေသာေရာဂါျဖစ္မႈက ပိုမိုစိတ္လာေလေလျဖစ္သည္။ ကားေမာင္းေနစဥ္၊ ေလွကားတက္ေနစဥ္တြင္မျဖစ္၍သာေတာ္ေတာ့သည္။ချဖစ္တိုင္လဲ သံုးေလးမိနစ္ခန္႔သာ။

ငါးႏွစ္အတြင္းေနာက္ထပ္ ေလးခါလဲက်ၿပီးေနာက္ ထြန္းႏိုင္မေနႏိုင္ေတာ့။ ဘန္ေကာက္ႏွင့္ စင္ကာပူမွာ ဦးေႏွာက္၊ ႏွလံုးမွစ၍ က်န္းမာေရးစစ္ေဆးမႈကို တစ္ကိုယ္လံုးအေသးစိတ္စစ္ေတာ့သည္။ စစ္ေဆးၿပီးေနာက္အေျဖလႊာမ်ားတြင္လည္း ာဆိုဘာမွမေတြ႔။ ႏွလံုးတယ္လီဗီး႐ွင္း၊ အီးစီဂ်ီမ်ားကလည္းပံုမွန္။ ဦးေႏွာက္စီတီဓာတ္မွန္တြင္လည္း ဘာမွမေတြ႔။ ေသြးအေျဖအားလံုးကလည္း ႐ွိသင့္သည့္အတိုင္းအတာအတြင္း။ အဆင့္ျမင့္ႂကြက္သားႏွင့္အာရံုေၾကာစစ္ေဆးမႈအေျဖမ်ားကလည္း ထူးျခားခ်က္မ႐ွိ။ အားလံုးပံုမွန္ျဖစ္ေနေတာ့ ဆရာဝန္မ်ားကေကာက္ခ်က္ခ်သည္။ စစ္ေဆးမႈအားလံုးေကာင္းေနေသာေၾကာင့္ ထြန္းႏိုင္၏ က်န္းမာေရးျပႆနာသည္ ကာတာပလက္စီ။ ထူးဆန္းလိုက္သည့္အသံုးအႏႈန္း။ ဘာမွ႐ွာမေတြ႔ေတာ့ ကာတာပလက္စီတဲ့လား။ ဒါဆို ဘာမွမေတြ႔ရင္ ကာတာပလက္စီေခၚတာလား။ ဒီလိုေတာ့လည္းမဟုတ္ေသး။ ကားေမာင္းလ်က္လဲက်သြားပါက အသက္အႏၲရာယ္ပင္႐ွိႏိုင္သည့္အေျခအေနက ဘာမဟုတ္တဲ့ ေပါ့ေသးေသးေရာဂါမွမဟုတ္တာ။ ဒါျဖင့္ ဒီ ကာတာပလက္စီဆိုတာက ဘယ္လိုျပႆနာႀကီးလဲ။ ထြန္းႏိုင္ဘာေတြဆက္ျဖစ္လာမွာလဲ..။

ဒုတိယပိုင္း.. ေမွ်ာ္

စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *