” မီးဖွားပြီး မိန်းမသားကို ကြင်နာပါ “
———————————————
“ယောကျာ်းဖောင်စီး မိန်းမမီးနေ” ဆိုတဲ့ ရှေးဆိုရိုးစကား ရှိသည့်အတိုင်း ကလေးမီးဖွားခြင်း ဟူသည်မှာ အန္တရာယ်များစွာကို လက်တစ်ကမ်းအလိုမှာ

မိခင်တိုင်း ရင်ဆိုင်ကြရသည်။ ကလေးမီးဖွားပြီးတော့လည်း ချုပ်ရိုးမကျက်ခြင်း

နို့မထွက်ခြင်း၊ နို့ချောင်းပိတ်ခြင်း

စသည့် ပြဿနာများကိုတော့ လူတော်တော်များများ

ကြားဖူးပြီးဖြစ်ပါတယ်။

အဲ့ဒီအထဲ မှာမှ ” မီးဖွားပြီး စိတ်ဓာတ်ကျ ဝေဒနာ” ကတော့

အမေ့အလျော့ခံ ၊ လျစ်လျူရှူခံနေရတဲ့ ကြီးမားလှတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ဘာလို့ပြဿနာကြီးလို့ပြောတာလည်းဆိုရင် မီးဖွားပြီး မိန်းမသား ၁၀ယောက်မှာ ၁ယောက်ခံစားရပြီး

မိမိကိုယ်ကို သတ်သေသည်။ထိ ဖြစ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်

စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တာမို့ အကောင်အထည် ပြလို့မရသလို ၊ ခံစားနေရသူ ကိုယ်တိုင်မသိတာမျိုးလည်း
ဖြစ်တတ်ပါတယ်။

၊ ဒီအခြေအနေမှာ မိမိ ကိုယ်ကို သတိမထားမိတာကြောင့် မိန်းမသား အချို့မှာ မိမိ လင်ယောကျာ်း၊ ပတ်ဝန်းကျင်မှ ငြူစူအပြစ်တင်ခြင်းကိုပင်ခံစားရတတ်သည်။

ဒါကြောင့် မီးဖွားပြီး စိတ်ဓာတ်ကျ ဝေဒနာ ရဲ့ လက္ခဏာတွေကို သိရှိထားဖို့လိုပါတယ် –

(၁) အိပ်မပျော် စားမဝင်ဖြစ်ခြင်း

(၂) ပူပင်သောက များလာခြင်း( ဥပမာ – အသေးအဖွဲ ကိစ္စများကို ပူပင်တတ်လာခြင်း)

(၃) မိမိကိုယ်ကို အားမရခြင်း၊ မျှော်လင့်ချက်မဲ့လာခြင်း

(၄) အလိုမကျ စိတ်တိုလာခြင်း၊ မကြာခဏ ဝမ်းနည်းတတ်ခြင်း

(၅) အာရုံစူးစိုက်၍ မရခြင်း

( ဥပမာ _- စာဖတ်ခြင်းကဲ့သို့ ကိစ္စမျိုးတွင်ပင် အာရုံစိုက်မရခြင်း)

(၆) မိတ်ဆွေ ၊အပေါင်းသင်းများနှင့် တွေ့ဆုံလိုစိတ်လုံးဝ မရှိခြင်း

(၇) မိမိကလေးကို အလွန်အမင်းစိတ်ပူပင်ခြင်း

(၈) မိမိတစ်ယောက်တည်း

နေရမည်ကိုကြောက်တတ်လာခြင်း တို့ဖြစ်ပါတယ်

အထက်ဖော်ပြပါ လက္ခဏာတွေ ခံစားနေရပြီဆိုလျှင်

■မကြောက်ပါနှင့်၊ ခန္တာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သလို၊ ရင်သွေးလေးကို ပြုစုစောင့်ရှောက်ရမယ့် စိုးရိမ်မှုတွေကြောင့်လည်း ဖြစ်ပါတယ်

■ စိတ်ရောဂါ မဟုတ်ပါ

■ ပထမဆုံးလုပ်သင့်တာက မိမိနှင့် ရင်းနှီးသော မိသားစု ဆရာဝန်နှင့် တိုင်ပင်ပါ

■ နေ့စဉ် လုပ်ငန်းဆောင်တာမှ ခဏတာ ရုန်းထွက်ပါ (ဥပမာ – မိမိ ရင်သွေးလေး ကို တစ်နာရီခန့် ဆွေမျိုး (သို့) မိတ်ဆွေထံ ခဏအပ်ထား၍မိမိနှစ်သက်ရာ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ လမ်းလျှောက်ထွက်ခြင်း ပြုလုပ်ပါ)

■ မိမိကိုယ်ကို တာဝန်မပိပါစေနှင့် မိန်းမသားတော်တော်များများမှာ ကလေးထိန်းရသည့် အပြင် အိမ်မှုကိစ္စများကိုပါ ကလေး အိပ်နေ၊ အားနေသော အချိန်တွင် လုပ်ကိုင်တတ်ကြသည်၊ ထိုသို့လုပ်ကိုင်ခြင်းက မွန်းကျပ်စေတာမို့ တစ်နေ့လျှင် ပမာဏ သတ်မှတ်၍ လုပ်ကိုင်သင့်ပါသည်။ ဒီလောက်ဆို မီးဖွားပြီး မိန်းမသားကို ဘာလို့ ကြင်နာသင့်လည်း သိလောက်ပီမို့ နောက်ဆောင်းပါးလေးမှာတော့ ဖေဖေတို့ရဲ့ မီးဖွားပြီး စိတ်ကျဝေဒနာကို ဘယ်လို ကူညီပေးလို့ရတယ်ဆိုတာလေးကို
ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်

အမျိုးသမီးတိုင်း လှပပျော်ရွှင်စေလိုသောစေတနာဖြင့်

#မယ်တင် (ဆေး – ၁)

” မီးဖြားၿပီး မိန္းမသားကို ၾကင္နာပါ “
———————————————
“ေယာက်ာ္းေဖာင္စီး မိန္းမမီးေန” ဆိုတဲ့ ေရွးဆိုရိုးစကား ရွိသည့္အတိုင္း ကေလးမီးဖြားျခင္း ဟူသည္မွာ အနၱရာယ္မ်ားစြာကို လက္တစ္ကမ္းအလိုမွာ

မိခင္တိုင္း ရင္ဆိုင္ၾကရသည္။ ကေလးမီးဖြားၿပီးေတာ့လည္း ခ်ဳပ္ရိုးမက်က္ျခင္း

ႏို႔မထြက္ျခင္း၊ ႏို႔ေခ်ာင္းပိတ္ျခင္း

စသည့္ ျပႆနာမ်ားကိုေတာ့ လူေတာ္ေတာ္မ်ားမ်ား

ၾကားဖူးၿပီးျဖစ္ပါတယ္။

အဲ့ဒီအထဲ မွာမွ ” မီးဖြားၿပီး စိတ္ဓာတ္က် ေဝဒနာ” ကေတာ့

အေမ့အေလ်ာ့ခံ ၊ လ်စ္လ်ဴရႉခံေနရတဲ့ ႀကီးမားလွတဲ့ ျပႆနာတစ္ခုျဖစ္ပါတယ္။

ဘာလို႔ျပႆနာႀကီးလို႔ေျပာတာလည္းဆိုရင္ မီးဖြားၿပီး မိန္းမသား ၁၀ေယာက္မွာ ၁ေယာက္ခံစားရၿပီး

မိမိကိုယ္ကို သတ္ေသသည္။ထိ ျဖစ္ႏိုင္တဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာတစ္ခု ျဖစ္ပါတယ္

စိတ္ပိုင္းဆိုင္ရာ ျပႆနာျဖစ္တာမို႔ အေကာင္အထည္ ျပလို႔မရသလို ၊ ခံစားေနရသူ ကိုယ္တိုင္မသိတာမ်ိဳးလည္း
ျဖစ္တတ္ပါတယ္။

၊ ဒီအေျခအေနမွာ မိမိ ကိုယ္ကို သတိမထားမိတာေၾကာင့္ မိန္းမသား အခ်ိဳ႕မွာ မိမိ လင္ေယာက်ာ္း၊ ပတ္ဝန္းက်င္မွ ျငဴစူအျပစ္တင္ျခင္းကိုပင္ခံစားရတတ္သည္။

ဒါေၾကာင့္ မီးဖြားၿပီး စိတ္ဓာတ္က် ေဝဒနာ ရဲ႕ လကၡဏာေတြကို သိရွိထားဖို႔လိုပါတယ္ –

(၁) အိပ္မေပ်ာ္ စားမဝင္ျဖစ္ျခင္း

(၂) ပူပင္ေသာက မ်ားလာျခင္း( ဥပမာ – အေသးအဖြဲ ကိစၥမ်ားကို ပူပင္တတ္လာျခင္း)

(၃) မိမိကိုယ္ကို အားမရျခင္း၊ ေမၽွာ္လင့္ခ်က္မဲ့လာျခင္း

(၄) အလိုမက် စိတ္တိုလာျခင္း၊ မၾကာခဏ ဝမ္းနည္းတတ္ျခင္း

(၅) အာရံုစူးစိုက္၍ မရျခင္း

( ဥပမာ _- စာဖတ္ျခင္းကဲ့သို႔ ကိစၥမ်ိဳးတြင္ပင္ အာရံုစိုက္မရျခင္း)

(၆) မိတ္ေဆြ ၊အေပါင္းသင္းမ်ားႏွင့္ ေတြ႕ဆံုလိုစိတ္လံုးဝ မရွိျခင္း

(၇) မိမိကေလးကို အလြန္အမင္းစိတ္ပူပင္ျခင္း

(၈) မိမိတစ္ေယာက္တည္း

ေနရမည္ကိုေၾကာက္တတ္လာျခင္း တို႔ျဖစ္ပါတယ္

အထက္ေဖာ္ျပပါ လကၡဏာေတြ ခံစားေနရၿပီဆိုလၽွင္

■မေၾကာက္ပါႏွင့္၊ ခနၱာကိုယ္တြင္း ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ျဖစ္သလို၊ ရင္ေသြးေလးကို ျပဳစုေစာင့္ေရွာက္ရမယ့္ စိုးရိမ္မႈေတြေၾကာင့္လည္း ျဖစ္ပါတယ္

■ စိတ္ေရာဂါ မဟုတ္ပါ

■ ပထမဆံုးလုပ္သင့္တာက မိမိႏွင့္ ရင္းႏွီးေသာ မိသားစု ဆရာဝန္ႏွင့္ တိုင္ပင္ပါ

■ ေန႔စဥ္ လုပ္ငန္းေဆာင္တာမွ ခဏတာ ရုန္းထြက္ပါ (ဥပမာ – မိမိ ရင္ေသြးေလး ကို တစ္နာရီခန္႔ ေဆြမ်ိဳး (သို႔) မိတ္ေဆြထံ ခဏအပ္ထား၍မိမိႏွစ္သက္ရာ စာဖတ္ျခင္း၊ သီခ်င္းနားေထာင္ျခင္း၊ လမ္းေလၽွာက္ထြက္ျခင္း ျပဳလုပ္ပါ)

■ မိမိကိုယ္ကို တာဝန္မပိပါေစႏွင့္ မိန္းမသားေတာ္ေတာ္မ်ားမ်ားမွာ ကေလးထိန္းရသည့္ အျပင္ အိမ္မႈကိစၥမ်ားကိုပါ ကေလး အိပ္ေန၊ အားေနေသာ အခ်ိန္တြင္ လုပ္ကိုင္တတ္ၾကသည္၊ ထိုသို႔လုပ္ကိုင္ျခင္းက မြန္းက်ပ္ေစတာမို႔ တစ္ေန႔လၽွင္ ပမာဏ သတ္မွတ္၍ လုပ္ကိုင္သင့္ပါသည္။ ဒီေလာက္ဆို မီးဖြားၿပီး မိန္းမသားကို ဘာလို႔ ၾကင္နာသင့္လည္း သိေလာက္ပီမို႔ ေနာက္ေဆာင္းပါးေလးမွာေတာ့ ေဖေဖတို႔ရဲ႕ မီးဖြားၿပီး စိတ္က်ေဝဒနာကို ဘယ္လို ကူညီေပးလို႔ရတယ္ဆိုတာေလးကို
ဆက္လက္ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္

အမ်ိဳးသမီးတိုင္း လွပေပ်ာ္ရႊင္ေစလိုေသာေစတနာျဖင့္

#မယ္တင္ (ေဆး – ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…