အနာ့ပဆုတ်
အနာ့ပဆုတ်လို့ကြားလိုက်ရင် ဗမာလူမျိုးတစ်ချို့ကတော့ အရေပြားနာရိုးရိုးပဲလို့ ယူဆတတ်ကြပါတယ်။ ဆေးလိမ်းရင်ပျောက်သွားမှာပါ၊ သူ့ဟာသူပျောက်မှာပေါ့ စသည်ဖြင့်အမှုမဲ့အမှတ်မဲ့နေတတ်ကြပါတယ်။ ဒါပေမယ့် အနာ့ပဆုတ် အဲ့ဒီလောက်မရိုးရှင်းလှပါဘူး။ အခန့်မသင့်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ တစ်သီတစ်တန်းကြီးပေးနိုင်ပါတယ်။
အနာ့ပဆုတ်ဆိုတာ အရေပြားနာတစ်မျိုးပါပဲ။ အရေပြားသာမက အရေပြားမှာရှိတဲ့ မွှေးညှင်း၊ မွှေးညှင်းတွေရဲ့အမြစ်၊ အရေပြားအောက်က နူးညံ့တဲ့ tissue လေးတွေအကုန်ပေါင်းပြီး ရောင်ရမ်းတာ ဖြစ်ပါတယ်။ အနာဖြစ်စေတဲ့တရားခံကတော့ staphylococcus ဆိုတဲ့ဘက်တီးရီးယားပါပဲ။ အနာ့ပဆုတ်ဟာ ခန္ဓာကိုယ်ရဲ့ အမွှေးရှိတဲ့ဘယ်နေရာမှာမဆို ပေါက်နိုင်တယ်ဆိုပေမယ့် အဖြစ်များတဲ့နေရာတွေကတော့ ကျော၊ ဂုတ်ပိုး၊တင်ပါး၊ ပေါင်ခြံ အစရှိတဲ့နေရာတွေ ဖြစ်ပါတယ်။
အနာ့ပဆုတ်ပေါက်စေတဲ့ ဘက်တီးရီးယားဟာ အရေပြားအပေါ်မှာရှိပါတယ်။ အရေပြားဟာအပျက်အစီးမရှိရင် ဘက်တီးရီးယားက ဒုက္ခမပေးနိုင်ပေမယ့် အရေပြားပျက်စီးပြီးဆိုရင်တော့ သူကဒုက္ခပေးပါတော့တယ်။ ဘက်တီးရီးယားကလှုပ်ရှားတာနဲ့ ခန္ဓာကိုယ်ရဲ့ခုခံရေးစနစ် (immune system) ကဘက်တီးရီးယားကို တိုက်ထုတ်ဖို့ကြိုးစားပါတယ်။ ခုခံရေးကနိုင်သွားရင်ကိစ္စမရှိပေမယ့် ဘက်တီးရီးယားက နိုင်သွားရင်တော့ ပြည်တည်တာ၊ အနာ့ပဆုတ်ပေါက်တာတွေဖြစ်လာပါတယ်။
ဘယ်သူတွေမှာဖြစ်နိုင်လဲ?
တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းသူတွေ၊ အဝလွန်သူတွေ၊ ကျန်းမာရေးချို့တဲ့သူတွေဟာ အနာပဆုပ် ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါသည်တွေ၊ အရေပြားရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားကျနေသူတွေ (ဥပမာ-AIDS ရောဂါ)၊ steroid သောက်နေရသူတွေမှာလည်း ပိုဖြစ်နိုင်ပါတယ်။
အနာ့ပဆုတ်သာမက အခြားအရေပြားအနာတွေဟာ စောစောသိပြီး ထိရောက်တဲ့ကုသမှု ခံယူရင်ပျောက်ကင်းနိုင်ပါတယ်။ အရေပြားအပေါ်ယံလောက်သာဖြစ်ရင်သေချာဆေးကြောပြီး အနာကျက်ဆေးရည်ထည့်ရုံနဲ့ ပျောက်ကင်းနိုင်သလို ပိုးသတ်ဆေးသောက်ရင်လည်းပျောက်ကင်းနိုင်ပါတယ်။ ပြည်တည်တာမျိုး၊ အနာရင်းတာမျိုး၊ အရေပြားအောက်အရမ်းနက်တာတွေပါဖြစ်လာရင်တော့ ခွဲစိတ်ပြီး ထုတ်ပစ်ရမှာဖြစ်ပါတယ်။
အနာသေးတယ်ဆိုပြီး လက်နဲ့ညှစ်တာမျိုးကိုတော့ရှောင်ရှားရမှာပါ။ အဲလိုညှစ်ရင် လက်ကနေတစ်ဆင့် ရောဂါပိုးတွေပိုဝင်နိုင်ပြီး အနာကိုပိုဆိုးစေပါတယ်။ ဒါ့အပြင် အနာဆေးထည့်ရင်လည်းလက်ကို သေချာစွာ ဆေးကြောပြီးမှ ဆေးထည့်သင့်ပါတယ်။
အင်မတန်ဖြစ်တောင့်ဖြစ်ခဲအနေနဲ့ အနာ့ပဆုတ်ကနေ သွေးဆိပ်သင့်တာမျိုး၊ အနာမကျက်တာ၊အနာရင်းတာတွေ ဖြစ်တတ်တာမျိုး ဂရုစိုက်ကြဖို့လိုပါတယ်။ဒါကြောင့် အနာ့ပဆုတ်သာမက ဘယ်လိုအရေပြားအနာပဲဖြစ်ဖြစ် မပေါ့ဆပဲ ဂရုတစိုက်ကုသဖို့လိုပါတယ်။
Dr.ZZ
အနာ့ပဆုတ္
အနာ့ပဆုတ္လို႔႔ၾကားလိုက္ရင္ ဗမာလူမ်ိဳးတစ္ခ်ိဳ႕ကေတာ႔ အေရျပားနာရိုးရိုးပဲလို႔ ယူဆတတ္ၾကပါတယ္။ ေဆးလိမ္းရင္ေပ်ာက္သြားမွာပါ၊ သူ႔ဟာသူေပ်ာက္မွာေပါ႔ စသည္ျဖင္႔အမႈမဲ႔အမွတ္မဲ႔ေနတတ္ၾကပါတယ္။ ဒါေပမယ္႔ အနာ့ပဆုတ္ အဲ႔ဒီေလာက္မရိုးရွင္းလွပါဘူး။ အခန္႔မသင္႔ရင္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ တစ္သီတစ္တန္းႀကီးေပးနိုင္ပါတယ္။
အနာ့ပဆုတ္ဆိုတာ အေရျပားနာတစ္မ်ိဳးပါပဲ။ အေရျပားသာမက အေရျပားမွာရွိတဲ႔ ေမႊးညွင္း၊ ေမႊးညွင္းေတြရဲ႕အျမစ္၊ အေရျပားေအာက္က ႏူးညံ႔တဲ႔ tissue ေလးေတြအကုန္ေပါင္းၿပီး ေရာင္ရမ္းတာ ျဖစ္ပါတယ္။ အနာျဖစ္ေစတဲ႔တရားခံကေတာ႔ staphylococcus ဆိုတဲ႔ဘက္တီးရီးယားပါပဲ။ အနာ့ပဆုတ္ဟာ ခႏၶာကိုယ္ရဲ႕ အေမႊးရွိတဲ႔ဘယ္ေနရာမွာမဆို ေပါက္နိုင္တယ္ဆိုေပမယ္႔ အျဖစ္မ်ားတဲ႕ေနရာေတြကေတာ႔ ေက်ာ၊ ဂုတ္ပိုး၊တင္ပါး၊ ေပါင္ၿခံ အစရွိတဲ႔ေနရာေတြ ျဖစ္ပါတယ္။
အနာ့ပဆုတ္ေပါက္ေစတဲ႔ ဘက္တီးရီးယားဟာ အေရျပားအေပၚမွာရွိပါတယ္။ အေရျပားဟာအပ်က္အစီးမရွိရင္ ဘက္တီးရီးယားက ဒုကၡမေပးနိုင္ေပမယ္႔ အေရျပားပ်က္စီးၿပီးဆိုရင္ေတာ႔ သူကဒုကၡေပးပါေတာ႔တယ္။ ဘက္တီးရီးယားကလႈပ္ရွားတာနဲ႕ ခႏၶာကိုယ္ရဲ႕ခုခံေရးစနစ္ (immune system) ကဘက္တီးရီးယားကို တိုက္ထုတ္ဖို႔ႀကိဳးစားပါတယ္။ ခုခံေရးကနိုင္သြားရင္ကိစၥမရွိေပမယ္႔ ဘက္တီးရီးယားက နိုင္သြားရင္ေတာ႔ ျပည္တည္တာ၊ အနာ့ပဆုတ္ေပါက္တာေတြျဖစ္လာပါတယ္။
ဘယ္သူေတြမွာျဖစ္နိုင္လဲ?
တစ္ကိုယ္ေရသန္႔ရွင္းမႈအားနည္းသူေတြ၊ အဝလြန္သူေတြ၊ က်န္းမာေရးခ်ိဳ႕တဲ႔သူေတြဟာ အနာပဆုပ္ ျဖစ္နိုင္ေျခပိုမ်ားပါတယ္။ ဒါ႔အျပင္ ဆီးခ်ိဳေရာဂါသည္ေတြ၊ အေရျပားေရာဂါအခံရွိသူေတြ၊ ကိုယ္ခံအားက်ေနသူေတြ (ဥပမာ-AIDS ေရာဂါ)၊ steroid ေသာက္ေနရသူေတြမွာလည္း ပိုျဖစ္နိုင္ပါတယ္။
အနာ့ပဆုတ္သာမက အျခားအေရျပားအနာေတြဟာ ေစာေစာသိၿပီး ထိေရာက္တဲ႔ကုသမႈ ခံယူရင္ေပ်ာက္ကင္းနိုင္ပါတယ္။ အေရျပားအေပၚယံေလာက္သာျဖစ္ရင္ေသခ်ာေဆးေၾကာၿပီး အနာက်က္ေဆးရည္ထည္႔ရံုနဲ႔ ေပ်ာက္ကင္းနိုင္သလို ပိုးသတ္ေဆးေသာက္ရင္လည္းေပ်ာက္ကင္းနိုင္ပါတယ္။ ျပည္တည္တာမ်ိဳး၊ အနာရင္းတာမ်ိဳး၊ အေရျပားေအာက္အရမ္းနက္တာေတြပါျဖစ္လာရင္ေတာ႔ ခြဲစိတ္ၿပီး ထုတ္ပစ္ရမွာျဖစ္ပါတယ္။
အနာေသးတယ္ဆိုၿပီး လက္နဲ႔ညွစ္တာမ်ိဳးကိုေတာ႔ေရွာင္ရွားရမွာပါ။ အဲလိုညွစ္ရင္ လက္ကေနတစ္ဆင္႔ ေရာဂါပိုးေတြပိုဝင္နိုင္ၿပီး အနာကိုပိုဆိုးေစပါတယ္။ ဒါ႔အျပင္္ အနာေဆးထည္႔ရင္လည္းလက္ကို ေသခ်ာစြာ ေဆးေၾကာၿပီးမွ ေဆးထည္႔သင္႔ပါတယ္။
အင္မတန္ျဖစ္ေတာင္႔ျဖစ္ခဲအေနနဲ႔ အနာ့ပဆုတ္ကေန ေသြးဆိပ္သင္႔တာမ်ိဳး၊ အနာမက်က္တာ၊အနာရင္းတာေတြ ျဖစ္တတ္တာမ်ိဳး ဂရုစိုက္ၾကဖို႔လိုပါတယ္။ဒါေၾကာင္႔ အနာ့ပဆုတ္သာမက ဘယ္လိုအေရျပားအနာပဲျဖစ္ျဖစ္ မေပါ႔ဆပဲ ဂရုတစိုက္ကုသဖို႔လိုပါတယ္။
Dr.ZZ