အလင်းအမှုန်လေးကနေ ချေဖျက်ပေးလို့ရစေတဲ့ အရာ
လူတိုင်းသိကြတဲ့ ကင်ဆာရောဂါ ဆိုတာ တကယ်တမ်းတော့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ အရေအတွက်များစွာ ပွားများလာတာပါ။ ဒီနိုင်ငံမှာ ကင်ဆာအတွက် အဓိက သုံးလေ့ ရှိတာကတော့ ခွဲစိတ်ကုသနည်း ဖြစ်ပြီး ဓာတ်ရောင်ခြည်နဲ့ကုသတာ ဓာတ်ကင်တာကိုတော့ ဒုတိယနည်းအနေနဲ့ပဲ စဉ်းစားကြတာပါ။
တကယ်တော့ ဓာတ်ရောင်ခြည်နဲ့ ကုသခြင်း (radiation therapy )ကလည်း တိုးတက်ခေတ်မီလာတာနဲ့ အညီ သူ့ရဲ့ အခန်းကဏ္ဍ တိုးတက်လာခဲ့ပြီး တချို့သော ကင်ဆာတွေကို ဓာတ်ရောင်ခြည်နဲ့ ကုသလို့ ပျောက်ကင်းနိုင်ပါပြီ။ဓားက အမြဲတမ်း အဖြေမဟုတ်တာပါ။
Radiation Therapy ဆိုတာကတော့ X-rays gamma rays စတဲ့ရောင်ခြည်တွေကို ခန္ဓာကိုယ်ကို ဖြတ်သန်းစေပြီး ကင်ဆာဆဲလ်တွေကို ကျုံ့သွားစေ ပျက်စီးသွားစေတာပါ။အဲဒီဓာတ်ရောင်ခြည်က ကင်ဆာဆဲလ်တွေရဲ့ ကူးပွားနိုင်တဲ့ DNA တွေကို တိုက်ရိုက်ဖျက်ဆီးလိုက်တာ ဒါမှမဟုတ် free radicals လို့ခေါ်တဲ့ ပစ္စည်းတွေထုတ်စေပြီး ကင်ဆာဆဲလ် ပွားစေနိုင်တဲ့ DNA တွေကို ဖျက်ဆီးပစ်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။
ဓာတ်ရောင်ခြည်ကုသနည်းတွေမှာ
- 2D radiation therapy
- 3D radiation therapy နဲ့
- IMRT ( Intensity Modulated Radiation Therapy) ဆိုပြီး ခွဲခြားနိုင်ပါတယ်။
2Dကတော့ သမားရိုးကျ ရိုးရှင်းသော ဓာတ်ရောင်ခြည်ကုသမှုဖြစ်ပါတယ်။ X rays ကနေ အရိုးရဲ့ တည်နေရာကို အမှတ်အသားပြုပြီး အဲဒီကနေတဆင့် အကျိတ်ရှိတဲ့နေရာကို ရှာဖွေကာ အဓိကထားပြီး ဓာတ်ရောင်ခြည်နဲ့ ကုသတာပါ။ဈေးသက်သာပြီး လွယ်ကူပါတယ်။ ဒါပေမယ့် တိကျမှု ထိရောက်မှု အားနည်းပါတယ်။ဒါ့အပြင် ကင်ဆာဆဲလ်မဟုတ်ဘဲ ဘေးနားက ကျန်းမာတဲ့ဆဲလ်တွေကိုပါ ဓာတ်ရောင်ခြည်က ထိခိုက်နိုင်တာမို့ prognosis (ရောဂါအခြေအနေခန့်မှန်းချက်) မကောင်းတဲ့ နောက်ဆုံးအဆင့် ကင်ဆာလူနာတွေကိုပဲ ကင်ဆာဆဲလ်တွေ လျှော့ချနိုင်ရုံအတွက်သာ အသုံးပြုပါတယ်။
3 D radiation therapy ကတော့ CT scanအကူအညီယူပြီး ကင်ဆာအကျိတ်ကို သုံးဖက်မြင်ကွင်းပုံဖော်ကာ ပုံမှန်တစ်ရှုးတွေကို မထိခိုက်စေဘဲကုသတာဖြစ်ပါတယ်။CT အကူအညီကြောင့် conventional or 2D ထက်ပိုတိကျပါတယ်။
IMRT ကလည်း 3D ကဲ့သိုပဲ CTscan ရဲ့ အကူအညီကိုယူကာ အကျိတ်ကို ပုံဖော်ပြီး အဲဒီအကျိတ်ကိုပဲ တိကျတဲ့ ဓာတ်ရောင်ခြည်ကုသမှု ဖြစ်စေပါတယ်။ Intensity Modulated ဖြစ်တာကြောင့် အကျိတ်ကိုပဲ ထိရောက်တဲ့ ရောင်ခြည်ပမာဏပေးပြီး ထိခိုက်ပျက်စီးစေကာ ခန္ဓာကိုယ်ရဲ့ ပုံမှန်နေရာတွေကို ဓာတ်ရောင်ခြည်ပမာဏ မပြောပလောက်စွာပဲ သက်ရောက်စေပါတယ်။ IMRT ရဲ့ 3Dထက်ပိုတဲ့ အားသာချက်ကတော့ ကင်ဆာအကျိတ်ကို တိကျစွာ ပုံဖော်နိုင်တာကြောင့် တိကျတဲ့ ဓာတ်ရောင်ခြည်ပမာဏကို အကျိတ်ကိုပေးနိုင်ခြင်း ၊ ကင်ဆာဆဲလ်ရဲ့ပုံစံအတိုင်း လုံးဝကွက်တိကို ဖျက်ဆီးပေးနိုင်ခြင်း၊ အကျိတ်မဟုတ်တဲ့ ပုံမှန်အစိတ်အပိုင်းတွေကို ဓာတ်ရောင်ခြည်ပမာဏ သက်ရောက်မှု မပြောပလောက်စွာသာ ရှိခြင်းတို့ကြောင့် ဒီကုသမှုဟာ ကင်ဆာကို ကုသပျောက်ကင်းနိုင်တဲ့ အထိ ရလဒ်ကောင်းနေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်ဖြင့် ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးတွင်ကျွမ်းကျင်သောကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများနှင့်ကုသမှု ခံယူနိုင်ပြီဆိုတာလည်း သိရပါတယ်။ အဲဒီအတွက် ကင်ဆာတိုင်းဟာ ခွဲစိတ်စရာ မလိုလောက်တဲ့အခါ ခွဲစိတ်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချနိုင်တော့မယ်လို့လည်း မျှော်လင့်လို့ရလာတာပဲ ဖြစ်ပါတယ်။
ခွန်းညိုသွေး
အလင္းအမႈန္ေလးကေန ေခ်ဖ်က္ေပးလို႔ရေစတဲ့ အရာ
လူတိုင္းသိၾကတဲ့ ကင္ဆာေရာဂါ ဆိုတာ တကယ္တမ္းေတာ့ ပံုမွန္မဟုတ္တဲ့ ဆဲလ္ေတြ အေရအတြက္မ်ားစြာ ပြားမ်ားလာတာပါ။ ဒီႏိုင္ငံမွာ ကင္ဆာအတြက္ အဓိက သံုးေလ့ ရွိတာကေတာ့ ခြဲစိတ္ကုသနည္း ျဖစ္ၿပီး ဓာတ္ေရာင္ျခည္နဲ႔ကုသတာ ဓာတ္ကင္တာကိုေတာ့ ဒုတိယနည္းအေနနဲ႔ပဲ စဥ္းစားၾကတာပါ။
တကယ္ေတာ့ ဓာတ္ေရာင္ျခည္နဲ႔ ကုသျခင္း (radiation therapy )ကလည္း တိုးတက္ေခတ္မီလာတာနဲ႔ အညီ သူ႔ရဲ႕ အခန္းက႑ တိုးတက္လာခဲ့ၿပီး တခ်ိဳ႕ေသာ ကင္ဆာေတြကို ဓာတ္ေရာင္ျခည္နဲ႔ ကုသလို႔ ေပ်ာက္ကင္းႏိုင္ပါၿပီ။ဓားက အၿမဲတမ္း အေျဖမဟုတ္တာပါ။
Radiation Therapy ဆိုတာကေတာ့ X-rays gamma rays စတဲ့ေရာင္ျခည္ေတြကို ခႏၶာကိုယ္ကို ျဖတ္သန္းေစၿပီး ကင္ဆာဆဲလ္ေတြကို က်ံဳ႕သြားေစ ပ်က္စီးသြားေစတာပါ။အဲဒီဓာတ္ေရာင္ျခည္က ကင္ဆာဆဲလ္ေတြရဲ႕ ကူးပြားႏိုင္တဲ့ DNA ေတြကို တိုက္႐ိုက္ဖ်က္ဆီးလိုက္တာ ဒါမွမဟုတ္ free radicals လို႔ေခၚတဲ့ ပစၥည္းေတြထုတ္ေစၿပီး ကင္ဆာဆဲလ္ ပြားေစႏိုင္တဲ့ DNA ေတြကို ဖ်က္ဆီးပစ္လိုက္ႏိုင္တာပဲ ျဖစ္ပါတယ္။
ဓာတ္ေရာင္ျခည္ကုသနည္းေတြမွာ
- 2D radiation therapy
- 3D radiation therapy နဲ႔
- IMRT ( Intensity Modulated Radiation Therapy) ဆိုၿပီး ခြဲျခားႏိုင္ပါတယ္။
2Dကေတာ့ သမား႐ိုးက် ႐ိုးရွင္းေသာ ဓာတ္ေရာင္ျခည္ကုသမႈျဖစ္ပါတယ္။ X rays ကေန အ႐ိုးရဲ႕ တည္ေနရာကို အမွတ္အသားျပဳၿပီး အဲဒီကေနတဆင့္ အက်ိတ္ရွိတဲ့ေနရာကို ရွာေဖြကာ အဓိကထားၿပီး ဓာတ္ေရာင္ျခည္နဲ႔ ကုသတာပါ။ေစ်းသက္သာၿပီး လြယ္ကူပါတယ္။ ဒါေပမယ့္ တိက်မႈ ထိေရာက္မႈ အားနည္းပါတယ္။ဒါ့အျပင္ ကင္ဆာဆဲလ္မဟုတ္ဘဲ ေဘးနားက က်န္းမာတဲ့ဆဲလ္ေတြကိုပါ ဓာတ္ေရာင္ျခည္က ထိခိုက္ႏိုင္တာမို႔ prognosis (ေရာဂါအေျခအေနခန္႔မွန္းခ်က္) မေကာင္းတဲ့ ေနာက္ဆံုးအဆင့္ ကင္ဆာလူနာေတြကိုပဲ ကင္ဆာဆဲလ္ေတြ ေလွ်ာ့ခ်ႏိုင္ရံုအတြက္သာ အသံုးျပဳပါတယ္။
3 D radiation therapy ကေတာ့ CT scanအကူအညီယူၿပီး ကင္ဆာအက်ိတ္ကို သံုးဖက္ျမင္ကြင္းပံုေဖာ္ကာ ပံုမွန္တစ္ရွဳးေတြကို မထိခိုက္ေစဘဲကုသတာျဖစ္ပါတယ္။CT အကူအညီေၾကာင့္ conventional or 2D ထက္ပိုတိက်ပါတယ္။
IMRT ကလည္း 3D ကဲ့သိုပဲ CTscan ရဲ႕ အကူအညီကိုယူကာ အက်ိတ္ကို ပံုေဖာ္ၿပီး အဲဒီအက်ိတ္ကိုပဲ တိက်တဲ့ ဓာတ္ေရာင္ျခည္ကုသမႈ ျဖစ္ေစပါတယ္။ Intensity Modulated ျဖစ္တာေၾကာင့္ အက်ိတ္ကိုပဲ ထိေရာက္တဲ့ ေရာင္ျခည္ပမာဏေပးၿပီး ထိခိုက္ပ်က္စီးေစကာ ခႏၶာကိုယ္ရဲ႕ ပံုမွန္ေနရာေတြကို ဓာတ္ေရာင္ျခည္ပမာဏ မေျပာပေလာက္စြာပဲ သက္ေရာက္ေစပါတယ္။ IMRT ရဲ႕ 3Dထက္ပိုတဲ့ အားသာခ်က္ကေတာ့ ကင္ဆာအက်ိတ္ကို တိက်စြာ ပံုေဖာ္ႏိုင္တာေၾကာင့္ တိက်တဲ့ ဓာတ္ေရာင္ျခည္ပမာဏကို အက်ိတ္ကိုေပးႏိုင္ျခင္း ၊ ကင္ဆာဆဲလ္ရဲ႕ပံုစံအတိုင္း လံုးဝကြက္တိကို ဖ်က္ဆီးေပးႏိုင္ျခင္း၊ အက်ိတ္မဟုတ္တဲ့ ပံုမွန္အစိတ္အပိုင္းေတြကို ဓာတ္ေရာင္ျခည္ပမာဏ သက္ေရာက္မႈ မေျပာပေလာက္စြာသာ ရွိျခင္းတို႔ေၾကာင့္ ဒီကုသမႈဟာ ကင္ဆာကို ကုသေပ်ာက္ကင္းႏိုင္တဲ့ အထိ ရလဒ္ေကာင္းေနတာကို ေတြ႕ရပါတယ္။
ျမန္မာႏိုင္ငံမွာဆိုရင္ျဖင့္ ရန္ကုန္ျမိဳ႔ ပင္လံုေဆးရံုႀကီးတြင္ကြ်မ္းက်င္ေသာကင္ဆာေရာဂါအထူးကုဆရာ၀န္ၾကီးမ်ားနွင့္ကုသမႈ ခံယူႏိုင္ၿပီဆိုတာလည္း သိရပါတယ္။ အဲဒီအတြက္ ကင္ဆာတိုင္းဟာ ခြဲစိတ္စရာ မလိုေလာက္တဲ့အခါ ခြဲစိတ္မွဳရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကို ေလွ်ာ့ခ်ႏိုင္ေတာ့မယ္လို႔လည္း ေမွ်ာ္လင့္လို႔ရလာတာပဲ ျဖစ္ပါတယ္။
ခြန္းညိဳေသြး