All Articlesကင်ဆာအထွေထွေရောဂါများ

Cancer and Genetics

1 Mins read

ကင်ဆာရောဂါ နှင့် မျိုးရိုးလိုက်ခြင်း

မျိုးရိုးလိုက်တဲ့ရောဂါဆိုတာနဲ့ အများစုက ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေကို အရင်မြင်တတ်ပါတယ်။ ကင်ဆာရောဂါအချို့ကလည်း မျိုးရိုးလိုက်တတ်ပါတယ်။ ရောဂါမျိုးရိုးရှိတာ တစ်ခုတည်းနဲ့ ကင်ဆာမဖြစ်နိုင်ပေမယ့် အမျိုး(သို့) မိသားစုမှာ ဖြစ်ဖူးရင် အခြားမိသားစုဝင်တွေပါ ဖြစ်နိုင်ခြေများတဲ့ ကင်ဆာတွေရှိပါတယ်။ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရာများစွာထဲကမှ မျိုးရိုးလိုက်တာလည်း တစ်ခုအပါအဝင်ဆိုတာ သတိပြုရမှာပါ။

ကင်ဆာရောဂါတိုင်းကတော့ မျိုးရိုးမလိုက် တတ်ပါဘူး။ မျိုးရိုးလိုက်တဲ့ကင်ဆာဖြစ်နေရင်တောင် တခြား risk factorတွေနဲ့ ပေါင်းပြီးမှ ကင်ဆာဖြစ်နိုင်ပါတယ်။
မျိုးရိုးလိုက်တယ်လို့ အပြောများတာကတော့ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကြိတ်ကင်ဆာတို့ ဖြစ်ပါတယ်။

ရင်သားကင်ဆာရောဂါခံစားရသူ အယောက် 100မှာ 5ယောက်ကနေ 10 ယောက်အထိဟာ မျိူရိုးလိုက်တာကြောင့်ဖြစ်တတ်ပါတယ်။ BRCA1နဲ့ BRCA2 ဆိုတဲ့ မျိုးဗီဇ(gene) နှစ်ခုရဲ့ ပြောင်းလဲမှုကြောင့် ဖြစ်တာပါ။ BRCA1 ချို့ယွင်းနေရင် ရင်သားကင်ဆာဖြစ်နိုင်ခြေက 55-65ရာခိုင်နှုန်း၊ BRCA2 ကြောင့်ဆိုရင်တော့ 45ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

သားဥအိမ်ကင်ဆာဆိုရင်လည်း BRCA1 BRCA2 နဲ့ ပက်သက်နေပါတယ်။ BRCA1 မကောင်းရင် 39ရာခိုင်နှုန်းနဲ့ BRCA2 ကြောင့်ဆိုရင် 11 ရာခိုင်နှုန်းထိရှိပါတယ်။
အလားတူပဲ မျိုးရိုးလိုက်နှုန်းဟာ ဆီးကြိတ်ကင်ဆာမှာ 5ရာခိုင်နှုန်း အူမကြီးကင်ဆာမှာ 25ရာခိုင်နှုန်းထိရှိတာကြောင့် မနည်းဘူးလို့ဆိုရမှာပါ။

မျိုးရိုးလိုက်နိုင်ခြေကလည်း တော်စပ်ပုံပေါ် မူတည်ပါသေးတယ်။ ဆွေမျိူးအရင်းအခြာတွေက ဆွေမျိူဝေးတဲ့သူတွေထက် ဖြစ်နိုင်ခြေများပါတယ်။ ဥပမာ မိသားစုတစ်ခုမှာ မိခင်ဖြစ်သူက ရင်သားကင်ဆာရှိနေရင် သမီးတွေက တူမတွေ၊ ဝမ်းကွဲတွေထက် ဖြစ်နိုင်ခြေပိုများပါတယ်။ မျိုးရိုးလိုက်ကင်ဆာရောဂါအများစုဟာ အခြားကင်တာတွေလိုအသက်ကြီးမှမဟုတ်ပဲ အရွာ်ငယ်ငယ်နဲ့ဖြစ်တတ်ပါတယ်။ မိသားစုထဲမှာလည်း အလားတူကင်ဆာရောဂါခံစားရသူတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် တစ်ခါတစ်လေ ဖြစ်လေ့ဖြစ်ထမရှိသူတွေမှာ ဖြစ်တတ်ပါတယ်။ မြင်သာအောင်ပြောရရင်တော့ ရင်သားကင်ဆာဟာ အမျိုးသမီးတွေအဖြစ်များတယ်ဆိုပေမယ့် မျိူရိုးလိုက်ပြီဆိုရင် အမျိူးသားတွေမှာ ဖြစ်တတ်ပါတယ်။

ဒါကြောင့် အချို့သောကင်ဆာတွေဟာ မျိုးရိုးလိုက်တာကို သိထားကြရပါမယ်။ မိသားစုဝင်တွေမှာ ကင်ဆာဖြစ်ဖူးသူပါရင် မိမိကိုယ်တိုင် ဖြစ်နိုင်ခြေရှိတာကို သတိမူကြရမှာဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုနဲ့ ကုသမှုတွေကို လိုအပ်သလို ပြုလုပ်ရမှာဖြစ်ပါတယ်။

Dr. ZZ

ကင္ဆာေရာဂါ ႏွင့္ မ်ဳိး႐ိုးလိုက္ျခင္း

မ်ဳိး႐ိုးလိုက္တဲ့ေရာဂါဆိုတာနဲ႔ အမ်ားစုက ဆီးခ်ဳိေရာဂါ၊ ေသြးတိုးေရာဂါေတြကို အရင္ျမင္တတ္ပါတယ္။ ကင္ဆာေရာဂါအခ်ဳိ႕ကလည္း မ်ဳိး႐ိုးလိုက္တတ္ပါတယ္။ ေရာဂါမ်ဳိး႐ိုးရိွတာ တစ္ခုတည္းနဲ႔ ကင္ဆာမျဖစ္ႏိုင္ေပမယ့္ အမ်ဳိး(သို႔) မိသားစုမွာ ျဖစ္ဖူးရင္ အျခားမိသားစုဝင္ေတြပါ ျဖစ္ႏိုင္ေျခမ်ားတဲ့ ကင္ဆာေတြရိွပါတယ္။ ကင္ဆာျဖစ္ေစတဲ့ အေၾကာင္းအရာမ်ားစြာထဲကမွ မ်ဳိး႐ိုးလိုက္တာလည္း တစ္ခုအပါအဝင္ဆိုတာ သတိျပဳရမွာပါ။

ကင္ဆာေရာဂါတိုင္းကေတာ့ မ်ဳိး႐ိုးမလိုက္ တတ္ပါဘူး။ မ်ဳိး႐ိုးလိုက္တဲ့ကင္ဆာျဖစ္ေနရင္ေတာင္ တျခား risk factorေတြနဲ႔ ေပါင္းၿပီးမွ ကင္ဆာျဖစ္ႏိုင္ပါတယ္။
မ်ဳိး႐ိုးလိုက္တယ္လို႔ အေျပာမ်ားတာကေတာ့ ရင္သားကင္ဆာ၊ သားဥအိမ္ကင္ဆာ၊ အူမႀကီးကင္ဆာ၊ ဆီးႀကိတ္ကင္ဆာတို႔ ျဖစ္ပါတယ္။

ရင္သားကင္ဆာေရာဂါခံစားရသူ အေယာက္ 100မွာ 5ေယာက္ကေန 10 ေယာက္အထိဟာ မ်ဴိ႐ိုးလိုက္တာေၾကာင့္ျဖစ္တတ္ပါတယ္။ BRCA1နဲ႔ BRCA2 ဆိုတဲ့ မ်ဳိးဗီဇ(gene) ႏွစ္ခုရဲ႕ ေျပာင္းလဲမႈေၾကာင့္ ျဖစ္တာပါ။ BRCA1 ခ်ဳိ႕ယြင္းေနရင္ ရင္သားကင္ဆာျဖစ္ႏိုင္ေျခက 55-65ရာခိုင္ႏႈန္း၊ BRCA2 ေၾကာင့္ဆိုရင္ေတာ့ 45ရာခိုင္ႏႈန္းရိွတယ္လို႔ ဆိုပါတယ္။

သားဥအိမ္ကင္ဆာဆိုရင္လည္း BRCA1 BRCA2 နဲ႔ ပက္သက္ေနပါတယ္။ BRCA1 မေကာင္းရင္ 39ရာခိုင္ႏႈန္းနဲ႔ BRCA2 ေၾကာင့္ဆိုရင္ 11 ရာခိုင္ႏႈန္းထိရိွပါတယ္။
အလားတူပဲ မ်ဳိး႐ိုးလိုက္ႏႈန္းဟာ ဆီးႀကိတ္ကင္ဆာမွာ 5ရာခိုင္ႏႈန္း အူမႀကီးကင္ဆာမွာ 25ရာခိုင္ႏႈန္းထိရိွတာေၾကာင့္ မနည္းဘူးလို႔ဆိုရမွာပါ။

မ်ဳိး႐ိုးလိုက္ႏိုင္ေျခကလည္း ေတာ္စပ္ပံုေပၚ မူတည္ပါေသးတယ္။ ေဆြမ်ဴိးအရင္းအျခာေတြက ေဆြမ်ဴိေဝးတဲ့သူေတြထက္ ျဖစ္ႏိုင္ေျခမ်ားပါတယ္။ ဥပမာ မိသားစုတစ္ခုမွာ မိခင္ျဖစ္သူက ရင္သားကင္ဆာရိွေနရင္ သမီးေတြက တူမေတြ၊ ဝမ္းကြဲေတြထက္ ျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။ မ်ဳိး႐ိုးလိုက္ကင္ဆာေရာဂါအမ်ားစုဟာ အျခားကင္တာေတြလိုအသက္ႀကီးမွမဟုတ္ပဲ အရြာ္ငယ္ငယ္နဲ႔ျဖစ္တတ္ပါတယ္။ မိသားစုထဲမွာလည္း အလားတူကင္ဆာေရာဂါခံစားရသူေတြ ရိွတတ္ပါတယ္။ ဒါ့အျပင္ တစ္ခါတစ္ေလ ျဖစ္ေလ့ျဖစ္ထမရိွသူေတြမွာ ျဖစ္တတ္ပါတယ္။ ျမင္သာေအာင္ေျပာရရင္ေတာ့ ရင္သားကင္ဆာဟာ အမ်ဳိးသမီးေတြအျဖစ္မ်ားတယ္ဆိုေပမယ္႕ မ်ဴိ႐ိုးလိုက္ၿပီဆိုရင္ အမ်ဴိးသားေတြမွာ ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ အခ်ဳိ႕ေသာကင္ဆာေတြဟာ မ်ဳိး႐ိုးလိုက္တာကို သိထားၾကရပါမယ္။ မိသားစုဝင္ေတြမွာ ကင္ဆာျဖစ္ဖူးသူပါရင္ မိမိကိုယ္တိုင္ ျဖစ္ႏိုင္ေျခရိွတာကို သတိမူၾကရမွာျဖစ္ၿပီး စမ္းသပ္စစ္ေဆးမႈနဲ႔ ကုသမႈေတြကို လိုအပ္သလို ျပဳလုပ္ရမွာျဖစ္ပါတယ္။

Dr. ZZ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *